Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 3, 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရခိုင်အလံတွေကို နေအိမ်အသီးသီးမှာ လွှင့်ထူထား


ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရခိုင်တွေရဲ့ရပ်တည်ချက်ကို ပြသလိုတဲ့အနေနဲ့ မနေ့ညကစတင်ပြီးတော့ ရခိုင်အလံတွေကို နေအိမ်အသီးသီးမှာ လွှင့်ထူထားကြကြောင်း သိရပါတယ်။ 
ကျောက်ရစ်ကေ၊ လော်ကမူ၊ ဝါဈေး၊ ဘုရားပေါ်၊ ပြင်ဈေး၊ ဘီလူးကန်၊ ကြာကန်စု စတဲ့ ရပ်ကွက်တွေမှာ အိမ်တိုင်းစေ့နီးပါး လွှင့်ထူထားကြတာဖြစ်ပြီး အခြားကျန်ရှိနေတဲ့ ရပ်ကွက်တွေမှာလည်း ဆက်လက်လွှင့်ထူနေကြတယ်လို့ မြို့ခံတွေက ပြောကြောင်း သိရပါတယ်။
စကောနဲ့ သံစည်ပုံးတွေ ရိုက်ပြီးတော့ "ဗမာစစ်တပ် ရခိုင်ပြည်နယ်ထဲကနေ ထွက်သွား"လို့ နှင်ထုတ်တဲ့လှုပ်ရှားမှုကို ဒေသခံအတော်များများက ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။
 ဖြစ်ရပ်မှန် သတင်းများ

No comments:

Post a Comment