Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 4, 2019

သင့္ရဲ႕အီအီးအေရာင္ေတြကေျပာတဲ့သင့္က်န္းမာေရး


က်န္းမာေရးပံုမွန္ျဖစ္ေနတဲ့လူတစ္ေယာက္ရဲ႕အီအီးအေရာင္ဟာဘာေရာင္ျဖစ္မယ္လို႔သင္ထင္ပါသလဲ။ အညိဳေရာင္ပါ ။ တကယ္လို႔သင့္ရဲ႕အီအီးေတြဟာအေရာင္ေျပာင္းလာခဲ့မယ္ဆိုရင္ သင့္ရဲ႕က်န္းမာေရးဟာလည္းေျပာင္းလဲလာတယ္ဆိုတဲ့သေဘာကိုေဆာင္ေနပါတယ္။ အဲ့ဒီလိုအေရာင္ေတြေျပာင္းလဲတတ္တဲ့ အီအီးေတြအေၾကာင္းဗဟုသုတကို ေျပာခ်င္လြန္းလို႔ ပရိတ္သတ္ႀကီးဆီအေရာက္ပို႔ေပးလိုက္ပါတယ္ေနာ္။

အျဖဴေရာင္ေလးပါပဲျဖစ္ေနရင္
သင့္ရဲ႕အီအီးေလးေတြဟာ ျဖဴေနရင္ ဒါမွမဟုတ္ ၊ မီးခိုေရာင္သန္းေနရင္ေတာ့ သင့္ရဲ႕ ကိုယ္တြင္းကလီစာေတြျဖစ္တဲ့ အသည္း သို႔မဟုတ္ သည္းေျခမွာ ျပႆနာတစ္ခုခုျဖစ္ေနျပီဆိုတဲ့သေဘာပါ။အဲ့ဒီလို အျဖဴေရာင္ ျဖစ္ေနခဲ့မယ္ဆိုရင္ျဖစ္ႏိုင္ေျခမ်ားတဲ့သင့္က်န္းမာေရးအေျခအေနက သည္းေျခနဲ႔ဆိုင္တဲ့ သည္းေျခႁပြန္ေတြပိတ္ေနမယ္ ၊ အသည္းေျခာက္မယ္ ။ သည္းေျခေက်ာက္တယ္မယ့္ အေျခေနေတြနဲ႔သင္ရင္ဆိုင္ရေတာ့မွာပါ ။

ခပ္စိမ္းစိမ္းေလးျဖစ္ေနမယ္ဆိုရင္
သင့္ရဲ႕အီအီးေလးေတြဟာ အစိမ္းေရာင္ျဖစ္ေနတာကေတာ့အစိမ္းေရာင္႐ိွတဲ့ဟင္းသီးဟင္း႐ြက္ေတြစားထားလို႔ ဒါမွမဟုတ္ အစိမ္းေရာင္ရိွတဲ့ ေဖ်ာ္ရည္လိုမ်ိဳးအရာေတြနဲ႔ သံဓာတ္ျဖည့္စြက္စာေတြေၾကာင့္ျဖစ္ဖို႔မ်ားပါတယ္။ဒါ့အျပင္ သင့္ရဲ႕အစာေျခစနစ္ရဲ႕အဂၤါအစိတ္အပိုင္းေတြဟာ ပံုမွန္အလုပ္လုပ္တဲ့အခ်ိန္ထက္ပိုျမန္ေနတာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။

အဝါေရာင္ေလးကဘာေၾကာင့္လဲ
အစာေျခစနစ္က အမွားယြင္းရိွေနလို႔ ဒါမွမဟုတ္ အဆီစုပ္ယူမႈအားနည္းေနတာေၾကာင့္ျဖစ္ႏိုင္သလို အျခားအေၾကာင္းရာတစ္ခုအေနနဲ႔ပန္ကရိယရဲ႕အန္ဇိုင္းထုတ္လုပ္မႈမလံုေလာက္တာေၾကာင့္လည္းသင့္အီအီးေလးေတြကို အဝါေရာင္ေလးျဖစ္ေစႏိုင္တာပါ။ ဒါေပမယ့္ သိပ္လည္းလန္႔မသြားပါနဲ႔ဦး မုန္လာဥနီေတြအမ်ားႀကီးစားထားမိတဲ့အခါ သို႔မဟုတ္ အဝါေရာင္႐ိွတဲ့ေသာက္စရာေတြကို ေသာက္ထားမိတဲ့အခါမွာလည္း သင့္ရဲ႕အီအီးေလးေတြကို ဝါေ႐ႊႏြယ္ေသြး ေလးျဖစ္ေနေစပါလိမ့္မယ္။

