Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 26, 2019

မိတ္ေဆြေကာင္းမပီသသူကိုမေပါင္းနဲ႕ ေဝးေဝးကေရွာင္ေနလိုက္ပါ


မိတ္ေဆြေကာင္းမပီသသူကိုမေပါင္းနဲ႕

ငယ္ငယ္တုန္းက “ပုံျပင္ေလး´´တစ္ခု ဖတ္ဖူးတယ္။ အင္မတန္မွ မွတ္သားစရာေကာင္းတဲ႔ ပုံျပင္ေလး တစ္ခုပဲ။ သူငယ္ခ်င္းႏွစ္ေယာက္ ေတာအုပ္ႀကီး တစ္ခုကို ျဖတ္သန္းသြားတယ္။

လူတစ္ေယာက္က လက္နက္ပါတယ္။ တစ္ေယာက္ကမပါဘူး။

လက္နက္ပါတဲ႔သူက ဘာေျပာလဲဆိုေတာ့ “`ဒီေနရာမွာ ဆင္ပဲေတြ႕ေတြ႕၊ က်ားပဲေတြ႕ေတြ႕၊ ဘာေကာင္ပဲေတြ႕ေတြ႕ ငါကာကြယ္နိူင္တယ္ေပါ့။ ဘယ္အေကာင္မွ မေၾကာက္ဘူး´´တဲ႕။

သူက ဒီလို ေျပာေနတယ္။ ေျပာလို႔မွ မဆုံးေသးဘူး။ လမ္းေကြ႕တစ္ေကြ႕မွာ “ဝက္ဝံႀကီး´´ တစ္ေကာင္ ဘြားခနဲ ေပၚလာတယ္။

ဝက္ဝံႀကီးကိုလည္း ေတြ႕လိုက္ေရာ အဲဒီလူက သစ္ပင္ေပၚ တက္ေျပးပါေလေရာ။ လက္နက္မပါတဲ့ သူငယ္ခ်င္းကို ဒီအတိုင္းပစ္ထားခဲ႔ၿပီး ကိုယ္လြတ္ရုန္း ထြက္ေျပးသြားတယ္။

သူငယ္ခ်င္းလုပ္တဲ့သူက တိမ္းေရွာင္ဖို႔ အခ်ိန္မရလိုက္ဘူး။ အဲဒီေတာ့ သူ႕အသက္ကိုသူ ကာကြယ္တဲ႔အေနနဲ႔ လွဲအိပ္လိုက္ၿပီး အသက္ေအာင့္ထားတယ္။ ေသခ်င္ေယာင္ ေဆာင္ေနလိုက္ရတယ္။

အဲဒီအခ်ိန္မွာ ဝက္ဝံႀကီးက အနားနားလာၿပီးေတာ့ ေခါင္းကိုလွ်ာနဲ႔ လ်က္တယ္။ ဟိုနမ္း ၊ ဒီနမ္း လုပ္တယ္ေပါ့။ မလႈပ္ရဲဘူး။ အသက္လည္း မရွဴရဲဘူး။ ၿငိမ္ေနရတယ္။ လႈပ္လိုက္ရင္ေတာ့ အကိုက္ခံရမွာ ေသခ်ာတယ္။

အဲဒီမွာ ၿငိမ္ေနတဲ႔အခါက်ေတာ့ ဝက္ဝံႀကီးက လက္နဲ႔ ဟိုဘက္က ပုတ္ၾကည့္။ ဒီဘက္က ပုတ္ၾကည့္။ အေသႀကီးပဲ မွတ္ထင္ၿပီး သူ႕လမ္းသူ ဆက္သြားတယ္။



ဝက္ဝံႀကီ ထြက္သြားၿပီဆိုေတာ့မွ ဟိုေသနတ္နဲ႔ေကာင္က သစ္ပင္ေပၚက ဆင္းလာတယ္။ ဆင္းလာၿပီးေတာ့ …………

