Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 24, 2019

မိန်းမသားဘဝ


မိန်းမတွေ ဘဝ လဲ ယောက်ျားတွေထက် သားအိမ် တစ်လုံး အပိုပါတာနဲ့ ဘဝတစ်လျှောက်လုံး ခံရဖက်ကချည်းပဲ။

သွေးသားဆန္ဒရှိကြလို့ အမှုတစ်ခုကိုအတူလွန်ကျူးကြရင်တောင် နောက်ဆက်တွဲက သားအိမ်ရှိတဲ့ မိန်းမ ဆီပဲ ခိုအောင်းတော့တာ။

သားအိမ် ရှိတော့ ကလေးက သူ့ဆီပဲရှိရ။
သူပဲ ကိုးလလုံး အနေရခက် အထိုင်ရခက် ဝေဒနာကို ခံရ။
မွေးတော့လဲ သူပဲ နာကြင်ရ။
အဲဒီ့သားအိမ်ကြောင့်ပဲ PMS time မှာစိတ်တိုတယ်
မီးတွင်းမှာစိတ်ကျတယ်။
ဒါတွေလဲ ခံရသေးတယ်

မွေးပြီးလို့ ဒီသားအိမ်က ထွက်သွားပါပြီ ဆိုတော့လဲ ကလေးအတွက် အာဟာရက ဖခင်ဆီက မထွက်ပဲ မိခင် ဆီကတဲ့။
အဲဒါနဲ့ပဲ ကလေးတာဝန်ကို ယူလေဦး..တိုက်ပေဦး။
လခွမ်း ဒါတော့ လောကကြီးကမတရားဘူး။

တကယ်ဆို ယောက်ျား နဲ့မိန်းမ ဟာ လိင်အင်္ဂါ ကွဲရင် တော်ပြီပေါ့။

တစ်ယောက်က သားအိမ် ရှိရင်
တစ်ယောက်က နို့ရည်ထွက်တဲ့ နို့အုံရှိသင့်တယ်။
ခုတော့ အဲဒါ နှစ်ခုကို တစ်ဖက်တည်း ပိုလိုက်တာနဲ့

ကလေးက အမေ ကိုမှ ပိုတွယ်တာတယ်တို့
မိခင် အနေနဲ့က သားသမီးဆိုတာ သူ့ဝမ်းနဲ့လွယ်မွေးရတာမို့ ဖခင်ထက် ပိုတယ်တို့ ဖြစ်လာရော။

မိအေးဟာ ၁၂၆ခါ နာတာပဲ။

မိန်းမဖြစ်လို့
မိခင်ဖြစ်လို့
ဖခင်က ဖောက်ပြန်နေရင်တောင်ကလေးတွေ မျက်နှာငဲ့ရမယ် ၊သည်းခံရမယ် တို့ဖြစ်လာရော။
ဖခင်က မဖောက်ပြန်ပဲ နေလို့မရဘူးလား။
မိခင်က ဖောက်ပြန်ရင်ရော ရလား။

ဟမ်း

တကယ်ဆို ဖခင်တွေဖက်ကနေ
သြော် ငါတို့ထက် ပိုလို့
ကလေးမွေးခြင်းနဲ့ နို့တိုက်ခြင်း လုပ်နေရတဲ့ မိန်းမသားတွေမို့ ကျန်တာ ငါတို့တာဝန် လို့များ တွေးပြီး

ငါတို့က ပိုလို့တောင် ထိန်းသိမ်းသင့်တာ
ပိုလို့တောင် အပင်ပန်းခံသင့်တာ
ပိုလို့တောင် ကြင်နာသင့်တာလို့များ တွေးရင် ဘာဖြစ်မှာမိုလို့လဲနော်။

ပြီးတော့လဲ ဒီ သားအိမ်ထဲက ကလေးညှစ်ချလို့ ဒီတင်ပါးအစိုင်အခဲတွေ ပြိုပျက်သွားတော့လဲ သူတို့ပဲ ညိုညင်တာ..

ဘယ်နှယ့်...။

အဲဒါကြောင့်
ကလေးလဲမွေးရ
ရေစုပ်စက်ပျက်လဲ ပြင်ရ၊
ပိုက်ဆံပါရှာရ
အိမ်ရဲ့ လူမှုရေးကိစ္စတွေပါ စီမံရတဲ့ မိခင်တွေမြင်ရင် အရမ်းဖေးမချင်တာ..

ပြီးတော့ ကလေးသေးစိုလို့မှ ထမလဲပေးပဲ အိမ်ဦးခန်းမှာ သတင်းစာအခန့်သားဖတ်နေတဲ့ ယောက်ျားကို အဲဒီလို စွယ်စုံရမိန်းမက သားသမီးမျက်နှာငဲ့ပြီး သည်းခံရတယ်ဆိုရင် အသဲပေါက်တာ။

အဲသလောက် သည်းခံတဲ့မိန်းမကိုပစ်ပြီး ကေတီဗီက မိန်းကလေးကိုမှ သာယာတဲ့ယောက်ျားဆိုရင် ရွံပါရွံတာ။

ယောက်ျားနဲ့မိန်းမ ဟာ တန်းတူပါ ဆိုပေမယ့်လဲ သားအိမ် နဲ့ နို့ကြောင့် တာဝန် ၂ခုကတော့ မိန်းမမှာအလိုလိုပိုပြီးသား။ဒါကို အလွန်တစ်ရာ ဘုန်းကံကြီးလွန်းတဲ့ ယောက်ျားများက ငဲ့ညှာထောက်ထားခြင်းအားဖြင့် သစ္စာရှိရှိ နဲ့ လူပီသပြရမှာ မဟုတ်ဘူးလား။

အခုတော့ ဘာတဲ့။ ယောက်ျားတွေက သွေးသားဆန္ဒအရမို့ အချိန်ကြာရင် အိမ်ကဇနီးကို ငြီးငွေ့တတ်လို့ အသစ်ရှာဖောက်ပြန်ရင် မိန်းမတွေက မိခင်တွေမို့ ကလေးတွေမျက်နှာထောက်ပြီး သည်းခံပေါင်းရမယ် ဆိုတဲ့စာမျိုး ဖတ်ရတော့.. Speechless ပဲ...။

(စာကို Credit မပေးပဲ ကူးလို့ရတယ်။အဆဲခံရရင် ကိုယ့်ဖာသာခံကြ)
Win Eunice

No comments:

Post a Comment