Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 24, 2019

ဆုတောင်း ဦးလေးရေ ဆုတောင်း


တရုတ်ကားရိုက်ဖို့ လမ်းပိတ်တော့ ပူညံပူညံတွေ ဖြစ်ကုန်ရော
ကွန်ပလိန်းတက်တာက ဘားလမ်းမှာ ရုံးတက်ရတဲ့ ကိုယ်တွေလို ခရီးသွား ပြည်သူတွေလားဆိုတော့ ဟုတ်ဘူးဗျ
လုပ်ချဉ်လောကသားတွေပဲ အသံတွေ ထွက်လာတာ

သူတို့ကိုလဲ လမ်းပိတ်ပြီး ရိုက်ခွင့်ပေးပါ သူတို့ကိုလဲ သေနတ်အစစ်နဲ့သာ ပေးရိုက်ရင် ဒီထက်တောင် ကောင်းဦးမယ် ဘာညာပေါ့
သူတို့ကိုကျ ရဲစခန်းမှာ ပေးမရိုက် ထောင်ဆိုလဲ ပေးမရိုက်နဲ့မို့ သဘာဝမကျတဲ့ကားတွေ ထွက်နေရပါတယ် ဆိုတာလဲ ပါသေးတယ်
ကိုယ်တိုင် ရုပ်ရှင်မရိုက်ဖူးတဲ့ ဘေးထိုင်ဘုပြော မူဗီအန်သူဇီယက်စတစ် အိုင်လေးတောင် ဟယ် သနားပါတယ်ပေါ့ ချင်းချောင်တွေကိုကျ ဘာလို့များ မျက်နှာသာပေးပါလိမ့်ပေါ့
(မျိုးညစ်စိတ်အပုန်းလေး ခေါင်းထောင်လာလုလု ဖြစ်သွားရသေးတယ်)
နယ်ရှင်နယ် ဆယ်ကျူရတီ ကို အရေးပေးလွန်းလို့ သတင်းထောက်ကိုတောင် ထောင်ချတဲ့နိုင်ငံကြီးက ဘာကြောင့်များ ချက်ချင်းကြီး ပျော့ပျောင်းသွားတာလဲပေါ့
အဲ့တရုတ်ကားအတွက် လုံခြုံရေးအကြံပေးဆိုလား အငြိမ်းစား ရဲမှူးချုပ်ရဲ့ အင်တာဗျူးတွေ ကြည့်မိမှ…

သေနတ်က အခွံကတော့ အစစ်တဲ့
ထိပ်ဖူးမပါတဲ့ ကျည်ထည့်ပစ်ရတာတဲ့
အထဲက mechanism တွေက ကျည်အစစ်ထည့်ပစ်လို့ မရတဲ့ဟာတဲ့
အဲ့သေနတ်တွေကို importလုပ်ဖို့အတွက်လဲ လက်နက်လိုင်စင်ကော ပို့ကုန်လိုင်စင်ကော လုပ်လာရတယ်
ရဲစခန်းမှာ အပ်ထားရပြီး ရိုက်ပြီးရင်လဲ ပြန်အပ်ရတယ်တဲ့
(အလုပ်တွေရှုပ်တာဟယ်)

