Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 25, 2019

ခႏၶာဝန္ခ်မည့္အခ်ိန္ကိုု မိန္႕ၾကားလိုက္တဲ့ မိုင္းဖုန္းဆရာေတာ္ဘုရားၾကီး


မိုုင္းဖုန္းဆရာေတာ္ဘုရားႀကီးသည္ ႏွစ္စဥ္ဝါတြင္းကာလမ်ားတြင္ လူသူမနီးသည့္ေတာေတာင္လွ်ိဳေျမာင္ၾကားမွ သဘာဝလွိဳင္ဂူႀကီးမ်ားအတြင္းတြင္ တစ္ပါးတည္းတရားဘာဝနာမ်ားစီျဖန္းက်င့္ၾကံေလ့ရွိပါသည္ ။

ဆရာေတာ္တရားက်င့္ၾကံသည့္ဂူမ်ားသည္တစ္ႏွစ္ႏွင့္တစ္ႏွစ္ ေနရာေဒသမတူဘဲ ဆရာေတာ္၏စိတ္အာ႐ုံအရေရြးခ်ယ္ေသာဂူမ်ားမွာသာတရားက်င့္ၾကံေလ့ရွိပါသည္ ။

၂၀၁၇ ခုႏွစ္မွစတင္၍ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခ႐ိုင္မွ ၃ နာရီအၾကာ ( မိုးရာသီ ) ေမာင္းႏွင္ရေသာ မုန္းက်တ္ရွမ္းရြာအနီးမွ ေတာင္ေျခဂူထဲတြင္ဝါတြင္းကာလ၌ တရားက်င့္ၾကံပြားမ်ားခဲ့ျခင္းျဖစ္ပါသည္ ။

ယခုႏွစ္မွာေတာ့ မုန္းက်တ္ရြာမွတဆင့္ ယာဥ္ျဖင့္ နာရီဝက္ခန္႕ေမာင္းႏွင္ရသည့္ ” ဖာလ်န္း ” ေတာင္ေျခအနီးမွေတာင္ထိပ္သို႕ အခ်ိန္ ၁:၃၀ ခန္႕အၾကာခက္ခဲစြာေျခလ်င္တက္ၾကရပါသည္ ၊

ဆရာေတာ္မွာေပါ့ပါးစြာႂကြျမန္းသြားသည္ဟုမ်က္ျမင္ဒါယိကာမ်ားကေျပာျပၾကပါသည္ ၊ အဆင္း ၁ နာရီၾကာျမင့္သည့္ ” ထမ့္ဖာလ်န္း ” ( ဂူအနီ )အတြင္း၌ကမၼ႒ာန္းတရားမ်ား ၊

ဝိပႆနာတရားမ်ားက်င့္ၾကံပြားမ်ားအားထုတ္ခဲ့ရာ ဂူအတြင္းရွိမျမင္အပ္သည့္ပုဂၢိဳလ္မ်ားမွဆရာေတာ္အား ဤဂူအတြင္းလာေရာက္တရားမက်င့္ၾကံႏိုင္ေအာင္ အမ်ိဳးမ်ိဳးေႏွာင့္ယွက္မႈမ်ားျပဳလုပ္ကာ

ဆရာေတာ္ကို ေမာင္းထုတ္ခဲ့ၾကပါသည္ ၊ မထြက္သြားပါက ေသမည္ဟုႀကိမ္းေမာင္းခဲ့ေသာ္လည္းဆရာေတာ္မွ ေသလည္းဤဂူအတြင္း၌သာေသမည္ ၊

မထြက္သြားႏိုင္ပါဟုၿင္းဆိုခဲ့ပါသည္ ၊ ထိုထက္မကဘဲဆရာေတည္ေခြးႏွင့္သာသြားအိပ္ ၊ ဂူထဲမလာနဲ႕ဟုတားျမစ္ရာ ဆရာေတာ္မွငါလဲ ေခြးဘဝကလာခဲ့တာဘဲ ၊

ဒီေတာ့အတူတူေနၾကမည္ဟုမိန္႕ၾကားခဲ့ပါသည္ ။ ယခုလိုလာရျခင္းအေၾကာင္းေကာင္း မႈကုသိုလ္အဖို႕ပိုလာေရာက္မွ်ေဝေပးႏိုင္ရန္သာျဖစ္တယ္ဟု မိန္႔ၾကားၿပီး ေမတၱာဓါတ္ႀကီးမားၿပီး

