Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 5, 2019

မန္တ​လေး ​အောင်​​မြေသာစံမြို့နယ်​ ပညာ​ရေးမှူး ဦး​အောင်​​ကျော်​မိုး


ကျွန်​မ ​ဒေါ်​မေသီရိဦး အလယ်​ပြ အထက၂၅ မန္တ​လေး သည်​ ပညာ​ရေးဌာနတွင်​ လုပ်​သက်​၁၁နှစ်​ရှိခဲ့ပြီး ၁၁လုံး ဆယ်​တန်းစာ​မေးပွဲ​စောင့်​တာဝန်​ကို ငြင်းခဲ့ခြင်း မရှိခဲ့ပါ။က​လေးမီးဖွားခွင့်​ရရှိ​သော ၁နှစ်​သာလွတ်​ခဲ့ဖူးပါသည်​။ ယခုနှစ်​တွင်​ မတ်​လ ၃ရက်​က ကျွန်​မသည်​ အူအတက်​​ပေါက်​၍ ချက်​ချင်း ​မန်း​လေး​တော်​ဝင်​​ဆေးရုံတွင်​ ခွဲစိတ်​ခဲ့ပါသည်​။ ဆရာဝန်​က ၁ပတ်​ခန်း နားသင့်​သည်​ဟု​ဆေးစာ​ထောက်​ခံ​ပေးသဖြင့်​ မန္တ​လေး ​အောင်​​မြေသာစံမြို့နယ်​ ပညာ​ရေးမှူး ဦး​အောင်​​ကျော်​မိုးထံ ဆယ်​တန်းကင်းလွတ်​​ပေးပါရန်​​တောင်းခံ ​သော်​လည်း ထိုသူက ကျွန်​မကိုယ်​စား ခွင့်​သွား​တောင်းသူ ကျွန်​မ၏ မိခင်​နှင့်​ အမျိုးသားကို မိုက်​မိုက်​ရိုင်းရိုင်း ​ပြောဆိုလွှတ်​ပါသည်း။

လုပ်​ကြံခွင့်​တိုင်​သည်​အထင်​နှင့်​ ရက်​ရက်​စက်​စက်​ ​ပြောဆိုလွှတ်​ပါသည်​။ လူနာကိုယ်​တိုင်​ လာသတင်းပို့ရမည်​ဟုလည်းဆိုပါသည်​။

ကျွန်​မ ဒီ​နေ့​နေ့လည်​ ပဲ ​ဆေးရုံကိုခွင့်​​တောင်းပြီး TEO ရုံးကိုသွား​တွေ့လိုက်​ပါတယ်​..TEO က​တော့ ထွက်​မ​တွေ့ပါဘူး..လက်​​ထောက်​က တာဝန်​ယူ​ဆောင်​ရွက်​​ပေးမယ်​ဆိုပြီး သူတို့မဟုတ်​သလို ​တောင်းပန်​လွှတ်​လိုက်​ပါတယ်

ကျွန်​မရဲ့ ခွဲထုတ်​လိုက်​တဲ့ အူအတက်​ပါ
အခု ဓာတ်​ခွဲခန်းပို့ထားပါတယ်
ဒီ​နေ့ည​နေ ​ဆေးရုံဆင်းရပါမယ်
ဆေးလက်​မှတ်​​တွေက​တော့ TEO ယူထားလိုက်​ပါတယ်

ကျွန်မရဲ့ အ​မေနဲ့ အမျိုးသားကို
မိုက်​မိုက်​ရိုင်းရိုင်း ​ပြော​နေတာကို သက်​​သေပြစရာ ကျွန်​မတို့မှာ မရှိဘူး​လေ..TEO က ငြင်းမှာပဲ...ကျွန်​မတို့ ​အောင်​​မြေသာစံမြို့နယ်​ က ဆရာ ဆရာမ​တွေဟာ သူ့ဒဏ်​ခံ​နေရတာကြာပါပြီရှင်

အထက်​လူကြီး​တွေများ ​အောက်​​ခြေဝန်​ထမ်းကို နိုင်​စားလိုက်​ကြတာ
အဲဒီ ​အောင်​​မြေသာစံမြို့နယ်​ ပညာ​ရေးမှူးက သူကိုယ်​တိုင်​ကျ​တော့ ​နေ့စဉ်​ရုံးဖွင့်​ရက်​ ၁၂နာရီက​နေ ၃ နာရီအထိကို ဘယ်​ဆရာ ဆရာမလာလာ အ​တွေ့မခံဘူး​ဗျာ...အိပ်​ တာတဲ့..ကိုယ်​​တွေ့ပါ

အံ့အံ့

No comments:

Post a Comment