Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 8, 2019

ဆယ္တန္းေျဖဆိုသည္႔ သမီးျဖစ္သူထံ ထမင္းခ်ိဳင့္ပို႔ရာမွ ေသဆံုးခဲ႔သူ အေမတစ္ေယာက္္

ပဲခူးတိုင္းေဒသၾကီး ျပည္ခရိုင္၊ျပည္ျမိဳ႕ ျပည္ / ေအာင္လံကားလမ္းမိုင္တိုင္ အမွတ္ ၁၈၂/၇ႏွင့္၁၈၃/၀ၾကား၊ငါးရြာအုပ္စု၊ထန္းေပါက္ေက်းရြာအနီး၌မတ္(5)ရက္ေန႔ေန႔လည္တြင္ယာဥ္တိုက္မွူျဖစ္ပြားေၾကာင္း၊သတင္းအရယာဥ္ထိန္းရဲတပ္ဖြဲ႔မွရဲအုပ္သီဟထြန္း၊တာဝန္မွဴးဒုရဲအုပ္ေအးေအးေမာင္ႏွင့္အဖြဲ႔မွ အခင္းျဖစ္ရပ္သို႔သြားေရာက္စစ္္ေဆးခဲ့သည္ဆို၏။

ဆိုင္ကယ္မွာတိမ္းေမွာက္သြားခဲ့ပါျပီး လမ္း၀ဲဘက္ျခမ္းလမ္း္ေဘးတြင္ ခ်ရပ္ထားေသာကိုစိုးစိုးမင္း ယာဥ္ေမာင္း ဖုန္းမသိမ္ေက်းရြာ ၾကာအင္းအုပ္စု ျပည္ျမိဳ႕ေနသူရပ္တန္႔ထားေသာ၆ဌ/……၊ အျပာေရာင္ ေထာ္လာဂ်ီအား ထပ္မံတိုက္မိသျဖင့္ ေဒၚမ်ိဴးသီတာတြင္ ၀ဲေျခသလံုးပြန္း၀ဲေျခမ်က္စိေပါက္ျပဲ ယာပါးပြန္း ယာခ်ိဳးေစာင္း ေပါက္ျပဲ ဒဏ္ရာမ်ားရရွိေသာေၾကာင္႔ ျပည္ေဆးရုံျကီးသို႔ပို႔ေဆာင္စဥ္ ရရွိေသာဒဏ္ရာမ်ားျဖင့္ေသဆံုးသြားခဲ့ရပါတယ္။

ျဖစ္စဥ္ႏွင့္ပက္သက္၍ယာဥ္ ေမာင္းႏွင္သူေက်ာ္ဇင္လတ္အား ဥပေဒအရအေရးယူေပးပါရန္ ရဲအုပ္သီဟထြန္း အမွတ္(၁၃)ယာဥ္ထိန္းတပ္ဖြဲ႔စုမွဴးရုံး၊ျပည္ျမိဳ႕မွ တရားလိုျပဳတိုင္တန္းသျဖင့္ျပည္(၃)နယ္ေျမရဲစခန္း ယာဥ္(ပ)၅/၂၀၁၉ရာဇသတ္ျကီးပုဒ္မ ၃၀၄ကျဖင့္ အမွူဖြင့္ထားရွိကာ အမွူအား ဒုရဲအုပ္ေအးေအးမာမွ လက္ခံစစ္ေဆးလွ်က္ရွိေၾကာင္း သတင္းရရွိသည္။

‘‘ဆုိင္ကယ္ေမာင္းႏွင္တဲ့အ မ်ိဳးသမီးက တကၠသိုလ္၀င္တန္း စာေမးပြဲေျဖမယ့္ သမီးျဖစ္သူရွိတဲ့ ေဘာ္ဒါေဆာင္ကို ထမင္းပို႔သြား ၿပီးအျပန္မွာ မေတာ္တဆျဖစ္ခဲ့ တာလို႔သိရတယ္’’ ဟု ထန္း ေပါက္ေက်းရြာေဒသခံဦးေက်ာ္ လြင္ကေျပာသည္။

ေသဆံုးသူအမ်ိဳးသမီး ေဒၚမ်ိဴးသီတာ သည္ အသက္ (၄၆) ႏွစ္အရြယ္ရွိၿပီး ဦးေခါင္း၊ ေျခေထာက္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိၿပီး ျပည္ ေဆး႐ုံသုိ႔ တင္ပုိ႔ကုသစဥ္ ေသဆံုးခဲ့သည္။
mmlivenews
#Unicode Version#
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ပြည်မြို့ ပြည် / အောင်လံကားလမ်းမိုင်တိုင် အမှတ် ၁၈၂/၇နှင့်၁၈၃/ဝကြား၊ငါးရွာအုပ်စု၊ထန်းပေါက်ကျေးရွာအနီး၌မတ်(5)ရက်နေ့နေ့လည်တွင်ယာဉ်တိုက်မှူဖြစ်ပွားကြောင်း၊သတင်းအရယာဉ်ထိန်းရဲတပ်ဖွဲ့မှရဲအုပ်သီဟထွန်း၊တာဝန်မှူးဒုရဲအုပ်အေးအေးမောင်နှင့်အဖွဲ့မှ အခင်းဖြစ်ရပ်သို့သွားရောက်စစ်ဆေးခဲ့သည်ဆို၏။

ဆိုင်ကယ်မှာတိမ်းမှောက်သွားခဲ့ပါပြီး လမ်းဝဲဘက်ခြမ်းလမ်းဘေးတွင် ချရပ်ထားသောကိုစိုးစိုးမင်း ယာဉ်မောင်း ဖုန်းမသိမ်ကျေးရွာ ကြာအင်းအုပ်စု ပြည်မြို့နေသူရပ်တန့်ထားသော၆ဌ/……၊ အပြာရောင် ထော်လာဂျီအား ထပ်မံတိုက်မိသဖြင့် ဒေါ်မျိူးသီတာတွင် ဝဲခြေသလုံးပွန်းဝဲခြေမျက်စိပေါက်ပြဲ ယာပါးပွန်း ယာချိုးစောင်း ပေါက်ပြဲ ဒဏ်ရာများရရှိသောကြောင့် ပြည်ဆေးရုံကြီးသို့ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ရပါတယ်။

ဖြစ်စဉ်နှင့်ပက်သက်၍ယာဉ် မောင်းနှင်သူကျော်ဇင်လတ်အား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်သီဟထွန်း အမှတ်(၁၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ပြည်မြို့မှ တရားလိုပြုတိုင်တန်းသဖြင့်ပြည်(၃)နယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၄ကဖြင့် အမှူဖွင့်ထားရှိကာ အမှူအား ဒုရဲအုပ်အေးအေးမာမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

‘‘ဆိုင်ကယ်မောင်းနှင်တဲ့အ မျိုးသမီးက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့် သမီးဖြစ်သူရှိတဲ့ ဘော်ဒါဆောင်ကို ထမင်းပို့သွား ပြီးအပြန်မှာ မတော်တဆဖြစ်ခဲ့ တာလို့သိရတယ်’’ ဟု ထန်း ပေါက်ကျေးရွာဒေသခံဦးကျော် လွင်ကပြောသည်။

သေဆုံးသူအမျိုးသမီး ဒေါ်မျိူးသီတာ သည် အသက် (၄၆) နှစ်အရွယ်ရှိပြီး ဦးခေါင်း၊ ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိပြီး ပြည် ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။
mmlivenews

No comments:

Post a Comment