Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 3, 2019

ဆယ္တန္း၆ဘာသာဂုဏ္ထူးရၿပီး မိဘကိုကူညီရမွန္းမသိလို႔ကၽြန္မရဲ႕ taxi driver ေလးက ဘာလုပ္ရမလဲ ေမးဖူးတယ္.. စာရရင္ေတာ္ၿပီဆိုၿပီး အတြင္းခံကအစ ေလၽွာ္ေပးခဲ႔ တာ ခုုေတာ့ ျပင္မရေတာ့ဘူ


ဆယ္တန္း၆ဘာသာဂုဏ္ထူးရၿပီး မိဘကိုကူညီရမွန္းမသိလို႔ကၽြန္မရဲ႕ taxi driver ေလးက ဘာလုပ္ရမလဲ ေမးဖူးတယ္..
စာရရင္ေတာ္ၿပီဆိုၿပီး အတြင္းခံကအစ ေလၽွာ္ေပးခဲ႔ တာ ခုုေတာ့ ျပင္မရေတာ့ဘူး..
ဒါ့ေၾကာင့္ငယ္ငယ္ကတည္းက ပံုသြင္းမွရပါမယ္…
ဒီစာေလးႀကိဳက္လို႔ ရွယ္ပါတယ္…
သားသမီးေတြကို လိမၼာေစခ်င္ရင္ အရမ္းအလိုမလိုက္ပါနဲ႕ သူတို႕ကို သြန္သင္ပါ
လူေရာ စိတ္ပါ အရမ္း ပင္ပန္းပါတယ္ ဒါေပမယ့္ ငယ္တုန္းမွာ သြန္သင္ပါ
အိမ္မွာ အလုပ္ခိုင္းျပီးမွ မုန္႕ဖိုးေပးပါ
ေလာက မွာ ဘယ္အရာမွ အလကားမရတဲ့ အေၾကာင္း သူတုိ႕ ေခါင္းထဲ စြဲေနေအာင္သင္ပါ
ဘယ္ေလာက္ပဲ ခ်မ္းသာ ခ်မ္းသာ မုန္႕ဖိုးက အစ အလကားမေပးနဲ႕ ဘာလိုခ်င္ခ်င္ အလကားမဝယ္ေပးနဲ႕မုန္႕ဖိုးလိုခ်င္လား သခ်ာၤဘယ္ႏွစ္ပုဒ္တြက္ရင္ ဘယ္ေလာက္ေပးမယ္ deal လုပ္ပါ
တခုခုပူဆာရင္ အိမ္အလုပ္ေတြ လုပ္ကူခိုင္းျပီး point ေတြေပး ျပီး ပိြဳင့္နဲ႕ ပိုက္ဆံ လဲခိုင္းပါ
ဥပမာ ပန္းကန္ေတြ ေဆးရင္ ၅ မွတ္တံျမက္စည္းလွည္းရင္ ၅ မွတ္ ကားေရေဆးေပးရင္ ၁၀ မွတ္ စသျဖင့္ ခိုင္းျပီးမွ ၁ မွတ္ကို ၁၀၀၀ က်ပ္ႏႈန္းနဲ႕ သူတို႕ လုပ္သေလာက္ ပိုက္ဆံရွင္းေပးျပီး မွ သူတုိ႕လိုခ်င္တာ ကိုယ္တိုင္ဝယ္ခိုင္းပါ
သူတုိ႕ကို ငယ္ကတည္းက ရွင္းေအာင္ေျပာပါ စားေသာက္တာ သံုးစြဲတာ အေျခခံပဲ မိဘက ေပးမယ္ လိုခ်င္တဲ့ အပိုေတြကို ကိုယ့္ဟာကိုယ္ရွာရမယ္လို႕ သင္ေပးပါ
ပိုက္ဆံကို ကိုင္တြယ္သံုးစဲြတတ္တဲ့ management ကို ငယ္ကတည္းက သင္ပါ။
ကေလးေတြကို သင္လို႕ ရတဲ့ အရြယ္က၄-၅ ႏွစ္ကေန ၁၂ ႏွစ္ ၁၃ ႏွစ္ေလာက္ ထိပဲ ကိုယ္လိုခ်င္သလို သင္လို႕ ရတယ္ ဒီထက္ၾကီးမွ သင္ရင္ မနာယူ ခ်င္ဘူး ကလန္ကဆန္လုပ္တဲ့ အရြယ္မွ စ သင္ရင္ အလကားပဲမို႕ ငယ္တုန္းသင္ဖို႕ တိုက္တြန္းတာပါ
ငယ္ငယ္တုန္းက အေမက ၾကက္ဥသြားဝယ္ပါအံုး ဘာေလး သြားဝယ္ပါအံုးနဲ႕ ခိုင္းခဲ့လို႕ ေငြကို ဘယ္ေလာက္ေပး ဘယ္ေလာက္ျပန္အမ္းရမယ္ လို႕ စိတ္နဲ႕ တြက္တတ္လာပါတယ္
