Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 14, 2019

ေရႊထက္ တန္ဖုိးႀကီးေသာ သစ္ေမႊး အေၾကာင္း


သစ္ေမႊး ရဲ႕ တန္ဖုိးရွိျပီး ေမႊးၾကဳိင္တဲ့ အနံ႕ဟာ ေဟာင္ေကာင္ျမဳိ႕ကုိ နာမည္ေပးခဲ့တာ ျဖစ္ပါတယ္ ။ ေဟာင္ေကာင္ဟာ ကန္တုန္ တရုတ္ ဘာသာစကားနဲ႕ဆုိရင္ ေမႊးၾကဳိင္တဲ့ ဆိပ္ကမ္း လုိ႕ အဓိပၸါယ္ ရပါတယ္။

ယေန႕အခ်ိန္မွာ စီးပြားေရး အခ်က္အခ်ာ က်တဲ့ ေဒသျဖစ္ေနတဲ့ ေဟာင္ေကာင္ ဟာ ကုိလုိနီေခတ္တုန္းကလည္းပဲ အေရွ႕တုိင္းထြက္ အေမႊး အၾကဳိင္ ပစၥည္းမ်ားေရာင္း၀ယ္ေဖာက္ကားခဲ့တဲ့ ဆိပ္ကမ္းတစ္ခု ျဖစ္ခဲ့ ဖူးတာကုိ သစ္ေမႊးရနံ႔မ်ား က ျပန္လည္ အမွတ္ရေစပါတယ္။

ေဟာင္ေကာင္ျမဳိ႕ မွာ Wing Lee အေမႊးနံ႕သာ နဲ႕ စႏၵကူး ေရာင္း၀ယ္ေရး ကုမၸဏီ ရွိဆဲျဖစ္ျပီး ဒီ ကုမၸဏီဟာ မိသားစု မ်ဳိးရုိး စဥ္ဆက္ လုပ္ကုိင္ လာတဲ့ သစ္ေမႊး အေရာင္းအ၀ယ္ လုပ္ငန္း တစ္ခုလည္းျဖစ္ပါတယ္။ဒီကုမၸဏီရဲ႕ မွန္ဘီရုိေတြထဲမွာ ထည့္သြင္းျပသထားတာေတြ ကေတာ့ ေစ်းအၾကီးဆုံးျဖစ္တဲ့ သစ္ေမႊးတုံး (agarwood) ျမန္မာ အေခၚ အေက်ာ္တုံးမ်ားျဖစ္ပါတယ္။

Wing Lee ကုမၸဏီ ရဲ႕ ပုိင္ရွင္ျဖစ္ခဲ့တဲ့ ယြမ္၀ါ ဟာ သစ္ေမႊး လုပ္ငန္းကုိ အနွစ္ ၇၀ ေက်ာ္ လုပ္ကိုင္ခဲ့ျပီးအနား ယူခဲ့ျပီး ေနာက္ ယခု မွာေတာ့ Wing Lee ကုမၸဏီ ကုိ သားျဖစ္သူ ကင္နီ က ဦးစီးေနပါတယ္။ ” သစ္ေမႊးတုံး (agarwood) အလြန္ အဖုိးတန္တဲ့ သစ္မ်ဳိး ပါပဲ။

အရင္တုန္းက သစ္ေမႊးတုံး ဟာ အကုိက္ အခဲေပ်ာက္ေစတဲ့ အတြက္ ေဆး၀ါးေတြမွာ အသုံးျပဳခဲ့ၾကျပီး ဒီေန႕ေခတ္မွာေတာ့ အေမႊးအၾကဳိင္ ပစၥည္း အျဖစ္ အသုံးျပဳၾကတယ္ ” လုိ႕ ယြမ္၀ါ က ေျပာျပခဲ့ပါတယ္။

သစ္ေမႊးပင္ ဆိုသည္မွာ …သစ္ပင္၏ အသားထဲမွ အေမႊးရနံ႔ ထြက္ေသာ အပင္ မဟုတ္ပါဘူး။— သစ္ေမႊးသည္ သစ္သား မဟုတ္ေသာ သစ္ေတာထြက္ ပစၥည္း (Non-Timber Forest Product) NTFP ျဖစ္ပါ သည္။

— သဘာ၀ အတိုင္းေသာ္၎၊ ေဆးသြင္းျခင္းျဖင့္ေသာ္၎ ပင္စည္ အတြင္းသား ထဲ၌ ရွားပါး၊ အဖိုးတန္ သည့္၊ ထူးကဲေသာ ေမႊးရနံ႔ ထြက္လ်က္၊ အဆီခဲျဖစ္တည္ေနသည့္ အပင္ ကို သစ္ေမႊးပင္၊ ျမန္မာ အေခၚ အေက်ာ္ပင္ (Agarwood) ဟုေခၚဆိုပါသည္။

— သက္တမ္း အားျဖင့္ ႏွစ္ ၅၀ မွ ၁၀၀ ေက်ာ္အထိ ရွိတတ္ျပီး ေပ ၁၃၀ ေက်ာ္ အထိ ျမင့္မား ကာ ရင္စို႔လံုးပတ္အခ်င္း ၄ေပေက်ာ္ အထိရွိသည္။

— သဘာ၀ အားျဖင့္ အဆီခဲျဖစ္ျခင္းမွာ- ပထမဦးစြာ အပင္ ၌ ဒဏ္ရာျဖစ္ရပါမည္။ ဒဏ္ရာ ဆိုသည္မွာ ဥပမာ အားျဖင့္ သမင္၊ ဒရယ္ စသည္တို႔ ဦးခ်ဳိေသြးျခင္း၊ ၀ံပုေလြ၊ က်ား၊ ျခေသၤ့ စသည္တို႔ ေျခသည္းေသြးျခင္း၊ သစ္ေတာက္ငွက္ စသည္တို႔ အပင္ကိုေခါက္ရာမွ ဒဏ္ရာရျခင္း၊ ျခ၊ နက်ီ စေသာပိုးေကာင္ တို႔ အိမ္ဖြဲ႕ရာမွ ဒဏ္ရာ ရျခင္း၊ မိုးၾကိဳး ပစ္၍ေသာ္၎၊ ေလၾကမ္း ၍ေသာ္၎ အပင္ထိ၍ သစ္ကိုင္း က်ဳိးက်ရာမွ ဒဏ္ ရာရျခင္း စသည္တို႔ျဖစ္သည္။

— ဒုတိယ အခ်က္အရ- ထို ရရွိထားေသာ ဒဏ္ရာ အေပၚ မိႈေရာဂါ စြဲကပ္မိျခင္းျဖစ္သည္။

— တတိယ အေနျဖင့္ ထို စြဲကပ္လာေသာ မိႈေရာဂါကို အပင္ထဲမွ ပဋိပစၥည္း က ခုခံ တိုက္ခိုက္ရာမွ (မိႈႏွင့္ သစ္ေမႊးပင္ မွ ပဋိပစၥည္း တို႔ အခ်င္းခ်င္း တုိက္ခိုက္ရာမွ) သစ္ေမႊးပင္ ၏ အသားထဲတြင္ အဆီခဲမ်ားျဖစ္ တည္ လာသည္။

