Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 5, 2019

အိမ်မှာ လာတည်းခိုသူက (၁၃) နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မကြံလို့ ပုဆိန်နဲ့ ခုတ်သတ်ပြီး ကိုယ်တိုင်အဖမ်းခံခဲ့တဲ့ ဖခင်






Myeik Online TV
#Unicode Version#
ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု စစ်ဘုကျေးရွာတွင် မတ်လ ၃ ရက်နေ့က လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် မတ်လ ၃ ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဦးအောင်မြတ်ကျော် (ဘ) ဦးအာဒံ အသက် (၃၈)နှစ် သည်။

နေအိမ်၌ ဦးအောင်မြတ်ကျော်မှမိမိအိမ်၌ လာရောက်တည်းခိုသော ဦးမျိုးဇော်ထွန်း အသက်(၃၁)နှစ် ဆိုသူအား ပုဆိန်ဖြင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ဖြစ်သည်။

အခင်ဖြစ်ပွားပြီးနောက် တရာခံဦးအောင်မြတ်ကျော်မှ စစ်ဘုကျေးရွာရှိ တာဝန်ရှိသူများထံ၌ ကိုတိုင် သွာရောက် ဖမ်းခံခဲ့ကြောင်း သိရသည်။

ဦးအောင်မြတ်ကျော်အား ကံမော်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဦးအောင်မြတ်ကျော်၏ ယောက်ဖဖြစ်သူကတော့ “အသတ်ခံရသူဟာ အိမ်မှာလာတည်းခိုပြီး ဦးအောင်မြတ်ကျော်ရဲ့ ၁၃ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မကြံစည်လို့ ပုဆိန်နဲ့ ခုတ်သတ်ခဲ့တာ” လို့ ပြောပါတယ်
Myeik Online TV

No comments:

Post a Comment