Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 27, 2019







KhingHninWai

Unicode
ခိုကိုးရာမဲ့ သားလေးသုံးယောက်ကို မွေးစားလိုက်တဲ့ ပရဟိတ မင်းသမီးလေး သရုပ်ဆောင် ခိုင်နှင်းဝေ
ကျွန်မ ထံသို့ ရောက်ရှိလာတဲ့ပန်းရိုင်းလေး ၃ပွင့် (သို့) သားလေးသုံးယောက်
ခိုကိုးရာမဲ့ ကလေးတွေကို ကျွန်မ ရင်ခွင်ထဲမှာ ခေါ်ယူစောင့်ရှောက်လိုစိတ်ပြင်းပြလွန်းလို့ ဘုရားက လက်ဆောင် အနေနဲ့ ဒီနေ့ သားလေး သုံးယောက်ကို ကျွန်မရင်ခွင်ထဲအရောက် ပို့ပေးလိုက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင်

ကျွန်မ ကလေး တွေကို နေစရာအိမ်လေးတလုံးနဲ့ သူတို့လေးတွေ ဘဝမှာ အားငယ်စိတ်တွေမဖြစ်ရအောင် ကျွန်မ အားအင်ပေးချင်စိတ်နဲ့ သူတို့လေးတွေ အတွက် နေစရာလေးဖြစ်ပေါ်လာအောင် ကြိုးစားနေချိန်မှာပဲ ကျွန်မမေတ္တာမှန်လို့
ကလေးလေး တွေ ကျွန်မလက်ထဲရောက်လာခဲ့ပြီ
အူဝဲ အသံလေးက ကျွန်မ နားထဲမှာတော့အမေ သားတို့တွက် ပိုကြိုးစားပေးပါလို့ ပြောနေသယောင် ကြားယောင်မိလို့အမေ သားတို့အတွက် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တယ်
အဲ့ကတိအတိုင်း မေမေ့ သားလေးတွေ လူမှန်းသိတတ်စအရွယ်မှာ မိဘမဲ့ ဆိုတာထက် ငါတို့အမေက ခိုင်နှင်းဝေ ဆိုတာမျိုးဖြစ်လာအောင် အမေ အားတွေမွေးထားပါတယ်

သားလေးတွေ နေဖို့ အမေ အိမ်လေးတလုံးဆောက်နိုင်အောင် သားလေးတို့ကို ပညာတက်ကြီးဖြစ်အောင် ကျောင်းထားနိုင်အောင်သားလေးတို့ ဆာလောင်မှုဒဏ်ကို မခံစားရခင် အမေ ကျွေးနိုင်အောင် ရှိတဲ့အားတွေနဲ့ အားတင်းပြီး ရှေ့ဆက်နေတယ်နော်
အမေ့ မေတ္တာတွေကြောင့် သားလေးတို့ ဘဝတလျှောက်လုံး အေးချမ်းနေမှာ ယုံကြည်လျှက်သားလေးတို့ရဲ့Strong Mommyခိုင်နှင်းဝေ
KhingHninWai

No comments:

Post a Comment