“`သူငယ္ခ်င္း ၊ မင္းကို ဝက္ဝံႀကီးက တိုးတိုး တိုးတိုးနဲ႔ ဘာေျပာသြားတာတုန္း ´´ ေမးသတဲ႔။

ဟိုလူက ေျပာသတဲ႔။

“` ေအး …ဝက္ဝံႀကီးက ငါ့ နား ,နား ကပ္ေျပာသြားတာ မိတ္ေဆြ သူငယ္ခ်င္း မပီသတဲ႔ အေကာင္မ်ဳိးကို ေနာင္ဘယ္ေတာ့မွ မေပါင္းနဲ႔တဲ႔။

အေရးႀကဳံလာၿပီဆိုရင္ ႏွစ္ဦးပူးေပါင္းခုခံမယ္ မလုပ္ဘဲနဲ႔ အဲဒီလို ကိုယ္လြတ္ရုန္းသြာတဲ႔ အေကာင္မ်ဳိးကို ဘယ္ေတာ့မွ မေပါင္းနဲ႔´´ လို႕ ဝက္ဝံႀကီးက သူ႕ကို မွာသြားတယ္လို႔ ေျပာသတဲ႔။

“အာပဒါသု န ဇဟတိ´´ ဒုကၡႀကဳံလာတဲ႔အခါမွာ စြန္႕ၿပီးသြားတာမ်ဳိး မျဖစ္ေစရဘူးတဲ႔။ အဲဒါ ဘုရားေဟာတဲ႔ မိတ္ေကာင္းေဆြေကာင္းပါပဲ။

ေပါင္းသင္းရမည့္ ဆရာသမားေကာင္းဆရာသမားေတြနဲ႔ ပက္သက္ၿပီး ေပးထားတဲ႔ မိတ္ေကာင္းေဆြေကာင္း အဂၤါရပ္ေတြက ဘာတုန္းဆိုရင္ ……

“ပိေယာ ဂရု ဘာဝနီေယာ၊ ဝတၱာ စ ဝစနကၡေမာ´´တဲ႔။

ဆရာတင္ၿပီး ကိုးကြယ္မယ္ဆိုရင္ အဲဒီ အရည္အေသြး ရွိ မရွိ ၾကည့္ရမယ္တဲ႔။ မိတ္ေကာင္း ေဆြေကာင္းဆိုတာ ………

(၁)။ ပိေယာ — ခ်စ္ခင္ေလးစားေလာက္တဲ႔ သီလ ၊သမာဓိ ၊ ပညာ အရည္အေသြး ရွိရမယ္။

(၂)။ ဂရု — ေလးစားေလာက္တဲ႔ ကိုယ္က်င့္တရားရွိရမယ္။

(၃)။ ဘာဝနီေယာ ခ်ီးမြမ္းေလာက္တဲ႔ကိုယ္က်င့္တရား ရွိရမယ္။ သို႔မဟုတ္ေမတၱာဘာဝနာပြားတဲ႔ ေမတၱာစိတ္ဓာတ္ထားတာရွိရမယ္။

(၄)။ ဝတၱာ မေကာင္းရင္လည္း ပြင့္ပြင့္လင္းလင္းေျပာတတ္တယ္။ ဆုံးမတတ္တယ္။အႀကံေပးတတ္တဲ႔ပုဂၢဳိလ္ ျဖစ္ရမယ္။

(၅)။ ဝစနကၡေမာ– အျပစ္ေတြ႕လို႕ သူ႔ကို သတိေပးေျပာၾကားရင္လည္း လက္ခံတဲ႔ပုဂၢဳိလ္ ျဖစ္ရမယ္။

တစ္ခ်ဳိ႕က သူမ်ားကိုေတာ့ ကို္ယ္က ဆုံးမတတ္တယ္။ ကိုယ့္ကိုဆုံးမရင္ေတာ့ ဘာေျပာလဲ။ လွ်ာမရွည္နဲ႔တဲ႔ ဟုတ္လား။ ကိုယ့္ကို လာေျပာရင္ မႀကိဳက္တဲ့ လူက ပိုမ်ားတယ္ေနာ္။ အဲဒါမ်ဳိး မျဖစ္ေစရဘူးတဲ႔။