— ထို အဆီခဲမ်ားကို ေပါင္းခံ ခ်က္လုပ္ရာမွ အဖိုးတန္ သစ္ေမႊးဆီ ကို ရရွိသည္ ။ ကမၻာေက်ာ္ အဖိုးတန္ေရေမႊး မ်ား ျပဳလုပ္ရာတြင္ ထို သစ္ေမႊးေပါင္းခံဆီ အနည္းငယ္မွ် ထည့္ေပးရုံျဖင့္ အဖိုးတန္ေရေမႊး အျဖစ္သို႔ ေရာက္ရွိသြားသည္။

— သဘာ၀ အားျဖင့္ သူ႔ အလိုလို အဆီခဲျဖစ္တည္ေနျခင္းကို သိပၸံပညာရွင္မ်ား က ေလ့လာ ေတြ႕ရွိျပီးေနာက္ (Artificial Infection)ေခၚ သဘာ၀ကို တုပ၍ ေဆးထိုးသြင္းျခင္း ျဖင့္လည္း သစ္ေမႊးကို ထုတ္လုပ္လာၾကပါတယ္။

သစ္ေမႊးတုံးကုိ Aquilaria အပင္မ်ားမွ ထုတ္ယူရတာ ျဖစ္ျပီးေတာ့ အရင္တုန္းက တရုတ္ ရြာတုိင္းမွာ ဖန္းေရႊ ရုိးရာ အေနနဲ႕ စုိက္ပ်ဳိးေလ့ ရွိခဲ့ပါတယ္။ သစ္ေမႊးတုံး (agarwood) ကုိ ရရွိဖုိ႕အတြက္ Aquilaria အပင္မ်ားကုိ မႈိစြဲကပ္ေစရျပီး သစ္ေမႊးတုံး ရယူရမဲ့ အခ်ိန္ေရာက္ရင္ မႈိ ကူးစက္ ထားျခင္း ခံရတဲ့ အနက္ေရာင္ သစ္ေစး ရွိေနတဲ့ အပုိင္းကုိ အနံ႕ မရွိတဲ့ သစ္သား အေကာင္း ကေန လွီးျဖတ္ျပီးေရာင္းခ်ရတာ ျဖစ္ပါတယ္။

ဒီ တန္ဖုိးၾကီးလွတဲ့ သစ္ေစး ကုိ အေမႊးနံ႕သာ ဘုရင္ လုိ႕လည္း လူသိမ်ားၾကျပီး အေရွ႕ အလယ္ပုိင္းေဒသေတြ နဲ႕ အာရွတုိက္ တစ္ေလွ်ာက္မွာ က်ယ္ပ်ံ႕ စြာေရာင္း၀ယ္ခဲ့ၾကတာ ျဖစ္ပါတယ္။ တရုတ္ တန္ နဲ႕ ေဆာင္ မင္းဆက္ တုိ႕ သမုိင္းမွတ္တမ္းမ်ား အရ သစ္ေမႊးတုံး (agarwood) ဟာ တန္ဖုိးျမင့္မားတဲ့ ကုန္ပစၥည္းတစ္ခုျဖစ္ျပီး သူရဲ႕ အနံ႕ေမႊးၾကဳိင္မႈဟာ ဗုဒၶဘာသာ၊ ခရစ္ယာန္ဘာသာ ၊အစၥလာမ္ဘာသာ၊ တာအုိဘာသာတုိ႕နဲ႕ လည္း သမုိင္းဆက္ႏြယ္မႈ မွတ္တမ္းမ်ား ရွိခဲ့တယ္လုိ႕သိရပါတယ္။

ကရစ္ရွနား နတ္ဘုရား ၏ လက္ကိုင္ တူရိယာပေလြ သည္ သစ္ေမႊးျဖင့္ျပဳလုပ္ထားသည္ဟု အိႏၵိယႏိုင္ငံ၊ ဟိႏၵဴ ဘာသာ၀င္မ်ားက အစဥ္အဆက္ ယံုၾကည္ခဲ့ၾကသည္။

— ေဂါတမ ရွင္ေတာ္ဘုရား ၏ ရုပ္ကလာပ္ေတေဇာဓာတ္ေလာင္ကၽြမ္း ရာ၌ ရွစ္ျပည္ေထာင္မင္း တို႔ က သစ္ေမႊးဆီခဲ မ်ားကို အေလးအျမတ္ျပဳ ပူေဇာ္ခဲ့ၾကေၾကာင္း သုေတသီမ်ားက ေဖာ္ျပထားသည္။

— အိႏၵိယ အာယုေဗဒ က်မ္းမ်ားတြင္ အသက္ရွည္ေဆး အျဖစ္ သစ္ေမႊးဆီမ်ားကို မီးရႈိ႕ ရႈရႈိက္ပါက ေရာဂါဘယ ကင္းစင္ေစျပီး ကိုယ္ခံစြမ္းအား ျမႈင့္ေစသည့္ အျပင္ စိတ္ၾကည္လင္ လန္းဆန္းမႈကို ေပးႏိုင္သည္ ဟု ေဖၚျပထားသည္။

— ခရစ္ေတာ္ေယရႈ ၏ စ်ာပန ကို သစ္ေမႊးဆီ/ခဲ မ်ားျဖင့္ အထြတ္ အျမတ္ျပဳ ပူေဇာ္ သျဂိဳဟ္ၾက ေၾကာင္း ဟီးဘရူးက်မ္းစာ ၌ ေဖာ္ျပထားသည္။

— အိုမန္ႏိုင္ငံသားတို႔သည္ ဘုရားေက်ာင္း ၀တ္ျပဳရာ၌၎၊ ဘာသာေရး ပြဲေတာ္/အခမ္းအနား မ်ား၌၎၊ လူ႔ အသံုးအေဆာင္ ကုန္ပစၥည္းမ်ား၌ အေမႊးအၾကိဳင္ အျဖစ္ သုံးစြဲရာတြင္၎၊ သစ္ေမႊးဆီ ကို အသံုးျပဳခဲ့ၾက သည္။

— အာရွတိုက္ႏွင့္ ဥေရာပတိုက္ ရွိ ႏုိင္ငံ အခ်ဳိ႕တြင္ ခရစ္ယန္ဘုရားေက်ာင္းမ်ား၌ သစ္ေမႊး ကို မီး႐ွႈိ႕ ပူေဇာ္ျခင္း ကို ယေန႔တုိင္ အေလးအျမတ္ထား ျပဳလုပ္ေနၾကဆဲ ျဖစ္သည္။

