Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 14, 2019

သမီးျဖစ္သူအား မသကၤာလို႔ စစ္ၾကည္႔လိုက္ရာ . . .ကိုယ္ဝန္၅လရွိေန


ပင္းတယတြင္ပေထြးျဖစ္သူကသားမယားအျဖစ္အႀကိမ္ႀကိမ္ျခိမ္းေျခာက္ျပီးအဓမၼဆက္ဆံမႈေၾကာင့္ကိုယ္ဝန္၅လျဖင္႔ အမႈဖြင့္တိုင္ၾကား ။ ပင္းတယ၊ မတ္ ၁၂

ရွမ္းျပည္နယ္ေတာင္ပုိင္း၊ ဓႏုကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္းတယၿမိဳ႕နယ္၊ အင္းငယ္အေပၚေက်းရြာတြင္ ပေထြးျဖစ္သူမွ ငါ့ကေထာင္ထြက္ ဘယ္သူ႔မွ မေၾကာက္ဘူး ၿခိမ္းေျခာက္၍ မုဒိန္းျပဳက်င့္မႈေၾကာင့္ ကုိယ္ဝန္၅လရွိမႈျဖစ္ပြားခဲ႔သည္ဟု ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရွိရသည္။

“ပင္းတယၿမိဳ႕နယ္၊ အင္းငယ္အေပၚေက်းရြာေန မ▪▪▪ အသက္၁၇ႏွစ္တြင္ ၂၀၁၈ခုႏွစ္ ေအာက္တုိဘာလ (၁၈) ရက္ေန႔ နံနက္၅နာရီအခ်ိန္က မိခင္ျဖစ္သူ ထမင္းထခ်က္ေနစဥ္ ပေထြးျဖစ္သူေဇာ္ထူး(ခ)ေမာင္မဲမွ သူမအားသုိင္းဖက္ျပီးခ်စ္ႀကဳိက္ေႀကာင္းေျပာဆုိ၍ သားမယားအျဖစ္ျပဳက်င့္ရန္ႀကံရြယ္သျဖင့္

မိခင္ျဖစ္အား ေအာ္ေခၚစဥ္ ပါးစပ္ကုိလက္ျဖင့္ပိတ္ကာ “ငါကေထာင္ထြက္ဘယ္သူ႔မွမေႀကာက္ဘူးႀကဳိက္တဲ႔သူကုိေျပာ။ေျပာတာနဲ႔ႏွင့္ကုိသတ္မယ္”ဟုျခိမ္းေျခာက္ကာသားမယားအျဖစ္ျပဳက်င့္ခဲ႔တယ္။ ထပ္မံ၍ တစ္ပတ္ႏွစ္ပတ္ျခား အခ်ိန္ခန္႔တြင္ သားမယားအျဖစ္ (၁၅)ႀကိမ္ခန္႔ျပဳက်င့္ခံခဲ႔သည္အား၊

ပင္းတယၿမိဳ႕မရဲစခန္းသုိ႔ ၂၀၁၉ မတ္လ(၁၁)ရက္ေန႕ညေန၆နာရီခြဲ အခ်ိန္တြင္ လာေရာက္တိုင္ၾကားခဲ႔သည္”ဟု စုံစမ္းသိရွိရသည္။ယခုတြင္ မ▪▪▪တြင္ ကုိယ္ဝန္၅လရရွိေနျပီး က်ဴးလြန္မႈအတြက္ပေထြးျဖစ္သူအားဥပေဒအရအေရးယူေပးပါရန္တိုင္ၾကားခဲ႔သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ ပင္းတယၿမိဳ႕မရဲစခန္းမွ ျဖစ္မႈက်ဴးလြန္သူ ေဇာ္ထူး(ခ)ေမာင္မဲအား မတ္လ၁၁ရက္ေန႔ည၆နာရီ၂၀မိနစ္အခ်ိန္တြင္ အခင္းျဖစ္စဥ္က သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးခဲ႔ျပီး၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/ ၅၀၆ျဖင့္အမႈဖြင့္အေရးယူစစ္ေဆးလ်က္ရွိေႀကာင္း စုံစမ္းသိရွိရသည္။သာခိုင္(မုနိၿမီ)

Unicode

ပင်းတယတွင်ပထွေးဖြစ်သူကသားမယားအဖြစ်အကြိမ်ကြိမ်ခြိမ်းခြောက်ပြီးအဓမ္မဆက်ဆံမှုကြောင့်ကိုယ်ဝန်၅လဖြင့် အမှုဖွင့်တိုင်ကြား ။ ပင်းတယ၊ မတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ အင်းငယ်အပေါ်ကျေးရွာတွင် ပထွေးဖြစ်သူမှ ငါ့ကထောင်ထွက် ဘယ်သူ့မှ မကြောက်ဘူး ခြိမ်းခြောက်၍ မုဒိန်းပြုကျင့်မှုကြောင့် ကိုယ်ဝန်၅လရှိမှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ပင်းတယမြို့နယ်၊ အင်းငယ်အပေါ်ကျေးရွာနေ မ▪▪▪ အသက်၁၇နှစ်တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့ နံနက်၅နာရီအချိန်က မိခင်ဖြစ်သူ ထမင်းထချက်နေစဉ် ပထွေးဖြစ်သူဇော်ထူး(ခ)မောင်မဲမှ သူမအားသိုင်းဖက်ပြီးချစ်ကြိုက်ကြောင်းပြောဆို၍ သားမယားအဖြစ်ပြုကျင့်ရန်ကြံရွယ်သဖြင့်

မိခင်ဖြစ်အား အော်ခေါ်စဉ် ပါးစပ်ကိုလက်ဖြင့်ပိတ်ကာ “ငါကထောင်ထွက်ဘယ်သူ့မှမကြောက်ဘူးကြိုက်တဲ့သူကိုပြော။ပြောတာနဲ့နှင့်ကိုသတ်မယ်”ဟုခြိမ်းခြောက်ကာသားမယားအဖြစ်ပြုကျင့်ခဲ့တယ်။ ထပ်မံ၍ တစ်ပတ်နှစ်ပတ်ခြား အချိန်ခန့်တွင် သားမယားအဖြစ် (၁၅)ကြိမ်ခန့်ပြုကျင့်ခံခဲ့သည်အား၊



ပင်းတယမြို့မရဲစခန်းသို့ ၂၀၁၉ မတ်လ(၁၁)ရက်နေ့ညနေ၆နာရီခွဲ အချိန်တွင် လာရောက်တိုင်ကြားခဲ့သည်”ဟု စုံစမ်းသိရှိရသည်။ယခုတွင် မ▪▪▪တွင် ကိုယ်ဝန်၅လရရှိနေပြီး ကျူးလွန်မှုအတွက်ပထွေးဖြစ်သူအားဥပဒေအရအရေးယူပေးပါရန်တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပင်းတယမြို့မရဲစခန်းမှ ဖြစ်မှုကျူးလွန်သူ ဇော်ထူး(ခ)မောင်မဲအား မတ်လ၁၁ရက်နေ့ည၆နာရီ၂၀မိနစ်အချိန်တွင် အခင်းဖြစ်စဉ်က သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီး၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/ ၅၀၆ဖြင့်အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။သာခိုင်(မုနိမြီ)

No comments:

Post a Comment