Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 3, 2019





တချို့ သူများ၏အဆိုအရ နန်းအဲရှူးသည့် ယမန်နေ့  (မတ်လ ၁ ရက်နေ့ )ညနေတွင် ဖလတ်ခနွန်ဈေးထဲတွင် အစားအစာများ သွားရောက်ဝယ်ယူသေးပြီး အခင်းဖြစ်ပွါးသည့် အခန်းထဲတွင် သူမသွားဝယ်ယူသည့် အစားအစာများ မစားရသေးဘဲ ၇ှိနေသေးကြောင်းပြောဆိုကြပါသည်။


တဖန် နန်းအဲရှူးသည် ပတ်စပို့  ၀န်ဆောင်မှုလုပ်ကိုင်သူတဦးဖြစ်ပြီး ယခင် ဘန်ကောက်မြို့  ဖလတ်ခနွန်ဈေးတွင် နေထိုင်စဉ် တခြား ပတ်စပို့  လုပ်ကိုင်သူအချင်းချင်းကြား အဆင်မပြေမှုဖြစ်ခဲ့ဘူးပြီး ငှင်းနေရာမှ ထွက်ခွါ ပြောင်းရွှေ့ နေထိုင်ခဲ့ရဘူးပါသည်။ …သေဆုံးသူ နန်းအဲရှူးခါ် ဆာယာ့သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့ နယ်၊ ခိုဝ်အွာ/ဒိုင်းပြကျေးရွာအုပ်စု ကိုယ်ဧည့်သည်ရွာ (ကွယ်လယ်တ်ုဝါန့် )သူတဦးဖြစ်ကြောင်း သိရပါသည်။






ကော်သူးလေ ၂ မတ်လ ၊ ၂၀၁၉။

Unicode
စဉ်းစားစရာတွေ အမျိုးမျိုးဖြစ်နေသည့် ကရင်အမျိုးသမီးငယ် ကြိုးဆွဲချသေဆုံးမှု
ထိုင်းနိုင်ငံ ဘန်ကောက်မြို ့တွင် ကရင်အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံးမှုဖြစ် မတ်လ၂ ရက်၊ ၂၀၁၉။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို ့၊ စူကိုဝစ် ထောင့်လေါ် အရပ်၊ တိုက်ခန်းတခုအတွင်း၊ မတ်လတ် ၂ ရက်နေ ့တွင် ကရင်မျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့ကြောင်းကြားသိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ နန်းအဲရှူး ခေါ် ဆာယာ့ သည် အလုပ်မသွားသည်မှာ ၂ ရက် ၃ ရက်ခန် ့ရှိပြီး သူမစီးနေကျ ဆိုင်ကယ်သည်လည်း သူမ၏အိမ်ရှေ ့တွင် ရပ်ထားတာတွေ ့ ရှိရခြင်း ၊ ဖုန်းများဆက်သွယ် မရခြင်းတို ့ကြောင့် မသင်္ကါသဖြင့် နီးစပ်ရာများမှ သူမ၏အခန်းထဲကိုဝင်ရောက်ကြည့်ရာမှ သူမအားကြိုးဆွဲချသေဆုံးနေသည့် အနေအထားဖြင့် တွေ ့ရှိရပါသည်။

တချို ့သူများ၏အဆိုအရ နန်းအဲရှူးသည့် ယမန်နေ ့ (မတ်လ ၁ ရက်နေ ့)ညနေတွင် ဖလတ်ခနွန်စျေးထဲတွင် အစားအစာများ သွားရောက်ဝယ်ယူသေးပြီး အခင်းဖြစ်ပွါးသည့် အခန်းထဲတွင် သူမသွားဝယ်ယူသည့် အစားအစာများ မစားရသေးဘဲ ရှိနေသေးကြောင်းပြောဆိုကြပါသည်။