— ေအဒီ ၁၁ ရာစု ခန္႔ကေပၚေပါက္ခဲ့ေသာ Persian ေဆးသမားေတာ္ၾကီး တစ္ဦးျဖစ္သူ အဘီစီးနား က သစ္ေမႊး သည္ ေရာဂါ အမ်ဳိးမ်ဳိး ကို ေဆးေဖာ္စပ္ ရာ၌ ဘက္စံု အသံုး၀င္ ေၾကာင္း ကို သုေတသနျပဳ၍ ေဖာ္ထုတ္ေျပာၾကားခဲ့သည္။

— ဂ်ပန္ႏုိင္ငံတြင္ သစ္ေမႊြးကို ဂ်င္ကို႔ (Jin-Koh) ဟုေခၚျပီး ကိုဒို (Kodoh) ေခၚ အေမႊးနံ႔သာ ပြဲေတာ္ မ်ား တြင္း ယေန႔တိုင္ သစ္ေမႊးဆီ/ခဲ မ်ားကို တန္ဖိုးၾကီးစြာ ၀ယ္ယူသံုးစြဲေလ့ ရွိသည္။

— Bible ၌ ခရစ္ယာန္ ဖြားျမင္စဥ္ အေရွတိုင္း မွ ပညာရွိ ၃ ဦးလာေရာက္၍ ခရစ္ေတာ္အား ပူေဇာ္ရာတြင္ လက္ေဆာင္ ၃ မ်ဳိး ပါလာရာ တစ္ခုမွာ (Mura) မူးရာေခၚသစ္ေမႊးျဖစ္သည္။ ထို႔ေၾကာင့္ ကခ်င္ျပည္နယ္ ၌ သစ္ေမႊး ကို Bible ပါရွိသည့္ အတိုင္း မူးရာ ဟု ယေန႔တိုင္ ေခၚဆိုေနၾကဆဲျဖစ္သည္။

— သစ္ေမႊးပင္ကို ေပါင္းခံ အဆီထုတ္၍ ရရိွေသာ အဆီကို ေရေမႊးျပဳလုပ္ ရာတြင္၎၊ လူသံုး အေမႊး အၾကိဳင္ ပစၥည္းမ်ား ထုတ္လုပ္ရာတြင္၎၊ ေဆးဘက္ဆိုင္ရာ၊ ေဆး၀ါး ထုတ္လုပ္မႈ မ်ားတြင္၎၊ အသုံးျပဳၾက သည္။

— သစ္ေမႊးကို အမ်ားဆံုး အသံုးျပဳသူမ်ားမွာ အာရပ္ႏိုင္ငံမွ ေရနံ သူေဌးမ်ားႏွင့္ ေစာ္ဘြားမ်ား ျဖစ္ၾကသည္။ ဘာသာေရးဆိုင္ရာ ပဲြေတာ္မ်ားတြင္ သစ္ေမႊး ကို မီး႐ႈိ႕ ၍ အေလးအျမတ္ထား ပူေဇာ္ၾကသည္။ အေရးၾကီးသည့္ အစည္းအေ၀း၊ ကိစၥရပ္မ်ားေဆာင္ရြက္ရာတြင္ ေအာင္ျမင္ျပီးေျမာက္ေစရန္ သစ္ေမႊးဆီ ကို ႏႈတ္ခမ္းကို တို႔၍ သစ္ေမႊးခဲ ကို အေဆာင္ အျဖစ္ အိတ္္ထဲ ထည့္ထားပါက လိုရာ ဆႏၵျပီးေျမာက္ေစသည့္ အယူ ရွိ ၾက သည္။

— သဲကႏၲရထဲ ခရီး သြားလာရေသာေၾကာင့္ ေမာပန္းႏြမ္းနယ္ေနေသာ ကုလားအုတ္ မ်ား၏ ႏွာ၀ ကို သစ္ေမႊးဆီ တို႔ေပးကာ အနံ႔ ႐ႈ႐ႈိက္ေစျခင္းျဖင့္ ခ်က္ခ်င္း အေကာင္း ပကတိျဖစ္ကာ လိုရာ ခရီးကို ေခ်ာေခ်ာေမြ႕ေမြ႕ေရာက္ရွိသည္ဟု ဆိုသည္။

— မံမီ ရုပ္အေလာင္းမ်ားကို ႏွစ္ေပါင္း ရာခ်ီ ၍ မပုပ္ မသိုးေအာင္ စီရင္ရာ၌ သစ္ေမႊးဆီ ကို ထည့္ သြင္း အသံုးျပဳ ထားေၾကာင္း သုေတသီ အခ်ဳိ႕က ေလ့လာေတြ႕ရွိထားသည္။

— ထိခိုက္ရွနာ ဒဏ္ရာမ်ား၊ အနာရင္း၊ အနာအဆိပ္သင့္ စေသာေ၀ဒနာ မ်ားကိုလည္း သစ္ေမႊး ဆီ လိမ္းက်ံကုသေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစသည္ဟု ေဆးဆရာမ်ားက ၫႊန္းဆိုထားသည္။

— သစ္ေမႊး၏ အနံ႔သည္ လူ၏ စိတ္ကို ၾကည္လင္ေအးခ်မ္းေစေသာေၾကာင့္ တရား ဘာ၀နာပြါး မ်ား အားထုတ္ရာတြင္ အနံ႔ သင္းသင္းေလး လႊတ္ထားျခင္းျဖင့္ ပို၍ တရားအားထုတ္ႏုိင္သည္ ဟုဆုိၾကသည္။

၂၀၁၄ ခုနွစ္တုန္းက သစ္ေမႊးတုံး (agarwood) တစ္ကီလုိ ဂရမ္ ကုိ ေဟာင္ေကာင္ေဒၚလာ 58,000 (ျမန္မာေငြ သိန္း ၁၀၀) ေပါက္ေစ်း ရွိျပီး ၃ ,၄ ေပ အရြယ္အစား ရွိတဲ့ သစ္တုံး မ်ားကုိ လက္ တစ္ဖ၀ါးစာ အရြယ္ ရုပ္တု ထုထားတဲ့ သစ္ေမႊးမ်ား ဆုိရင္ေတာ့ ေဟာင္ေကာင္ေဒၚလာ ၁.၂ သန္း (သိန္း ၂ေထာင္ေက်ာ္ အထိ) ေပါက္ ေစ်းရွိေနတာ ျဖစ္ပါတယ္။

သစ္ေမႊးတုံး (agarwood) ဆီ ကုိ ေရေမႊးမ်ား နဲ႕ အေမႊးနံ႕သာ ပစၥည္းအမ်ားစုမွာ အသုံးျပဳၾကျပီး သစ္ေမႊးဆီ ကို နာမည္ၾကီ ေရေမႊးေတြျဖစ္တဲ့ Armani Privé’s Oud Royal ၊ Yves Saint Laurent’s M7 Oud Absolu စတဲ့ ေရေမႊးမ်ား ရဲ႕ အဓိက ပါ၀င္ ပစၥည္းျဖစ္တဲ့ Oud oil အျဖစ္ ေပါင္းခံျပီး ထပ္မံ ထုတ္လုပ္ ၾကတာ ျဖစ္ပါတယ္။

