Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 27, 2019

ေရႊျပည္သာ စက္မႈဇုန္က အေအးခန္းစက္ရံုမွာ ေျခာက္တဲ့ သရဲမ (ျဖစ္ရပ္မွန္)

 ေရႊျပည္သာ စက္မႈဇုန္က အေအးခန္းစက္ရံုမွာ ေျခာက္တဲ့ သရဲမ (ျဖစ္ရပ္မွန္)

ဒီအျဖစ္အပ်က္ေတြကေတာ့ က်ေနာ္ကိုယ္ေတြ႔ၾကံဳရတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ အေၾကာင္းအရာေတြ အားလံုး ကေတာ့ က်ေနာ္ အလုပ္လုပ္ခဲ့တဲ့ ေရႊျပည္သာက ငါးပုဇြန္ cold store စက္ရံုမွာ ျဖစ္ခဲ့တာေတြပါ။ က်ေနာ္ကိုယ္ေတြ႔ မၾကံဳရတာပဲရွိတာပါ။ က်ေနာ့္အနားမွာတင္ကပ္ကပ္ျပီးျဖစ္သြားတာေတြပါ။ အဲ့ဒိစက္ရံုက ခုထိရွိေသးတဲ့အတြက္ေၾကာင့္ အမည္ လိပ္စာေတြကိုေတာ့တပ္မေရးေတာ့ပါဘူး။ အျဖစ္အပ်က္ေတြက ဒီလိုပါ………။

၁- စက္ရံုမွာ ငါးေခါင္းခုတ္တဲ့အခန္းရွိပါတယ္။ က်ေနာ္တို႔ခုစားေနၾကတဲ့ ကိုရီးယားကင္ေတြလုပ္ဖို႔ ငါးေတြမၾကိတ္ခင္မွာ ငါးကိုေခါင္းျဖတ္တဲ့အခန္းပါ။ အဲ့ဒါကို က်ေနာ္တို႔ခုတ္ခန္းလုိ႔ေခၚပါတယ္။ အဲ့ဒိခုတ္ခန္းကထြက္တဲ့ ေခါင္းမပါတဲ့ငါးေတြကို စက္ထဲတစ္ခါတည္းထည့္ျပီး အေၾကးခြံခြ်တ္တဲ့ စက္ကခြ်တ္.. ၾကိတ္တဲ့စက္ကၾကိတ္ပါတယ္.. သေဘာကေတာ့ ေခါင္းခုတ္ တာကလြဲလုိ႔ finished goods ထြက္တဲ့အထိ အားလံုးက automatic machine ကိုပဲသံုးပါတယ္ (ဗဟုသုတအေနနဲ႔ပါ)

အဲ့ဒီခုတ္ခန္းမွာက လူေတြအမ်ားၾကီးေခါင္းခုတ္ေနၾကပါတယ္ မိန္းကေလးေတြမ်ားပါတယ္.. အဲ့ဒိထဲမွာ ေကာင္မေလး တစ္ေယာက္ ငါးခုတ္ေနပါတယ္.. သူတို႔ကကြ်မ္းက်င္လုပ္သားေတြဆိုေတာ့ အရမ္းျမန္ပါတယ္ သူ႔ဟာနဲ႔သူ timing မွန္မွန္ခုတ္ေနတာပါ.. အဲ့ဒိမွာ သူ႔တံေတာင္ကို ေနာက္ကတစ္ေယာက္ေယာက္ကလွမ္းလွမ္းဆြဲတယ္လုိ႔ခံစားရပါတယ္။

ပထမ တစ္ခ်က္ႏွစ္ခ်က္တုန္းက သူစိတ္ထင္လို႔ထင္ျပီးလွည့္မၾကည့္မိပါဘူး.. ေနာက္ေတာ့ လူစတယ္ထင္ျပီး လွည့္ၾကည့္ လုိက္ပါတယ္.. အဲ့ဒိမွာသူေတြ႔လိုက္ျပီး တစ္ခါတည္းကိုေမ့သြားပါတယ္. ေနာက္တစ္ပါတ္ေလာက္ဖ်ားလုိ႔ အလုပ္ေတာင္ မဆင္းႏိုင္ေတာ့ပါဘူး.. … သူျမင္လုိက္ရတာဘာလဲသိခ်င္လား… မ်က္ႏွာၾကီးတဲ့..အဲ့ဒိမ်က္ႏွာမွာ.. မ်က္စိေတြ ႏွာေခါင္း ေတြ ပါးစပ္ေတြမပါတဲ့ မ်က္ႏွာေျပာင္ေခ်ာေခ်ာၾကီးနဲ႔တဲ့

၂- စက္ရံုမွာ canteen ရွိပါတယ္.. အဲ့ဒိ canteen ရဲ႔အေပၚထပ္မွာ ညတာ၀န္က်တဲ့ သူေတြနားတဲ့ ၀န္ထမ္းနားေနေဆာင္ ရွိပါတယ္.။ တစ္ရက္ ညေနမွာပါ.. ညပိုင္းတာ၀န္ဆက္က်တဲ့ engineer department က ေယာက္်ားတစ္ေယာက္က အေပၚမွာ ခဏတက္ႏွပ္မယ္ဆိုျပီးတက္ခဲ့ပါတယ္… ဒါေပမယ့္ မႏွပ္လိုက္ရပဲ ခဏေနေတာ့ ဒေရာေသာပါး ေျပးဆင္းလာရ ပါတယ္.. ဘာျဖစ္တာလဲေမးၾကည့္ေတာ့… မ်က္ႏွာက်ပ္မွာ တဲ့ ကားယားၾကီး ဆံပင္ဖားလ်ားၾကီးနဲ႔ ကပ္ေနတာေတြ႔လို႔တဲ့။

