Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 14, 2019

ေဒၚေအာင္ဆန္းစုၾကည္ထံမွ Freedom of the City ဆု ျပန္႐ုပ္သိမ္းေတာ႔မည္


အိုင္ယာလန္ႏိုင္ငံ Galway ၿမိဳ႕က ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ီးျမွင့္ထားတဲ့ Freedom of the City ၿမိဳ႕ရဲ႕ဂုဏ္ထူးေဆာင္ဆုကို ျပန္ၿပီးရုပ္သိမ္းဖို႔ တနလၤာေန႔က ၿမိဳ႕ေတာ္ေကာင္စီအဖဲြ႔က ဆံုးျဖတ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ လူ႕အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ဆက္ၿပီးျဖစ္ေနတာ၊ ရိုဟင္ဂ်ာေတြ သိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ အတင္းအၾကပ္ေမာင္းထုတ္ခဲ့တဲ့ျဖစ္ရပ္ စတာေတြမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ

တာ၀န္ရွိေနသူတဦးျဖစ္ေနတဲ့အတြက္ လူ႔အခြင့္အေရး ဂုဏ္ထူးေဆာင္ဆုနဲ႔ ထိုက္တန္မႈမရွိေတာ့ဘူးလို႔ ၿမိဳ႕ေတာ္ေကာင္စီအဖဲြ႔က ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္ၿပီး တင္ျပမွာပါ။ၿမိဳ႕ရဲ႕ ဂုဏ္ထူးေဆာင္ဆုကို အခုလို ျပန္ၿပီးရုပ္သိမ္းတဲ့ျဖစ္ရပ္ဟာ Galway ၿမိဳ႕အတြက္ ပထမဆံုးအႀကိမ္ျဖစ္ပါတယ္။

၂၀၁၆ခုနွစ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ရိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ ရက္စက္ျပင္းထန္လွတဲ့ ဖိႏွိပ္မႈနဲ႔ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ႏႈတ္ဆိတ္ေနခဲ့ၿပီး

လူမ်ဳိးတုန္းသတ္ျဖတ္မႈက်ဴးလြန္ခဲ့တယ္ဆိုတဲ့ အေျခအေနထိ ဆိုးရြားလာခဲ့တဲ့အေပၚမွာ ႏိုင္ငံတကာက ေဒၚေအာင္ဆန္းစုၾကည္ ကို ၀ိုင္း၀န္းေမးခြန္းထုတ္ခဲ့ၿပီးေနာက္ Galway ၿမိဳ႕က လူ႔အခြင့္အေရး လႈပ္ရွားသူေတြဟာ သူတို႔ေပးထားတဲ့ ဆုကို ျပန္ရုပ္သိမ္းဖို႔ ၂၀၁၇ခုႏွစ္မွာ စတင္ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

ဥပေဒနည္းလမ္း လုပ္ထံုးလုပ္နည္းနဲ႕အညီေဆာင္ရြက္ခဲ့ရတဲ့အတြက္ အခုလို ႏွစ္နွစ္ေလာက္ၾကာၿပီးခ်ိန္မွာ Galway ၿမိဳ ႔ေတာ္ေကာင္စီအဖဲြ႔မွာ မဲခဲြ ဆံုးျဖတ္ႏိုင္ခဲ့တာျဖစ္တယ္လုိ႔ အိုင္ယာလန္ႏိုင္ငံက ရိုဟင္ဂ်ာ

အေရးေဆာင္ရြက္ေနတဲ့အဖဲြ႔ Rohingya Action Ireland အတြင္းေရးမွဴး Galway ၿမိဳ႕ရဲ႕ Carlow ေကာလိပ္ေက်ာင္း နည္းျပဆရာမ Stephanie McDermott က ဗီြအိုေအကိုေျပာပါတယ္။

“အိုင္ယာလန္ႏိုင္ငံ Galway ၿမိဳ႕မွာ ေဖေဖၚ၀ါရီလ (၁၁)ရက္ တနလၤာေန႔က ၿမိဳ႕ေတာ္ေကာင္စီ အဖဲြ႔ကေန ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ီးျမွင့္ထားတဲ့ Freedom of the City လြတ္ေျမာက္ေရးဆုကို ျပန္ရု