သုိ႕ေပမဲ့ သစ္ေမႊးတုံး (agarwood) မ်ား ရဲ႕ ေစ်းကြက္ လုိအပ္ခ်က္ျမင့္မားမႈေၾကာင့္ ဒီ ဆယ္စုႏွစ္ အတြင္းမွာ ေဟာင္ေကာင္ ရဲ႕ Aquilaria အပင္မ်ား ဟာ မ်ဳိးသုဥ္းမဲ့ အႏၱရာယ္ ကုိ ရင္ဆုိင္လာရတာ ျဖစ္ပါတယ္။

အာရွတုိက္ မွာ Aquilaria အပင္ စုိက္ပ်ဳိး ထုတ္လုပ္ရာမွာ အၾကီးဆုံး အသင္းျဖစ္တဲ့ Asia Plantation Capital (APC) မွ Aquilaria အပင္မ်ားကုိ ကာကြယ္ဖုိ႕ အတြက္ အာရွတုိက္ နဲ႕ ေဟာင္ေကာင္ေဒသေတြမွာ သစ္ေမႊး စုိက္ပ်ဳိးထုတ္လုပ္သူမ်ားကုိ အားေပး ကူညီခဲ့ပါတယ္။

ေဟာင္ေကာင္ေဒသမွာ သဘာ၀ Aquilaria အပင္ ရာဂဏန္းေလာက္သာ က်န္ရွိေနေတာ့တယ္ လုိ႕ APC က ေျပာဆုိခဲ့ပါတယ္။ ေဟာင္ေကာင္ အစုိးရကလည္း Aquilaria အပင္မ်ား မ်ဳိးသုဥ္း သြားျခင္းကုိ ကာကြယ္ဖုိ႕အတြက္ ၂၀၀၉ ခုႏွစ္ကတည္းက စျပီး Aquilaria ပ်ဳိးပင္ေပါင္း ၁ ေသာင္းေက်ာ္ ခန္႕ ႏွစ္စဥ္ စုိက္ပ်ဳိးခဲ့ တယ္ လုိ႕ေၾကျငာခဲ့ေပမဲ့ သစ္ပင္မ်ားကုိ ကာကြယ္ဖုိ႕အတြက္ ပ်ဳိးပင္မ်ား စုိက္ပ်ဳိးျခင္းက မလုံေလာက္ပါဘူး။

ဒါ႔အျပင္ အရြယ္ေရာက္ျပီး Aquilaria အပင္မ်ား ဟာ ေမွာင္ခုိ ခုိးထုတ္တဲ့ သူမ်ား လက္ခ်က္ေၾကာင့္ တစ္ေန႕ တစ္ျခား နည္းပါးလာေနပါတယ္။” ေမွာင္ခုိ ခုိးထုတ္သူေတြက သဘာ၀ အတုိင္း မႈိကူး စက္ ထားခံရတဲ့ Aquilaria အပင္ေတြကို ရွာျပီး ခုတ္ၾကတဲ့ တဲ့ အတြက္ Aquilaria အပင္ေတြ မ်ဳိးသုဥ္းမဲ့ အႏၱရာယ္ဟာ ျမန္ျမန္ဆန္ဆန္ နဲ႕ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

အခု ေဟာင္ေကာင္မွာဆုိ အႏွစ္ ၃၀ ေလာက္ သက္တမ္းရွိတဲ့ Aquilaria အပင္ တစ္ပင္ကုိ ရွာေတြ႕ခဲ့ရင္ ေတာ္ေတာ္ ကံေကာင္းေနပါျပီ ” လုိ႕ ေဟာင္ေကာင္ေဒသ APC အေရာင္း ဒါရုိက္တာ ဂ်ီရတ္ မက္ဂါစ္ ကေျပာ ခဲ့ပါတယ္။

တရုတ္ႏုိင္ငံ အေရွ႕ေတာင္ဘက္ျခမ္း ေဟာင္ေကာင္ နဲ႕ တရုတ္ ျပည္မၾကီး ဆက္ထားတဲ့ လမ္း မွာ တည္ရွိတဲ့ ရွန္ဇန္ ျမဳိ႕မွ ကြန္၀င္ခ်န္ ဆုိသူ လူတစ္ေယာက္ဟာ Aquilaria အပင္ ၆၀၀၀ ေက်ာ္ နဲ႕ သစ္ေမႊး ထုတ္ လုပ္ေနသူ တစ္ဦး ျဖစ္ပါတယ္။

Aquilaria အပင္ မ်ဳိးသုဥ္းႏုိင္တဲ့ အႏၱရာယ္ ကုိ ကာကြယ္ဖုိ႕ အတြက္ Aquilaria အပင္ စုိက္ပ်ဳိးဖုိ႕စိတ္၀င္စားသူမ်ားကုိ APC ဟာ ခ်န္ ရဲ႕ သစ္ေမႊး ထုတ္လုပ္ေရးျခံသုိ႕ အလည္အပါတ္ေခၚျပီး စုိက္ပ်ဳိး ထုတ္လုပ္ေရး နည္း စနစ္မ်ားျပသေလ့ရွိပါတယ္။

” Aquilaria အပင္တုိင္းမွာ သစ္ေမႊး ထြက္တာ မဟုတ္ပါဘူး။ သဘာ၀ပင္ေတြမွာ ဆုိရင္ ၇ % ေလာက္ကပဲ သစ္ေမႊး ထြက္ပါတယ္။ ဒါေၾကာင့္ ေမွာင္ခုိ ခုတ္တဲ့ သူေတြ အေနနဲ႕ ေလာင္းကစား လုပ္ျပီး ခုတ္ၾကတဲ့အတြက္ေၾကာင့္ ပုိျပီး ျမန္ျမန္ မ်ဳိးသုဥ္းရတာ ျဖစ္ပါတယ္” လိုု႕ ယြမ္၀ါ ကဆုိပါတယ္။

ေမွာင္ခုိ သမားေတြ ကုိ Aquilaria အပင္ ခိုးထုတ္ေနတာ ဖမ္းမိရင္ ေထာင္ဒဏ္ ၁၀ ႏွစ္ က်ခံရမယ္ လုိ႕ အမိန္႕ ခ်မွတ္ထားေပမဲ့ သဘာ၀ သစ္ေမႊး ကုိ ေမွာင္ခုိေစ်းကြက္မွာေရာင္းခ်ရင္လည္း ပုိက္ဆံ အမ်ားအျပားရတဲ့ အတြက္ မတားျမစ္ႏုိင္ဘူးလုိ႕ သိရပါတယ္။