“`ဝတၱာ´´´ ကိုယ္ကလည္း ဆုံးမတတ္ရမယ္။ “ဝစနကၡေမာ´´သူက ေျပာလို႔ ရွိရင္လည္း လက္ခံရမယ္။

အဲဒီအခ်က္က အင္မတန္ခက္တယ္။ ဘာျဖစ္လို႔ ခက္တာတုန္းဆိုရင္ လူေတြမွာ “မာန´´ရွိတယ္။ မာနရွိသည့္အတြက္ေၾကာင့္ ကိုယ္ထက္ငယ္တဲ႔ ပုဂၢဳိလ္ကေျပာရင္ လက္မခံဘူး။

ကိုယ့္ေအာက္က လူက ေျပာရင္ “ရန္သူ´´ပဲ။

အရွင္သာရိပုတၱရာရဲ႕စိတ္ဓာတ္

ဒီေနရာမွာ အရွင္သာရိပုတၱရာရဲ႕စိတ္ဓာတ္ဟာ အင္မတန္မွ အတုခိုးစရာေကာင္းတယ္။ ပညာရွိ ပီသတယ္ေပါ့။

ဘယ္လို ပညာရွိပီသတုန္းဆိုရင္ “အရွင္သာရိပုတၱရာ မေထရ္ျမတ္´´ဟာ တစ္ခါတုန္းက သကၤန္းရံုထားတာေလးက မညီမညာ တဲြေလာင္းေလး က်ေနေတာ့ ကိုရင္ေလးတစ္ပါးက ေလွ်ာက္တယ္တဲ႔။

“`အရွင္ဘုရား ၊ ေဟာဒီမွာ သကၤန္းေလး တဲြေလာင္းက်ေနတယ္ ၊´´

အရွင္သာရိပုတၱရာ မေထရ္ျမတ္က ကိုရင္ေလး ေျပာတဲ႔အတိုင္း ဟုတ္ေနေတာ့ သကၤန္းေလးကို သူျပင္ရံုျပီး လက္အုပ္ေလးခ်ီျပီး “ညီသြားပါျပီလား´´ လို႔ ေျပာသတဲ႔။

“ေက်းဇူးတင္တယ္ ကိုရင္၊ ေက်းဇူးတင္တယ္´´လို႔ ကိုရင္ေပါက္စေလးက သတိေပးတာကို လက္ခံတယ္။ လက္ခံၿပီးေတာ့ သံဃပရိတ္သတ္ၾကားထဲမွာ ဘာေျပာလဲဆိုရင္ ………

““ဒီကေန႕မွ ကိုရင္ျဖစ္လာၿပီး အသက္အရြယ္ကလည္း (၇)ႏွစ္ပဲ ရွိေသးတဲ႔ အဲဒီ (၇)ႏွစ္အရြယ္ ကိုရင္ေလးက သူ႕ကို ဆုံးမၾသဝါဒ ေပးမယ္ဆိုရင္ေတာင္ ဦးထိပ္ပန္ဆင္ပါ့မယ္´´လို႔ ဒီလို ေျပာတာေနာ္။

ဒါ စံနမူနာယူရမွာပဲ။ အဲဒီေတာ့ မိတ္ေကာင္းေဆြေကာင္းကို အင္မတန္မွ တန္ဖိုးထားတယ္ဆိုတဲ႔ အဓိပၸာယ္ ေပၚတယ္ေပါ့။

ေအး …… ဟုတ္ၿပီ။

“ဝတၱာ စ ဝစနကၡေမာ´´´ သူမ်ားက ဆုံးမရင္လည္း လက္ခံနိူင္ရမယ္။ အဲဒီ လက္ခံနိူင္တာလည္းပဲ မိတ္ေကာင္း၊ ေဆြေကာင္းရဲ႕ အဂၤါရပ္ပဲ။ ေနာက္တစ္ခုက ………