ကုသိုလ္ပါရမီအခံေၾကာင့္သာဆက္လက္က်င့္ၾကံႏိုင္ျခင္းျဖစ္ေၾကာင္း ၊ ဤဂူအနီသည္ ေတာ္ေတာ္ထူးဆန္းၿပီးေႁမြနဂါးႀကီးမ်ား ၊

ရံဖန္ရံခါဝံႏွင့္က်ားသစ္မ်ားလည္းလာေရာက္ေၾကာင္းႏွင့္ေတာ္ရံုကုငိုလ္ပါရမီႏွင့္ဥေအကၡာတရားနည္းပါးပါကယခုလိုက်င့္ျပံေနထိုင္မည္မဟုတ္ေၾကာင္း

ဆရာေတာ္မွ အရွင္သုခမိႏၵ( စဝ္သုခမ္း ) အားႁမြက္ၾကားခဲ့သည့္ VDO File တြင္ၾကားသိခဲ့ရပါသည္ ။

” ထမ့္ဖာလ်န္း ” ဂူသည္ညေနေနဝင္ခ်ိန္မ်ားတြင္ ဂူမွာအနီေရာင္သန္းၿပီး အင္မတန္လွပသည္ဟုလည္း ေဒသခံမ်ားမွေျပာျပၾကၿပီး ထိုေနရာသို႕ေဒသခံေတာလိုက္မုဆိုးမ်ားပင္ မသြားရဲၾကပါ ၊

သားရဲတိရိစၧာန္မ်ားေပါမ်ားၿပီးအႏၲရာယ္မ်ားလြန္း၍ျဖစ္ပါသည္ ။ ဆရာေတာ္သည္ ထိုဂူမွတဆင့္ မိုင္းအြန္တြင္ ၊ မိုင္းေနာင္ ၊ မိုင္းရွဴး ၊ မိုင္းရယ္ ၊ တန္႕ယန္းၿမိဳ႕နယ္မ်ားသို႕ တရားေရေအး

တိုက္ေႂကြးၿပီး သာသနာျပဳလုပ္ငန္းမ်ားႏွင့္ တရားက်င့္စဥ္မ်ားကိုလည္း (၂) တိတိဆက္လက္၍က်င့္ၾကံပြားမ်ားအားထုတ္မည္ျဖစ္ပါသည္ ။

ဆရာေတာ္သည္ သီတင္းကၽြတ္လျပည့္ေန႕ ၊ ေအာက္တိုဘာ (၂၄) ရက္ေန႕ ၊ မနက္ (၀၉:၀၀) ခ်ိန္ခန္႕တြင္

ဂူအတြင္းမွထြက္ၿပီးပဗၺဇၨဆံခ်အၿပီး ဂူအတြင္းမွာဘဲ ပင့္ဖိတ္ရန္ေရာက္ရွိလာၾကေသာ ဒါယိကာမ်ားအားတရားဦးေဟာၾကားကာ ေမတၱာဘာဝနာမ်ားစီးျဖန္း၍ သာဓုအႏုေမာထနာ မ်ားေခၚဆိုခဲ့ျက

ပါသည္ ။ ထိုမွတဆင့္ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္းေဒသသို႕ ဒီဇင္ဘာလ တတိယအပါတ္တြင္ျပန္လည္ႂကြျမန္းလာမည္ျဖသ္ပါသည္..။

ဇန္နဝါရီလေမြးေန႕ပြဲအၿပီးတြင္ ဆရာေတာ္သည္ေနာက္ ဂူက်င့္စဥ္ (၃) ႏွစိတိုက္တိုင္အျပင္သို႕မထြက္ဘဲ လွိဳဏ္ဂူေတာ္သို႕ျပန္ဝင္မည္ဟုလည္းၾကားသိရပါသည္ ။

ဆရာေတာ္သည္သက္ေတာ္ ၆၆ ႏွစ္တြင္ခႏၶာဝန္ခ်ေတာ့မည္ဟုလည္းမိန္႕ၾကားခဲ့သည့္အတြက္ သံဃာေတာ္အရွင္သူျမတ္မေပါင္းႏွင့္လာေရာက္ဖူးေမွ်ာ္သူဒါယိကာအေပါင္းတို႕မွလည္း

