Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 15, 2019

ခိုးမှုထောင်သားက မုဒိမ်းမှုထောင်သားကို ထောင်တွင်းမှာချွန်​ထက်​​သောအရာဖြင့်​ထိုးသတ်





 ရ​ဝေ​မောင်​(​မြောင်းမြ)
#Unicode Version#
 မြောင်းမြအကျဉ်းထောင်တွင်းထောင်သားအချင်းချင်းလူသတ်မှုဖြစ် ။ မြောင်းမြ မတ်လ ၁၅ဧရာဝတီတိုင်းဒေသကြီး.မြောင်းမြမြို့အကျဉ်းထောင်ထဲတွင်.ခိုးမှုပေါင်းများစွာဖြင့်ထောင်(၁၅)နှစ်ကျနေသူထွန်းထွန်းဦး.ခ.ဘွတ်ကလုံ.ခ.ချစ်ရအောင်.၂၂.နှစ်.ဘ.ဦးသိန်းထွန်း.

ပနာသိမ်ကျောင်းစုကျေးရွာ.အိမ္မဲမြို့နယ်မှ မုဒိန်းမှုဖြင့်ထောင်(၁၀)နှစ်ကျခံနေသူ.သိန်းအောင်.၅၈.နှစ်.ဘ.ဦးကုလားပု.ရွှေဘုံသာကျေးရွာ.ဒိုက်ဦးမြို့နယ်.ပဲခူးတိုင်းဆိုသူအားချွန်ထက်သောအရာဖြင့်ထိုးသတ်မှုဖြစ်ပွားကြောင်း

.ဖြစ်စဉ်မှာ.သေဆုးံသူဦးသိန်းအောင်မှထောင်ကျဆောင်အတွင်းအတူအိပ်နေစဉ်တရားခံ.ထွန်းထွန်းဦးအားမိခင်နှင့်ထိခိုက်ဆဲဆိုသောကြောင့်ဒေါသအလျှောက်၁၄.၃.၂၀၁၉ညနေ.၅နာရီ၁၀မီးနစ်အချိန်တွင်လက်လုပ်ဆူးချွန်ဖြင့်ဦးသိန်းအောင်အားအကျဉ်းထောင်ခြံစည်းရိုးနားအရောက်တွင်

ဝဲဘက်ရင်အုံနှင့်ဝဲဘက်ဂျိုင်းအောက်သို့ထိုးသွင်းခဲ့ခြင်းကြောင့်ဦးသိန်းအောင်မှာဒဏ်ရာရရှိခဲ့ရာမြောင်းမြဆေးရုံသို့ပို့ဆောင်ကုသစဉ်ရရှိဒဏ်ရာဖြင့်ပင်သေဆုးံသွားကြောင်း.ဦးသိန်းအောင်သေဆုးံသည့်အတွက်တရားခံအကျဉ်းသား.ထွန်းထွန်းဦးအား

မြောင်းမြအကျဉ်းဦးစီးဌာန.လ/ထကြီးကြပ်ရေးမှူး.၁.ရဲမင်းအောင်ထွေးမှတရားလိုပြုလုပ်တိုင်ကြားသဖြင့်မြောင်းမြမြို့မ.ရဲစခန်းက(ပ)၁၆၄/၂၀၁၉ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိပါသည်….
ရဝေမောင်(မြောင်းမြ)

No comments:

Post a Comment