Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 3, 2019

အအေးလွန်ကဲလွန်းနေသော ချီကာဂိုမြို့မှ အံ့ဖွယ် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး


ခုအချိန်မှာ အမေရိကန် မြောက်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ မီချီဂန်၊ အီလီနွိုင်း၊ အင်ဒီးယားနား၊ အိုဟိုင်းယိုး၊ ကင်တပ်ကီ၊ ဝစ္စကွန်ဆင် ပြည်နယ်တွေဟာ ထူးကဲလွန်းသောအအေးဒါဏ်ကို ခံစားနေကြရပါတယ်။
နေ့ခင်း ၁၂ နာရီမှာတောင် အပူချိန်ဟာ ရေခဲမှတ်အောက် များစွာရောက်နေပြီး မိုင်းနပ်စ် -30 ကနေ -50 F အထိ ဖြစ်နေပါတယ်။ နှင်းတွေကျတဲ့ကြားထဲ လေပြင်းကလည်း တိုက်နေလို့ (wind chill factor ) ပိုဆိုးပါတယ်။
အေးလွန်းလို့ ချီကာဂိုမြစ်နဲ့ မိချီဂန် ရေအိုင်ကြီး (Lake Michigan) တို့ ရေတွေခဲသွားတယ်။
ကျောင်းတွေ၊ တချို့ဆိုင်တွေ ရုံးတွေလည်း ပိတ်တယ်။ လေယာဉ်တွေ၊ မီးရထားတွေလည်း မထွက်နိုင်ကြဘူး။ လေယာဉ် ခရီးစဉ် ပေါင်း ၁၇၀၀တောင် ဖျက်လိုက်ရတယ်တဲ့။

ဒီရာသီမှာ အပြင်ကိုထွက်ပြီး ၅မိနစ် လောက် မလှုပ်ရှားပဲ နေရုံနဲ့တောင် အဝတ်မဖုံးတဲ့ နှာခေါင်းတို့ ခြေချောင်းလက်ချောင်းတို့ကို နှင်းကိုက် (frost bite) ပြီး ကြွေကျနိုင်တယ်တဲ့။ အပြင်ထွက်ရင် တတ်နိုင်ရင် လေအေးကို တဝကြီး မရှုပါနဲ့ ၊ စကားတောင် ပါးစပ်ဟဟ မပြောပါနဲ့ လို့လည်း သတိပေးထားတယ်။ အဆိုးဆုံးကတော့ Hypothermia ဆိုတဲ့ ကိုယ်ငွေ့ကျဆင်းတဲ့ အခြေအနေကြောင့် သေနိုင်ပါတယ် တဲ့။

ဒီလိုအချိန်မှာ အံ့အားသင့်ဖွယ် တွေ့ရတာကတော့ အေးခဲလွန်းနေတဲ့ မြေပြင်အထက်က ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးရဲ့ပုံပါ။

သူ့ ခြေထောက်မှာ ခြေအိပ်စွပ်ထားပေမယ့် သင်္ဃန်းနဲ့ မထိစပ်ပဲ ဟနေတဲ့ အပိုင်းမှာ အသားရောင်ကို မြင်တွေ့ရမှာပါ။ သေချာတာက ရဟန်းတော်ဟာ အတွင်းမှာ ထူထဲသောဘောင်းဘီရှည် ဝတ်မထားပါဘူး။ ဒီလောက်အေးတဲ့အခြေအနေမှာ ဝိနည်းတော်နဲ့အညီ သင်္ဃန်းကိုရုံထားတဲ့ ရဟန်းတော်ဟာ ဘယ်လိုအစွမ်းမျိုးနဲ့များ ပြင်ပပြင်လွင်မှာ ရပ်တည်နိုင်ရပါသလဲ? ဒီလောက်အေးတဲ့ထဲကို သူ ဘာထွက်လုပ်သလဲ?
သတ္တဝါတွေ ကျန်းမာပါစေလို့များ မေတ္တာထွက်ပို့ပေးနေသလားလို့ ထင်ယောင်မှန်းဆမိပါတော့တယ်။
သွန်းနေစိုး

No comments:

Post a Comment