Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 5, 2019

ကာမအားတိုးေဆးမ်ားကို အလြန္အက်ဴးေၾကာ္ျငာေနမႈ တိုင္းရင္းေဆးဦးစီးဌာနမွ စိစစ္အေရးယူမည္

ျပည္တြင္းတြင္ျဖန္႔ခ်ိေနသည့္ ေယာက်္ားကာမအားတိုးေဆးမ်ားကို လြန္လြန္က်ဴးက်ဴး ေၾကာ္ျငာေနျခင္းမ်ား၊ ႐ုပ္သံ၊ သတင္းစာမ်ားမွတဆင့္ ေၾကာ္ျငာေနျခင္းမ်ားကို စိစစ္အေရးယူသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ တိုင္းရင္းေဆးဦးစီးဌာနမွ သိရသည္။

ျမန္မာႏိုင္ငံ တိုင္းရင္းေဆးဦးစီဌာနအေနျဖင့္ တိုင္းရင္းေဆးထုတ္လုပ္ျဖန္႔ခ်ိမည္ဆိုပါက တိုင္းရင္းေဆး ထုတ္လုပ္ျဖန္႔ခ်ိခြင့္မွတ္ပံုတင္ကို တိုင္းရင္းေဆးဆရာ (တဆ) လက္မွတ္ရရွိၿပီးသည့္ တိုင္းရင္းေဆးဆရာ၊ တိုင္းရင္း ေဆး ၃ ဘာသာ၊ ၄ ဘာသာေအာင္ျမင္ ၿပီးသူ တိုင္းရင္းေဆး သိပၸံတကၠသိုလ္ဆင္း အစရွိသည့္ တိုင္းရင္းေဆးဆရာမ်ားအား ေဆးထုတ္ခြင့္ေပးၿပီး ထုတ္လုပ္မည့္ေဆးဝါးကိုလည္း ေဆးၫႊန္းအတိုင္း ဓာတ္ခြဲစမ္းသပ္ၿပီးမွ တိုင္းရင္းေဆး မွတ္ပံုတင္ေပးေၾကာင္း သိရသည္။

”ကြၽန္ေတာ္တို႔ အခုခြင့္ျပဳထားတဲ့ ေယာက်္ားအားျဖည့္ေဆးဆိုတာေတြက တိုင္းရင္းေဆးမွာ လာမွတ္ပံုတင္တဲ့အတိုင္းသာ ခြင့္ျပဳထားတာပါ။ စားသံုးသူေတြ သံုးစြဲခ်င္ေအာင္ ေဆးၫႊန္းေတြမွာ လြန္လြန္ က်ဴးက်ဴး ေၾကာ္ျငာထည့္လာရင္ေတာ့ ထိေရာက္စြာအေရးယူမွာပါ။ ေဆးကို ပိတ္လိုက္တာမ်ဳိးအထိ အေရးယူ မယ္။ ေနာက္ဒီတိုင္းရင္းေဆးေတြထဲမွာ မသမာတဲ့နည္းနဲ႔ အေနာက္တိုင္းေဆးေတြေရာ ေႏွာရင္ေတာ့ ဥပေဒအရအေရးယူမယ္” ဟု ျမန္မာႏိုင္ငံတိုင္းရင္းေဆးဦးစီးဌာနမွ တာဝန္ရွိသူတဦးက ေျပာသည္။

ျပည္တြင္းျဖန္႔ခ်ိလ်က္ရွိသည့္ တိုင္းရင္းေဆးမ်ားကိုေၾကာ္ျငာလိုပါက တိုင္းရင္းေဆးဌာနသို႔ သီးသန္႔ထပ္မံ ေလွ်ာက္ထားရၿပီး ေယာက်္ားအားျဖည့္ေဆးမ်ားကို ေၾကာ္ျငာခြင့္ျပဳထားျခင္းမရွိေသးေၾကာင္း ျမန္မာႏိုင္ငံ တိုင္းရင္းေဆးဦးစီးဌာနမွ သိရသည္။

”တိုင္းရင္းေဆးမွတ္ပံုတင္ရွိ႐ံုနဲ႔ ေၾကာ္ျငာလို႔မရပါဘူး။ တခ်ဳိ႕ေတြက ေရာခ်တာေတြရွိတယ္။ ဒါေတြကိုလည္း ကြၽန္ေတာ္တို႔ဘက္က အေရးယူေဆာင္ရြက္မွာပါ။ အခုဆိုတိုင္းရင္းေဆးဥပေဒသစ္ ျပ႒ာန္းေနပါၿပီ။ ဒီဥပေဒ ထြက္လာၿပီဆိုရင္ ဒီေဆးဝါးေတြကို ထိထိေရာက္ေရာက္အေရးယူမွာပါ။ ႏိုင္ငံပိုင္သတင္းစာေတြကလည္း သတိေပးေၾကညာသြားမွာ ပါ”ဟု ၎ကေျပာသည္။