ဒါဆို လမ်းပိတ်ပြီး ရိုက်ခွင့်ပေးတာကကော ဘာလား

ပြည်ထောင်စုအစိုးရကနေပြီး ရပ်ကွက်လူကြီးတွေထိ ခွင့်ပြုမိန့် သဘောတူညီမှု ယူထားပါတယ်တဲ့
ရိုက်မယ်ညော် လမ်းပိတ်ပေးညော် ဆိုတာမျိုး လုပ်ထားတာလဲ မဟုတ်ဘူး
Story Boardတွေ location ချထားတာတွေ ဓါတ်ပုံတွေနဲ့ ဘယ်နားမှာ ဘာဖြစ်တာ ပြမှာပါ ဘယ်လိုလူတွေ ဖြတ်လျှောက်မှာပါ ဘယ်ဘက်ထောင့်က ရိုက်မှာပါ ကားတွေကို ဘယ်လိုဖောက်ခွဲမှာပါ … ဒါတွေအားလုံး scene by scene ပြင်ဆင်ထားပြီး presentationတွေနဲ့ ရှင်းပြခဲ့ပါတယ်တဲ့
အဲ့လူကြီးပြောတာတော့ ဒီလိုတွေ ခွင့်ပြုမိန့်ယူရင် ရိုက်ခွင့်ပေးပါမယ်ဆိုတာ ခုမှမဟုတ်ဘဲ ဟိုးအရင်ထဲက ညွှန်ကြားချက် ရှိပြီးသားပါတဲ့
(ဟင်… တစ်သက်လုံး ရုပ်ရှင်ရိုက်စားလာတဲ့လူတွေကကျ ဒီလိုရတာ မသိဘူး ပြောနေပါလား)

ဒီ processကို ၃လလောက် ကြိုစခဲ့ပါတယ်လို့လဲ ပြောသေးတယ်

ဟိုအန်တီစွာစွာက ပြောတာလဲ အဲ့ production companyက ဒီမှာ ရုံးလာဖွင့်ထားတာ ၂နှစ်လောက်ရှိပြီတဲ့

လူတစ်ရာကျော်ပါတဲ့ အဖွဲ့ကြီးကို mobilize လုပ်လာပြီး ဆောင်ရမယ့် အခွန်တွေ အကုန်ဆောင်ထားရပါတယ်တဲ့

အင်တာဗျူးမှာ 'ဒီလိုတွေ ပေးလုပ်တာ ဒါကြောင့်လား' ဆိုပြီး လက်ညိုးနဲ့ လက်မ ဝိုင်း ပြခဲ့တဲ့ ဦးလေးကြီး ပြောသလို ဒိုးပြားနဲ့ ကြိုးစားခဲ့တယ် ဆိုရင်တောင် ဘောင်ထဲက စာရွက်စာတမ်းတော့ အပြည့်ယူထားတဲ့ သဘောပေါ့နော်

အဲ့ မျက်မှန်မဲ ကုတ်အမဲနဲ့ ဦးလေးကြီးတို့ ပြောသလို ၁၅မိနစ်စာလောက် အခန်းတွေအတွက် ဒေါ်လာ သန်းနဲ့ချီ သုံးမယ်ဆိုတဲ့ အင်္ဂလန်ချင်းချောင်တွေနဲ့ ယှဉ်နိုင်အောင် ပိုက်ဆံတွေ ထုတ်လိုက်ရင်… ရုပ်ရှင်ထဲ ပါတဲ့လူတွေကို အင်ရှူးဝါးရန့် ဝယ်ပေးရင်… လှိမ့်ရမယ့်အခန်းတွေမှာ မက်ထရွက်စ် ခင်းပေးရင် လမ်းပိတ်ပေးလိုက်ရင် အဲ့လိုရုပ်ရှင်မျိုး ရနိုင်မှာလားလို့

၃ရက်တစ်ကားတောင် မင်းသားမင်းသမီး အားတဲ့အချိန်မှ ရိုက်ရတဲ့ practice မျိုး… ဖူးကပ်ကမ်းခြေကို ဆင်းသွားပြီး ပြန်တက်လာတော့ သဲအရောင် လုံးဝမတူတဲ့ ဗိုလ်တစ်ထောင်ကမ်းနားလို location နဲ့ ဇာတ်ညွှန်း အသေးစိတ် ပြင်ဆင်တတ်ပုံမျိုး… အိုကြီးအိုမတွေကို အထက်တန်းကျောင်းသား/သူ ဇာတ်ရုပ်ထည့် ရိုက်တတ်တဲ့ castရွေးချယ်ပုံမျိုး…ဟာသဆိုလဲ လိင်တိမ်းညွှတ်မှု မတူနဲ့သူတွေနဲ့ အသားအရောင် မတူသူတွေကို သက္ခာချပြရတာလို့ပဲ သိတဲ့ ခံယူချက်မျိုး