(၆) “`ေနာ စ ႒ာေန နိေယာဇေကာ´

မ်ားေသာအားျဖင့္ လူေတြက သူမ်ားကို ေခ်ာက္တြန္းတတ္တဲ႔ အေလ့အထေလး ရွိတယ္ေပါ့။ ေခ်ာက္တြန္းတယ္ဆိုတာ မေကာင္းမွန္းသိလ်က္နဲ႔ တြန္းပို႔တာမ်ဳိးေပါ့။

အဲဒါမ်ဳိးမလုပ္တဲ႔ ဆရာသမားမ်ဳိးကို ေရြးၿပီးေတာ့ ကိုးကြယ္ပါတဲ႔။ “`ပိေယာ ဂရု ဘာဝနိေယာ၊ ဝတၱာ စ ဝစနကၡေမာ´´´ အဲဒီ ပုဂၢဳိလ္မ်ဳိးကို ကိုးကြယ္ပါ။ ထို႔အတူပဲ ေလာကမွာ အဲဒီလို မိတ္ေဆြေတြ ရွိတယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

Credit-Young Buddhist Association

Unicode
မိတ်ဆွေကောင်းမပီသသူကိုမပေါင်းနဲ့

ငယ်ငယ်တုန်းက “ပုံပြင်လေး´´တစ်ခု ဖတ်ဖူးတယ်။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့ ပုံပြင်လေး တစ်ခုပဲ။ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီး တစ်ခုကို ဖြတ်သန်းသွားတယ်။

လူတစ်ယောက်က လက်နက်ပါတယ်။ တစ်ယောက်ကမပါဘူး။

လက်နက်ပါတဲ့သူက ဘာပြောလဲဆိုတော့ “`ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာကောင်ပဲတွေ့တွေ့ ငါကာကွယ်နိူင်တယ်ပေါ့။ ဘယ်အကောင်မှ မကြောက်ဘူး´´တဲ့။

သူက ဒီလို ပြောနေတယ်။ ပြောလို့မှ မဆုံးသေးဘူး။ လမ်းကွေ့တစ်ကွေ့မှာ “ဝက်ဝံကြီး´´ တစ်ကောင် ဘွားခနဲ ပေါ်လာတယ်။

ဝက်ဝံကြီးကိုလည်း တွေ့လိုက်ရော အဲဒီလူက သစ်ပင်ပေါ် တက်ပြေးပါလေရော။ လက်နက်မပါတဲ့ သူငယ်ချင်းကို ဒီအတိုင်းပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်။

သူငယ်ချင်းလုပ်တဲ့သူက တိမ်းရှောင်ဖို့ အချိန်မရလိုက်ဘူး။ အဲဒီတော့ သူ့အသက်ကိုသူ ကာကွယ်တဲ့အနေနဲ့ လှဲအိပ်လိုက်ပြီး အသက်အောင့်ထားတယ်။ သေချင်ယောင် ဆောင်နေလိုက်ရတယ်။

အဲဒီအချိန်မှာ ဝက်ဝံကြီးက အနားနားလာပြီးတော့ ခေါင်းကိုလျှာနဲ့ လျက်တယ်။ ဟိုနမ်း ၊ ဒီနမ်း လုပ်တယ်ပေါ့။ မလှုပ်ရဲဘူး။ အသက်လည်း မရှူရဲဘူး။ ငြိမ်နေရတယ်။ လှုပ်လိုက်ရင်တော့ အကိုက်ခံရမှာ သေချာတယ်။

အဲဒီမှာ ငြိမ်နေတဲ့အခါကျတော့ ဝက်ဝံကြီးက လက်နဲ့ ဟိုဘက်က ပုတ်ကြည့်။ ဒီဘက်က ပုတ်ကြည့်။ အသေကြီးပဲ မှတ်ထင်ပြီး သူ့လမ်းသူ ဆက်သွားတယ်။