ခုေခတ္ကေလးေတြ ေစ်းေတြဘာေတြ ကိုယ္တိုင္မဝယ္ဖူးလို႕ ဘယ္ေလာက္ေပးလို႕ ေပးေလာက္အမ္းရမယ္ကို စိတ္တြက္နဲ႕ မတြက္တတ္ၾကပါဘူး
သမီးၾကီးဆို စိုးရိမ္လြန္ျပီး ဥ ထားခဲ့မိလို႕ ပိုက္ဆံ မတြက္တတ္ဘူး
လက္ေတြ႕ အသံုးခ် သခ်ာၤ ေပါင္းႏႈတ္ေျမွာက္စားကို စိတ္နဲ႕ တြက္ တတ္ေအာင္ သင္ပါ
ဖဲခ်ပ္ကစားနည္း မိုႏိုပိုလီကစားနည္း ေစ်းေရာင္းတန္းကစားနည္း တို႕ နဲ႕ ကစားရင္း သင္လို႕ ရပါတယ္
အရြယ္ေရာက္လာရင္ အိမ္ရဲ႕ စီးပြားေရး ဘာညာ သူတို႕ ကို ေျပာျပ လူရာသြင္းတိုင္ပင္ပါ ။ ဝ မရွိပဲ ဝိလုပ္ခ်င္တဲ့ စိတ္မ်ိဳး မဝင္ေအာင္ အထူးသင္ပါ ။ အဲဒီစိတ္က ေနာင္တခ်ိန္မွာ သူမ်ားဝတ္ ဝတ္ခ်င္ သူမ်ားစား စားခ်င္ နဲ႕ အေတာ္ကို ဒုကၡေပးတတ္ပါတယ္ ။ ကိုယ့္မွာ ရွိတာနဲ႕ ေလာက္ငွေအာင္ သံုးတတ္ဖို႕ တကယ္လို႕ အေကာင္းၾကိဳက္တယ္ဆို အလုပ္ၾကိဳးစားဖုိ႕ concept ကို ငယ္ကတည္းက ေခါင္းထဲ ရိုက္သြင္းပါ ။
မိဘ ဟာ အေျခခံ ျဖည့္ဆည္းေပးဖို႕ ပဲ တာဝန္ရွိတယ္ ။ ကိုယ္လိုခ်င္တဲ့ ကိုယ္ရခ်င္တဲ့ reward ကို ကိုယ့္ဟာကိုယ္ၾကိဳးစားရမယ္ ဆိုတာ ေျပာျပပါ ။
တကိုယ့္သားသမီး ကို ကိုယ္ခ်စ္တယ္ဆိုရင္ သူတို႕ ေျခေထာက္ေပၚ သူတုိ႕ ျမဲျမံစြာရပ္တတ္ဖို႕ ေလ့က်င့္ေပးပါ။
မိဘမို႕ သူတုိ႕ ပင္ပန္းမွာစိုးလို႕ ေမတၱာေစတနာေတြနဲ႕ လုပ္ေပးခ်င္တိုင္း ပိုးအိမ္ထဲက ေဖာက္ထြက္မယ့္ လိပ္ျပာေလး အျဖစ္ကို အျမဲ သတိရပါ ။ သနားလို႕ ပိုးအိမ္ေလးကို ေဖာက္ေပးလိုက္ရင္ ပ်ံသန္းရမယ့္ အေတာင္ပံေတြ အားမရွိေတာ့မွာမို႕ သူ႕ဟာသူ ေဖာက္ထြက္ခြင့္ေပးပါ ။
ကေလးေတြကို ေက်ာင္းစာပဲ အရမ္းေတာ္ေနတာထက္ အျပင္မွာလည္း လည္လည္ပတ္ပတ္ရွိေအာင္ သင္ပါ ။ ဘာသာစကား အနည္းဆံုး ၃ မ်ိဳး တတ္ေအာင္ သင္ပါ ။ တူရိယာ တခုခုတီးတတ္ေအာင္ သင္ပါ ။ တခ်ိန္လံုး စာခ်ည္း မက်က္ခိုင္းပဲ မွ် တေအာင္ သင္ယူခုိင္းပါ ။
သူတို႕ကို ခ်စ္ရင္ ဘယ္အရာမွ သူတုိ႕ ကို အလကားမေပးပါနဲ႕ ။ လူဟာ ကိုယ့္ေငြ ကိုယ္ရွာသံုးမွ ေငြကို တန္ဖိုးထားတတ္တယ္ ။ အလုပ္ကို တန္ဖိုးထားတတ္တယ္ ။ လြယ္လြယ္ရရင္ တန္ဖိုးမထားဘူး။ ကိုယ္ရွာတာ မဟုတ္ရင္ တန္ဖိုးမထားဘူး ။ ကိုယ္တိုင္ခက္ခက္ခဲခဲရွာရမွ တက်ပ္မွာလည္း တ က်ပ္တန္ဖိုးရွိတာ သူတို႕ျမင္တတ္လာမယ္။
Crd