စိတ္ႏွလံုးညွိဳးႏြမ္းခဲ့ၾကရပါသည္ ။ ခႏၶာဝန္မခ်ေသးရန္ဝိုင္းဝန္းတားျမစ္ေလွ်ာက္တင္ၾကပါသည္ မုန္းက်တ္ရွမ္းရြာေလးသည္ လြန္ခဲ့ေသာႏွစ္ေပါင္း (၂၀) ခန္႕က အိမ္ေျခ (၁၀)

လံုးခန္႕သာရွိၿပီဴယခုအခါမွာေတာ့ အိမ္ေျခ(၈၀) ခန္႕ရွိပါသည္ ၊ ထိုရြာေလးသည္ေရတြင္းမရွိဘဲ ” မုန္းက်တ္ေခ်ာင္း ” ကိုအမွီျပဳၿပီးေနထိုင္ၾကတဲ့ေအခ်မ္းတဲ့ရြာေလးပါ ၊ မုန္းက်တ္ေခ်ာင္းကို

ဘယ္ေသာအခါမွတံတားထိုး၍ မရပါ ၊တံတားထိုးသည့္ႏွစ္တိုင္းတြင္ေရႀကီးၿပီး ထိုတံတားမွာေရစီးႏွင့္ေမွ်ာပါေလ့ရွိပါသည္ ၊ ထိုေခ်ာကင္းေလးသည္နဂါးတို႕ေပ်ာ္စံျမဴး ရာေခ်ာင္းေလးဟုလည္း

ယံုၾကည္ထားၾကပါသည္ သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ မုိင္းဖုန္း ဆရာေတာ္ ဘဒၵႏၱဥာဏ သံ၀ရသည္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ (၂၄) ရက္ေန႕မွစ၍ ဝါတြင္းကာလအတြင္း ”

ထမ့္ဖာလ်န္း ” ဂူအတြင္း၌တရားက်င့္ၾကံခဲ့ျခင္းျဖစ္ပါသည္ ။ ဆရာေတာ္အားအနယ္နယ္အရပ္ရပ္မွာလာေရာက္ဖူးေမွ်ာ္ျကည္ညိဳၾကသည့္ဏည့္ပရိတ္သတ္အေပါင္း ေထာင္ခ်ီရွိၾကေၾကာင္း

ထိုဂူေရွ႕သို႕ေရာက္ရွိဖူးေမွ်ာ္ခဲ့ေသာဆရာေတာ္၏ တပည့္ဒါယိကာ စာေရးဆရာေမာင္းဖိုးစံ( ဒူးယား) မွအေသးစိတ္ေျပာျပ၍သိရွိရပါသည္ခင္ဗ်ာ ဆရာေတာ္အားၾကည္ညိဳဖူးေမွ်ာ္ႏိုင္ၾကပါရန္ ရည္ေမွ်ာမွန္း၍ ေရးသားတင္ျပလိုက္ရပါသည္ခင္ဗ်ာ…

စာေရးဆရာေမာင္ဖိုးစံ(ဒူးယား)အားေက်းဇူးအထူးတင္လွ်က္

Unicode version
မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် နှစ်စဉ်ဝါတွင်းကာလများတွင် လူသူမနီးသည့်တောတောင်လျှိုမြောင်ကြားမှ သဘာဝလှိုင်ဂူကြီးများအတွင်းတွင် တစ်ပါးတည်းတရားဘာဝနာများစီဖြန်းကျင့်ကြံလေ့ရှိပါသည် ။

ဆရာတော်တရားကျင့်ကြံသည့်ဂူများသည်တစ်နှစ်နှင့်တစ်နှစ် နေရာဒေသမတူဘဲ ဆရာတော်၏စိတ်အာရုံအရရွေးချယ်သောဂူများမှာသာတရားကျင့်ကြံလေ့ရှိပါသည် ။

၂၀၁၇ ခုနှစ်မှစတင်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်မှ ၃ နာရီအကြာ ( မိုးရာသီ ) မောင်းနှင်ရသော မုန်းကျတ်ရှမ်းရွာအနီးမှ တောင်ခြေဂူထဲတွင်ဝါတွင်းကာလ၌ တရားကျင့်ကြံပွားများခဲ့ခြင်းဖြစ်ပါသည် ။