ဝက်ဝံကြီ ထွက်သွားပြီဆိုတော့မှ ဟိုသေနတ်နဲ့ကောင်က သစ်ပင်ပေါ်က ဆင်းလာတယ်။ ဆင်းလာပြီးတော့ …………

“`သူငယ်ချင်း ၊ မင်းကို ဝက်ဝံကြီးက တိုးတိုး တိုးတိုးနဲ့ ဘာပြောသွားတာတုန်း ´´ မေးသတဲ့။

ဟိုလူက ပြောသတဲ့။

“` အေး …ဝက်ဝံကြီးက ငါ့ နား ,နား ကပ်ပြောသွားတာ မိတ်ဆွေ သူငယ်ချင်း မပီသတဲ့ အကောင်မျိုးကို နောင်ဘယ်တော့မှ မပေါင်းနဲ့တဲ့။

အရေးကြုံလာပြီဆိုရင် နှစ်ဦးပူးပေါင်းခုခံမယ် မလုပ်ဘဲနဲ့ အဲဒီလို ကိုယ်လွတ်ရုန်းသွာတဲ့ အကောင်မျိုးကို ဘယ်တော့မှ မပေါင်းနဲ့´´ လို့ ဝက်ဝံကြီးက သူ့ကို မှာသွားတယ်လို့ ပြောသတဲ့။

“အာပဒါသု န ဇဟတိ´´ ဒုက္ခကြုံလာတဲ့အခါမှာ စွန့်ပြီးသွားတာမျိုး မဖြစ်စေရဘူးတဲ့။ အဲဒါ ဘုရားဟောတဲ့ မိတ်ကောင်းဆွေကောင်းပါပဲ။

ပေါင်းသင်းရမည့် ဆရာသမားကောင်းဆရာသမားတွေနဲ့ ပက်သက်ပြီး ပေးထားတဲ့ မိတ်ကောင်းဆွေကောင်း အင်္ဂါရပ်တွေက ဘာတုန်းဆိုရင် ……

“ပိယော ဂရု ဘာဝနီယော၊ ဝတ္တာ စ ဝစနက္ခမော´´တဲ့။

ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် အဲဒီ အရည်အသွေး ရှိ မရှိ ကြည့်ရမယ်တဲ့။ မိတ်ကောင်း ဆွေကောင်းဆိုတာ ………

(၁)။ ပိယော — ချစ်ခင်လေးစားလောက်တဲ့ သီလ ၊သမာဓိ ၊ ပညာ အရည်အသွေး ရှိရမယ်။

(၂)။ ဂရု — လေးစားလောက်တဲ့ ကိုယ်ကျင့်တရားရှိရမယ်။

(၃)။ ဘာဝနီယော ချီးမွမ်းလောက်တဲ့ကိုယ်ကျင့်တရား ရှိရမယ်။ သို့မဟုတ်မေတ္တာဘာဝနာပွားတဲ့ မေတ္တာစိတ်ဓာတ်ထားတာရှိရမယ်။

(၄)။ ဝတ္တာ မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ ဆုံးမတတ်တယ်။အကြံပေးတတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။

(၅)။ ဝစနက္ခမော– အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။

တစ်ချို့က သူများကိုတော့ ကိုယ်က ဆုံးမတတ်တယ်။ ကိုယ့်ကိုဆုံးမရင်တော့ ဘာပြောလဲ။ လျှာမရှည်နဲ့တဲ့ ဟုတ်လား။ ကိုယ့်ကို လာပြောရင် မကြိုက်တဲ့ လူက ပိုများတယ်နော်။ အဲဒါမျိုး မဖြစ်စေရဘူးတဲ့။

“`ဝတ္တာ´´´ ကိုယ်ကလည်း ဆုံးမတတ်ရမယ်။ “ဝစနက္ခမော´´သူက ပြောလို့ ရှိရင်လည်း လက်ခံရမယ်။