၃- ဒီတစ္ေခါက္ကစက္ရံုးမွူးပါ… သူက က်ေနာ္တို႔နဲ႔လည္း ရင္းႏွီးပါတယ္.. သူျပန္ေျပာတာက…. သူတစ္ရက္ စက္ရံုမွာ တာ၀န္နဲ႔ညအိပ္ရပါတယ္။သူက စက္ရံုက ရာထူးၾကီးတဲ့သူဆိုေတာ့ canteen အေပၚထပ္ကအခန္းထဲမွာမအိပ္ရပါဘူး.. office building ေပၚကအခန္းထဲမွာအိပ္ရပါတယ္.. အဲ့ဒိ Office building မွာက M.D room, director rooms, account department, meeting room, ထမင္းစားခန္းစသည့္အခန္းေတြအျပင္ ရံုးကတာ၀န္ရွိသူေတြအတြက္ master bedroom ၂ ခန္းလည္းရွိပါေသးတယ္.. သူက အဲ့ဒိ master bedroom ႏွစ္ခန္းထဲက တစ္ခန္းမွာ ၀င္အိပ္ပါတယ္။

ညဖက္ အေပါ့သြားခ်င္လုိ႔ႏိုးလာပါတယ္. အခန္းထဲမွာသြားလို႔ရေပမယ့္ သူက မသြားပဲနဲ႔ အျပင္က အခန္းေတြပါ ေလွ်ာက္စစ္ မယ္ဆိုျပီးအျပင္က toilet ကိုထြက္လာပါတယ္ toilet က သူအိပ္တဲ့အခန္းနဲ႔ဆိုရင္ ဟိုဖက္ထိပ္နဲ႔ ဒီဖက္ ထိပ္ပါ.. အဲ..ၾကားက director ခန္းတစ္ခန္းက ပြင့္ေနပါတယ္ ဒါနဲ႔သူပိတ္လိုက္ျပီး အိမ္သာဆက္သြားပါတယ္ အိမ္သာက ျပန္လာေတာ့ သူပိတ္ခဲ့တဲ့တံခါးကပဲထပ္ပြင့္ေနပါတယ္.. အဲ့ဒိအခန္းက အျမဲပိတ္ထားတာပါ.. director က overseas ကမို႔လို႔ပါ.. ။

ဒါနဲ႔သူလည္းေၾကာက္ျပီး ျခံ၀က လံုျခံဳေရး အခန္းမွာသြားအိပ္မယ္ဆိုျပီး ေစာင္ၾကီးေခါင္းျမီးျခံဳျပီး ဆင္းလာ ပါတယ္ (ေဆာင္းရာသီပါ)။ အဲ့ဒါ့ကို အထားနပ္ေနတဲ့လံုျခံဳေရးမွူးက ဂိတ္ကေနျပီး ရံုးေပၚက မဲမဲၾကီးဆင္းလာတယ္ေပါ့.. သရဲထင္ျပီးဓါတ္မီးနဲ႔ထိုးျပီးေလးခြနဲ႔ ခ်ိန္ထားပါတယ္.. အဲ့ဒါစက္ရံုမွူးကလည္း သရဲရန္ထက္ ေလးခြကိုပိုေၾကာက္ျပီး.. ဦး.. က်ေနာ္ ေမာင္…… ပါဆိုျပီး တစ္ညျပီးသြားျပန္ပါတယ္…

၄- လံုျခံဳေရးမွူး အဖိုးၾကီး အသက္ ၅၀ ခန္႔ ကေတာ့တကယ့္ကို သတ္တိေကာင္းသူပါ..သူလို႔သာက်ေနာ္တို႔ေတြၾကံဳရရင္ အဲ့ဒိစက္ရံုမွာလုပ္ရဲမွာမဟုတ္ပါဘူး…..ဒီလုိပါ..

အဲ့ဒိေရႊျပည္သာက စက္ရံုက ေခ်ာင္က်တာေၾကာင့္ ညဖက္ဆိုရင္အရမး္လူျပတ္ပါတယ္.. မီးပ်က္တဲ့ညေတြဆိုရင္ ပါတ္၀န္းက်င္တစ္ခုလံုးက ဘာမွကိုမျမင္ရေအာင္ပိန္းပိတ္ေအာင္ေမွာင္ပါတယ္… တစ္ည…. စက္ရံုရဲ႔ ျခံေထာင့္က ေခြးေတြက အရမး္ကိုအူးေနပါတယ္.. လံုးျခံဳေရးမွူးအဖိုးၾကီးကလည္း သူခိုးကပ္တယ္ထင္ျပီး အဲ့ဒိေခြးေတြအူ တဲ့ျခံေထာင့္ကိုသြားပါတယ္… အဲ့ဒိမွာ လူရိပ္တစ္ခုကိုေတြ႔လိုက္ပါတယ္. ဒါနဲ႔ တစ္ဖက္က ဓါတ္မီး တစ္ဖတ္က ဒုတ္ကိုကိုင္ျပီ ဆက္ခ်ဥ္းကပ္သြားပါတယ္ ဓါတ္မီးေတာ့မဖြင့္ပါဘူး.. သူခိုးေျပးသြားမွာဆိုးလုိ႔ပါ။

သူက အေမွာင္ထဲမွာ က်င့္သားရေနေတာ့ အဲ့ဒိအရိပ္ကိုေတာ့ျမင္ေနရတုန္းပါပဲ သူလည္းသတိနဲ႔ ျဖည္းျဖည္းခ်င္း အသံမၾကားေအာင္ခ်ဥ္းကပ္သြားပါတယ္.အနီးေရာက္ေတာ့သိပ္မသကၤာတာနဲ႔ ဓါတ္မီးဖြင့္ၾကည့္လုိက္တဲ့အခါမွာ သူေတြ႔လိုက္ရတာကေတာ့.. ေခါင္းၾကီးက ေဘးတိုက္ ၉၀ ဒီကရီထိဇတ္ၾကိဳးက်ေနတဲ့ သရဲမကိုေတြ႔လိုက္ ရတာပါပဲ……