ယခုနှစ်မှာတော့ မုန်းကျတ်ရွာမှတဆင့် ယာဉ်ဖြင့် နာရီဝက်ခန့်မောင်းနှင်ရသည့် ” ဖာလျန်း ” တောင်ခြေအနီးမှတောင်ထိပ်သို့ အချိန် ၁:၃၀ ခန့်အကြာခက်ခဲစွာခြေလျင်တက်ကြရပါသည် ၊

ဆရာတော်မှာပေါ့ပါးစွာကြွမြန်းသွားသည်ဟုမျက်မြင်ဒါယိကာများကပြောပြကြပါသည် ၊ အဆင်း ၁ နာရီကြာမြင့်သည့် ” ထမ့်ဖာလျန်း ” ( ဂူအနီ )အတွင်း၌ကမ္မဋ္ဌာန်းတရားများ ၊

ဝိပဿနာတရားများကျင့်ကြံပွားများအားထုတ်ခဲ့ရာ ဂူအတွင်းရှိမမြင်အပ်သည့်ပုဂ္ဂိုလ်များမှဆရာတော်အား ဤဂူအတွင်းလာရောက်တရားမကျင့်ကြံနိုင်အောင် အမျိုးမျိုးနှောင့်ယှက်မှုများပြုလုပ်ကာ

ဆရာတော်ကို မောင်းထုတ်ခဲ့ကြပါသည် ၊ မထွက်သွားပါက သေမည်ဟုကြိမ်းမောင်းခဲ့သော်လည်းဆရာတော်မှ သေလည်းဤဂူအတွင်း၌သာသေမည် ၊

မထွက်သွားနိုင်ပါဟုြင်းဆိုခဲ့ပါသည် ၊ ထိုထက်မကဘဲဆရာတေည်ခွေးနှင့်သာသွားအိပ် ၊ ဂူထဲမလာနဲ့ဟုတားမြစ်ရာ ဆရာတော်မှငါလဲ ခွေးဘဝကလာခဲ့တာဘဲ ၊

ဒီတော့အတူတူနေကြမည်ဟုမိန့်ကြားခဲ့ပါသည် ။ ယခုလိုလာရခြင်းအကြောင်းကောင်း မှုကုသိုလ်အဖို့ပိုလာရောက်မျှဝေပေးနိုင်ရန်သာဖြစ်တယ်ဟု မိန့်ကြားပြီး မေတ္တာဓါတ်ကြီးမားပြီး

ကုသိုလ်ပါရမီအခံကြောင့်သာဆက်လက်ကျင့်ကြံနိုင်ခြင်းဖြစ်ကြောင်း ၊ ဤဂူအနီသည် တော်တော်ထူးဆန်းပြီးမြွေနဂါးကြီးများ ၊

ရံဖန်ရံခါဝံနှင့်ကျားသစ်များလည်းလာရောက်ကြောင်းနှင့်တော်ရုံကုငိုလ်ပါရမီနှင့်ဥအေက္ခာတရားနည်းပါးပါကယခုလိုကျင့်ပြံနေထိုင်မည်မဟုတ်ကြောင်း

ဆရာတော်မှ အရှင်သုခမိန္ဒ( စဝ်သုခမ်း ) အားမြွက်ကြားခဲ့သည့် VDO File တွင်ကြားသိခဲ့ရပါသည် ။

” ထမ့်ဖာလျန်း ” ဂူသည်ညနေနေဝင်ချိန်များတွင် ဂူမှာအနီရောင်သန်းပြီး အင်မတန်လှပသည်ဟုလည်း ဒေသခံများမှပြောပြကြပြီး ထိုနေရာသို့ဒေသခံတောလိုက်မုဆိုးများပင် မသွားရဲကြပါ ၊

သားရဲတိရိစ္ဆာန်များပေါများပြီးအန္တရာယ်များလွန်း၍ဖြစ်ပါသည် ။ ဆရာတော်သည် ထိုဂူမှတဆင့် မိုင်းအွန်တွင် ၊ မိုင်းနောင် ၊ မိုင်းရှူး ၊ မိုင်းရယ် ၊ တန့်ယန်းမြို့နယ်များသို့ တရားရေအေး

တိုက်ကြွေးပြီး သာသနာပြုလုပ်ငန်းများနှင့် တရားကျင့်စဉ်များကိုလည်း (၂) တိတိဆက်လက်၍ကျင့်ကြံပွားများအားထုတ်မည်ဖြစ်ပါသည် ။

