Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 4, 2019

ဆီးခ်ိဳ သမား အနာျဖစ္လွ်င္ နည္းလမ္းႏွစ္သြယ္

ဆီးခ်ိဳေ၀ဒနာရွင္တို႔ ထိခိုက္မွဳမရွိေအာင္ အေတာ္သတိထားေနရပါသည္။ထိခိုက္ပြန္းပဲ႔ဒဏ္ ရာသည္ ဆီးခ်ိဳေရာဂါမွ သၾကားဓာတ္အခ်ိဳ႕ ေၾကာင့္အနာေျခာက္ေသြ႔ေပ်ာက္ကင္းမွဳမရွိဘဲ မလိုလားေသာပိုးမႊားမ်ား၀င္ ေရာက္၍ အသက္အႏၱရာယ္ထိခိုက္သည္အထိျဖစ္တတ္ေသာ ေၾကာင့္ျဖစ္ပါ သည္။မိတ္ေဆြရဲတပ္ၾကပ္ၾကီးတစ္ဦး ဆီးခ်ိဳ ေရာဂါအသက္(၅၀)ေက်ာ္တြင္ျဖစ္ခဲ႔သည္။

တစ္ေန႔စစ္ဆင္ေရးတာ၀န္ထမ္းေဆာင္ရင္းဆူး ေျငာင့္ၾကီးစူးရာမွ ဖေနာင့္တြင္အနာတရျဖစ္ခဲ႔သည္။ ဆီးခ်ိဳေရာဂါအခံရွိ၍လခ်ီေသာ္လည္းအနာမေပ်ာက္ပါ။တျဖည္းျဖည္းအနာလိွဳက္စားသြားကာ လက္ညိွဳးတစ္ဆစ္ႏွစ္ဆစ္အထိတြင္းနက္ၾကီးျဖစ္သြားခဲ႔သည္။ထိုအနာေခါင္းအားယူေဇာပတ္တီးစထိုးသြင္းျပီး လမ္းေလွ်ာက္ရသည္။ သံုးႏွစ္ခန္႔ၾကာေသာ္လည္းထိုအနာသည္မေပ်ာက္ဘဲ ေနာက္ဆံုးယင္းအနာႏွင့္ပင္ အသက္ဆံုးရွဳံးခဲ႔ရသည္။

ဆီးခ်ိဳအနာေပ်ာက္ကင္းေစရန္နည္းလမ္းႏွစ္သြယ္

(၁) ခ်ဥ္ေပါင္ရြက္လက္တစ္ဆုပ္ခန္႔ကိုခူးယူေရစင္ ေအာင္ေဆးျပီး ထမင္းျဖဴခဲႏွင့္ ပတ္စာ သားက် ေအာင္ညက္စြာၾကိတ္၍ အနာေပၚအံုေပး ကပ္ေပး ရသည္။တစ္ေန႔ႏွစ္ၾကိမ္လဲကပ္ေပးပါ။အနာက်က္ျပီး ေပ်ာက္ကင္းေစပါသည္။

(၂) ဆိတ္ဖလူးပင္မွ အရြက္လက္တစ္ဆုပ္ခူး၍ ေရစင္ေအာင္ေဆးျပီး မီးဖိုေခ်ာင္သံုးရိုးရိုး ဆား အနည္းငယ္ထည့္ၾကိတ္၍သတၱဳရည္ညွစ္ယူပါ။ ထိုသတၱဳရည္ႏွင့္ဆီးခ်ိဳရွိသူ၏အနာမွန္သမွ် တစ္ေန႔သံုးခါလိမ္းေပးပါ။ အနာအျမန္ဆံုးေပ်ာက္ ကင္းသြားပါလိမ္႔မည္။

သိသူတို႔က ဆိပ္ဖလူးကို ဆိပ္ဘီးလူးဟုေခၚေၾကာင္း၊လူကိုအႏၱရာယ္ေပးေသာအဆိပ္တို႔ကို ဘီးလူး သဖြယ္စုပ္ယူတတ္ျခင္းေၾကာင့္ဟုဆိုပါသည္။