ျပီးခဲ့တဲ့ ႏွစ္ပုိင္း အတြင္းက ရဲမ်ား နဲ႕ စုိက္ပ်ဳိးေရး ၊ေမြးျမဴေရး ထိန္းသိမ္းေစာင့္ေရွာက္ျခင္း အဖြဲ႕ Agriculture, Fisheries and Conservation Department (AFCD) မွ ေမွာင္ခုိ သမားမ်ားကုိ တုိက္ဖ်က္ဖုိ႕ စစ္ဆင္ေရး ၃၅ ၾကိမ္ လုပ္ခဲ့ျပီး ေနာက္ပုိင္း သစ္ပင္ေတြမွာ Electronic ေစာင့္ၾကည့္ ပစၥည္းမ်ားနဲ႕ ကင္မရာ မ်ားကုိ လည္း တပ္ဆင္ထားဖို႕ ရွိတယ္ လို႕သိရပါတယ္။

ေဟာင္ေကာင္ေဒသ မွာ ပ်ဳိးပင္ေတြ စုိက္ပ်ဳိးျခင္းက ေမွာင္ခို သမားေတြရဲ႕ ရန္ကေန မကာကြယ္ႏုိင္ေပမဲ့ Aquilaria အပင္စုိက္ပ်ဳိးျပီး သစ္ေမႊး ထုတ္လုပ္ျခင္းမ်ားကုိ စိတ္၀င္စား လာၾကတဲ့ သူ မ်ားလာျခင္းဟာ ေဟာင္ေကာင္ ရဲ႕ အေမႊးအၾကဳိင္ အပင္မ်ား မ်ဳိးသုဥ္းျခင္းကုိကာ ကြယ္ႏုိင္လိမ့္မယ္လုိ႕ APC က ယုံၾကည္ထားပါတယ္။

Credit – Arkar Hein
Ref : BBC / Mandalay Gazette

Unicode

သစ်မွှေး ရဲ့ တန်ဖိုးရှိပြီး မွှေးကြိုင်တဲ့ အနံ့ဟာ ဟောင်ကောင်မြို့ကို နာမည်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဟောင်ကောင်ဟာ ကန်တုန် တရုတ် ဘာသာစကားနဲ့ဆိုရင် မွှေးကြိုင်တဲ့ ဆိပ်ကမ်း လို့ အဓိပ္ပါယ် ရပါတယ်။

ယနေ့အချိန်မှာ စီးပွားရေး အချက်အချာ ကျတဲ့ ဒေသဖြစ်နေတဲ့ ဟောင်ကောင် ဟာ ကိုလိုနီခေတ်တုန်းကလည်းပဲ အရှေ့တိုင်းထွက် အမွှေး အကြိုင် ပစ္စည်းများရောင်း၀ယ်ဖောက်ကားခဲ့တဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ ဖူးတာကို သစ်မွှေးရနံ့များ က ပြန်လည် အမှတ်ရစေပါတယ်။

ဟောင်ကောင်မြို့ မှာ Wing Lee အမွှေးနံ့သာ နဲ့ စန္ဒကူး ရောင်း၀ယ်ရေး ကုမ္ပဏီ ရှိဆဲဖြစ်ပြီး ဒီ ကုမ္ပဏီဟာ မိသားစု မျိုးရိုး စဉ်ဆက် လုပ်ကိုင် လာတဲ့ သစ်မွှေး အရောင်းအ၀ယ် လုပ်ငန်း တစ်ခုလည်းဖြစ်ပါတယ်။ဒီကုမ္ပဏီရဲ့ မှန်ဘီရိုတွေထဲမှာ ထည့်သွင်းပြသထားတာတွေ ကတော့ ဈေးအကြီးဆုံးဖြစ်တဲ့ သစ်မွှေးတုံး (agarwood) မြန်မာ အခေါ် အကျော်တုံးများဖြစ်ပါတယ်။

Wing Lee ကုမ္ပဏီ ရဲ့ ပိုင်ရှင်ဖြစ်ခဲ့တဲ့ ယွမ်ဝါ ဟာ သစ်မွှေး လုပ်ငန်းကို အနှစ် ၇၀ ကျော် လုပ်ကိုင်ခဲ့ပြီးအနား ယူခဲ့ပြီး နောက် ယခု မှာတော့ Wing Lee ကုမ္ပဏီ ကို သားဖြစ်သူ ကင်နီ က ဦးစီးနေပါတယ်။ ” သစ်မွှေးတုံး (agarwood) အလွန် အဖိုးတန်တဲ့ သစ်မျိုး ပါပဲ။

အရင်တုန်းက သစ်မွှေးတုံး ဟာ အကိုက် အခဲပျောက်စေတဲ့ အတွက် ဆေးဝါးတွေမှာ အသုံးပြုခဲ့ကြပြီး ဒီနေ့ခေတ်မှာတော့ အမွှေးအကြိုင် ပစ္စည်း အဖြစ် အသုံးပြုကြတယ် ” လို့ ယွမ်ဝါ က ပြောပြခဲ့ပါတယ်။

သစ်မွှေးပင် ဆိုသည်မှာ …သစ်ပင်၏ အသားထဲမှ အမွှေးရနံ့ ထွက်သော အပင် မဟုတ်ပါဘူး။— သစ်မွှေးသည် သစ်သား မဟုတ်သော သစ်တောထွက် ပစ္စည်း (Non-Timber Forest Product) NTFP ဖြစ်ပါ သည်။

— သဘာ၀ အတိုင်းသော်၎င်း၊ ဆေးသွင်းခြင်းဖြင့်သော်၎င်း ပင်စည် အတွင်းသား ထဲ၌ ရှားပါး၊ အဖိုးတန် သည့်၊ ထူးကဲသော မွှေးရနံ့ ထွက်လျက်၊ အဆီခဲဖြစ်တည်နေသည့် အပင် ကို သစ်မွှေးပင်၊ မြန်မာ အခေါ် အကျော်ပင် (Agarwood) ဟုခေါ်ဆိုပါသည်။

— သက်တမ်း အားဖြင့် နှစ် ၅၀ မှ ၁၀၀ ကျော်အထိ ရှိတတ်ပြီး ပေ ၁၃၀ ကျော် အထိ မြင့်မား ကာ ရင်စို့လုံးပတ်အချင်း ၄ပေကျော် အထိရှိသည်။

