Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 15, 2019

နေပြည်တော်က ကောင်တွေကျ ဘာမှ မလုပ်ပဲ ငါတို့ကိုတော့ ထောင်ချတယ်

အထက်ပါ စကားများကို သေဒဏ်ကျခံသူ
နှစ်ဦးထဲမှ တဦးက တရားရုံး အထွက်တွင်
ဒီနေ့ အော်ဟစ် ပြောဆိုသွားကြောင်း ဧရာဝတီ
သတင်းမှာ ဖေါ်ပြထားပါတယ်။ နေုပြည်တော်
က ကောင်များသည် မည်သူကို ရည်ညွန်း
ကြောင်း သဲကွဲခြင်း မရှိဟုလည်း သတင်းတွင်
ရေးသားထားပါတယ်။

သို့သော် စစ်ထောက်လှမ်းရေးမှ ဗိုလ်ကြီး
အဆင့်ရှိသူ ဇေယျာဖြိုးအား အရေးကြီးသော
သက်သေခံပစ္စည်းများ ဖျောက်ဖျက်မူနဲ့ပဲ စွဲချက်
တင်ပြီး ထောင်ဒဏ် ငါးနှစ် သာ အပြစ်ပေးခဲ့
ပါတယ်။ (ပုံတွင် ဇေယျာဖြိုးအား တွေ့ရစဉ်)

ဒီအတွက် ဆိုရှယ် မီဒီယာများပေါ်တွင်
မကျေနပ်သံများ ပွက်လောရိုက်သွားခဲ့ရပါတယ်။
တရားလို ရှေ့နေ ဖြစ်သူ ဦးခင်အောင်ဌေးက
တော့ ယခင်က ဇေယျာဖြိုးအား လူသတ်ရန်
ကြိုတင်ကြံစည်မူ၊ အားပေးမူဖြင့် စွဲချက်တင်ခဲ့
ပြီးမှ သက်သေခံ ပစ္စည်းဖျောက်ဖျက်မူ အဖြစ်
ပြန်ပြောင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွက် စီရင်ချက်ကို ပြန်လည်ပြင်ဆင်
သတ်မှတ်ပေးရေး အတွက် အယူခံဝင်မယ်လို့
ပြောသွားခဲ့ပါတယ်။

အဆိုပါ အမှုကြီးကား အကြိမ်တရာကျော်မျ
ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ
၇၂ ဦး၊ တရားခံပြ သက်သေ ၄၀ ကို စစ်ဆေး
ခဲ့ပေမယ့်လည်း နောက်ကွယ်မှ ကြိုးကိုင်သူ
ကို ဖေါ်ထုတ်နိုင်ခဲ့ခြင်း မရှိတဲ့ အတွက်
တရားစီရင်ရေးမှာ အမဲကွက် စွန်းထင်သွားခဲ့
ှူရတဲ့ အမှူကြီး အဖြစ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါ
တယ်။

ဆိုရှယ်မီဒီယာများ ပေါ်တွင် ဒီအတိုင်းဆိုက
ဂဠန် ဦးစောကိုပင် ကြိုးမပေးသင့်သလို ဖြစ်
နေပြီဆိုကာ ပြင်းထန်စွာ ရူတ်ချလျက် ရှိနေပါ
တယ်။ ဦးစော ကိုတော့ ပြစ်ဒဏ်စီရင်ပြီး
ငါးလ အကြာမှာ ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။

ယခု သေဒဏ်စီရင်ခံရတဲ့ လူတွေကို တကယ်
ပဲ ကြိုးပေးကွပ်မျက်မလားဆိုတာတော့
တိတိကျကျ မသိရသေးပါဖူး၊ မြန်မာနိုင်ငံသည်
သေဒဏ် စီရင်ခြင်းကို တရားဝင် ပါယ်
ဖျက်ခြင်း မရှိသေးသော်လည်း ၁၉၈၈ နောက်
ပိုင်းတွင် တဦးတလေမျ ပင် ကြိုးစင်တက်ခဲ့ရ
သူ မရှိခဲ့ပါဖူး။

သို့သော်လည်း တရားခံများအား နောက်ကွယ်
မှ စေခိုင်းသူ မည်သူမည်ဝါ ဖြစ်သည်ကို
အသေးစိတ် ထုတ်ဖေါ်မည်ဆိုက သေဒဏ်မှ
လျော့ပေါ့ပေးမယ်ဆိုတဲ့ plea bargain မျိုး
တော့ ကြိုးစားကြည့်သင့်ပါတယ်။
လှစိုးဝေ

No comments:

Post a Comment