အနက္ေရာင္ေလးေတြရဲ႕အေၾကာင္း

သင့္ရဲ႕အီအီးဟာအနက္ေရာင္ေလးေတြျဖစ္ေနရတဲ့အေၾကာင္းအရင္းအမ်ားစုကေတာ့ ေဆးေသာက္ရတာမ်ားတဲ့အခါမ်ိဳးမွာ (ဥပမာ အက္စ္ပရင္ေဆးျပား၊သံဓာတ္အားျဖည့္ေဆးမ်ား) သို႔မဟုတ္ အူတြင္းေသြးယိုစိမ္႔မႈေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ အဲ့ဒီအေၾကာင္းအရာေတြ႐ိွခဲ့တာေၾကာင့္ နီးစပ္ရာဆရာဝန္တစ္ေယာက္နဲ႕ျပသသင့္လို႔မေပါ့စလိုက္ပါနဲ႔။ တစ္ခါတေလေတာ့လည္း ဘယ္ရီသီးစားထားမိလို႔လည္း သင့္အီအီးေလးေတြကိုအနက္ေရာင္ျဖစ္ေစတယ္ဆိုေတာ့လည္း အရမ္းႀကီးမစိုးရိမ္ပါနဲ႕။

နီနီေလးေတြဆိုတာကေတာ့

သူ႔အေၾကာင္းကေတာ့ ခရမ္းခ်ဥ္သီးလိုအရာမ်ိဳးေတြစားထားတဲ့အခါမ်ိဳးမွာလည္းျဖစ္တတ္တာေၾကာင့္ သင့္အီအီးနီနီေလးေတြမထြက္ခင္က ဘာေတြစားခဲ့လဲဆိုတာကိုျပန္စဥ္းစားၾကည့္ပါ။ အျခားအေၾကာင္းေတြလည္း႐ိွပါေသးတယ္။ တကယ္လို႔မ်ားသင္စားထားတဲ့ အစားေၾကာင့္မဟုတ္ခဲ့ဘူးဆိုရင္ေတာ့ နီးစပ္ရာေဆးခန္းက ဆရာဝန္ဆီမွာျပသလိုက္ပါ။ ဘာေၾကာင့္လည္းဆိုေတာ့ သင့္ရဲ႕အီအီးေလးေတြထဲမွာ ပါေနတဲ့နီနီေလးေတြက ေသြးေတြျဖစ္ေနလို႔ပါ။ သင့္ရဲ႕စအိုဝမွာပဲျဖစ္ျဖစ္ အစာေဟာင္းစြန္႔ပစ္လမ္းေၾကာင္းမွာပဲျဖစ္ျဖစ္ အနာလိုမ်ိဳးအရာေတြျဖစ္ေနတဲ့အခ်ိန္၊ ဒါမွာမဟုတ္ကင္ဆာတစ္ခုခုေတာင္ျဖစ္ေနႏိုင္ပါတယ္။
ကဲပရိတ္သတ္ႀကီးေရ အီအီးရဲ႕အေရာင္ေလးေတြကိုၾကည့္ၿပီး က်န္းမာျခင္းသည္ လာဘ္ႀကီးတစ္ပါးဆိုတဲ့ေဆာင္ပုဒ္ေလးကို ကိုယ္နဲ့မကြာထိန္းသိမ္းႏိုင္ပါေစေနာ္ ။
nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

ကျန်းမာရေးပုံမှန်ဖြစ်နေတဲ့လူတစ်ယောက်ရဲ့အီအီးအရောင်ဟာဘာရောင်ဖြစ်မယ်လို့သင်ထင်ပါသလဲ။ အညိုရောင်ပါ ။ တကယ်လို့သင့်ရဲ့အီအီးတွေဟာအရောင်ပြောင်းလာခဲ့မယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးဟာလည်းပြောင်းလဲလာတယ်ဆိုတဲ့သဘောကိုဆောင်နေပါတယ်။ အဲ့ဒီလိုအရောင်တွေပြောင်းလဲတတ်တဲ့ အီအီးတွေအကြောင်းဗဟုသုတကို ပြောချင်လွန်းလို့ ပရိတ်သတ်ကြီးဆီအရောက်ပို့ပေးလိုက်ပါတယ်နော်။

အဖြူရောင်လေးပါပဲဖြစ်နေရင်

သင့်ရဲ့အီအီးလေးတွေဟာ ဖြူနေရင် ဒါမှမဟုတ် ၊ မီးခိုရောင်သန်းနေရင်တော့ သင့်ရဲ့ ကိုယ်တွင်းကလီစာတွေဖြစ်တဲ့ အသည်း သို့မဟုတ် သည်းခြေမှာ ပြဿနာတစ်ခုခုဖြစ်နေပြီဆိုတဲ့သဘောပါ။အဲ့ဒီလို အဖြူရောင် ဖြစ်နေခဲ့မယ်ဆိုရင်ဖြစ်နိုင်ခြေများတဲ့သင့်ကျန်းမာရေးအခြေအနေက သည်းခြေနဲ့ဆိုင်တဲ့ သည်းခြေပြွန်တွေပိတ်နေမယ် ၊ အသည်းခြောက်မယ် ။ သည်းခြေကျောက်တယ်မယ့် အခြေနေတွေနဲ့သင်ရင်ဆိုင်ရတော့မှာပါ ။