ေနာက္တစ္ခါ က်ေတာ့ သူ ညဘက္မီးပ်က္တဲ့ရက္မွာ စက္ရံု၀င္းထဲ ေလွ်ာက္စစ္ေနတုန္း မိန္းမ ေရးခ်ိဳးခန္း အိမ္သာေဆာင္နံရံထဲက လက္တစ္ဖက္ထြက္လာျပီးသူ႔ဆီက ေတာင္းသလိုပံုစံမ်ိုဳးကိုေတြ႔ရပါတယ္ အဲ့ဒိလက္တစ္ဖက္ ကေတာ့ က်ေနာ္တို႔သာမျမင္ဘူးတာ..သူ႔အတြက္ကေတာ့ ရိုးေနျပီဆိုပဲ…

အဲ့ဒိ မိန္းမ ေရခ်ိဳးခန္းကလည္းအရမ္းကိုေျခာက္ပါတယ္လို႔ေျပာပါတယ္. ဒါေပမယ့္က်ေနာ့္ကိုေသခ်ာ ျပန္ေျပာျပတဲ့ သူမရွိတဲ့အတြက္ေၾကာင့္မေရးျပေတာ့ပါဘူး..။

၅- ဒီတစ္ခါက်ေတာ့.. က်ေနာ့္ အလုပ္လုပ္တဲ့ office building အေပၚထပ္ account department ပါ.က်ေနာ္က အဲ့ဒိမွာ တစ္ေယာက္တည္းေသာေယာက်္ားေလးပါ. Account department မွာက စုစုေပါင္းက်ေနာ္အပါအ၀င္ ၈ ေယာက္ ေလာက္ ရွိပါတယ္.. အဲ့ဒိမွာ..တစ္ေန႔ က်ေနာ္တို႔ေတြစုျပီးေတာ္ကီျပစ္က်ပါတယ္.. အခန္းက hall ခန္းမို႔လို႔ ကိုယ့္ computer ေရွ႔ကိုယ္ထိုင္ျပီးလွမး္လွမ္းျပီးေလျပစ္ေနၾကတာပါ..လူၾကီးေတြကလည္းရံုးေစာေစာဆင္းသြားပါတယ္ က်ေနာ္တို႔ အတြက္ေတာ့ ပြဲေတာ္ၾကီးေပါ့.. အဲ့လိုနဲ႔ ေလျပစ္ေနတုန္း စက္ရံုက သရဲမအေၾကာင္းေရာက္သြားပါတယ္.. အဲ့ဒိမွာ က်ေနာ္ ေဘး ကအစ္မတစ္ေယာက္သူက ေဒါင့္ဆံုးမွာ ထိုင္တာပါ။

သူလည္းစကား၀င္ေျပာပါတယ္ ေျပာေနရင္းနဲ႔ သူအရမ္းကိုက်ပ္သီးေတြထလာျပီး အဲ့ဒိေဒါင့္ကေနေျပးလာျပီး အလယ္မွာ လာထိုင္ ပါတယ္.ဘာလို႔လဲအစ္မလို႔ေမးေတာ့.. ငါလည္းေျပာေနရင္းနဲ႔အရမး္ေၾကာက္လာလုိ႔ ဒီကိုေျပးလာတဲ့.. ျပီးေတာ့ သူ႔လက္က ေမြးညွင္းႏုႏုေလးေတြက ေထာင္ေနပါတယ္.. အဲ့ဒါနဲ႔ တစ္ျပိဳင္နက္.. က်ေနာ္တို႔တစ္ခန္းလံုး ေက်ာထဲက စိမ့္ကနဲ႔ျဖစ္သြားျပီး..က်ေနာ္တို႔အားလံုးရဲ လက္က ေမြးညွင္းေတြဟာ ေထာင္လာပါတယ္… က်ေနာ့္စိတ္ထင္.. အခန္းထဲကို၀င္လာလားမွမသိတာေနာ္။

က်ေနာ္ၾကားဖူးတာက သရဲ ျပိတာေတြက လူနားေရာက္လုိ႔ရွိရင္ လူက အလိုလို ေက်ာထဲက စိမ့္လာျပီး က်ပ္သိမ္း ေမြးညွင္းေတြပါေတြထတယ္ဆိုတာကို.. အဲ့ဒါနဲ႔ အဲ့ဒိမွာပဲ က်ေနာ္တို႔စကားဆက္မေျပာရဲၾကေတာ့ပဲ ကိုယ့္အလုပ္ ကိုယ္ဆက္လုပ္ေနပါတယ္.. ခဏေနေတာ့ ေစာေစာက ေထာင္ေနတဲ့လက္ကေမြးညွင္းေတြက နဂိုပံုမွန္ အတိုင္း ျပန္ျဖစ္သြားပါတယ္…။ အဲ့ဒါက အဲ့မွာမျပီးေသးပါဘူး.. အဲ့ေန႔ရံုးဆင္းေတာ့ က်ေနာ္တို႔အားလံုး တူတူဆင္းၾကပါတယ္။

အျမဲလည္းတူတူပဲဆင္းေနၾကပါ.အုပ္စုလုိက္ၾကီးဆင္းတာေပ့ါ..က်ေနာ့္ကေနာက္ဆံုးမေရာက္ခင္ေရွ႔ကဆင္းပါတယ္.က်ေနာ့္ေနာက္မွာ အစ္မတစ္ေယာက္ပဲရွိပါေတာ့တယ္…. သူက က်ေနာ့္ေနာက္နားကေနျပီးေတာ့ အမေလး ဆိုျပီး ေအာ္လိုက္ပါ တယ္..က်ေနာ္အပါအ၀င္ က်ေနာ့္ေရွ႔က အစ္မေတြလည္းအားလံုးၾကားပါတယ္.ဘာျဖစ္တာလဲေမးေတာ့.သူက မေျဖပဲ တံခါးကိုျမန္ျမန္ပိတ္ျပီး ဆင္းမယ္ဆင္းမယ္ ဆုိျပီးေနာက္ဆံုးကလူက ေရွ႔ဆံုးလူကိုေက်ာ္ျပီးသုတ္သုတ္ သုတ္သုတ္နဲ႔ ဆင္းသြားပါတယ္.. ဒါနဲ႔က်ေနာ္တို႔လည္း ဘာျဖစ္တာလဲ ေပါ့ဆိုျပီးသူ႔ေနာက္ကေန လုိက္ဆင္းသြားပါတယ္.. ferry ေပၚေရာက္မွသူကျပန္ေျပာျပပါတယ္.. ငါ့အိပ္ကိုေနာက္ကေန လွမး္ဆြဲလို႔တဲ့ ငါေတာင္ေနာက္လွန္က်မလုိ ျဖစ္သြား ရတယ္တဲ့… အဲ့လို…သရဲမက က်ီစားတာ….