အဂၤလိပ္ေဆးမ်ားသည္ ေဆးတမ်ဳိးတြင္ ေရာဂါတမ်ဳိးသာေပ်ာက္ကင္းေၾကာင္းပါရွိေသာ္လည္း ျမန္မာတိုင္းရင္း ေဆးမ်ားတြင္ ေရာဂါအေတာ္မ်ားမ်ားေပ်ာက္ကင္းသည္ဟု ေဆးၫႊန္းတြင္ေဖာ္ျပပါရွိေနျခင္းမွာ အဂၤလိပ္ေဆး မ်ားမွာ ေဆးမယ္တမယ္သာ အသံုးျပဳျခင္းေၾကာင့္ျဖစ္ၿပီး ျမန္မာတိုင္းရင္းေဆးမ်ားမွာ ေဆးမယ္ ၇ မ်ဳိး၊ ၈ မ်ဳိးမွ ေဆးမယ္ ၂ဝ အထိပါဝင္ေသာ ေပါင္းေဆးျဖစ္ျခင္းေၾကာင့္ အဓိကေပ်ာက္ကင္းသည့္ေရာဂါတမ်ဳိးမွတဆင့္ ဆက္စပ္ ေရာဂါတခ်ဳိ႕လည္းေပ်ာက္ကင္းသည္ဟု ၫႊန္းဆိုျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ တိုင္းရင္းေဆးဆရာ အသင္း ရန္ကုန္တိုင္းအလုပ္အမႈေဆာင္ မိခင္တိုင္းရင္းေဆးတိုက္မွ သမားေတာ္ဦးျမင့္ေသာင္းက ေျပာသည္။

”တိုင္းရင္းေဆးမွတ္ပံုတင္ရရွိၿပီး ေယာက်ာ္အားျဖည့္ေဆးထုတ္လုပ္တဲ့သူေတြဟာ မ်ားေသာအားျဖင့္ တ . ဆ မရွိတာမ်ားတယ္။ တ . ဆ ရွိတဲ့ဆရာေတြကို ငွားၿပီးလုပ္တာေတြေပါ့။ အဲဒါကိုလည္း တိုင္းရင္းေဆးဦးစီးဌာနက အမ်ားျပည္သူ ေဘးအႏၱရာယ္မျဖစ္ေအာင္ ကာကြယ္ဖို႔စိစစ္ေနပါတယ္။ တခုရွိတာက စားသံုးသူေတြ၊ သံုးစြဲသူေတြဘက္ကလည္း ဒီေဆးကိုေၾကာ္ျငာေကာင္းလို႔ အၫႊန္းေကာင္းလို႔ ဝယ္သံုးပါတယ္။ သို႔ေသာ္ ၫႊန္းထားတဲ့အတိုင္း ျဖစ္မလာဘူးဆိုတဲ့ တိုင္စာမ်ဳိးတိုင္းရင္းေဆးဦးစီးဌာနကိုတိုင္ၾကားရင္ သူတို႔ ခ်က္ခ်င္းအေရးယူပါတယ္” ဟု သမားေတာ္ႀကီး ဦးျမင့္ေသာင္းက ေျပာသည္။

တိုင္းရင္းေဆးဦးစီးဌာနအေနျဖင့္ မွန္မွန္ကန္ကန္လုပ္ကိုင္ေနသည့္ တိုင္းရင္းေဆးဆရာႀကီးမ်ားနစ္နာမႈ မရွိေစရန္၊ တိုင္းရင္းေဆးဝါးမ်ား မွန္မွန္ကန္ကန္ ထုတ္လုပ္ေနမႈမ်ားကို မထိခိုက္ေစရန္ အတုအေယာင္ ထုတ္လုပ္သူမ်ားကို ေဖာ္ထုတ္အေရးယူေပးရန္လိုအပ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုေယာက်္ားအားျဖည့္ေဆးမ်ားသည္ ေဆးအၫႊန္းမ်ားတြင္ အမ်ဳိးသားမ်ားသံုးစြဲပါက ကာမအားေကာင္းျခင္း၊ စိတ္သြားတိုင္းကိုယ္ပါစိတ္အလိုျပည့္ဝျခင္း၊ အေၾကာအားေကာင္းသန္မာျခင္း၊ သုက္လႊတ္ျခင္း၊ သုက္အားနည္းျခင္း၊ တိုနာေရာဂါမ်ားကိုေပ်ာက္ကင္းသက္သာေစျခင္း အစရွိသျဖင့္ ၫႊန္းဆိုေရာင္းခ်လ်က္ရွိသည္။