— သဘာ၀ အားဖြင့် အဆီခဲဖြစ်ခြင်းမှာ- ပထမဦးစွာ အပင် ၌ ဒဏ်ရာဖြစ်ရပါမည်။ ဒဏ်ရာ ဆိုသည်မှာ ဥပမာ အားဖြင့် သမင်၊ ဒရယ် စသည်တို့ ဦးချိုသွေးခြင်း၊ ဝံပုလွေ၊ ကျား၊ ခြငေ်္သ့ စသည်တို့ ခြေသည်းသွေးခြင်း၊ သစ်တောက်ငှက် စသည်တို့ အပင်ကိုခေါက်ရာမှ ဒဏ်ရာရခြင်း၊ ခြ၊ နကျီ စသောပိုးကောင် တို့ အိမ်ဖွဲ့ရာမှ ဒဏ်ရာ ရခြင်း၊ မိုးကြိုး ပစ်၍သော်၎င်း၊ လေကြမ်း ၍သော်၎င်း အပင်ထိ၍ သစ်ကိုင်း ကျိုးကျရာမှ ဒဏ် ရာရခြင်း စသည်တို့ဖြစ်သည်။

— ဒုတိယ အချက်အရ- ထို ရရှိထားသော ဒဏ်ရာ အပေါ် မှိုရောဂါ စွဲကပ်မိခြင်းဖြစ်သည်။

— တတိယ အနေဖြင့် ထို စွဲကပ်လာသော မှိုရောဂါကို အပင်ထဲမှ ပဋိပစ္စည်း က ခုခံ တိုက်ခိုက်ရာမှ (မှိုနှင့် သစ်မွှေးပင် မှ ပဋိပစ္စည်း တို့ အချင်းချင်း တိုက်ခိုက်ရာမှ) သစ်မွှေးပင် ၏ အသားထဲတွင် အဆီခဲများဖြစ် တည် လာသည်။

— ထို အဆီခဲများကို ပေါင်းခံ ချက်လုပ်ရာမှ အဖိုးတန် သစ်မွှေးဆီ ကို ရရှိသည် ။ ကမ်ဘာကျော် အဖိုးတန်ရေမွှေး များ ပြုလုပ်ရာတွင် ထို သစ်မွှေးပေါင်းခံဆီ အနည်းငယ်မျှ ထည့်ပေးရုံဖြင့် အဖိုးတန်ရေမွှေး အဖြစ်သို့ ရောက်ရှိသွားသည်။

— သဘာ၀ အားဖြင့် သူ့ အလိုလို အဆီခဲဖြစ်တည်နေခြင်းကို သိပ္ပံပညာရှင်များ က လေ့လာ တွေ့ရှိပြီးနောက် (Artificial Infection)ခေါ် သဘာ၀ကို တုပ၍ ဆေးထိုးသွင်းခြင်း ဖြင့်လည်း သစ်မွှေးကို ထုတ်လုပ်လာကြပါတယ်။

သစ်မွှေးတုံးကို Aquilaria အပင်များမှ ထုတ်ယူရတာ ဖြစ်ပြီးတော့ အရင်တုန်းက တရုတ် ရွာတိုင်းမှာ ဖန်းရွှေ ရိုးရာ အနေနဲ့ စိုက်ပျိုးလေ့ ရှိခဲ့ပါတယ်။ သစ်မွှေးတုံး (agarwood) ကို ရရှိဖို့အတွက် Aquilaria အပင်များကို မှိုစွဲကပ်စေရပြီး သစ်မွှေးတုံး ရယူရမဲ့ အချိန်ရောက်ရင် မှို ကူးစက် ထားခြင်း ခံရတဲ့ အနက်ရောင် သစ်စေး ရှိနေတဲ့ အပိုင်းကို အနံ့ မရှိတဲ့ သစ်သား အကောင်း ကနေ လှီးဖြတ်ပြီးရောင်းချရတာ ဖြစ်ပါတယ်။

ဒီ တန်ဖိုးကြီးလှတဲ့ သစ်စေး ကို အမွှေးနံ့သာ ဘုရင် လို့လည်း လူသိများကြပြီး အရှေ့ အလယ်ပိုင်းဒေသတွေ နဲ့ အာရှတိုက် တစ်လျှောက်မှာ ကျယ်ပျံ့ စွာရောင်း၀ယ်ခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ် တန် နဲ့ ဆောင် မင်းဆက် တို့ သမိုင်းမှတ်တမ်းများ အရ သစ်မွှေးတုံး (agarwood) ဟာ တန်ဖိုးမြင့်မားတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး သူရဲ့ အနံ့မွှေးကြိုင်မှုဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ ၊အစ္စလာမ်ဘာသာ၊ တာအိုဘာသာတို့နဲ့ လည်း သမိုင်းဆက်နွယ်မှု မှတ်တမ်းများ ရှိခဲ့တယ်လို့သိရပါတယ်။

ကရစ်ရှနား နတ်ဘုရား ၏ လက်ကိုင် တူရိယာပလွေ သည် သစ်မွှေးဖြင့်ပြုလုပ်ထားသည်ဟု အိန္ဒိယနိုင်ငံ၊ ဟိန္ဒူ ဘာသာ၀င်များက အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။

— ဂေါတမ ရှင်တော်ဘုရား ၏ ရုပ်ကလာပ်တေဇောဓာတ်လောင်ကျွမ်း ရာ၌ ရှစ်ပြည်ထောင်မင်း တို့ က သစ်မွှေးဆီခဲ များကို အလေးအမြတ်ပြု ပူဇော်ခဲ့ကြကြောင်း သုတေသီများက ဖော်ပြထားသည်။

— အိန္ဒိယ အာယုဗေဒ ကျမ်းများတွင် အသက်ရှည်ဆေး အဖြစ် သစ်မွှေးဆီများကို မီးရှို့ ရှုရှိုက်ပါက ရောဂါဘယ ကင်းစင်စေပြီး ကိုယ်ခံစွမ်းအား မြှုင့်စေသည့် အပြင် စိတ်ကြည်လင် လန်းဆန်းမှုကို ပေးနိုင်သည် ဟု ဖေါ်ပြထားသည်။

— ခရစ်တော်ယေရှု ၏ ဈာပန ကို သစ်မွှေးဆီ/ခဲ များဖြင့် အထွတ် အမြတ်ပြု ပူဇော် သဂြိုဟ်ကြ ကြောင်း ဟီးဘရူးကျမ်းစာ ၌ ဖော်ပြထားသည်။

— အိုမန်နိုင်ငံသားတို့သည် ဘုရားကျောင်း ၀တ်ပြုရာ၌၎င်း၊ ဘာသာရေး ပွဲတော်/အခမ်းအနား များ၌၎င်း၊ လူ့ အသုံးအဆောင် ကုန်ပစ္စည်းများ၌ အမွှေးအကြိုင် အဖြစ် သုံးစွဲရာတွင်၎င်း၊ သစ်မွှေးဆီ ကို အသုံးပြုခဲ့ကြ သည်။

— အာရှတိုက်နှင့် ဥရောပတိုက် ရှိ နိုင်ငံ အချို့တွင် ခရစ်ယန်ဘုရားကျောင်းများ၌ သစ်မွှေး ကို မီးရှှို့ ပူဇော်ခြင်း ကို ယနေ့တိုင် အလေးအမြတ်ထား ပြုလုပ်နေကြဆဲ ဖြစ်သည်။