နန်းအဲရှူးသည် ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး အလုပ်ရှင်ထံတွင် တသက်လုံးအလုပ်လုပ်ရမည်ကို မနှစ်သက်ဘဲ လုပ်ငန်းခွင်မှ ရရှိလာသည့် တတ်ကျွမ်းသည့် အသက်မွေးဝမ်းကြောင်းပညာ(ဂျပန်စားသောက်ဆိုင်)များဖြင့် ကိုယ်ပိုင်စားသောက်ဆိုင်လုပ်ငန်းများ ပြန်ထောင်ခြင်းနှင့် တခြားကိုယ်ပိုင် အလုပ်များကို လုပ်ကိုင်ခဲ့ဘူးသူလည်းဖြစ်သည်။ နန်းအဲရှူးသည် ကိုယ့်အမျိုးသား စာပေ၊ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးသူဖြစ်ပြီး ဘန်ကောက်မြို ့ရှိ စာပေယဉ်ကျေးမှု ဖေါ်ထုတ်ကျင်းပသည့် သင်တန်းများ၊ ပွဲတော်များတွင် သူမအား အမြဲတွေ ့ရတတ်ပါသည်။

သူမ ကြိုးဆွဲချ သေဆုံးမှုနှင့်ပတ်သက်၍ သူမလုပ်ကိုင်ခဲ့ဘူးသော လုပ်ငန်းများ မအောင်မမြင်ဖြစ်ခဲ့ဘူးခြင်း။ သူမ မသေဆုံးခင် ရက်ပိုင်းအလိုတွင် အချစ်ရေးနှင့်ပတ်သက်သော ကိစ္စများfb တွင် ရေးတင်ခြင်းနှင့် ပတ်သက်ပြီး လူအများ အမျိုးမျိုး ထင်ကြေးပေးနေကြပါသည်။ထို ့ပြင် သူမကြိုးဆွဲချသေဆုံးသည့် ဓါတ်ပုံမြင်ကွင်းအရ သူမအခန်းထဲတွင်း သောက်ပြီးသား ဘီယာပုလင်းလွတ် ၂ လုံးရှိနေခြင်း၊ အမြဲတမ်းသန် ့သန် ့ပြန် ့ပြန် ့နေတတ်သည့် မိန်းခလေးတယောက် ဆံပင်စုတ်ဖွားဖြစ်နေခြင်း၊ နှုတ်ခမ်းတွင် ဒဏ်ရာကဲ့သို ့ရှိနေခြင်းသည်လည်း စဉ်းစားစရာပင်ဖြစ်ပါသည်။

တဖန် နန်းအဲရှူးသည် ပတ်စပို ့ ဝန်ဆောင်မှုလုပ်ကိုင်သူတဦးဖြစ်ပြီး ယခင် ဘန်ကောက်မြို ့ ဖလတ်ခနွန်စျေးတွင် နေထိုင်စဉ် တခြား ပတ်စပို ့ လုပ်ကိုင်သူအချင်းချင်းကြား အဆင်မပြေမှုဖြစ်ခဲ့ဘူးပြီး ငှင်းနေရာမှ ထွက်ခွါ ပြောင်းရွှေ ့နေထိုင်ခဲ့ရဘူးပါသည်။ …သေဆုံးသူ နန်းအဲရှူးခါ် ဆာယာ့သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို ့နယ်၊ ခိုဝ်အွာ/ဒိုင်းပြကျေးရွာအုပ်စု ကိုယ်ဧည့်သည်ရွာ (ကွယ်လယ်တု်ဝါန် ့)သူတဦးဖြစ်ကြောင်း သိရပါသည်။..

သူမသေဆုံးမှုသည် သွေးရိုးသားရိုးလော တဦးတယောက်၏ လုပ်ကြံမှုလောဆိုတာ သူမမှ လွှဲ၍ သူမသာ သိပါမည်။ +++ ဖိုးမူလေးရေ . နောက်ဘဝ ဒီလိုအဖြစ်မျိုး ထပ်မကြုံပါရစေနဲ ့တော့ ။မိဝေးဖဝေး..အရွယ်ငယ်ငယ် မိန်းမသားတယောက် ဘဝတိုက်ပွဲက အရွယ်နဲ ့မမျှဘူး။ ငြိမ်းချမ်းစွာ အိပ်စက် အနားယူတော့ ဖိုးမူရေ။ ဖိုးမူလေး ကောင်းရာသုဂတိလားပါစေ။

ကော်သူးလေ ၂ မတ်လ ၊ ၂၀၁၉။

No comments:

Post a Comment