Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 24, 2019

Kashmir Cypress(သို့မဟုတ်) Cupressus cashmeriana


ဒီအပင်ရဲ့အမည်ကို Kashmir Cypress(သို့မဟုတ်) Cupressus cashmeriana လို့ခေါ်ပါတယ်။

သူက ထင်းရှုးပင် မျိုးအုပ်စုအများကြီးထဲကမှ ကျွန်တော်တို့ ဗုဒ္ဓဆင်းတုတော်နှင့်စိပ်ပုတီးများပြုလုပ်တဲ့ သရက္ခံ /သရခံ သစ်မွှေးပင် ဖြစ်ပါတယ်။

သရက္ခံ ဆိုတာက တကယ်တော့ ထင်းရှုးသစ်တစ်မျိုးပါပဲ..

သရက္ခံပင်ကို လူတစ်ရာမှာ တစ်ယောက်မျှတောင် တွေ့ဖူး၊မြင်ဖူးဖို့ မလွယ်ကူဘူး ခင်ဗျ။အပင်ကို တွေ့ဖူး မြင်ဖူးပေမဲ့လည်း မသိတဲ့လူများပါတယ်။

သူဟာ လူနေအိမ်၊ပန်းခြံနှင့်လမ်းဘေးဝဲယာတွေ၌ အလှစိုက်တဲ့ Italian cypress လို့ခေါ်တဲ့ ကျောက်ခက်ပင်နဲ့ဆင်တူပါတယ်။

ယခုမြင်တွေ့ရတဲ့အပင်တွေကတော့ ဘူတန်နိုင်ငံမှာရှိတဲ့ နှစ်ပေါင်း ရာချီပြီဖြစ်တဲ့ သရက္ခံပင်ကြီး ဖြစ်ပါတယ်။

ဗဟုသုတအဖြစ် လူအများ မြင်ဖူး၊တွေ့ဖူးအောင်
မျှဝေပေးလိုက်ပါ။
ဘဝခါးခါး

No comments:

Post a Comment