ပ္သိမ္းဖို႔ မဲေပးဆံုးျဖတ္ခဲ့ၾကပါတယ္။ မဲေပးၾကတဲ့အထဲမွာ ေထာက္ခံမဲ ၁၃ မဲ၊ ၾကားေနမဲ ၂ မဲ နဲ႕ ပ်က္ကြက္မဲ ၂ မဲ နဲ႔ ဆုကို ျပန္ရုပ္သိမ္းဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ဆီကေန ဒီဆုကို ျပန္ၿပီးရုပ္သိမ္းတဲ့ေနရာမွာ အဓိကမီးေမွာင္းထုိးျပခ်င္တဲ့ အခ်က္ေတြနဲ႔ ပတ္သက္လို႔ Stephanie McDermott ကအခုလို ရွင္းျပပါတယ္။

“တသားတည္းရွိေနတယ္ဆိုတဲ့ အမွာစကားလည္းျဖစ္သလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာစစ္တပ္ကို သိေစခ်င္တာက ဘာေတြျဖစ္ပ်က္ေနလဲ ဆိုတာ က်မတို႔သိေနၿပီး ရိုဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုန္းသတ္ျ

ဖတ္မႈ က်ဴးလြန္ခဲ့တဲ့ျဖစ္ရပ္ေတြကို အိုင္ယာလန္ျပည္သူေတြ ဘယ္ေတာ့မွ ေမ႔ေပ်ာက္ထားမွာ မဟုတ္ဘူးဆိုတာ၊ ေနာက္ ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးခ်ဴိးေဖာက္မႈေတြ ဆက္ၿပီးျဖစ္ေနတယ္ဆိုတာ က်မတို႔သိေနတယ္ဆိုတဲ့ အခ်က္ပါ။”

အခုလို ၿမိဳ႕ရဲ႕ ဂုဏ္ထူးေဆာင္ဆုကို ျပန္ၿပီးရုပ္သိမ္းတဲ့အေပၚမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တုန္႔ျပန္ခ်က္ကို သိရပါသလားလို႔ ေမးၾကည့္ေတာ့-“ဂုဏ္ျပဳဆုေတြကို ေပးလိုက္ ျပန္ရုပ္သိမ္းလိုက္ဆိုတာမ်ဳိး ရွိမွာပဲ

လို႔ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ တရား၀င္ သူ႔သေဘာထားကို ထုတ္ေဖၚေျပာဆိုထားၿပီသာပါ။ ေနာက္ၿပီး အခုက်မတို႔ Galway ၿမိဳ႕ရဲ႕ ဂုဏ္ထူးေဆာင္ဆုကိုလည္း သူ႔အေနနဲ႔ စိတ္၀င္စားျခင္းလည္း မရွိပါဘူး။

က်မတို႔ၿမိဳ႕အရြယ္အစားကလည္း ေသးပါတယ္။ အဲေတာ့ ဒီဆုကို ရုပ္သိမ္းလိုက္လို႔ သူ႔အေနနဲ႔ ထူးထူးျခားျခား ဘာမွျဖစ္မသြားေပမဲ့ရိုဟင္ဂ်ာေတြအတြက္ က်မတို႔ ေပးခ်င္တဲ့ အမွာစကားကေတာ့ သူတို႔နဲ႕အတူ က်မတို႔ ရွိေနတယ္၊ သူတို႔အေပၚ ရက္ရက္စက္စက္ ညွမ္းပန္း ဖိနွိပ္မႈေတြကို က်မတို႔ ဘယ္ေတာ့မွ ေမ့ထားမွာ မဟုတ္ဘူးဆိုတာျဖစ္ပါတယ္။

ေနာက္ၿပီး ဒီလိုျပင္းထန္လွတဲ့ ဖိႏွိပ္မႈေတြ ဆက္ၿပီးျဖစ္ေနတာကို က်မတို႔ ေခတ္ကာလမွာ မ်က္ျမင္သက္ေသအေနနဲ႔ ဆက္ၿပီး ျမင္ေတြ႕ေနရ တာကို မလိုလားဘူးဆိုတာ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအသိုင္းအ၀ိုင္းကို အသိေပးလိုက္တာျဖစ္ပါတယ္။”

အရင္က စစ္အာဏာရွင္ေတြရဲ႕ ဖိႏွိပ္မႈေတြကို ရဲရဲ၀င့္၀င့္ ေျပာဆိုရွဳတ္ခ်ခဲ့တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံတကာက ေလးစားဂုဏ္ျပဳ ရပ္တည္ခဲ့တဲ့အထဲမွာ Galway ၿမိဳ႕သူၿမိဳ႕သားေတြကလည္းပါ၀င္ၿပီး သူတို႔ၿမိဳ႕ရဲ႕ ဂုဏ္ထူးေဆာင္ဆုကို ၂၀၀၅ခုႏွစ္ ေနအိမ္အက်ယ္ခ်ဳပ္က်ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေပးအပ္ခ်ီးျမွင့္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အခုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူကိုယ္တိုင္ ဖိႏွိပ္သူျဖစ္လာတယ္ဆိုတာကိုေတြ႕ျမင္လာရတယ္လို႔ Stephanie McDermott ကေျပာပါတယ္။“၂၀၀၅ ခုႏွစ္တုန္းက ေဒၚေအာင္ဆန္းစုၾက