က်ေနာ္တို႔အခန္းကလူေတြေတာ္ေတာ္မ်ားမ်ား..က်ေနာ္ကလြဲလို႔ အားလံုးလိုလုိ နံမည္အေခၚခံရပါတယ္..သူက နံမည္လည္းေခၚတက္ပါတယ္… သူေခၚတဲ့ အသံၾကားျပီး အခန္းထဲကို ေယာင္ေတာင္ေတာင္နဲ႔ျပန္ျပန္ ၀င္လာတဲ့ သူေတြလည္းစက္ရံုမွာ မနည္းေတာ့ပါဘူး.နံမည္ေခၚတာကေတာ့.. က်ေနာ္တို႔အတြက္ရိုးေတာင္ေနပါျပီ….။


တစ္ခါတုန္းကလည္း.. မနက္ ferry ေရာက္တဲ့အခ်ိန္ မနက္ ၉နာရီ ၀န္းက်င္ေပ့ါ.. အခန္းထဲက မိန္းကေလးေတြအားလံုး အိမ္သာသြားၾကပါတယ္ က်ေနာ္နဲ႔ ေနာက္အစ္မတစ္ေယာက္ကေတာ့ အခန္းထဲမွာ air con ဖြင့္ computer ဖြင့္ ဖံုသုတ္ ဘာလုပ္ညာလုပ္နဲ႔က်န္ခဲ့ပါတယ္.. အဲ့ေန႔က ရံုးက ကေလးအေမတစ္ေယာက္က သူ႔ သံုးနွစ္အရြယ္ ကေလးေလး ေခၚခဲ့ပါတယ္. အိမ္သာသြားတဲ့ အုပ္စုထဲမွာ အဲ့ကေလးေလးလဲပါသြားပါတယ္.. .. ခဏေနေတာ့ အားလံုး ၀ရံုးသံုးကားနဲ႔ ျပန္ေရာက္လာၾကပါတယ္.အခန္းထဲမွာက်န္တဲ့က်ေနာ္တို႔က ဇေ၀ဇ၀ါနဲ႔ဟာဘာျဖစ္လာၾကတာလဲေပါ့… အိမ္သာထဲမွာ တဲ့ သရဲမထိုင္ေနတာေတြ႔လုိ႔တဲ့..ဟင္က်ေနာ္လည္းေၾကာင္သြားပါတယ္..ဘယ္လိုျဖစ္တာလဲေပါ့။

အိမ္သာက ႏွစ္ခန္းပါတယ္။ တစ္ခန္းက ရိုးရိုး.တစ္ခန္းက ဗိုလ္ထုိင္ပါ။ အဲ့မွာ ကေလ အေမက သူ႔ကေလးကို သမီး အေပါ့သြားမယ္ဆိုသြားေလလုိ႔ေျပာပါတယ္…သူကမသြားပဲ.ဟုိမွာအစ္မ တစ္ေယာက္ထုိင္ေနတယ္ အေမရဲ႔ဘယ္လုိ သြားမလဲလုိ႔ျပန္ေျပာပါတယ္..ဒါနဲ႔ အျပင္မွာရွိတဲ့သူေတြအားလံုးကလည္း တံခါးဖြင့္ထားတဲ့ အိမ္သာကို ျပိဳင္တူ ၾကည့္လုိက္ ပါတယ္.ဘယ္သူမွမရွိပါ.. ကေလးကိုဘယ္မွာလဲလုိ႔ေမးေတာ့..ဟိုမွာေလ. အေမရဲ႔ မ်က္ႏွာမွာ ေပါင္ဒါေတြအမ်ားၾကီးနဲ႔ အစ္မၾကီးတစ္ေယာက္ထုိင္ေနတယ္ဆိုျပီးလက္ညိဳးပါထိုးျပပါတယ္..ဒါနဲ႔ အိ္မ္သာသြားခ်င္တဲ့သူေတြ ေတာင္ဆက္မသြား ႏိုင္ေတာ့ပဲ ျပန္ေျပးလာခဲ့ၾကတာပါ..ေန႔တစ္၀က္ေလာက္ဘယ္သူမွ အိမ္သာမသြားရဲေတာ့ပါ။

ဒါေတာင္က်ေနာ္ အလုပ္သင္၀င္တုနး္ ေလးငါးလေလာက္အတြင္းမွာျဖစ္ခဲ့တာေတြပါ.က်ေနာ္မသိတဲ့ ဇာတ္လမ္းေတြလည္း အမ်ားၾကီးရွိပါေသးတယ္။