ဆရာတော်သည် သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ (၂၄) ရက်နေ့ ၊ မနက် (၀၉:၀၀) ချိန်ခန့်တွင်

ဂူအတွင်းမှထွက်ပြီးပဗ္ဗဇ္ဇဆံချအပြီး ဂူအတွင်းမှာဘဲ ပင့်ဖိတ်ရန်ရောက်ရှိလာကြသော ဒါယိကာများအားတရားဦးဟောကြားကာ မေတ္တာဘာဝနာများစီးဖြန်း၍ သာဓုအနုမောထနာ များခေါ်ဆိုခဲ့ကြ

ပါသည် ။ ထိုမှတဆင့် တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသသို့ ဒီဇင်ဘာလ တတိယအပါတ်တွင်ပြန်လည်ကြွမြန်းလာမည်ဖြသ်ပါသည်..။

ဇန်နဝါရီလမွေးနေ့ပွဲအပြီးတွင် ဆရာတော်သည်နောက် ဂူကျင့်စဉ် (၃) နှစိတိုက်တိုင်အပြင်သို့မထွက်ဘဲ လှိုဏ်ဂူတော်သို့ပြန်ဝင်မည်ဟုလည်းကြားသိရပါသည် ။

ဆရာတော်သည်သက်တော် ၆၆ နှစ်တွင်ခန္ဓာဝန်ချတော့မည်ဟုလည်းမိန့်ကြားခဲ့သည့်အတွက် သံဃာတော်အရှင်သူမြတ်မပေါင်းနှင့်လာရောက်ဖူးမျှော်သူဒါယိကာအပေါင်းတို့မှလည်း

စိတ်နှလုံးညှိုးနွမ်းခဲ့ကြရပါသည် ။ ခန္ဓာဝန်မချသေးရန်ဝိုင်းဝန်းတားမြစ်လျှောက်တင်ကြပါသည် မုန်းကျတ်ရှမ်းရွာလေးသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀) ခန့်က အိမ်ခြေ (၁၀)

လုံးခန့်သာရှိပြီူယခုအခါမှာတော့ အိမ်ခြေ(၈၀) ခန့်ရှိပါသည် ၊ ထိုရွာလေးသည်ရေတွင်းမရှိဘဲ ” မုန်းကျတ်ချောင်း ” ကိုအမှီပြုပြီးနေထိုင်ကြတဲ့အေချမ်းတဲ့ရွာလေးပါ ၊ မုန်းကျတ်ချောင်းကို

ဘယ်သောအခါမှတံတားထိုး၍ မရပါ ၊တံတားထိုးသည့်နှစ်တိုင်းတွင်ရေကြီးပြီး ထိုတံတားမှာရေစီးနှင့်မျှောပါလေ့ရှိပါသည် ၊ ထိုချောကင်းလေးသည်နဂါးတို့ပျော်စံမြူး ရာချောင်းလေးဟုလည်း

ယုံကြည်ထားကြပါသည် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏ သံဝရသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့မှစ၍ ဝါတွင်းကာလအတွင်း ”

ထမ့်ဖာလျန်း ” ဂူအတွင်း၌တရားကျင့်ကြံခဲ့ခြင်းဖြစ်ပါသည် ။ ဆရာတော်အားအနယ်နယ်အရပ်ရပ်မှာလာရောက်ဖူးမျှော်ကြည်ညိုကြသည့်ဏည့်ပရိတ်သတ်အပေါင်း ထောင်ချီရှိကြကြောင်း

ထိုဂူရှေ့သို့ရောက်ရှိဖူးမျှော်ခဲ့သောဆရာတော်၏ တပည့်ဒါယိကာ စာရေးဆရာမောင်းဖိုးစံ( ဒူးယား) မှအသေးစိတ်ပြောပြ၍သိရှိရပါသည်ခင်ဗျာ ဆရာတော်အားကြည်ညိုဖူးမျှော်နိုင်ကြပါရန် ရည်မျှောမှန်း၍ ရေးသားတင်ပြလိုက်ရပါသည်ခင်ဗျာ…

စာရေးဆရာမောင်ဖိုးစံ(ဒူးယား)အားကျေးဇူးအထူးတင်လျှက်

No comments:

Post a Comment