Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 9, 2019

ကေလးမေလးမ်ားကို သီလ႐ွင္၀တ္ခိုင္းကာတစ္ရက္ ႏွစ္ေသာင္းရေအာင္အလွဴခံခိုင္းေနမွဳ


၅ႏွစ္အရြယ္ ကေလးမေလးမ်ားကို သီလ႐ွင္၀တ္ခိုင္းကာ တရက္ ႏွစ္ေသာင္းရေအာင္ အလွဳခံခိုင္းေနမွဳ တာ၀န္ရွိလူႀကီးမင္းမ်ား သိေစရန္ ။ ေက်ာက္ဆည္ ၿခံထဲကအျပန္ ျခံထဲမွာသစ္ပင္ ေတြကိုေရေပးဖို႔ လုပ္ရင္းမိုးေတာ္ေတာ္ခ်ဳပ္ေနပါၿပီ ။

တံခြန္တိုင္းအဝိုင္းကိုပတ္ၿပီး ၇၄လမ္း လမ္းသစ္ ဖက္ကိုေကြ႔ၿပီးသိပ္မၾကာခင္မွာပဲ ၈ ႏွစ္အရြယ္သီလ႐ွင္ ေလးတစ္ပါး ၊ ၅ ႏွစ္အရြယ္ခန္႔သီလ႐ွင္ေလးတစ္ပါး စုစုေပါင္း ႏွစ္ပါး က လမ္းေဘးမွာငုတ္တုတ္ေလးေတြ ထိုင္ေနတာေတြ႔လို႔. သူတို႔ကို ေက်ာ္လာၿပီးမွ ကားကို ေနာက္ဆုတ္ၿပီး အနားေရာက္ေတာ့ ကားေအာက္ ကိုဆင္းၿပီး ဆရာေလးတို႔ ဘယ္ေက်ာင္းကလဲ

ဘယ္ကိုျပန္မွာလဲ ည႐ွစ္နာရီထိုးေတာ့မယ္ ၊ မိုးခ်ဳပ္ေနၿပီ ၊ လာ ကားေပၚတက္ ဆိုၿပီး ေခၚလာေတာ့ လိုက္လာပါတယ္ ။

ကိုယ္လည္း ေခၚလာၿပီးမွ ဘာမွန္းလည္းမသိ ေၾကာက္ တာနဲ႔ မွန္တံခါးေတြအကုန္ခ်ၿပီး ေျဖးေျဖးေမာင္းရင္းနဲ႔ သူတို႔ကို ေမးခြန္းမ်ားေမးရင္းေမာင္းလာပါတယ္ ။

တံခြန္တိုင္ ေျမာက္ဥယ်ာဥ္ ရပ္က သီလ႐ွင္ ေက်ာင္းကပါတဲ့ ။နမ့္စန္ၿမိဳ႕က လာေရာက္ သီလ႐ွင္ဝတ္ရတာပါဆိုတာရယ္ ၊ တစ္ရက္ကိုႏွစ္ေသာင္းက်ပ္ ရေအာင္ အလႉခံေပး ရပါတယ္တဲ့ ။

အခု ေငြ ေလးေထာင္ေလာက္လိုလို႔ မျပန္ရဲလို႔ လမ္းေဘးမွာထိုင္ေနရတာပါတဲ့ ။ ကားၾကံဳ ဆိုင္ကယ္ၾကံဳ လိုက္စီးရင္လဲ ႐ိုက္ခံရပါတယ္တဲ့ ။

က်မကေတာ့ သူတို႔လိုေနတဲ့ ေငြေလးေထာင္ကို လႉရင္းနဲ႔. ၊ ဒီလိုလူမမယ္ေလးေတြရဲ႕ ေခြၽးစက္ေတြကို အခန္႔သင့္ စားသံုးရက္တဲ့ ၿမိဳ႕ႀကီးျပႀကီးမွာေနတဲ့ ယဥ္ေက်းဟန္ေဆာင္ေနတဲ့ ဓားျပေတြ ကို စက္ဆုပ္စြာနဲ႔ ဒီလိုဘဝက အျမန္လြတ္ကင္းပါေစ ကေလးရယ္ လို႔ ရင္နာနာ နဲ႔သူတို႔ ေက်ာခိုင္းသြားတာကို အေဝး ေရာက္တဲ့အထိ လွမ္းၾကည့္ေနရပါေတာ့တယ္ ။