က်ေနာ္ေျပာခ်င္တာက.. သရဲ တေစ ဆိုတာ သူ႔ဟာသူရွိေနတာပါ. ေနရာတိုင္းမွာရွိေနႏိုင္ပါတယ္. .သူတို႔ေနခ်င္ သလိုေနႏိုင္ပါတယ္ ကိုယ့္ဘက္က အရမး္ၾကီးေၾကာက္စရာမလုိပါဘူး။ သူတို႔ကလည္း စတာေနာက္တာကလြဲလုိ႔ လူကိုလည္း အႏတရယ္မျပဳပါဘူး.. ျမင္လိုက္ရတဲ့သူေတြသာ.ျမင္ရတာပါ..က်ေနာ္ကေတာ့ အဲ့ဒိစက္ရံုမွာ လုပ္ေနတဲ့ ကာလပါတ္လံုး မ်က္ျမင္ ေခ်ာင္းသာမွာလို မေတြ႔ခဲ့ဘူးပါဘူး။ က်ေနာ့္နာမည္လည္းအေခၚမခံရပါဘူး။ အန႔ံနဲ႔လည္း အေျခာက္မခံရပါဘူး။ ရံုးမွာ ေစာင့္အိပ္တဲ့ညေတြတုန္းကလည္း ဘာမွကို အေျခာက္မခံရပါဘူး..။ ၾကည့္ရတာသရဲမက သူ႔ထက္ရုပ္ပိုဆိုးတဲ့က်ေနာ့္ကိုျမင္ျပီးေ၀းေ၀းကေရွာင္သြားတာလားမသိဘူးေနာ္။

ဒီထဲမွာသာေလွ်ာက္ေျပာေနတာ..ခုလည္း ညည ဒီေပတဖက္ျပီး..ဓါတ္ေလွခါးစီးတာေတာင္စိတ္မသန္႔ခ်င္ေတာ့ ဘူး။
MWD

#Unicode Version# ျဖင့္ဖတ္ပါ ။

ရွှေပြည်သာ စက်မှုဇုန်က အအေးခန်းစက်ရုံမှာ ခြောက်တဲ့ သရဲမ (ဖြစ်ရပ်မှန်)

ဒီအဖြစ်အပျက်တွေကတော့ ကျနော်ကိုယ်တွေ့ကြုံရတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအရာတွေ အားလုံး ကတော့ ကျနော် အလုပ်လုပ်ခဲ့တဲ့ ရွှေပြည်သာက ငါးပုဇွန် cold store စက်ရုံမှာ ဖြစ်ခဲ့တာတွေပါ။ ကျနော်ကိုယ်တွေ့ မကြုံရတာပဲရှိတာပါ။ ကျနော့်အနားမှာတင်ကပ်ကပ်ပြီးဖြစ်သွားတာတွေပါ။ အဲ့ဒိစက်ရုံက ခုထိရှိသေးတဲ့အတွက်ကြောင့် အမည် လိပ်စာတွေကိုတော့တပ်မရေးတော့ပါဘူး။ အဖြစ်အပျက်တွေက ဒီလိုပါ………။

၁- စက်ရုံမှာ ငါးခေါင်းခုတ်တဲ့အခန်းရှိပါတယ်။ ကျနော်တို့ခုစားနေကြတဲ့ ကိုရီးယားကင်တွေလုပ်ဖို့ ငါးတွေမကြိတ်ခင်မှာ ငါးကိုခေါင်းဖြတ်တဲ့အခန်းပါ။ အဲ့ဒါကို ကျနော်တို့ခုတ်ခန်းလို့ခေါ်ပါတယ်။ အဲ့ဒိခုတ်ခန်းကထွက်တဲ့ ခေါင်းမပါတဲ့ငါးတွေကို စက်ထဲတစ်ခါတည်းထည့်ပြီး အကြေးခွံချွတ်တဲ့ စက်ကချွတ်.. ကြိတ်တဲ့စက်ကကြိတ်ပါတယ်.. သဘောကတော့ ခေါင်းခုတ် တာကလွဲလို့ finished goods ထွက်တဲ့အထိ အားလုံးက automatic machine ကိုပဲသုံးပါတယ် (ဗဟုသုတအနေနဲ့ပါ)

အဲ့ဒီခုတ်ခန်းမှာက လူတွေအများကြီးခေါင်းခုတ်နေကြပါတယ် မိန်းကလေးတွေများပါတယ်.. အဲ့ဒိထဲမှာ ကောင်မလေး တစ်ယောက် ငါးခုတ်နေပါတယ်.. သူတို့ကကျွမ်းကျင်လုပ်သားတွေဆိုတော့ အရမ်းမြန်ပါတယ် သူ့ဟာနဲ့သူ timing မှန်မှန်ခုတ်နေတာပါ.. အဲ့ဒိမှာ သူ့တံတောင်ကို နောက်ကတစ်ယောက်ယောက်ကလှမ်းလှမ်းဆွဲတယ်လို့ခံစားရပါတယ်။

ပထမ တစ်ချက်နှစ်ချက်တုန်းက သူစိတ်ထင်လို့ထင်ပြီးလှည့်မကြည့်မိပါဘူး.. နောက်တော့ လူစတယ်ထင်ပြီး လှည့်ကြည့် လိုက်ပါတယ်.. အဲ့ဒိမှာသူတွေ့လိုက်ပြီး တစ်ခါတည်းကိုမေ့သွားပါတယ်. နောက်တစ်ပါတ်လောက်ဖျားလို့ အလုပ်တောင် မဆင်းနိုင်တော့ပါဘူး.. … သူမြင်လိုက်ရတာဘာလဲသိချင်လား… မျက်နှာကြီးတဲ့..အဲ့ဒိမျက်နှာမှာ.. မျက်စိတွေ နှာခေါင်း တွေ ပါးစပ်တွေမပါတဲ့ မျက်နှာပြောင်ချောချောကြီးနဲ့တဲ့

၂- စက်ရုံမှာ canteen ရှိပါတယ်.. အဲ့ဒိ canteen ရဲ့အပေါ်ထပ်မှာ ညတာဝန်ကျတဲ့ သူတွေနားတဲ့ ဝန်ထမ်းနားနေဆောင် ရှိပါတယ်.။ တစ်ရက် ညနေမှာပါ.. ညပိုင်းတာဝန်ဆက်ကျတဲ့ engineer department က ယောက်ျားတစ်ယောက်က အပေါ်မှာ ခဏတက်နှပ်မယ်ဆိုပြီးတက်ခဲ့ပါတယ်… ဒါပေမယ့် မနှပ်လိုက်ရပဲ ခဏနေတော့ ဒရောသောပါး ပြေးဆင်းလာရ ပါတယ်.. ဘာဖြစ်တာလဲမေးကြည့်တော့… မျက်နှာကျပ်မှာ တဲ့ ကားယားကြီး ဆံပင်ဖားလျားကြီးနဲ့ ကပ်နေတာတွေ့လို့တဲ့။