ဆယ်တန်း၆ဘာသာဂုဏ်ထူးရပြီး မိဘကိုကူညီရမှန်းမသိလို့ကျွန်မရဲ့ taxi driver လေးက ဘာလုပ်ရမလဲ မေးဖူးတယ်..

စာရရင်တော်ပြီဆိုပြီး အတွင်းခံကအစ လျှော်ပေးခဲ့ တာ ခုုတော့ ပြင်မရတော့ဘူး..

ဒါ့ကြောင့်ငယ်ငယ်ကတည်းက ပုံသွင်းမှရပါမယ်…

ဒီစာလေးကြိုက်လို့ ရှယ်ပါတယ်…

Credit…Original Writer

သားသမီးတွေကို လိမ္မာစေချင်ရင် အရမ်းအလိုမလိုက်ပါနဲ့ သူတို့ကို သွန်သင်ပါ

လူရော စိတ်ပါ အရမ်း ပင်ပန်းပါတယ် ဒါပေမယ့် ငယ်တုန်းမှာ သွန်သင်ပါ

အိမ်မှာ အလုပ်ခိုင်းပြီးမှ မုန့်ဖိုးပေးပါ

လောက မှာ ဘယ်အရာမှ အလကားမရတဲ့ အကြောင်း သူတို့ ခေါင်းထဲ စွဲနေအောင်သင်ပါ

ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ မုန့်ဖိုးက အစ အလကားမပေးနဲ့ ဘာလိုချင်ချင် အလကားမဝယ်ပေးနဲ့

မုန့်ဖိုးလိုချင်လား သချာင်္ဘယ်နှစ်ပုဒ်တွက်ရင် ဘယ်လောက်ပေးမယ် deal လုပ်ပါ

တခုခုပူဆာရင် အိမ်အလုပ်တွေ လုပ်ကူခိုင်းပြီး point တွေပေး ပြီး ပွိုင့်နဲ့ ပိုက်ဆံ လဲခိုင်းပါ

ဥပမာ ပန်းကန်တွေ ဆေးရင် ၅ မှတ်တံမြက်စည်းလှည်းရင် ၅ မှတ် ကားရေဆေးပေးရင် ၁၀ မှတ် စသဖြင့် ခိုင်းပြီးမှ ၁ မှတ်ကို ၁၀၀၀ ကျပ်နှုန်းနဲ့ သူတို့ လုပ်သလောက် ပိုက်ဆံရှင်းပေးပြီး မှ သူတို့လိုချင်တာ ကိုယ်တိုင်ဝယ်ခိုင်းပါ

သူတို့ကို ငယ်ကတည်းက ရှင်းအောင်ပြောပါ စားသောက်တာ သုံးစွဲတာ အခြေခံပဲ မိဘက ပေးမယ် လိုချင်တဲ့ အပိုတွေကို ကိုယ့်ဟာကိုယ်ရှာရမယ်လို့ သင်ပေးပါ

ပိုက်ဆံကို ကိုင်တွယ်သုံးစွဲတတ်တဲ့ management ကို ငယ်ကတည်းက သင်ပါ။

ကလေးတွေကို သင်လို့ ရတဲ့ အရွယ်က၄-၅ နှစ်ကနေ ၁၂ နှစ် ၁၃ နှစ်လောက် ထိပဲ ကိုယ်လိုချင်သလို သင်လို့ ရတယ် ဒီထက်ကြီးမှ သင်ရင် မနာယူ ချင်ဘူး ကလန်ကဆန်လုပ်တဲ့ အရွယ်မှ စ သင်ရင် အလကားပဲမို့ ငယ်တုန်းသင်ဖို့ တိုက်တွန်းတာပါ

ငယ်ငယ်တုန်းက အမေက ကြက်ဥသွားဝယ်ပါအုံး ဘာလေး သွားဝယ်ပါအုံးနဲ့ ခိုင်းခဲ့လို့ ငွေကို ဘယ်လောက်ပေး ဘယ်လောက်ပြန်အမ်းရမယ် လို့ စိတ်နဲ့ တွက်တတ်လာပါတယ်