ည္ကိုယ္တိုင္ ေနအိမ္အက်ယ္ခ်ဳပ္က်ေနသလို၊ လူ႕အခြင့္အေရး ဖိႏွိပ္မႈေတြနဲ႔ပတ္သက္ရင္လည္း ဆန္႔က်င္ကန္႔ကြက္ေျပာဆိုခဲ့သူျဖစ္ပါတယ္။ သူ႔ကို ဒီဆု ခ်ီးျမွင့္တဲ့ အခ်ိန္တုန္းကဆိုရင္ Galway ၿမိဳ႕က လူအေတာ္မ်ားမ်ား စုေ၀းဂုဏ္ျပခဲ့ၾကတာပါ။

အဲဒီအခ်ိန္တုန္းက က်မတို႔လုပ္ရပ္မွန္ကန္ခဲ့ပါတယ္။ လူ႔အခြင့္အေရးနဲ႔ပတ္သက္ရင္ ရဲရဲ၀င့္၀င့္ထုတ္ေဖၚေျပာဆိုသူကို က်မတို႔ တန္ဖိုးထားပါတယ္။ ဒါေပမဲ့ အေျခအေနေတြေျပာင္းလဲခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္က သူအာဏာရလာတဲ့အခ်ိန္မွာ သူအရင္က ေျပာခဲ့တဲ့၊ ေပးခဲ့တဲ့ ကတိေတြအတိုင္း မလုပ္ခဲ့ပါဘူး။

အဲဒါကဘာလည္းဆိုေတာ့ ဖိႏွိပ္ခံရသူ ျဖစ္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူကိုယ္တိုင္ ဖိႏွိပ္တဲ့သူ ျဖစ္လာတယ္ဆိုတာ က်မတို႔ ေတြ႕ျမင္ခံစားရပါတယ္။”ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႕ ရခိုင္ျပည္နယ္ ပဋိပကၡမွာ ရိုဟင္ဂ်ာေတြအၾကမ္းဖက္ ဖိနွပ္ခဲ့မႈကို အခ်ိန္မွီ အေရးယူလုပ္ေဆာင္ဖို႔ ပ်က္ကြက္တာ၊

စစ္တပ္ရဲ႕ က်ဴးလြန္မႈေတြကို ကန္႕ကြက္ ေျပာဆိုေထာက္ျပျခင္းမရွိတာ စတာေတြေၾကာင့္ သူ႔ကို ခ်ီးျမွင့္ထားတဲ့ ဆုေတြျပန္ရုပ္သိမ္းခံေနရတဲ့အထဲ အခုေနာက္ဆံုး Galway ၿမိဳ႕ရဲ႕ ဂုဏ္ထူးေဆာင္ဆုအပါအ၀င္ စုစုေပါင္း ၁၀ ဆုေက်ာ္ေလာက္ရွိသြားပါၿပီ။

အဲဒီထဲ ထင္ရွားတဲ့ ႏိုင္ငံတကာ ဂုဏ္ထူးေဆာင္ဆု တခ်ဳိ႕ကေတာ့ ၂၀၁၈ ႏို၀င္ဘာလက ရုပ္သိမ္းခဲ့တဲ့ AI ရဲ႕ အျမင့္ဆံုး လူ႔အခြင့္အေရးဆုျဖစ္တဲ့ International Ambassador of Conscience

Award ႏိုင္ငံတကာ ယံုၾကည္ခ်က္ဆိုင္ရာ ဂုဏ္ထူးေဆာင္ သံတမန္ဆု၊ ၂၀၁၈ ေအာက္တိုဘာလက ကေနဒါႏိုင္ရဲ႕ ႏိုင္ငံသားဂုဏ္ထူးေဆာင္ဆု၊ မတ္လက အေမရိကန္ျပည္ေထာင္စု Holocaust ျပတိုက္က ေပးအပ္ခဲ့တဲ့ Elie Weisel ဆု ေတြလည္း ပါ၀င္ပါတယ္။VOA Burmese News