၃- ဒီတစ်ခေါက်ကစက်ရုံးမှူးပါ… သူက ကျနော်တို့နဲ့လည်း ရင်းနှီးပါတယ်.. သူပြန်ပြောတာက…. သူတစ်ရက် စက်ရုံမှာ တာဝန်နဲ့ညအိပ်ရပါတယ်။သူက စက်ရုံက ရာထူးကြီးတဲ့သူဆိုတော့ canteen အပေါ်ထပ်ကအခန်းထဲမှာမအိပ်ရပါဘူး.. office building ပေါ်ကအခန်းထဲမှာအိပ်ရပါတယ်.. အဲ့ဒိ Office building မှာက M.D room, director rooms, account department, meeting room, ထမင်းစားခန်းစသည့်အခန်းတွေအပြင် ရုံးကတာဝန်ရှိသူတွေအတွက် master bedroom ၂ ခန်းလည်းရှိပါသေးတယ်.. သူက အဲ့ဒိ master bedroom နှစ်ခန်းထဲက တစ်ခန်းမှာ ဝင်အိပ်ပါတယ်။

ညဖက် အပေါ့သွားချင်လို့နိုးလာပါတယ်. အခန်းထဲမှာသွားလို့ရပေမယ့် သူက မသွားပဲနဲ့ အပြင်က အခန်းတွေပါ လျှောက်စစ် မယ်ဆိုပြီးအပြင်က toilet ကိုထွက်လာပါတယ် toilet က သူအိပ်တဲ့အခန်းနဲ့ဆိုရင် ဟိုဖက်ထိပ်နဲ့ ဒီဖက် ထိပ်ပါ.. အဲ..ကြားက director ခန်းတစ်ခန်းက ပွင့်နေပါတယ် ဒါနဲ့သူပိတ်လိုက်ပြီး အိမ်သာဆက်သွားပါတယ် အိမ်သာက ပြန်လာတော့ သူပိတ်ခဲ့တဲ့တံခါးကပဲထပ်ပွင့်နေပါတယ်.. အဲ့ဒိအခန်းက အမြဲပိတ်ထားတာပါ.. director က overseas ကမို့လို့ပါ.. ။

ဒါနဲ့သူလည်းကြောက်ပြီး ခြံဝက လုံခြုံရေး အခန်းမှာသွားအိပ်မယ်ဆိုပြီး စောင်ကြီးခေါင်းမြီးခြုံပြီး ဆင်းလာ ပါတယ် (ဆောင်းရာသီပါ)။ အဲ့ဒါ့ကို အထားနပ်နေတဲ့လုံခြုံရေးမှူးက ဂိတ်ကနေပြီး ရုံးပေါ်က မဲမဲကြီးဆင်းလာတယ်ပေါ့.. သရဲထင်ပြီးဓါတ်မီးနဲ့ထိုးပြီးလေးခွနဲ့ ချိန်ထားပါတယ်.. အဲ့ဒါစက်ရုံမှူးကလည်း သရဲရန်ထက် လေးခွကိုပိုကြောက်ပြီး.. ဦး.. ကျနော် မောင်…… ပါဆိုပြီး တစ်ညပြီးသွားပြန်ပါတယ်…

၄- လုံခြုံရေးမှူး အဖိုးကြီး အသက် ၅၀ ခန့် ကတော့တကယ့်ကို သတ်တိကောင်းသူပါ..သူလို့သာကျနော်တို့တွေကြုံရရင် အဲ့ဒိစက်ရုံမှာလုပ်ရဲမှာမဟုတ်ပါဘူး…..ဒီလိုပါ..

အဲ့ဒိရွှေပြည်သာက စက်ရုံက ချောင်ကျတာကြောင့် ညဖက်ဆိုရင်အရမ်းလူပြတ်ပါတယ်.. မီးပျက်တဲ့ညတွေဆိုရင် ပါတ်ဝန်းကျင်တစ်ခုလုံးက ဘာမှကိုမမြင်ရအောင်ပိန်းပိတ်အောင်မှောင်ပါတယ်… တစ်ည…. စက်ရုံရဲ့ ခြံထောင့်က ခွေးတွေက အရမ်းကိုအူးနေပါတယ်.. လုံးခြုံရေးမှူးအဖိုးကြီးကလည်း သူခိုးကပ်တယ်ထင်ပြီး အဲ့ဒိခွေးတွေအူ တဲ့ခြံထောင့်ကိုသွားပါတယ်… အဲ့ဒိမှာ လူရိပ်တစ်ခုကိုတွေ့လိုက်ပါတယ်. ဒါနဲ့ တစ်ဖက်က ဓါတ်မီး တစ်ဖတ်က ဒုတ်ကိုကိုင်ပြီ ဆက်ချဉ်းကပ်သွားပါတယ် ဓါတ်မီးတော့မဖွင့်ပါဘူး.. သူခိုးပြေးသွားမှာဆိုးလို့ပါ။

သူက အမှောင်ထဲမှာ ကျင့်သားရနေတော့ အဲ့ဒိအရိပ်ကိုတော့မြင်နေရတုန်းပါပဲ သူလည်းသတိနဲ့ ဖြည်းဖြည်းချင်း အသံမကြားအောင်ချဉ်းကပ်သွားပါတယ်.အနီးရောက်တော့သိပ်မသင်္ကာတာနဲ့ ဓါတ်မီးဖွင့်ကြည့်လိုက်တဲ့အခါမှာ သူတွေ့လိုက်ရတာကတော့.. ခေါင်းကြီးက ဘေးတိုက် ၉၀ ဒီကရီထိဇတ်ကြိုးကျနေတဲ့ သရဲမကိုတွေ့လိုက် ရတာပါပဲ……