ခုခေတ်ကလေးတွေ စျေးတွေဘာတွေ ကိုယ်တိုင်မဝယ်ဖူးလို့ ဘယ်လောက်ပေးလို့ ပေးလောက်အမ်းရမယ်ကို စိတ်တွက်နဲ့ မတွက်တတ်ကြပါဘူး

သမီးကြီးဆို စိုးရိမ်လွန်ပြီး ဥ ထားခဲ့မိလို့ ပိုက်ဆံ မတွက်တတ်ဘူး

လက်တွေ့ အသုံးချ သချာင်္ ပေါင်းနှုတ်မြှောက်စားကို စိတ်နဲ့ တွက် တတ်အောင် သင်ပါ

ဖဲချပ်ကစားနည်း မိုနိုပိုလီကစားနည်း စျေးရောင်းတန်းကစားနည်း တို့ နဲ့ ကစားရင်း သင်လို့ ရပါတယ်

အရွယ်ရောက်လာရင် အိမ်ရဲ့ စီးပွားရေး ဘာညာ သူတို့ ကို ပြောပြ လူရာသွင်းတိုင်ပင်ပါ ။ ဝ မရှိပဲ ဝိလုပ်ချင်တဲ့ စိတ်မျိုး မဝင်အောင် အထူးသင်ပါ ။ အဲဒီစိတ်က နောင်တချိန်မှာ သူများဝတ် ဝတ်ချင် သူများစား စားချင် နဲ့ အတော်ကို ဒုက္ခပေးတတ်ပါတယ် ။ ကိုယ့်မှာ ရှိတာနဲ့ လောက်ငှအောင် သုံးတတ်ဖို့ တကယ်လို့ အကောင်းကြိုက်တယ်ဆို အလုပ်ကြိုးစားဖို့ concept ကို ငယ်ကတည်းက ခေါင်းထဲ ရိုက်သွင်းပါ ။

မိဘ ဟာ အခြေခံ ဖြည့်ဆည်းပေးဖို့ ပဲ တာဝန်ရှိတယ် ။ ကိုယ်လိုချင်တဲ့ ကိုယ်ရချင်တဲ့ reward ကို ကိုယ့်ဟာကိုယ်ကြိုးစားရမယ် ဆိုတာ ပြောပြပါ ။

တကိုယ့်သားသမီး ကို ကိုယ်ချစ်တယ်ဆိုရင် သူတို့ ခြေထောက်ပေါ် သူတို့ မြဲမြံစွာရပ်တတ်ဖို့ လေ့ကျင့်ပေးပါ။

မိဘမို့ သူတို့ ပင်ပန်းမှာစိုးလို့ မေတ္တာစေတနာတွေနဲ့ လုပ်ပေးချင်တိုင်း ပိုးအိမ်ထဲက ဖောက်ထွက်မယ့် လိပ်ပြာလေး အဖြစ်ကို အမြဲ သတိရပါ ။ သနားလို့ ပိုးအိမ်လေးကို ဖောက်ပေးလိုက်ရင် ပျံသန်းရမယ့် အတောင်ပံတွေ အားမရှိတော့မှာမို့ သူ့ဟာသူ ဖောက်ထွက်ခွင့်ပေးပါ ။

ကလေးတွေကို ကျောင်းစာပဲ အရမ်းတော်နေတာထက် အပြင်မှာလည်း လည်လည်ပတ်ပတ်ရှိအောင် သင်ပါ ။ ဘာသာစကား အနည်းဆုံး ၃ မျိုး တတ်အောင် သင်ပါ ။ တူရိယာ တခုခုတီးတတ်အောင် သင်ပါ ။ တချိန်လုံး စာချည်း မကျက်ခိုင်းပဲ မျှ တအောင် သင်ယူခိုင်းပါ ။

သူတို့ကို ချစ်ရင် ဘယ်အရာမှ သူတို့ ကို အလကားမပေးပါနဲ့ ။ လူဟာ ကိုယ့်ငွေ ကိုယ်ရှာသုံးမှ ငွေကို တန်ဖိုးထားတတ်တယ် ။ အလုပ်ကို တန်ဖိုးထားတတ်တယ် ။ လွယ်လွယ်ရရင် တန်ဖိုးမထားဘူး။ ကိုယ်ရှာတာ မဟုတ်ရင် တန်ဖိုးမထားဘူး ။ ကိုယ်တိုင်ခက်ခက်ခဲခဲရှာရမှ တကျပ်မှာလည်း တ ကျပ်တန်ဖိုးရှိတာ သူတို့မြင်တတ်လာမယ်။

Crd

No comments:

Post a Comment