Unicode

အိုင်ယာလန်နိုင်ငံ Galway မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City မြို့ရဲ့ဂုဏ်ထူးဆောင်ဆုကို ပြန်ပြီးရုပ်သိမ်းဖို့ တနင်္လာနေ့က မြို့တော်ကောင်စီအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတာ၊ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အတင်းအကြပ်မောင်းထုတ်ခဲ့တဲ့ဖြစ်ရပ် စတာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ

တာဝန်ရှိနေသူတဦးဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဆုနဲ့ ထိုက်တန်မှုမရှိတော့ဘူးလို့ မြို့တော်ကောင်စီအဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကို အခုလို ပြန်ပြီးရုပ်သိမ်းတဲ့ဖြစ်ရပ်ဟာ Galway မြို့အတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်က

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ပြင်းထန်လှတဲ့ ဖိနှိပ်မှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့ပြီး

လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ အခြေအနေထိ ဆိုးရွားလာခဲ့တဲ့အပေါ်မှာ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် ကို ၀ိုင်းဝန်းမေးခွန်းထုတ်ခဲ့ပြီးနောက် Galway မြို့က လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ သူတို့ပေးထားတဲ့ ဆုကို ပြန်ရုပ်သိမ်းဖို့ ၂၀၁ရခုနှစ်မှာ စတင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဥပဒေနည်းလမ်း လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ခဲ့ရတဲ့အတွက် အခုလို နှစ်နှစ်လောက်ကြာပြီးချိန်မှာ Galway မြို ့တော်ကောင်စီအဖွဲ့မှာ မဲခွဲ ဆုံးဖြတ်နိုင်ခဲ့တာဖြစ်တယ်လို့ အိုင်ယာလန်နိုင်ငံက ရိုဟင်ဂျာ

အရေးဆောင်ရွက်နေတဲ့အဖွဲ့ Rohingya Action Ireland အတွင်းရေးမှူး Galway မြို့ရဲ့ Carlow ကောလိပ်ကျောင်း နည်းပြဆရာမ Stephanie McDermott က ဗွီအိုအေကိုပြောပါတယ်။

“အိုင်ယာလန်နိုင်ငံ Galway မြို့မှာ ဖေဖေါ်ဝါရီလ (၁၁)ရက် တနင်္လာနေ့က မြို့တော်ကောင်စီ အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City လွတ်မြောက်ရေးဆုကို ပြန်ရုပ်သိမ်းဖို့ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။ မဲပေးကြတဲ့အထဲမှာ ထောက်ခံမဲ ၁၃ မဲ၊ ကြားနေမဲ ၂ မဲ နဲ့ ပျက်ကွက်မဲ ၂ မဲ နဲ့ ဆုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီဆုကို ပြန်ပြီးရုပ်သိမ်းတဲ့နေရာမှာ အဓိကမီးမှောင်းထိုးပြချင်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ Stephanie McDermott ကအခုလို ရှင်းပြပါတယ်။

“တသားတည်းရှိနေတယ်ဆိုတဲ့ အမှာစကားလည်းဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်ကို သိစေချင်တာက ဘာတွေဖြစ်ပျက်နေလဲ ဆိုတာ ကျမတို့သိနေပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း

သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေကို အိုင်ယာလန်ပြည်သူတွေ ဘယ်တော့မှ မေ့ပျောက်ထားမှာ မဟုတ်ဘူးဆိုတာ၊ နောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိူးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတယ်ဆိုတာ ကျမတို့သိနေတယ်ဆိုတဲ့ အချက်ပါ။”

အခုလို မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကို ပြန်ပြီးရုပ်သိမ်းတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်ချက်ကို သိရပါသလားလို့ မေးကြည့်တော့-“ဂုဏ်ပြုဆုတွေကို ပေးလိုက် ပြန်ရုပ်သိမ်းလိုက်ဆိုတာမျိုး ရှိမှာပဲလို့ ဒေါ်

အောင်ဆန်းစုကြည်ကတော့ တရားဝင် သူ့သဘောထားကို ထုတ်ဖေါ်ပြောဆိုထားပြီသာပါ။ နောက်ပြီး အခုကျမတို့ Galway မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကိုလည်း သူ့အနေနဲ့ စိတ်ဝင်စားခြင်းလည်း မရှိပါဘူး။

