Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 4, 2019




.
.



.

.


အမှတ်စဉ် (က) (ခ) (ဂ) ၏
.








.

.


Credit

#အထွေထွေဗဟုသုတ
Unicode

ဆုတောင်းပြည့် ပဋ္ဌာန်း + ဂုဏ်တော်ကိုးပါး ပုတီးစိပ်နည်း
(က) ပုတီးကျင့်စဉ် ဆောင်ရွက်နေစဉ် လိုက်နာရမည့်အချက်-

ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းပြီး နေ့စဉ် ရက်မကျော်စေဘဲ အချိန်မှန်၊ နေရာမှန်စွာဖြင့် ဘုရားဂုဏ်တော်ကိုးပါးအတွက် (၉)ရက် ဆက်တိုက် ကျင့်ဆောင်ရပါမည်။
.

(ခ) ပုတီးမစိပ်မီ ပြင်ဆင်ခြင်း-

မိမိအိမ်ရှိ ဘုရားဆင်းတုတော်အား ရေသပ္ပာယ်လိုက်ပြီး သံလင်ပန်းတချပ်၏ အလယ်တွင် ဆင်းတုတော်အား စံပယ်တော်မူစေပြီး ဘေးပတ်လည်မှ မိမိကြိုက်နှစ်သက်ရာ အရွယ်အစားတူ အလင်းတိုင် (၂၄)တိုင်အား ပဋ္ဌာန်းဒေသနာတော် (၂၄)ပစ္စည်းအတွက် ရည်စူးပြီး ဆီမီးပူဇော်ရပါမည်။
.

(ဂ) ပုတီးစိပ်ကျင့်စဉ် ဆောင်ရွက်ခြင်း-

၁၀၈-လုံးပါ ပုတီးဖြင့် ကျင့်စဉ်ဝင်ရောက်ရပါမည်။
.

(၁) ဟောတု ပစ္စယော-(ပုတီးတလုံးချ)
(၂) အာရမ္မဏ ပစ္စယော-(ပုတီးတလုံးချ)
(၃) အဓိပတိ ပစ္စယော-(ပုတီးတလုံးချ)
(၄) အနန္တရ ပစ္စယော-(ပုတီးတလုံးချ)
(၅) သမနန္တရ ပစ္စယော-(ပုတီးတလုံးချ)
(၆) သဟဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၇) အညမည ပစ္စယော-(ပုတီးတလုံးချ)
(၈) နိဿယ ပစ္စယော-(ပုတီးတလုံးချ)
(၉) ဥပနိဿယ ပစ္စယော-(ပုတီးတလုံးချ)
(၁၀) ပုရေဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၁၁) ပစ္ဆာဇာတ ပစ္စယော-(ပုတီးတလုံးချ)
(၁၂) အာသေဝန ပစ္စယော-(ပုတီးတလုံးချ)
(၁၃) ကမ္မ ပစ္စယော-(ပုတီးတလုံးချ)
(၁၄) ဝိပါက ပစ္စယော-(ပုတီးတလုံးချ)
(၁၅) အာဟာရ ပစ္စယော-(ပုတီးတလုံးချ)
(၁၆) ဣန္ဒြိယ ပစ္စယော-(ပုတီးတလုံးချ)
(၁၇) ဈာန ပစ္စယော-(ပုတီးတလုံးချ)
(၁၈) မဂ္ဂ ပစ္စယော-(ပုတီးတလုံးချ)
(၁၉) သမ္ပယုတ္တ ပစ္စယော-(ပုတီးတလုံးချ)
(၂၀) ဝိပ္ပယုတ္တ ပစ္စယော-(ပုတီးတလုံးချ)
(၂၁) အတ္ထိ ပစ္စယော-(ပုတီးတလုံးချ)
(၂၂) နတ္ထိ ပစ္စယော-(ပုတီးတလုံးချ)
(၂၃) ဝိဂတ ပစ္စယော-(ပုတီးတလုံးချ)
(၂၄) အဝိဂတ ပစ္စယော-(ပုတီးတလုံးချ)
(က) သော ဘဂဝါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
(ခ) သော ဘဂဝါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
(ဂ) သော ဘဂဝါ ဣတိပိ အရဟံ-(ပုတီးတလုံးချ)
.

အထက်ပါ အမှတ်စဉ် (၁) မှ အမှတ်စဉ် (ဂ) ထိ ပုတီးတလုံးကျ စိပ်လျှင် (၂၇) လုံးစိပ်ရပါမည် ။

(၄) ကြိမ်စပ်မိပါက ၁၀၈ လုံးဖြစ်ကာ ပုတီးတပတ်ပြည့်ပါမည်။

ပုတီးတကုံးတွင်း ပုတီးစေ့ စုစုပေါင်း (၁၀၈) လုံး ရှိပါသည်။
.

အထက်ပါအတိုင်း ပထမနေ့တွင် (ပဋ္ဌာန်း+ဂုဏ်တော်) ပုတီး (၉) ပတ် စိပ်ရပါမည်။
.

ဆက်လက်ပြီး နောက်ရက်များတွင်

အမှတ်စဉ် (က) (ခ) (ဂ) ၏
.
သော ဘဂဝါ ဣတိပိ အရဟံ- အစား

ဒုတိယနေ့တွင် သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊

တတိယနေ့တွင် သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော၊

စတုတ္ထနေ့တွင် သော ဘဂဝါ ဣတိပိ သုဂတော၊

ပဉ္စမနေ့တွင် သော ဘဂဝါ ဣတိပိ လောကဝိဒူ၊

ဆဌမနေ့တွင် သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊

သတ္တမနေ့တွင် သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊

အဌမနေ့တွင် သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊

နဝမနေ့တွင် သော ဘဂဝါ ဣတိပိ ဘဂဝါ၊
.

ဟူ၍ အစားထိုးကာ (ပဋ္ဌာန်း+ ဂုဏ်တော်) ပုတီးစိတ်အား တနေ့လျှင် (၉)ပတ်နှုန်းဖြင့် ဆက်တိုက် (၉)ရက် ပုတီးစိပ် ကျင့်ဆောင်ရပါမည်။
.

ကျင့်ကြံအားထုတ်မှုအပေါ် မူတည်၍
ကျင့်ကြံအားကောင်းလျှင် ကောင်းသလို
အကျိုးပေးခံစားရမည် ဖြစ်ပါသည်။

ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
Credit
#နှလုံးသားမှာဘုရားတည်ကြမည်

No comments:

Post a Comment