Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 5, 2019

သွေးကင်ဆာ လက်တွေ့ပျောက်ကင်းခဲ့တဲ့ လူနာတစ်ဦးမှ တင်ပေးခဲ့တဲ့ ဆေးနည်း


သွေးကင်ဆာအတွက်

ဆေးနည်း
Myawady Health
https://www.facebook.com/pg/myawadyhealth

#Unicode Version#

သွေးကင်ဆာလက္ခဏာ စဖြစ်နေပြီး ဗန်ကောက်ကို တစ်လတစ်ခါ သွေးသွားသွင်း၊ ဆေးကုနေရတဲ့ သွေးကင်ဆာသမားတစ်ဦးဟာ တိုင်းရင်းဆေးနည်းတစ်ခု ရသွားပြီး စမ်းသပ်ကြည့်ရာ သွေးကင်ဆာဖြစ်စေမည့် ရောဂါများ ပျောက်ကင်းသွားကြောင်း တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင်မြင့်(မုဒြာ) မှ တင်ပြထားပါတယ်။

ပုံမှာမြင်ရတဲ့အပင်ကို အင်္ဂလိပ်လို Sadabahar Tree လို့ ခေါ်ပါတယ်။ မြန်မာလိုကတော့ သင်္ဘောမညိုး၊ ၄နာရီပန်း၊ မြေဇူပန်း စသဖြင့် ခေါ်ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားကြပါတယ်။ အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး အခုအခါမှာတော့ အလှစိုက်ပန်းအိုးများနဲ့လည်း စိုက်ပျိုးနေကြပါပြီ။

ဆေးနည်း
၎င်းဆေးပင်ကို တစ်ပင်လုံး ရေစင်အောင် ဆေးကြောပြီး ပြုတ်၊ သကြားခတ်ပြီး သောက်ပါ။ သကြားကို ဆေးဆိုးထားတဲ့ သကြားဖြူမဟုတ်ပဲ သဘာ၀ သကြားညိုဆိုရင် ပိုကောင်းပါတယ်။ တစ်ခါပြုတ်ရင် ရေသန့်ဗူး ၂ဗူးစာခန့် ပြုတ်သောက်ပါ။

လက်တွေ့ပျောက်ကင်းခဲ့တဲ့ လူနာတစ်ဦးမှ တင်ပေးခဲ့တဲ့အတွက် ဆေးနည်းကို လက်ဆင့်ကမ်း မျှဝေပေးခြင်း ဖြစ်ပါတယ်။ သွေးကင်ဆာဖြစ်၍ ငွေကြေးမတတ်နိုင်ပဲ သေမည့်ရက်စောင့်နေရတဲ့ ဝေဒနာရှင်များရှိရင် သက်သာရာရပါစေကြာင်း ထပ်ဆင့် မျှဝေလိုက်ပါတယ်။ အနာနဲ့ဆေးတည့်၍ သက်ရှည်ကျန်းမာနိုင်ကြပါစေ။
Myawady Health

No comments:

Post a Comment