နောက်တစ်ခါ ကျတော့ သူ ညဘက်မီးပျက်တဲ့ရက်မှာ စက်ရုံဝင်းထဲ လျှောက်စစ်နေတုန်း မိန်းမ ရေးချိုးခန်း အိမ်သာဆောင်နံရံထဲက လက်တစ်ဖက်ထွက်လာပြီးသူ့ဆီက တောင်းသလိုပုံစံမျိုုးကိုတွေ့ရပါတယ် အဲ့ဒိလက်တစ်ဖက် ကတော့ ကျနော်တို့သာမမြင်ဘူးတာ..သူ့အတွက်ကတော့ ရိုးနေပြီဆိုပဲ…

အဲ့ဒိ မိန်းမ ရေချိုးခန်းကလည်းအရမ်းကိုခြောက်ပါတယ်လို့ပြောပါတယ်. ဒါပေမယ့်ကျနော့်ကိုသေချာ ပြန်ပြောပြတဲ့ သူမရှိတဲ့အတွက်ကြောင့်မရေးပြတော့ပါဘူး..။

၅- ဒီတစ်ခါကျတော့.. ကျနော့် အလုပ်လုပ်တဲ့ office building အပေါ်ထပ် account department ပါ.ကျနော်က အဲ့ဒိမှာ တစ်ယောက်တည်းသောယောကျ်ားလေးပါ. Account department မှာက စုစုပေါင်းကျနော်အပါအဝင် ၈ ယောက် လောက် ရှိပါတယ်.. အဲ့ဒိမှာ..တစ်နေ့ ကျနော်တို့တွေစုပြီးတော်ကီပြစ်ကျပါတယ်.. အခန်းက hall ခန်းမို့လို့ ကိုယ့် computer ရှေ့ကိုယ်ထိုင်ပြီးလှမ်းလှမ်းပြီးလေပြစ်နေကြတာပါ..လူကြီးတွေကလည်းရုံးစောစောဆင်းသွားပါတယ် ကျနော်တို့ အတွက်တော့ ပွဲတော်ကြီးပေါ့.. အဲ့လိုနဲ့ လေပြစ်နေတုန်း စက်ရုံက သရဲမအကြောင်းရောက်သွားပါတယ်.. အဲ့ဒိမှာ ကျနော် ဘေး ကအစ်မတစ်ယောက်သူက ဒေါင့်ဆုံးမှာ ထိုင်တာပါ။

သူလည်းစကားဝင်ပြောပါတယ် ပြောနေရင်းနဲ့ သူအရမ်းကိုကျပ်သီးတွေထလာပြီး အဲ့ဒိဒေါင့်ကနေပြေးလာပြီး အလယ်မှာ လာထိုင် ပါတယ်.ဘာလို့လဲအစ်မလို့မေးတော့.. ငါလည်းပြောနေရင်းနဲ့အရမ်းကြောက်လာလို့ ဒီကိုပြေးလာတဲ့.. ပြီးတော့ သူ့လက်က မွေးညှင်းနုနုလေးတွေက ထောင်နေပါတယ်.. အဲ့ဒါနဲ့ တစ်ပြိုင်နက်.. ကျနော်တို့တစ်ခန်းလုံး ကျောထဲက စိမ့်ကနဲ့ဖြစ်သွားပြီး..ကျနော်တို့အားလုံးရဲ လက်က မွေးညှင်းတွေဟာ ထောင်လာပါတယ်… ကျနော့်စိတ်ထင်.. အခန်းထဲကိုဝင်လာလားမှမသိတာနော်။

ကျနော်ကြားဖူးတာက သရဲ ပြိတာတွေက လူနားရောက်လို့ရှိရင် လူက အလိုလို ကျောထဲက စိမ့်လာပြီး ကျပ်သိမ်း မွေးညှင်းတွေပါတွေထတယ်ဆိုတာကို.. အဲ့ဒါနဲ့ အဲ့ဒိမှာပဲ ကျနော်တို့စကားဆက်မပြောရဲကြတော့ပဲ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်နေပါတယ်.. ခဏနေတော့ စောစောက ထောင်နေတဲ့လက်ကမွေးညှင်းတွေက နဂိုပုံမှန် အတိုင်း ပြန်ဖြစ်သွားပါတယ်…။ အဲ့ဒါက အဲ့မှာမပြီးသေးပါဘူး.. အဲ့နေ့ရုံးဆင်းတော့ ကျနော်တို့အားလုံး တူတူဆင်းကြပါတယ်။

အမြဲလည်းတူတူပဲဆင်းနေကြပါ.အုပ်စုလိုက်ကြီးဆင်းတာပေ့ါ..ကျနော့်ကနောက်ဆုံးမရောက်ခင်ရှေ့ကဆင်းပါတယ်.ကျနော့်နောက်မှာ အစ်မတစ်ယောက်ပဲရှိပါတော့တယ်…. သူက ကျနော့်နောက်နားကနေပြီးတော့ အမလေး ဆိုပြီး အော်လိုက်ပါ တယ်..ကျနော်အပါအဝင် ကျနော့်ရှေ့က အစ်မတွေလည်းအားလုံးကြားပါတယ်.ဘာဖြစ်တာလဲမေးတော့.သူက မဖြေပဲ တံခါးကိုမြန်မြန်ပိတ်ပြီး ဆင်းမယ်ဆင်းမယ် ဆိုပြီးနောက်ဆုံးကလူက ရှေ့ဆုံးလူကိုကျော်ပြီးသုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားပါတယ်.. ဒါနဲ့ကျနော်တို့လည်း ဘာဖြစ်တာလဲ ပေါ့ဆိုပြီးသူ့နောက်ကနေ လိုက်ဆင်းသွားပါတယ်.. ferry ပေါ်ရောက်မှသူကပြန်ပြောပြပါတယ်.. ငါ့အိပ်ကိုနောက်ကနေ လှမ်းဆွဲလို့တဲ့ ငါတောင်နောက်လှန်ကျမလို ဖြစ်သွား ရတယ်တဲ့… အဲ့လို…သရဲမက ကျီစားတာ….