— အေဒီ ၁၁ ရာစု ခန့်ကပေါ်ပေါက်ခဲ့သော Persian ဆေးသမားတော်ကြီး တစ်ဦးဖြစ်သူ အဘီစီးနား က သစ်မွှေး သည် ရောဂါ အမျိုးမျိုး ကို ဆေးဖော်စပ် ရာ၌ ဘက်စုံ အသုံး၀င် ကြောင်း ကို သုတေသနပြု၍ ဖော်ထုတ်ပြောကြားခဲ့သည်။

— ဂျပန်နိုင်ငံတွင် သစ်မွှွေးကို ဂျင်ကို့ (Jin-Koh) ဟုခေါ်ပြီး ကိုဒို (Kodoh) ခေါ် အမွှေးနံ့သာ ပွဲတော် များ တွင်း ယနေ့တိုင် သစ်မွှေးဆီ/ခဲ များကို တန်ဖိုးကြီးစွာ ၀ယ်ယူသုံးစွဲလေ့ ရှိသည်။

— Bible ၌ ခရစ်ယာန် ဖွားမြင်စဉ် အရှေတိုင်း မှ ပညာရှိ ၃ ဦးလာရောက်၍ ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင် ၃ မျိုး ပါလာရာ တစ်ခုမှာ (Mura) မူးရာခေါ်သစ်မွှေးဖြစ်သည်။ ထို့ကြောင့် ကချင်ပြည်နယ် ၌ သစ်မွှေး ကို Bible ပါရှိသည့် အတိုင်း မူးရာ ဟု ယနေ့တိုင် ခေါ်ဆိုနေကြဆဲဖြစ်သည်။

— သစ်မွှေးပင်ကို ပေါင်းခံ အဆီထုတ်၍ ရရှိသော အဆီကို ရေမွှေးပြုလုပ် ရာတွင်၎င်း၊ လူသုံး အမွှေး အကြိုင် ပစ္စည်းများ ထုတ်လုပ်ရာတွင်၎င်း၊ ဆေးဘက်ဆိုင်ရာ၊ ဆေးဝါး ထုတ်လုပ်မှု များတွင်၎င်း၊ အသုံးပြုကြ သည်။

— သစ်မွှေးကို အများဆုံး အသုံးပြုသူများမှာ အာရပ်နိုင်ငံမှ ရေနံ သူဌေးများနှင့် စော်ဘွားများ ဖြစ်ကြသည်။ ဘာသာရေးဆိုင်ရာ ပွဲတော်များတွင် သစ်မွှေး ကို မီးရှို့ ၍ အလေးအမြတ်ထား ပူဇော်ကြသည်။ အရေးကြီးသည့် အစည်းအေ၀း၊ ကိစ္စရပ်များဆောင်ရွက်ရာတွင် အောင်မြင်ပြီးမြောက်စေရန် သစ်မွှေးဆီ ကို နှုတ်ခမ်းကို တို့၍ သစ်မွှေးခဲ ကို အဆောင် အဖြစ် အိတ််ထဲ ထည့်ထားပါက လိုရာ ဆန္ဒပြီးမြောက်စေသည့် အယူ ရှိ ကြ သည်။

— သဲကန္တရထဲ ခရီး သွားလာရသောကြောင့် မောပန်းနွမ်းနယ်နေသော ကုလားအုတ် များ၏ နှာ၀ ကို သစ်မွှေးဆီ တို့ပေးကာ အနံ့ ရှုရှိုက်စေခြင်းဖြင့် ချက်ချင်း အကောင်း ပကတိဖြစ်ကာ လိုရာ ခရီးကို ချောချောမွေ့မွေ့ရောက်ရှိသည်ဟု ဆိုသည်။

— မံမီ ရုပ်အလောင်းများကို နှစ်ပေါင်း ရာချီ ၍ မပုပ် မသိုးအောင် စီရင်ရာ၌ သစ်မွှေးဆီ ကို ထည့် သွင်း အသုံးပြု ထားကြောင်း သုတေသီ အချို့က လေ့လာတွေ့ရှိထားသည်။

— ထိခိုက်ရှနာ ဒဏ်ရာများ၊ အနာရင်း၊ အနာအဆိပ်သင့် စသောေ၀ဒနာ များကိုလည်း သစ်မွှေး ဆီ လိမ်းကျံကုသပေးခြင်းဖြင့် သက်သာပျောက်ကင်းစေသည်ဟု ဆေးဆရာများက ညွှန်းဆိုထားသည်။

— သစ်မွှေး၏ အနံ့သည် လူ၏ စိတ်ကို ကြည်လင်အေးချမ်းစေသောကြောင့် တရား ဘာ၀နာပွါး များ အားထုတ်ရာတွင် အနံ့ သင်းသင်းလေး လွှတ်ထားခြင်းဖြင့် ပို၍ တရားအားထုတ်နိုင်သည် ဟုဆိုကြသည်။

၂၀၁၄ ခုနှစ်တုန်းက သစ်မွှေးတုံး (agarwood) တစ်ကီလို ဂရမ် ကို ဟောင်ကောင်ဒေါ်လာ 58,000 (မြန်မာငွေ သိန်း ၁၀၀) ပေါက်ဈေး ရှိပြီး ၃ ,၄ ပေ အရွယ်အစား ရှိတဲ့ သစ်တုံး များကို လက် တစ်ဖဝါးစာ အရွယ် ရုပ်တု ထုထားတဲ့ သစ်မွှေးများ ဆိုရင်တော့ ဟောင်ကောင်ဒေါ်လာ ၁.၂ သန်း (သိန်း ၂ထောင်ကျော် အထိ) ပေါက် ဈေးရှိနေတာ ဖြစ်ပါတယ်။

သစ်မွှေးတုံး (agarwood) ဆီ ကို ရေမွှေးများ နဲ့ အမွှေးနံ့သာ ပစ္စည်းအများစုမှာ အသုံးပြုကြပြီး သစ်မွှေးဆီ ကို နာမည်ကြီ ရေမွှေးတွေဖြစ်တဲ့ Armani Privé’s Oud Royal ၊ Yves Saint Laurent’s M7 Oud Absolu စတဲ့ ရေမွှေးများ ရဲ့ အဓိက ပါ၀င် ပစ္စည်းဖြစ်တဲ့ Oud oil အဖြစ် ပေါင်းခံပြီး ထပ်မံ ထုတ်လုပ် ကြတာ ဖြစ်ပါတယ်။

သို့ပေမဲ့ သစ်မွှေးတုံး (agarwood) များ ရဲ့ ဈေးကွက် လိုအပ်ချက်မြင့်မားမှုကြောင့် ဒီ ဆယ်စုနှစ် အတွင်းမှာ ဟောင်ကောင် ရဲ့ Aquilaria အပင်များ ဟာ မျိုးသုဉ်းမဲ့ အန္တရာယ် ကို ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

