Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 3, 2019

၁၅ နှစ်ပဲ ရှိသေးတဲ့ ရည်းစားမိန်းကလေးကို ကိုယ်ဝန်ရအောင်လုပ်ပြီးမှ မယူနိုင်ကြောင်း ပြောတဲ့လူ အခုတော့…


ရည်းစားဖြစ်သူကို ကိုယ်ဝန်ရအောင်ပြုကျင့်သူ မှ တာဝန်မယူနိုင်ဘူးပြောလို့ ရဲကိုတိုင်
ချစ်ကြိုက်မိရာမှ အသက်(၁၅)နှစ်အရွယ်မိန်းကလေးအား ကိုယ်ဝန်ရအောင် သားမယားပြုကျင့်သူအား သက်ငယ်မုဒိန်းမှု့ဖြင့် အမှု့ဖွင့်အရေးယူ။

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ကျေးရွာနေ မ………..(၁၅) နှစ်သည် အိမ်နီးနားခြင်းနေ မျိုးအောင် (၂၅) နှစ် နှင့် ချစ်ကြိုက်မိရာမှ ကိုယ်ဝန်(၅) လ ရှိခဲ့သည်ကို မ……….၏ အဖွားဖြစ်သူမှသိရှိ၍မျိုးအောင်(၂၅)နှစ်အား ၎င်းမြေးမလေး၏ ကိုယ်ဝန်ကို တာဝန်ယူရန်ပြောခဲ့ရာ မျိုးအောင်(၂၅)နှစ်မှတာဝန်မယူနိုင် ကြောင်း ကလေးအဖေနေရာတွင် ၎င်း၏အမည်မထည့် စေလိုကြောင့်ပြောသဖြင့်

မ………(၁၅)နှစ်၏ အဖွားဖြစ်သူမှ ကမာဝက်မြို့ စိန်တောင်ရပ်ရှိ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားရာ ရုံးရှိတာဝန်ရှိသူများမှညှိနှိုင်းပေး၍ ၎င်းအုပ်ချုပ်ရေးမှူးရုံး၌ (၇.၁၁.၂၀၁၈)ရက်နေ့၌ ၎င်းကိစ္စအား နှစ်ဦးသဘောတူ ငွေကျပ်(၅) သိန်းဖြင့် ကျေအေးလက်မှတ်ထိုးခဲ့ကြကြောင်း သိရသည်။

၎င်းဖြစ်စဉ်အား မွန်ပြည်နယ် အနာဂတ်အလင်းတန်း လူမှုကွန်ယက်အဖွဲ့မှ ဥက္ကဌ ဒေါ်သက်ထားလွင်သည် ကမာဝက်မြို့ စိန်တောင်ရပ် ဒေသန္တရ ကျန်းမာရေးဆေးရုံသို့ ရင်ခွင်မဲ့ကလေး လျော့ချရေးစီမံချက်အားကွင်းဆင်းဆောင်ရွတ်ရန်ရောက်ရှိစဉ်၎င်းဆေးခန်းရှိ သားဖွားဆရာမ ဒေါ်ငွေငြိမ်းနှင့် မ………. (၁၅)နှစ်တို့ရောက်ရှိလာပြီး မ……. (၁၅)နှစ်မှ ၎င်းတွင် ကိုယ်ဝန် ၅ လ ရှိနေပြီးဖြစ်ကြောင်း ကလေးမွေးဖွားပြီးပါက လိုချင်တဲ့လူရှိရင်ပေးမည်ဖြစ်ကြောင်းပြောရာ အနာဂတ်အလင်းတန်း ဥက္ကဌ ဒေါ်သက်ထားလွင်မှ ဗိုက်ထဲမှကလေး၏ ဖခင်အား မေးမြန်ရာမ………. (၁၅)နှစ်မှ ၎င်းနှင့်ချစ် ကြိုက်၍ ကိုယ်ဝန်ရအောင်ကျူးလွန်ခဲ့သူ မျိုးအောင်(၂၅) နှစ်မှ ၎င်းကိုယ်ဝန်အား တာဝန်မယူနိုင်ကြောင်း အဖေနာမည်လည် မခံပေးနိုင်ကြောင်းပြောပြီးအုပ်ချုပ်ရေးမှူးရုံး၌ လျော်ကြေး ၅ သိန်းပေးကာ ကြေအေးပေးခဲ့ခြင်းတို့ကိုပြောပြသိရှိရ၍ အနာဂတ်အလင်းတန်းဥက္ကဌ ဒေါ်သက်ထားလွင်သည် အမျိုးသမီးထုဘက်မှ မခံမရပ်နိုင်ဖြစ်ခြင်း ၊လစ်လျူရှု့ထားပါက အလားတူ အရွယ်မရောက်သေးသောမိန်းကလေးငယ်များအား မျိုးအောင်(၂၅)နှစ်မှ ထပ်မံကျူးလွန်နိုင်ခြေရှိခြင်းများကြောင့် ၎င်းကိုယ်တိုင်း မုဒုံမြို့ ကမာဝက်နယ်မြေရဲစခန်းသို့ သွားရောက်ပြီး အရွယ်မရောက်သေးသူ အသက်(၁၆)နှစ်အောက်အမျိုးသမီးငယ်အား သားမယားအဖြစ် ကာမရယူပြုကျင့်ခဲ့သူ မျိုးအောင်(၂၅)နှစ်အား အရေးယူပေးရန် တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား မုဒုံမြို့နယ် ကမာဝက်နယ်မြေရဲစခန်းမှ အသက်(၁၆)နှစ်အောက် အမျိုးသမီးငယ်အား ကာမရယူပြုကျင့်၍ကိုယ်ဝန်ရစေသူ မျိုးအောင်(၂၅)နှစ်အား ကမာဝက်နယ်မြေရဲစခန်း (ပ)၆၁/၂၀၁၉ ရာဇသ
တ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် ဒေါ်သက်ထားလွင်မှ တရားလိုပြုလုပ်ကာ နယ်မြေရဲစခန်းမှ ရဲအုပ်ညီညီထွေးမှ အမှုအား ဆက်လက်စစ်ဆေးဆောင်ရွတ်နေကြောင်းသတင်းရရှိသည်။San Lin Oo(အမွှာညီနောင် – မုဒုံ)

No comments:

Post a Comment