တိုင္းရင္းေဆးထုတ္လုပ္ျဖန္႔ခ်ိျခင္းႏွင့္ တိုင္းရင္းေဆးမွတ္ပံုတင္ေပးျခင္းကို ျမန္မာႏိုင္ငံတိုင္းရင္းေဆးဦးစီးဌာနမွ အဓိကကိုင္တြယ္စိစစ္ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) သည္ အဂၤလိပ္ေဆးဝါးမ်ားကိုသာ စိစစ္ကိုင္တြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ေက်ာ္သူ – News Watch
#Unicode Version#
ပြည်တွင်းတွင်ဖြန့်ချိနေသည့် ယောကျ်ားကာမအားတိုးဆေးများကို လွန်လွန်ကျူးကျူး ကြော်ငြာနေခြင်းများ၊ ရုပ်သံ၊ သတင်းစာများမှတဆင့် ကြော်ငြာနေခြင်းများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ တိုင်းရင်းဆေးဦးစီဌာနအနေဖြင့် တိုင်းရင်းဆေးထုတ်လုပ်ဖြန့်ချိမည်ဆိုပါက တိုင်းရင်းဆေး ထုတ်လုပ်ဖြန့်ချိခွင့်မှတ်ပုံတင်ကို တိုင်းရင်းဆေးဆရာ (တဆ) လက်မှတ်ရရှိပြီးသည့် တိုင်းရင်းဆေးဆရာ၊ တိုင်းရင်း ဆေး ၃ ဘာသာ၊ ၄ ဘာသာအောင်မြင် ပြီးသူ တိုင်းရင်းဆေး သိပ္ပံတက္ကသိုလ်ဆင်း အစရှိသည့် တိုင်းရင်းဆေးဆရာများအား ဆေးထုတ်ခွင့်ပေးပြီး ထုတ်လုပ်မည့်ဆေးဝါးကိုလည်း ဆေးညွှန်းအတိုင်း ဓာတ်ခွဲစမ်းသပ်ပြီးမှ တိုင်းရင်းဆေး မှတ်ပုံတင်ပေးကြောင်း သိရသည်။

”ကျွန်တော်တို့ အခုခွင့်ပြုထားတဲ့ ယောကျ်ားအားဖြည့်ဆေးဆိုတာတွေက တိုင်းရင်းဆေးမှာ လာမှတ်ပုံတင်တဲ့အတိုင်းသာ ခွင့်ပြုထားတာပါ။ စားသုံးသူတွေ သုံးစွဲချင်အောင် ဆေးညွှန်းတွေမှာ လွန်လွန် ကျူးကျူး ကြော်ငြာထည့်လာရင်တော့ ထိရောက်စွာအရေးယူမှာပါ။ ဆေးကို ပိတ်လိုက်တာမျိုးအထိ အရေးယူ မယ်။ နောက်ဒီတိုင်းရင်းဆေးတွေထဲမှာ မသမာတဲ့နည်းနဲ့ အနောက်တိုင်းဆေးတွေရော နှောရင်တော့ ဥပဒေအရအရေးယူမယ်” ဟု မြန်မာနိုင်ငံတိုင်းရင်းဆေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်းဖြန့်ချိလျက်ရှိသည့် တိုင်းရင်းဆေးများကိုကြော်ငြာလိုပါက တိုင်းရင်းဆေးဌာနသို့ သီးသန့်ထပ်မံ လျှောက်ထားရပြီး ယောကျ်ားအားဖြည့်ဆေးများကို ကြော်ငြာခွင့်ပြုထားခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေးဦးစီးဌာနမှ သိရသည်။

”တိုင်းရင်းဆေးမှတ်ပုံတင်ရှိရုံနဲ့ ကြော်ငြာလို့မရပါဘူး။ တချို့တွေက ရောချတာတွေရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ဘက်က အရေးယူဆောင်ရွက်မှာပါ။ အခုဆိုတိုင်းရင်းဆေးဥပဒေသစ် ပြဋ္ဌာန်းနေပါပြီ။ ဒီဥပဒေ ထွက်လာပြီဆိုရင် ဒီဆေးဝါးတွေကို ထိထိရောက်ရောက်အရေးယူမှာပါ။ နိုင်ငံပိုင်သတင်းစာတွေကလည်း သတိပေးကြေညာသွားမှာ ပါ”ဟု ၎င်းကပြောသည်။