အာရှတိုက် မှာ Aquilaria အပင် စိုက်ပျိုး ထုတ်လုပ်ရာမှာ အကြီးဆုံး အသင်းဖြစ်တဲ့ Asia Plantation Capital (APC) မှ Aquilaria အပင်များကို ကာကွယ်ဖို့ အတွက် အာရှတိုက် နဲ့ ဟောင်ကောင်ဒေသတွေမှာ သစ်မွှေး စိုက်ပျိုးထုတ်လုပ်သူများကို အားပေး ကူညီခဲ့ပါတယ်။

ဟောင်ကောင်ဒေသမှာ သဘာ၀ Aquilaria အပင် ရာဂဏန်းလောက်သာ ကျန်ရှိနေတော့တယ် လို့ APC က ပြောဆိုခဲ့ပါတယ်။ ဟောင်ကောင် အစိုးရကလည်း Aquilaria အပင်များ မျိုးသုဉ်း သွားခြင်းကို ကာကွယ်ဖို့အတွက် ၂၀၀၉ ခုနှစ်ကတည်းက စပြီး Aquilaria ပျိုးပင်ပေါင်း ၁ သောင်းကျော် ခန့် နှစ်စဉ် စိုက်ပျိုးခဲ့ တယ် လို့ကြေငြာခဲ့ပေမဲ့ သစ်ပင်များကို ကာကွယ်ဖို့အတွက် ပျိုးပင်များ စိုက်ပျိုးခြင်းက မလုံလောက်ပါဘူး။

ဒါ့အပြင် အရွယ်ရောက်ပြီး Aquilaria အပင်များ ဟာ မှောင်ခို ခိုးထုတ်တဲ့ သူများ လက်ချက်ကြောင့် တစ်နေ့ တစ်ခြား နည်းပါးလာနေပါတယ်။” မှောင်ခို ခိုးထုတ်သူတွေက သဘာ၀ အတိုင်း မှိုကူး စက် ထားခံရတဲ့ Aquilaria အပင်တွေကို ရှာပြီး ခုတ်ကြတဲ့ တဲ့ အတွက် Aquilaria အပင်တွေ မျိုးသုဉ်းမဲ့ အန္တရာယ်ဟာ မြန်မြန်ဆန်ဆန် နဲ့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အခု ဟောင်ကောင်မှာဆို အနှစ် ၃၀ လောက် သက်တမ်းရှိတဲ့ Aquilaria အပင် တစ်ပင်ကို ရှာတွေ့ခဲ့ရင် တော်တော် ကံကောင်းနေပါပြီ ” လို့ ဟောင်ကောင်ဒေသ APC အရောင်း ဒါရိုက်တာ ဂျီရတ် မက်ဂါစ် ကပြော ခဲ့ပါတယ်။

တရုတ်နိုင်ငံ အရှေ့တောင်ဘက်ခြမ်း ဟောင်ကောင် နဲ့ တရုတ် ပြည်မကြီး ဆက်ထားတဲ့ လမ်း မှာ တည်ရှိတဲ့ ရှန်ဇန် မြို့မှ ကွန်၀င်ချန် ဆိုသူ လူတစ်ယောက်ဟာ Aquilaria အပင် ၆၀၀၀ ကျော် နဲ့ သစ်မွှေး ထုတ် လုပ်နေသူ တစ်ဦး ဖြစ်ပါတယ်။

Aquilaria အပင် မျိုးသုဉ်းနိုင်တဲ့ အန္တရာယ် ကို ကာကွယ်ဖို့ အတွက် Aquilaria အပင် စိုက်ပျိုးဖို့စိတ်၀င်စားသူများကို APC ဟာ ချန် ရဲ့ သစ်မွှေး ထုတ်လုပ်ရေးခြံသို့ အလည်အပါတ်ခေါ်ပြီး စိုက်ပျိုး ထုတ်လုပ်ရေး နည်း စနစ်များပြသလေ့ရှိပါတယ်။

” Aquilaria အပင်တိုင်းမှာ သစ်မွှေး ထွက်တာ မဟုတ်ပါဘူး။ သဘာ၀ပင်တွေမှာ ဆိုရင် ၇ % လောက်ကပဲ သစ်မွှေး ထွက်ပါတယ်။ ဒါကြောင့် မှောင်ခို ခုတ်တဲ့ သူတွေ အနေနဲ့ လောင်းကစား လုပ်ပြီး ခုတ်ကြတဲ့အတွက်ကြောင့် ပိုပြီး မြန်မြန် မျိုးသုဉ်းရတာ ဖြစ်ပါတယ်” လို့ ယွမ်ဝါ ကဆိုပါတယ်။

မှောင်ခို သမားတွေ ကို Aquilaria အပင် ခိုးထုတ်နေတာ ဖမ်းမိရင် ထောင်ဒဏ် ၁၀ နှစ် ကျခံရမယ် လို့ အမိန့် ချမှတ်ထားပေမဲ့ သဘာ၀ သစ်မွှေး ကို မှောင်ခိုဈေးကွက်မှာရောင်းချရင်လည်း ပိုက်ဆံ အများအပြားရတဲ့ အတွက် မတားမြစ်နိုင်ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းက ရဲများ နဲ့ စိုက်ပျိုးရေး ၊မွေးမြူရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း အဖွဲ့ Agriculture, Fisheries and Conservation Department (AFCD) မှ မှောင်ခို သမားများကို တိုက်ဖျက်ဖို့ စစ်ဆင်ရေး ၃၅ ကြိမ် လုပ်ခဲ့ပြီး နောက်ပိုင်း သစ်ပင်တွေမှာ Electronic စောင့်ကြည့် ပစ္စည်းများနဲ့ ကင်မရာ များကို လည်း တပ်ဆင်ထားဖို့ ရှိတယ် လို့သိရပါတယ်။

ဟောင်ကောင်ဒေသ မှာ ပျိုးပင်တွေ စိုက်ပျိုးခြင်းက မှောင်ခို သမားတွေရဲ့ ရန်ကနေ မကာကွယ်နိုင်ပေမဲ့ Aquilaria အပင်စိုက်ပျိုးပြီး သစ်မွှေး ထုတ်လုပ်ခြင်းများကို စိတ်၀င်စား လာကြတဲ့ သူ များလာခြင်းဟာ ဟောင်ကောင် ရဲ့ အမွှေးအကြိုင် အပင်များ မျိုးသုဉ်းခြင်းကိုကာ ကွယ်နိုင်လိမ့်မယ်လို့ APC က ယုံကြည်ထားပါတယ်။

Credit – Arkar Hein
Ref : BBC / Mandalay Gazette

No comments:

Post a Comment