ေဆးက်မ္းတို႔တြင္ အံၾသဖြယ္ဆိပ္ဖလူးပင္ေဆး စြမ္းအင္တို႔ကမ်ား လွပါသည္။ သိမီသမွ်အသံုးလိုသူတို႔အတြက္မွ်ေ၀ေပးလိုက္ပါသည္။
thadinyatkwat

# Unicode Version # ျဖင့္ ဖတ္ပါ #

ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှုမရှိအောင် အတော်သတိထားနေရပါသည်။ထိခိုက်ပွန်းပဲ့ဒဏ် ရာသည် ဆီးချိုရောဂါမှ သကြားဓာတ်အချို့ ကြောင့်အနာခြောက်သွေ့ပျောက်ကင်းမှုမရှိဘဲ မလိုလားသောပိုးမွှားများဝင် ရောက်၍ အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်တတ်သော ကြောင့်ဖြစ်ပါ သည်။မိတ်ဆွေရဲတပ်ကြပ်ကြီးတစ်ဦး ဆီးချို ရောဂါအသက်(၅၀)ကျော်တွင်ဖြစ်ခဲ့သည်။

တစ်နေ့စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်းဆူး ငြောင့်ကြီးစူးရာမှ ဖနောင့်တွင်အနာတရဖြစ်ခဲ့သည်။ ဆီးချိုရောဂါအခံရှိ၍လချီသော်လည်းအနာမပျောက်ပါ။တဖြည်းဖြည်းအနာလှိုက်စားသွားကာ လက်ညှိုးတစ်ဆစ်နှစ်ဆစ်အထိတွင်းနက်ကြီးဖြစ်သွားခဲ့သည်။ထိုအနာခေါင်းအားယူဇောပတ်တီးစထိုးသွင်းပြီး လမ်းလျှောက်ရသည်။ သုံးနှစ်ခန့်ကြာသော်လည်းထိုအနာသည်မပျောက်ဘဲ နောက်ဆုံးယင်းအနာနှင့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။

ဆီးချိုအနာပျောက်ကင်းစေရန်နည်းလမ်းနှစ်သွယ်

(၁) ချဉ်ပေါင်ရွက်လက်တစ်ဆုပ်ခန့်ကိုခူးယူရေစင် အောင်ဆေးပြီး ထမင်းဖြူခဲနှင့် ပတ်စာ သားကျ အောင်ညက်စွာကြိတ်၍ အနာပေါ်အုံပေး ကပ်ပေး ရသည်။တစ်နေ့နှစ်ကြိမ်လဲကပ်ပေးပါ။အနာကျက်ပြီး ပျောက်ကင်းစေပါသည်။

(၂) ဆိတ်ဖလူးပင်မှ အရွက်လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံးရိုးရိုး ဆား အနည်းငယ်ထည့်ကြိတ်၍သတ္တုရည်ညှစ်ယူပါ။ ထိုသတ္တုရည်နှင့်ဆီးချိုရှိသူ၏အနာမှန်သမျှ တစ်နေ့သုံးခါလိမ်းပေးပါ။ အနာအမြန်ဆုံးပျောက် ကင်းသွားပါလိမ့်မည်။

သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟုခေါ်ကြောင်း၊လူကိုအန္တရာယ်ပေးသောအဆိပ်တို့ကို ဘီးလူး သဖွယ်စုပ်ယူတတ်ခြင်းကြောင့်ဟုဆိုပါသည်။

ဆေးကျမ်းတို့တွင် အံသြဖွယ်ဆိပ်ဖလူးပင်ဆေး စွမ်းအင်တို့ကများ လှပါသည်။ သိမီသမျှအသုံးလိုသူတို့အတွက်မျှဝေပေးလိုက်ပါသည်။
thadinyatkwat

No comments:

Post a Comment