အင်္ဂလိပ်ဆေးများသည် ဆေးတမျိုးတွင် ရောဂါတမျိုးသာပျောက်ကင်းကြောင်းပါရှိသော်လည်း မြန်မာတိုင်းရင်း ဆေးများတွင် ရောဂါအတော်များများပျောက်ကင်းသည်ဟု ဆေးညွှန်းတွင်ဖော်ပြပါရှိနေခြင်းမှာ အင်္ဂလိပ်ဆေး များမှာ ဆေးမယ်တမယ်သာ အသုံးပြုခြင်းကြောင့်ဖြစ်ပြီး မြန်မာတိုင်းရင်းဆေးများမှာ ဆေးမယ် ၇ မျိုး၊ ၈ မျိုးမှ ဆေးမယ် ၂ဝ အထိပါဝင်သော ပေါင်းဆေးဖြစ်ခြင်းကြောင့် အဓိကပျောက်ကင်းသည့်ရောဂါတမျိုးမှတဆင့် ဆက်စပ် ရောဂါတချို့လည်းပျောက်ကင်းသည်ဟု ညွှန်းဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်း ရန်ကုန်တိုင်းအလုပ်အမှုဆောင် မိခင်တိုင်းရင်းဆေးတိုက်မှ သမားတော်ဦးမြင့်သောင်းက ပြောသည်။

”တိုင်းရင်းဆေးမှတ်ပုံတင်ရရှိပြီး ယောကျာ်အားဖြည့်ဆေးထုတ်လုပ်တဲ့သူတွေဟာ များသောအားဖြင့် တ . ဆ မရှိတာများတယ်။ တ . ဆ ရှိတဲ့ဆရာတွေကို ငှားပြီးလုပ်တာတွေပေါ့။ အဲဒါကိုလည်း တိုင်းရင်းဆေးဦးစီးဌာနက အများပြည်သူ ဘေးအန္တရာယ်မဖြစ်အောင် ကာကွယ်ဖို့စိစစ်နေပါတယ်။ တခုရှိတာက စားသုံးသူတွေ၊ သုံးစွဲသူတွေဘက်ကလည်း ဒီဆေးကိုကြော်ငြာကောင်းလို့ အညွှန်းကောင်းလို့ ဝယ်သုံးပါတယ်။ သို့သော် ညွှန်းထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုတဲ့ တိုင်စာမျိုးတိုင်းရင်းဆေးဦးစီးဌာနကိုတိုင်ကြားရင် သူတို့ ချက်ချင်းအရေးယူပါတယ်” ဟု သမားတော်ကြီး ဦးမြင့်သောင်းက ပြောသည်။

တိုင်းရင်းဆေးဦးစီးဌာနအနေဖြင့် မှန်မှန်ကန်ကန်လုပ်ကိုင်နေသည့် တိုင်းရင်းဆေးဆရာကြီးများနစ်နာမှု မရှိစေရန်၊ တိုင်းရင်းဆေးဝါးများ မှန်မှန်ကန်ကန် ထုတ်လုပ်နေမှုများကို မထိခိုက်စေရန် အတုအယောင် ထုတ်လုပ်သူများကို ဖော်ထုတ်အရေးယူပေးရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုယောကျ်ားအားဖြည့်ဆေးများသည် ဆေးအညွှန်းများတွင် အမျိုးသားများသုံးစွဲပါက ကာမအားကောင်းခြင်း၊ စိတ်သွားတိုင်းကိုယ်ပါစိတ်အလိုပြည့်ဝခြင်း၊ အကြောအားကောင်းသန်မာခြင်း၊ သုက်လွှတ်ခြင်း၊ သုက်အားနည်းခြင်း၊ တိုနာရောဂါများကိုပျောက်ကင်းသက်သာစေခြင်း အစရှိသဖြင့် ညွှန်းဆိုရောင်းချလျက်ရှိသည်။

တိုင်းရင်းဆေးထုတ်လုပ်ဖြန့်ချိခြင်းနှင့် တိုင်းရင်းဆေးမှတ်ပုံတင်ပေးခြင်းကို မြန်မာနိုင်ငံတိုင်းရင်းဆေးဦးစီးဌာနမှ အဓိကကိုင်တွယ်စိစစ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် အင်္ဂလိပ်ဆေးဝါးများကိုသာ စိစစ်ကိုင်တွယ်ခြင်းဖြစ်ကြောင်း သိရသည်။

:ကျော်သူ – News Watch

No comments:

Post a Comment