အဆိုးဆုံးကတော့ ခွင့်ပြုချက် process ကိစ္စလို သေနတ်အစစ် ဘယ်လိုသုံးလဲ ကိစ္စလို ဒါတွေကို အင်တာနေရှင်နယ်မှာ 'ရုပ်ရှင်'ကို ဘယ်လိုရိုက်နေလဲဆိုတာထား ကိုယ့်ပြည်တွင်း procedureကိုတောင် ကိုယ်တိုင်က သိအောင် မကြိုးစား မလေ့လာဘဲ ထောက်ပံ့ပေးပါ ထောက်ပံ့ပေးပါပဲ အော်တတ်တဲ့ mindset

Pre-production & post-production ဘာအတွက်မှ သေချာမလုပ်ဘဲ နာမည်ကြီးမင်းသားကို သုံးရဖို့ပဲ ပိုက်ဆံထုတ်တဲ့ mindset

လူကြမ်းလို စတန့်မန်းလိုတွေကို professional မသုံးတဲ့ mindset
ကိုယ်ရိုက်တဲ့ဇာတ်လမ်းကို ကိုယ်တိုင်မသိတဲ့ mindset
Storyboard မပြောနဲ့ ဇာတ်ညွှန်းတောင် တိတိပပ မရှိတဲ့ လုပ်ပုံကိုင်ပုံတွေ
audition ရယ် storyboard ရယ် ဇာတ်ညွှန်းရယ် မကြားဖူးသလို ရိုက်နေတဲ့ အနေအထားတွေရယ်နဲ့
စာချုပ်နဲ့ အလုပ်မလုပ်တတ်တဲ့ (မဖတ်တတ်တာလဲ ပါမယ်) မင်းသားမင်းသမီးများရဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိပုံနဲ့

ဆုတောင်း ဦးလေးရေ ဆုတောင်း

ပြဿနာက စနစ်လဲ မဟုတ်ဘူး ရုပ်ရှင်မရိုက်ဖူးဘဲ ရုပ်ရှင်ကောင်းကြည့်ချင်တဲ့ ပြည်သူတွေလဲ မဟုတ်ဘူး

ဦးလေးတို့ ကိုယ်တိုင်ပဲ

လေဖြတ်ထားတဲ့ မျက်နှာမျိုးနဲ့ လူမပြောတဲ့စကားတွေပြောပြီး ဂန်းစတားတွေ ဂုန်းစတားတွေလောက်ပဲ ရိုက်တတ်တဲ့ ကိုယ့်အဆင့်နဲ့ သေနတ်အစစ် မကိုင်ချင်ပါနဲ့ဦးလားလို့ပါ။

"သူတို့ဆီ သွားရိုက်ရင်​ ခုလို မြို့လည်​​ကောင်​မှာ
လမ်းပိတ်​ပြီး ရိုက်​ကူးခွင့်​​ပေးမလား ..."ဆို​တော့
ကဲ ... ပိတ်ပြီး ​ရိုက်ကူးခွင့်​ပေးပါပြီပဲ ထားပါ​တော့။
ဘာ​တွေရိုက်​မယ်​လို့များ စိတ်​ကူးထားကြလို့တုန်း။

ကင်​မရာ​တွေပြင်​ပြီး နိုင်​ငံတကာစီးတီးက
လမ်းကျယ်​​တွေကြီး​ ပေါ်မှာ
Line Walker Myanmar ဆိုပြီး ထုံး​တွေဖြူး...
ထုတ်​စည်းထိုးတမ်းတို့ ​၊ကုလားမစည်းနင်းတမ်း
တို့ သွား​ဆော့ကြမလို့လား။

outdoor ခဏထား ၊indoor ​တောင်​ ဘာဆက်​တင်​မှ
မယ်​မယ်​ရရ လုပ်​မယ်​စိတ်​မကူးကြလို့ ခင်​ယု​မေ
အိမ်​တစ်​လုံးထဲနဲ့တင်​ အပတ်​မလည်​​နေကြတာကိုများ။