ခပ်စိမ်းစိမ်းလေးဖြစ်နေမယ်ဆိုရင်

သင့်ရဲ့အီအီးလေးတွေဟာ အစိမ်းရောင်ဖြစ်နေတာကတော့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေစားထားလို့ ဒါမှမဟုတ် အစိမ်းရောင်ရှိတဲ့ ဖျော်ရည်လိုမျိုးအရာတွေနဲ့ သံဓာတ်ဖြည့်စွက်စာတွေကြောင့်ဖြစ်ဖို့များပါတယ်။ဒါ့အပြင် သင့်ရဲ့အစာခြေစနစ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေဟာ ပုံမှန်အလုပ်လုပ်တဲ့အချိန်ထက်ပိုမြန်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

အဝါရောင်လေးကဘာကြောင့်လဲ

အစာခြေစနစ်က အမှားယွင်းရှိနေလို့ ဒါမှမဟုတ် အဆီစုပ်ယူမှုအားနည်းနေတာကြောင့်ဖြစ်နိုင်သလို အခြားအကြောင်းရာတစ်ခုအနေနဲ့ပန်ကရိယရဲ့အန်ဇိုင်းထုတ်လုပ်မှုမလုံလောက်တာကြောင့်လည်းသင့်အီအီးလေးတွေကို အဝါရောင်လေးဖြစ်စေနိုင်တာပါ။ ဒါပေမယ့် သိပ်လည်းလန့်မသွားပါနဲ့ဦး မုန်လာဥနီတွေအများကြီးစားထားမိတဲ့အခါ သို့မဟုတ် အဝါရောင်ရှိတဲ့သောက်စရာတွေကို သောက်ထားမိတဲ့အခါမှာလည်း သင့်ရဲ့အီအီးလေးတွေကို ဝါရွှေနွယ်သွေး လေးဖြစ်နေစေပါလိမ့်မယ်။

အနက်ရောင်လေးတွေရဲ့အကြောင်း

သင့်ရဲ့အီအီးဟာအနက်ရောင်လေးတွေဖြစ်နေရတဲ့အကြောင်းအရင်းအများစုကတော့ ဆေးသောက်ရတာများတဲ့အခါမျိုးမှာ (ဥပမာ အက်စ်ပရင်ဆေးပြား၊သံဓာတ်အားဖြည့်ဆေးများ) သို့မဟုတ် အူတွင်းသွေးယိုစိမ့်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီအကြောင်းအရာတွေရှိခဲ့တာကြောင့် နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ပြသသင့်လို့မပေါ့စလိုက်ပါနဲ့။ တစ်ခါတလေတော့လည်း ဘယ်ရီသီးစားထားမိလို့လည်း သင့်အီအီးလေးတွေကိုအနက်ရောင်ဖြစ်စေတယ်ဆိုတော့လည်း အရမ်းကြီးမစိုးရိမ်ပါနဲ့။

နီနီလေးတွေဆိုတာကတော့

သူ့အကြောင်းကတော့ ခရမ်းချဉ်သီးလိုအရာမျိုးတွေစားထားတဲ့အခါမျိုးမှာလည်းဖြစ်တတ်တာကြောင့် သင့်အီအီးနီနီလေးတွေမထွက်ခင်က ဘာတွေစားခဲ့လဲဆိုတာကိုပြန်စဉ်းစားကြည့်ပါ။ အခြားအကြောင်းတွေလည်းရှိပါသေးတယ်။ တကယ်လို့များသင်စားထားတဲ့ အစားကြောင့်မဟုတ်ခဲ့ဘူးဆိုရင်တော့ နီးစပ်ရာဆေးခန်းက ဆရာဝန်ဆီမှာပြသလိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ သင့်ရဲ့အီအီးလေးတွေထဲမှာ ပါနေတဲ့နီနီလေးတွေက သွေးတွေဖြစ်နေလို့ပါ။ သင့်ရဲ့စအိုဝမှာပဲဖြစ်ဖြစ် အစာဟောင်းစွန့်ပစ်လမ်းကြောင်းမှာပဲဖြစ်ဖြစ် အနာလိုမျိုးအရာတွေဖြစ်နေတဲ့အချိန်၊ ဒါမှာမဟုတ်ကင်ဆာတစ်ခုခုတောင်ဖြစ်နေနိုင်ပါတယ်။
ကဲပရိတ်သတ်ကြီးရေ အီအီးရဲ့အရောင်လေးတွေကိုကြည့်ပြီး ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့ဆောင်ပုဒ်လေးကို ကိုယ်နဲ့မကွာထိန်းသိမ်းနိုင်ပါစေနော် ။
nanmalgyi

No comments:

Post a Comment