Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 29, 2019

႐ုံးပတီသီး ကို အစိမ္းတို႔စားရတာ ႀကိဳက္ရင္ ဒီစာေလးကို မျဖစ္မေန ဖတ္ေပးပါ


ကြၽန္ေတာ္ ႐ြာေရာက္ေတာ့ ႐ုံးပတီသီး စိုက္သည့္ ေတာင္သူ တစ္ဦးမွ ေျပာျပသျဖင့္ ထပ္ဆင့္မွ်ေဝျခင္းျဖစ္ပါသည္။ ႐ုံးပတီသီး ကို အစိမ္းတို႔စားရတာ ႀကိဳက္သည္ဆိုက ႐ုံးပတီသီး ကို ဆားရည္ျဖင့္ နာရီဝက္ခန႔္ စိမ္ၿပီးမွ စားပါရန္ အႀကံေပးပါသည္။

႐ုံးပတီသီး ႀကိဳက္ေသာ ပိုးမႊား မ်ားတြင္ ေလွးပိုးသည္ ႏွိမ္နင္းရန္ အခက္ခဲဆုံးပိုးျဖစ္၏၊ အပင္ကို ဖ်က္ဆီးေသာ ထိုပိုးသည္ အေကာင္မျမင္ရ၊ ေဆးမ်ိဳးစုံ သုံးေသာ္လည္း ထိုပိုးကို မႏိုင္။ထို႔ေၾကာင့္ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက တားျမစ္ထားေသာ အႏၵိယ မွလာသည့္ ေဆး တစ္မ်ိဳးကို သုံးၾက၏၊ ထို ေဆး ကို သုံးမွ႐ုံးပတီပင္ကို ဖ်က္ဆီးေသာ ေလွးပိုးကိုႏိုင္၏၊
အပင္သန္၏၊ အသီးလွ၏၊ သို႔ေသာ္ ထို ေဆး ၏ အာနိသင္ကား အလြန္ျပင္းထန္လွ၏၊ ေဆးသုံးစြဲသျဖင့္ ေသေသာ ပိုးေကာင္ကို ငွက္စားက ငွက္ေသ၏၊ ထိုေသေသာ ငွက္ ကို ေခြးကစားမိျပန္က ေခြးေသ၏။ထိုေဆးအာနိသင္ကား ပိုးေကာင္လည္းေသ၊ ပိုးေကာင္ေသစားေသာ ငွက္ လည္းေသ၊ ငွက္ ေသစားေသာ ေခြးလည္းေသသျဖင့္ သုံးဆင့္ခန႔္ အာနိသင္ျပင္းထန္၏။
ထိုကဲ့သို႔ အာနိသင္ျပင္းထန္ေသာ ေဆး ကို ႏိုင္ငံေတာ္က တားျမစ္ထားၿပီး စိုက္ပ်ိဳးေရး ပညာေပး ေဟာေျပာမႈေတြျပဳလုပ္ပါေသာ္လည္း အရင္းမရႈံးလိုေသာ ေတာင္သူမ်ားက ေမွာင္ခိုဝင္လာလို႔ ရလွ်င္သုံးစြဲမည္သာ ျဖစ္၏။

ထိုအာနိသင္ျပင္းေသာ ေဆးကို ယေန႔ပက္ဖ်န္းၿပီး မနက္ျဖန္ ႐ုံးပတီသီးခူးကာ ၿမိဳ႕တက္ေရာင္းသည္လည္းရွိ၏။ ထို ႐ုံးပတီသီး ကို အစိမ္း စားသုံးမိပါက ေဘးထြက္ဆိုးက်ိဳးကို ခံရမည္ျဖစ္၏။

ထို႔ေၾကာင့္ ႐ုံးပတီသီး ကို အစိမ္းႀကိဳက္ပါက နာရီဝက္ခန႔္ ဆားရည္စိမ္စားသုံးပါရန္ ေတာင္သူဦးႀကီး တစ္ေယာက္၏ ေျပာျပခ်က္အား မွ်ေဝလိုက္ပါသည္။
Credit

Unicode
ကျွန်တော် ရွာရောက်တော့ ရုံးပတီသီး စိုက်သည့် တောင်သူ တစ်ဦးမှ ပြောပြသဖြင့် ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။ ရုံးပတီသီး ကို အစိမ်းတို့စားရတာ ကြိုက်သည်ဆိုက ရုံးပတီသီး ကို ဆားရည်ဖြင့် နာရီဝက်ခန့် စိမ်ပြီးမှ စားပါရန် အကြံပေးပါသည်။

ရုံးပတီသီး ကြိုက်သော ပိုးမွှား များတွင် လှေးပိုးသည် နှိမ်နင်းရန် အခက်ခဲဆုံးပိုးဖြစ်၏၊ အပင်ကို ဖျက်ဆီးသော ထိုပိုးသည် အကောင်မမြင်ရ၊ ဆေးမျိုးစုံ သုံးသော်လည်း ထိုပိုးကို မနိုင်။ထို့ကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာနက တားမြစ်ထားသော အန္ဒိယ မှလာသည့် ဆေး တစ်မျိုးကို သုံးကြ၏၊ ထို ဆေး ကို သုံးမှရုံးပတီပင်ကို ဖျက်ဆီးသော လှေးပိုးကိုနိုင်၏၊



အပင်သန်၏၊ အသီးလှ၏၊ သို့သော် ထို ဆေး ၏ အာနိသင်ကား အလွန်ပြင်းထန်လှ၏၊ ဆေးသုံးစွဲသဖြင့် သေသော ပိုးကောင်ကို ငှက်စားက ငှက်သေ၏၊ ထိုသေသော ငှက် ကို ခွေးကစားမိပြန်က ခွေးသေ၏။ထိုဆေးအာနိသင်ကား ပိုးကောင်လည်းသေ၊ ပိုးကောင်သေစားသော ငှက် လည်းသေ၊ ငှက် သေစားသော ခွေးလည်းသေသဖြင့် သုံးဆင့်ခန့် အာနိသင်ပြင်းထန်၏။

ထိုကဲ့သို့ အာနိသင်ပြင်းထန်သော ဆေး ကို နိုင်ငံတော်က တားမြစ်ထားပြီး စိုက်ပျိုးရေး ပညာပေး ဟောပြောမှုတွေပြုလုပ်ပါသော်လည်း အရင်းမရှုံးလိုသော တောင်သူများက မှောင်ခိုဝင်လာလို့ ရလျှင်သုံးစွဲမည်သာ ဖြစ်၏။

ထိုအာနိသင်ပြင်းသော ဆေးကို ယနေ့ပက်ဖျန်းပြီး မနက်ဖြန် ရုံးပတီသီးခူးကာ မြို့တက်ရောင်းသည်လည်းရှိ၏။ ထို ရုံးပတီသီး ကို အစိမ်း စားသုံးမိပါက ဘေးထွက်ဆိုးကျိုးကို ခံရမည်ဖြစ်၏။

ထို့ကြောင့် ရုံးပတီသီး ကို အစိမ်းကြိုက်ပါက နာရီဝက်ခန့် ဆားရည်စိမ်စားသုံးပါရန် တောင်သူဦးကြီး တစ်ယောက်၏ ပြောပြချက်အား မျှဝေလိုက်ပါသည်။
Credit

No comments:

Post a Comment