တစ်​ခါလာလည်း အစိမ်း​ရောင်​ဆိုဖာကြီး
တစ်​ခါလာလည်း စတီးလက်​ရန်းနဲ့ ​လှေကားကြီး
တစ်​ခါလာလည်း ကနုတ်​​ဘောင်​​ခွေထားတဲ့ နံရံကပ်​မှန်​ကြီး။

ပါးရိုက်​ခန်း နားရိုက်​ခန်း​လောက်​နဲ့
သောက်​တင်းစုတုပ်​တဲ့ အခန်းမျိုး​လောက်​ကို
indoor သွင်းတာ​တောင်​ ဟိုဆိုဖာ ဒီ​ရွှေ့ ၊ဒီပန်းအိုး
ဟို​ပြောင်း​ရုံ​လောက်​​တောင်​ မလုပ်​ချင်​ကြပဲ
အိမ်​​ရှေ့က​နေ အိမ်​​နောက်​​ဖေးဝင်​ရုံနဲ့
တစ်​ကားပြီး​အောင်​ ရိုက်​တတ်​​ကြတဲ့ အနုပညာ
ပါရမီ​တွေ ရှိ​နေကြပြီးသားပဲ​လေ။

ယူတို့က သူများ​တွေလိုနိုင်​ငံတကာစီးတီးထိ
လမ်း​တွေပိတ်​ပြီး သွားရိုက်​စရာမှ မလိုတာ။

လမ်းကြား​လေးထဲမှာ
မင်းသားက မင်းသမီးကို ဆွဲဖက်​ ၊

မင်းသမီးက ".. ခို မစိုးနက်​ခွာ ... ဟိုမှာ​ ဖီဖီတို့
ကြည့်​နယ်​.." ဆိုပြီး ပီတီတီနဲ့ ပြန်​တွန်း ၊

မင်းသမီးအ​ဖေက "ဟင်​ မင်း .. မင်း .."ဆိုပြီး
တုတ်​​ကောက်​နဲ့ လိုက်​ရိုက်​၊

ချောင်​ကြို​ချောင်​ကြားက​နေ အချိန်​ကိုက်​ထွက်​လာ
တဲ့လူအုပ်​ကြီးက ​ဟေးကနဲ​ ထအော်​။
ပြီး ဇာတ်​သိမ်း။

ဒီ​လောက်​နဲ့က​တော့ ကိုယ့်​စီက
ရွာလမ်း​တွေမှာ သွားရိုက်​ရင်​​တောင်​ ရတယ်​။

ဒါ​တောင်
နေပူစပ်​ခါး ​နေမြင့်​မွန်းလွဲမှ ​မော​မောပန်းပန်းနဲ့
ထင်းတိုက်​ပြန်​လာရလို့ ​ဒေါသထွက်​​နေတဲ့
ငါ့လို လှည်းသမားမျိုးနဲ့​သာ ​တွေ့ရင်
ဟဲ့ ... လှည်းလမ်း​ကြောင်းကို ပိတ်​​ပြီး
အ​ရေမရ အဖက်​မရ​ ၊​နေပူပူထဲ စွကမြင်း​ကြော
ထ,​နေရလားလို့ ​မေး​မေးပြီးနှင်​တံနဲ့ဆင်းရိုက်​တာ
ခံရင်​ ခံရအုံးမှာ။

အင်​ထာ​နေရှင်​နယ်​လ်​ မှာ​တော့
မ​ပြောတတ်​ဖူး။

😜😜

#crd

No comments:

Post a Comment