အဲဒီအချက်က အင်မတန်ခက်တယ်။ ဘာဖြစ်လို့ ခက်တာတုန်းဆိုရင် လူတွေမှာ “မာန´´ရှိတယ်။ မာနရှိသည့်အတွက်ကြောင့် ကိုယ်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင် လက်မခံဘူး။

ကိုယ့်အောက်က လူက ပြောရင် “ရန်သူ´´ပဲ။



အရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်

ဒီနေရာမှာ အရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်ဟာ အင်မတန်မှ အတုခိုးစရာကောင်းတယ်။ ပညာရှိ ပီသတယ်ပေါ့။

ဘယ်လို ပညာရှိပီသတုန်းဆိုရင် “အရှင်သာရိပုတ္တရာ မထေရ်မြတ်´´ဟာ တစ်ခါတုန်းက သင်္ကန်းရုံထားတာလေးက မညီမညာ တွဲလောင်းလေး ကျနေတော့ ကိုရင်လေးတစ်ပါးက လျှောက်တယ်တဲ့။

“`အရှင်ဘုရား ၊ ဟောဒီမှာ သင်္ကန်းလေး တွဲလောင်းကျနေတယ် ၊´´

အရှင်သာရိပုတ္တရာ မထေရ်မြတ်က ကိုရင်လေး ပြောတဲ့အတိုင်း ဟုတ်နေတော့ သင်္ကန်းလေးကို သူပြင်ရုံပြီး လက်အုပ်လေးချီပြီး “ညီသွားပါပြီလား´´ လို့ ပြောသတဲ့။

“ကျေးဇူးတင်တယ် ကိုရင်၊ ကျေးဇူးတင်တယ်´´လို့ ကိုရင်ပေါက်စလေးက သတိပေးတာကို လက်ခံတယ်။ လက်ခံပြီးတော့ သံဃပရိတ်သတ်ကြားထဲမှာ ဘာပြောလဲဆိုရင် ………

““ဒီကနေ့မှ ကိုရင်ဖြစ်လာပြီး အသက်အရွယ်ကလည်း (၇)နှစ်ပဲ ရှိသေးတဲ့ အဲဒီ (၇)နှစ်အရွယ် ကိုရင်လေးက သူ့ကို ဆုံးမသြဝါဒ ပေးမယ်ဆိုရင်တောင် ဦးထိပ်ပန်ဆင်ပါ့မယ်´´လို့ ဒီလို ပြောတာနော်။

ဒါ စံနမူနာယူရမှာပဲ။ အဲဒီတော့ မိတ်ကောင်းဆွေကောင်းကို အင်မတန်မှ တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်တယ်ပေါ့။

အေး …… ဟုတ်ပြီ။

“ဝတ္တာ စ ဝစနက္ခမော´´´ သူများက ဆုံးမရင်လည်း လက်ခံနိူင်ရမယ်။ အဲဒီ လက်ခံနိူင်တာလည်းပဲ မိတ်ကောင်း၊ ဆွေကောင်းရဲ့ အင်္ဂါရပ်ပဲ။ နောက်တစ်ခုက ………

(၆) “`နော စ ဋ္ဌာနေ နိယောဇကော´

များသောအားဖြင့် လူတွေက သူများကို ချောက်တွန်းတတ်တဲ့ အလေ့အထလေး ရှိတယ်ပေါ့။ ချောက်တွန်းတယ်ဆိုတာ မကောင်းမှန်းသိလျက်နဲ့ တွန်းပို့တာမျိုးပေါ့။

အဲဒါမျိုးမလုပ်တဲ့ ဆရာသမားမျိုးကို ရွေးပြီးတော့ ကိုးကွယ်ပါတဲ့။ “`ပိယော ဂရု ဘာဝနိယော၊ ဝတ္တာ စ ဝစနက္ခမော´´´ အဲဒီ ပုဂ္ဂိုလ်မျိုးကို ကိုးကွယ်ပါ။ ထို့အတူပဲ လောကမှာ အဲဒီလို မိတ်ဆွေတွေ ရှိတယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Young Buddhist Association

No comments:

Post a Comment