ကျနော်တို့အခန်းကလူတွေတော်တော်များများ..ကျနော်ကလွဲလို့ အားလုံးလိုလို နံမည်အခေါ်ခံရပါတယ်..သူက နံမည်လည်းခေါ်တက်ပါတယ်… သူခေါ်တဲ့ အသံကြားပြီး အခန်းထဲကို ယောင်တောင်တောင်နဲ့ပြန်ပြန် ဝင်လာတဲ့ သူတွေလည်းစက်ရုံမှာ မနည်းတော့ပါဘူး.နံမည်ခေါ်တာကတော့.. ကျနော်တို့အတွက်ရိုးတောင်နေပါပြီ….။


တစ်ခါတုန်းကလည်း.. မနက် ferry ရောက်တဲ့အချိန် မနက် ၉နာရီ ဝန်းကျင်ပေ့ါ.. အခန်းထဲက မိန်းကလေးတွေအားလုံး အိမ်သာသွားကြပါတယ် ကျနော်နဲ့ နောက်အစ်မတစ်ယောက်ကတော့ အခန်းထဲမှာ air con ဖွင့် computer ဖွင့် ဖုံသုတ် ဘာလုပ်ညာလုပ်နဲ့ကျန်ခဲ့ပါတယ်.. အဲ့နေ့က ရုံးက ကလေးအမေတစ်ယောက်က သူ့ သုံးနှစ်အရွယ် ကလေးလေး ခေါ်ခဲ့ပါတယ်. အိမ်သာသွားတဲ့ အုပ်စုထဲမှာ အဲ့ကလေးလေးလဲပါသွားပါတယ်.. .. ခဏနေတော့ အားလုံး ဝရုံးသုံးကားနဲ့ ပြန်ရောက်လာကြပါတယ်.အခန်းထဲမှာကျန်တဲ့ကျနော်တို့က ဇဝေဇဝါနဲ့ဟာဘာဖြစ်လာကြတာလဲပေါ့… အိမ်သာထဲမှာ တဲ့ သရဲမထိုင်နေတာတွေ့လို့တဲ့..ဟင်ကျနော်လည်းကြောင်သွားပါတယ်..ဘယ်လိုဖြစ်တာလဲပေါ့။

အိမ်သာက နှစ်ခန်းပါတယ်။ တစ်ခန်းက ရိုးရိုး.တစ်ခန်းက ဗိုလ်ထိုင်ပါ။ အဲ့မှာ ကလေ အမေက သူ့ကလေးကို သမီး အပေါ့သွားမယ်ဆိုသွားလေလို့ပြောပါတယ်…သူကမသွားပဲ.ဟိုမှာအစ်မ တစ်ယောက်ထိုင်နေတယ် အမေရဲ့ဘယ်လို သွားမလဲလို့ပြန်ပြောပါတယ်..ဒါနဲ့ အပြင်မှာရှိတဲ့သူတွေအားလုံးကလည်း တံခါးဖွင့်ထားတဲ့ အိမ်သာကို ပြိုင်တူ ကြည့်လိုက် ပါတယ်.ဘယ်သူမှမရှိပါ.. ကလေးကိုဘယ်မှာလဲလို့မေးတော့..ဟိုမှာလေ. အမေရဲ့ မျက်နှာမှာ ပေါင်ဒါတွေအများကြီးနဲ့ အစ်မကြီးတစ်ယောက်ထိုင်နေတယ်ဆိုပြီးလက်ညိုးပါထိုးပြပါတယ်..ဒါနဲ့ အိမ်သာသွားချင်တဲ့သူတွေ တောင်ဆက်မသွား နိုင်တော့ပဲ ပြန်ပြေးလာခဲ့ကြတာပါ..နေ့တစ်ဝက်လောက်ဘယ်သူမှ အိမ်သာမသွားရဲတော့ပါ။

ဒါတောင်ကျနော် အလုပ်သင်ဝင်တုန်း လေးငါးလလောက်အတွင်းမှာဖြစ်ခဲ့တာတွေပါ.ကျနော်မသိတဲ့ ဇာတ်လမ်းတွေလည်း အများကြီးရှိပါသေးတယ်။

ကျနော်ပြောချင်တာက.. သရဲ တစေ ဆိုတာ သူ့ဟာသူရှိနေတာပါ. နေရာတိုင်းမှာရှိနေနိုင်ပါတယ်. .သူတို့နေချင် သလိုနေနိုင်ပါတယ် ကိုယ့်ဘက်က အရမ်းကြီးကြောက်စရာမလိုပါဘူး။ သူတို့ကလည်း စတာနောက်တာကလွဲလို့ လူကိုလည်း အနတရယ်မပြုပါဘူး.. မြင်လိုက်ရတဲ့သူတွေသာ.မြင်ရတာပါ..ကျနော်ကတော့ အဲ့ဒိစက်ရုံမှာ လုပ်နေတဲ့ ကာလပါတ်လုံး မျက်မြင် ချောင်းသာမှာလို မတွေ့ခဲ့ဘူးပါဘူး။ ကျနော့်နာမည်လည်းအခေါ်မခံရပါဘူး။ အနံ့နဲ့လည်း အခြောက်မခံရပါဘူး။ ရုံးမှာ စောင့်အိပ်တဲ့ညတွေတုန်းကလည်း ဘာမှကို အခြောက်မခံရပါဘူး..။ ကြည့်ရတာသရဲမက သူ့ထက်ရုပ်ပိုဆိုးတဲ့ကျနော့်ကိုမြင်ပြီးဝေးဝေးကရှောင်သွားတာလားမသိဘူးနော်။

ဒီထဲမှာသာလျှောက်ပြောနေတာ..ခုလည်း ညည ဒီပေတဖက်ပြီး..ဓါတ်လှေခါးစီးတာတောင်စိတ်မသန့်ချင်တော့ ဘူး။
MWD

No comments:

Post a Comment