( ေပးပို႔သူ ) ယဥ္ယဥ္မိုးVIA ; April Maung Maung

Unicode version
၅နှစ်အရွယ် ကလေးမလေးများကို သီလရှင်ဝတ်ခိုင်းကာ တရက် နှစ်သောင်းရအောင် အလှုခံခိုင်းနေမှု တာဝန်ရှိလူကြီးမင်းများ သိစေရန် ။ ကျောက်ဆည် ခြံထဲကအပြန် ခြံထဲမှာသစ်ပင် တွေကိုရေပေးဖို့ လုပ်ရင်းမိုးတော်တော်ချုပ်နေပါပြီ ။

တံခွန်တိုင်းအဝိုင်းကိုပတ်ပြီး ၇၄လမ်း လမ်းသစ် ဖက်ကိုကွေ့ပြီးသိပ်မကြာခင်မှာပဲ ၈ နှစ်အရွယ်သီလရှင် လေးတစ်ပါး ၊ ၅ နှစ်အရွယ်ခန့်သီလရှင်လေးတစ်ပါး စုစုပေါင်း နှစ်ပါး က လမ်းဘေးမှာငုတ်တုတ်လေးတွေ ထိုင်နေတာတွေ့လို့. သူတို့ကို ကျော်လာပြီးမှ ကားကို နောက်ဆုတ်ပြီး အနားရောက်တော့ ကားအောက် ကိုဆင်းပြီး ဆရာလေးတို့ ဘယ်ကျောင်းကလဲ

ဘယ်ကိုပြန်မှာလဲ ညရှစ်နာရီထိုးတော့မယ် ၊ မိုးချုပ်နေပြီ ၊ လာ ကားပေါ်တက် ဆိုပြီး ခေါ်လာတော့ လိုက်လာပါတယ် ။

ကိုယ်လည်း ခေါ်လာပြီးမှ ဘာမှန်းလည်းမသိ ကြောက် တာနဲ့ မှန်တံခါးတွေအကုန်ချပြီး ဖြေးဖြေးမောင်းရင်းနဲ့ သူတို့ကို မေးခွန်းများမေးရင်းမောင်းလာပါတယ် ။



တံခွန်တိုင် မြောက်ဥယျာဉ် ရပ်က သီလရှင် ကျောင်းကပါတဲ့ ။နမ့်စန်မြို့က လာရောက် သီလရှင်ဝတ်ရတာပါဆိုတာရယ် ၊ တစ်ရက်ကိုနှစ်သောင်းကျပ် ရအောင် အလှူခံပေး ရပါတယ်တဲ့ ။

အခု ငွေ လေးထောင်လောက်လိုလို့ မပြန်ရဲလို့ လမ်းဘေးမှာထိုင်နေရတာပါတဲ့ ။ ကားကြုံ ဆိုင်ကယ်ကြုံ လိုက်စီးရင်လဲ ရိုက်ခံရပါတယ်တဲ့ ။

ကျမကတော့ သူတို့လိုနေတဲ့ ငွေလေးထောင်ကို လှူရင်းနဲ့. ၊ ဒီလိုလူမမယ်လေးတွေရဲ့ ချွေးစက်တွေကို အခန့်သင့် စားသုံးရက်တဲ့ မြို့ကြီးပြကြီးမှာနေတဲ့ ယဉ်ကျေးဟန်ဆောင်နေတဲ့ ဓားပြတွေ ကို စက်ဆုပ်စွာနဲ့ ဒီလိုဘဝက အမြန်လွတ်ကင်းပါစေ ကလေးရယ် လို့ ရင်နာနာ နဲ့သူတို့ ကျောခိုင်းသွားတာကို အဝေး ရောက်တဲ့အထိ လှမ်းကြည့်နေရပါတော့တယ် ။

( ပေးပို့သူ ) ယဉ်ယဉ်မိုးVIA ; April Maung Maung

No comments:

Post a Comment