ကျမတို့မြို့အရွယ်အစားကလည်း သေးပါတယ်။ အဲတော့ ဒီဆုကို ရုပ်သိမ်းလိုက်လို့ သူ့အနေနဲ့ ထူးထူးခြားခြား ဘာမှဖြစ်မသွားပေမဲ့ရိုဟင်ဂျာတွေအတွက် ကျမတို့ ပေးချင်တဲ့ အမှာစကားကတော့ သူတို့နဲ့အတူ

ကျမတို့ ရှိနေတယ်၊ သူတို့အပေါ် ရက်ရက်စက်စက် ညှမ်းပန်း ဖိနှိပ်မှုတွေကို ကျမတို့ ဘယ်တော့မှ မေ့ထားမှာ မဟုတ်ဘူးဆိုတာဖြစ်ပါတယ်။

နောက်ပြီး ဒီလိုပြင်းထန်လှတဲ့ ဖိနှိပ်မှုတွေ ဆက်ပြီးဖြစ်နေတာကို ကျမတို့ ခေတ်ကာလမှာ မျက်မြင်သက်သေအနေနဲ့ ဆက်ပြီး မြင်တွေ့နေရ တာကို မလိုလားဘူးဆိုတာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးလိုက်တာဖြစ်ပါတယ်။”

အရင်က စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ရဲရဲဝင့်ဝင့် ပြောဆိုရှုတ်ချခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လေးစားဂုဏ်ပြု ရပ်တည်ခဲ့တဲ့အထဲမှာ Galway မြို့သူမြို့သားတွေကလည်းပါဝင်ပြီး သူတို့မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကို ၂၀၀၅ခုနှစ် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် ဖိနှိပ်သူဖြစ်လာတယ်ဆိုတာကိုတွေ့မြင်လာရတယ်လို့ Stephanie McDermott ကပြောပါတယ်။“၂၀၀၅ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်

ကိုယ်တိုင် နေအိမ်အကျယ်ချုပ်ကျနေသလို၊ လူ့အခွင့်အရေး ဖိနှိပ်မှုတွေနဲ့ပတ်သက်ရင်လည်း ဆန့်ကျင်ကန့်ကွက်ပြောဆိုခဲ့သူဖြစ်ပါတယ်။ သူ့ကို ဒီဆု ချီးမြှင့်တဲ့ အချိန်တုန်းကဆိုရင် Galway မြို့က လူအတော်များများ စုဝေးဂုဏ်ပြခဲ့ကြတာပါ။

အဲဒီအချိန်တုန်းက ကျမတို့လုပ်ရပ်မှန်ကန်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ရဲရဲဝင့်ဝင့်ထုတ်ဖေါ်ပြောဆိုသူကို ကျမတို့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အခြေအနေတွေပြောင်းလဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူအာဏာရလာတဲ့အချိန်မှာ သူအရင်က ပြောခဲ့တဲ့၊ ပေးခဲ့တဲ့ ကတိတွေအတိုင်း မလုပ်ခဲ့ပါဘူး။

အဲဒါကဘာလည်းဆိုတော့ ဖိနှိပ်ခံရသူ ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် ဖိနှိပ်တဲ့သူ ဖြစ်လာတယ်ဆိုတာ ကျမတို့ တွေ့မြင်ခံစားရပါတယ်။”ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ရိုဟင်ဂျာတွေအကြမ်းဖက် ဖိနှပ်ခဲ့မှုကို အချိန်မှီ အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်တာ၊

စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကန့်ကွက် ပြောဆိုထောက်ပြခြင်းမရှိတာ စတာတွေကြောင့် သူ့ကို ချီးမြှင့်ထားတဲ့ ဆုတွေပြန်ရုပ်သိမ်းခံနေရတဲ့အထဲ အခုနောက်ဆုံး Galway မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုအပါအဝင် စုစုပေါင်း ၁၀ ဆုကျော်လောက်ရှိသွားပါပြီ။

အဲဒီထဲ ထင်ရှားတဲ့ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆု တချို့ကတော့ ၂၀၁၈ နိုဝင်ဘာလက ရုပ်သိမ်းခဲ့တဲ့ AI ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ International Ambassador of Conscience

Award နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆု၊ ၂၀၁၈ အောက်တိုဘာလက ကနေဒါနိုင်ရဲ့ နိုင်ငံသားဂုဏ်ထူးဆောင်ဆု၊ မတ်လက အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက်က ပေးအပ်ခဲ့တဲ့ Elie Weisel ဆု တွေလည်း ပါဝင်ပါတယ်။VOA Burmese News

No comments:

Post a Comment