Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 15, 2019

လင်ကြီး ထိုင်း မှာ အလုပ် သွားလုပ်ေ နစဉ် လင် ငယ် နဲ့  ဖောက်ပြန်တဲ့ နန္ဒာအောင် ဓားထိုးသတ်ခံရ


ဇန် န၀ါရီလ ၃၀ ရက်နေ့  ညနေ ၄ နာရီခွဲအချိန်တွင် ပဲခူးခရိုင် ဒိုက်ဦးမြို့ နယ် ပျဉ်းမလွင်ကျေးရွာ တွင် ရှိသည့် လယ်ကွက် အတွင်း အမျိုးသမီး ဓားထိုးသည့် ဒဏ်ရာဖြင့် သေဆုံးနေသည် ဟု သတင်းရရှိသဖြင့် ဖောင်တောင်သီနယ်မြေ ရဲစခန်းမှူး ရဲအုပ် နေလင်းအောင်တို့  သွားရောက် စစ်ဆေးခဲ့သည်။

သေ ဆုံးသူမှာ ဒိုက်ဦးမြို့ နယ် ဇလုပ်ကြီး ကျေးရွာတွင် နေထိုင်သည့် မနန္ဒာအောင်(၂၃ နှစ်) ဆိုသူဖြစ်သည်။ သူမက ကလေး အမေ တစ်ဦးဖြစ်သလို ခင်ပွန်းဖြစ်သူက ထိုင်းတွင် သွားရောက် အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ ထိုသို့  သွားရောက် လုပ်ကိုင်နေစဉ် သူမက ပတ်ဝန်းကျင် အခြား ကျေးရွာမှ အမျိုးသား တစ်ဦး နှင့် ဖောက်ပြန်နေခဲ့သည် ဟု ဖောင်တောင်သီ နယ်မြေ ရဲစခန်းမှတ်တမ်းမှ ဖော်ပြခဲ့သည်။
ဇန် န၀ါရီ ၂၆ ရက်နေ့ က သေဆုံးသူ မနန္ဒာအောင် နှင့် သူမ လင်ငယ်တို့ သည် ၄င်းတို့  နေထိုင်ရာ နေအိမ်မှ ထွက်လာခဲ့ပြီး အခင်းဖြစ်သည် အထိ ၃ ရက်ခန့်  လင်ငယ်ဖြစ်သူ ၏ အဆက်အသွယ်ဖြင့် ပျဉ်ပုံကြီး ကျေးရွာ နေအိမ်တွင် တည်းခို နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သူ မ မသေဆုံးမှီ ဇန်န၀ါရီ ၂၈ ရက်နေ့  ညနေပိုင်းတွင် သေဆုံးသူ မနန္ဒာအောင်၊ သူမ နှင့် ဖောက်ပြန်နေသည့် လင်ငယ် အပါအ၀င် အသက်ကြီးကြီး လူမိုက်ပုံစံ ပေါက်နေသည့် ၃ ဦးက ရွာ ထဲမှ ဆိုင်မှာ ဈေးလာဝယ်ကြောင်း ရာအိမ်မှူး ဦးသန်းဇော်က ဆိုသည်။

ပြီးေ တာ့မှ သူမက အသတ်ခံရကာ သူမ အလောင်းကို ပျဉ်းမလွင်ကျေးရွာ တွင် ရှိသည့် လယ်ကွက်တွင် လူသတ် တရားခံက လာရောက်စွန့် ပစ်သွားခြင်းဖြစ်သည်။ သူမ က ဓားထိုးသွင်းသည့် ဒဏ်ရာ ၁၆ ချက် နဲ့  သေဆုံးခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သူမ မင်္ဂါမှာလည်း သုတ်တွေ ပေနေကြောင်း ရဲစခန်းမှ တာဝန်ရှိသူက ပြောလိုက်သည်။ သူမကို သတ်သွားသည့် တရားခံ သံသယရှိသူ လင်ငယ် နှင့် အခြားလူမိုက်ပုံစံ အမျိုးသားမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။

ယင်း အ ခင်း နှင့် ပတ်သက်ပြီး ဒိုက်ဦးမြို့နယ် ဖောင်တော်သီနယ်မြေရဲစခန်းမှ(ပ)၁၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ အရ အမှုရေးဖွင့်ကာ တရားခံဖော်ထုတ် ဖမ်းဆီးရမိရေး ဒေသဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့ များဖြင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိ သော်လည်း ၁ လ ကျော်သည် အထိ အဆိုပါ လူတွေ ကို ဖမ်းဆီး ရရှိခြင်း မရှိသေးချေ။

No comments:

Post a Comment