Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 19, 2019

လမ္းမေပၚမွာ ကေလးေမြးတဲ့ ေယာက္်ားလ်ာေလးကို မကူညီဘဲ ဓာတ္ပုံအလုအယက္ ႐ုိက္ခဲ့သူမ်ား


ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ(၁၆)ရက္က ကိုယ္ဝန္အရင့္အမာ လြယ္ထားရတဲ့ အမ်ိဳးသမီးငယ္တစ္ဦးဟာ ထင္မွတ္မထားဘဲ ေရမႊာေပါက္ၿပီး လမ္းမေပၚမွာပင္ ကေလးေမြးဖြားျခင္းကုိ ျပဳလုပ္ခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ကနဦးတုန္းက အင္ဒုိနီးရွားမွာ ျဖစ္ခဲ့တာဆုိၿပီး သတင္းေတြ ထြက္ေပၚခဲ့ေသာ္လည္း

(၁၇)ရက္ေန႔မွာ ျပန္လည္ျပင္ခ်က္ သတင္းေတြမွာေတာ့ ဒီအျဖစ္အပ်က္ဟာ ဖိလစ္ပိုင္က လမ္းမတစ္ခုမွာ ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။ အဆုိပါ အမ်ိဳးသမီးကုိ အခ်ိဳ႕က ေယာက္်ားလ်ာလုိ႔ ေဖာ္ျပထားေသာ္လည္း ဒီကိစၥကိုေတာ့ မူလသတင္းစာမ်က္ႏွာမွာ အတည္ျပဳထားျခင္း မရွိပါဘူး။

ဒါေပမယ့္ အျခားသတင္းေတြမွာေတာ့ Tomboy (ေယာက္်ားလ်ာ)အျဖစ္ ေဖာ္ျပထားပါတယ္။ ထူးဆန္းတာက ျဖတ္သြားျဖတ္လာ လူေတြရဲ႕ အျပဳအမူျဖစ္ပါတယ္။ ဒီကိစၥကုိ မ်က္ျမင္ႀကဳံေနတာေတာင္မွ လုံးဝ အကူအညီမေပးဘဲ၊ ဖုန္းေတြကုိ ထုတ္ၿပီး မွတ္တမ္းတင္ေနၾကတာပါ။

သူ႕တုိ႕စိတ္ထဲမွာ ပုံကို အလ်င္အျမန္ လုိင္းေပၚတင္ႏုိင္ရင္ လူအမ်ား စိတ္ဝင္စားမႈပုိရဖုိ႔က အေရးႀကီးေနပုံရၿပီး၊ လူတစ္ေယာက္ ဒုကၡေတြၾကားမွာ ႐ုန္းကန္ေနရတာကို အေရးႀကီးတယ္လုိ႔ ယူဆပုံမရၾကပါဘူး။ ကံေကာင္းတာက မိခင္ေရာ၊ ကေလးေရာ က်န္းမာတယ္ဆုိတဲ့ သတင္းျဖစ္ပါတယ္။

လူမႈကြန္ရက္မွာေတာ့ ေဆး႐ုံကားေလးေတာင္ ေခၚေပးေဖာ္မရတဲ့၊ ကုိယ္စီကိုယ္စီ ဖုန္းေတြထုတ္ၿပီး ဓာတ္ပုံေတြ ဗြီဒီယုိေတြ ႐ုိက္ကူးခဲ့သူေတြကုိ လူသားခ်င္း မစာနာသူေတြ၊ ၾကင္နာသနားစိတ္ ကင္းမဲ့သူေတြ၊ လူမပီသသူေတြလုိ႔ အမ်ိဳးမ်ိဳးကင္ပြန္းတပ္ၿပီး ေဝဖန္ေနၾကတယ္လုိ႔ သိရပါတယ္။
(www.nalonetardiary.com)
source : worldofbuzz လင္းေဇာ္ကို (MyanmarNote)

#Unicode Version#

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၆)ရက်က ကိုယ်ဝန်အရင့်အမာ လွယ်ထားရတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ထင်မှတ်မထားဘဲ ရေမွှာပေါက်ပြီး လမ်းမပေါ်မှာပင် ကလေးမွေးဖွားခြင်းကို ပြုလုပ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကနဦးတုန်းက အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တာဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့သော်လည်း

(၁၇)ရက်နေ့မှာ ပြန်လည်ပြင်ချက် သတင်းတွေမှာတော့ ဒီအဖြစ်အပျက်ဟာ ဖိလစ်ပိုင်က လမ်းမတစ်ခုမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးကို အချို့က ယောက်ျားလျာလို့ ဖော်ပြထားသော်လည်း ဒီကိစ္စကိုတော့ မူလသတင်းစာမျက်နှာမှာ အတည်ပြုထားခြင်း မရှိပါဘူး။

ဒါပေမယ့် အခြားသတင်းတွေမှာတော့ Tomboy (ယောက်ျားလျာ)အဖြစ် ဖော်ပြထားပါတယ်။ ထူးဆန်းတာက ဖြတ်သွားဖြတ်လာ လူတွေရဲ့ အပြုအမူဖြစ်ပါတယ်။ ဒီကိစ္စကို မျက်မြင်ကြုံနေတာတောင်မှ လုံးဝ အကူအညီမပေးဘဲ၊ ဖုန်းတွေကို ထုတ်ပြီး မှတ်တမ်းတင်နေကြတာပါ။

သူ့တို့စိတ်ထဲမှာ ပုံကို အလျင်အမြန် လိုင်းပေါ်တင်နိုင်ရင် လူအများ စိတ်ဝင်စားမှုပိုရဖို့က အရေးကြီးနေပုံရပြီး၊ လူတစ်ယောက် ဒုက္ခတွေကြားမှာ ရုန်းကန်နေရတာကို အရေးကြီးတယ်လို့ ယူဆပုံမရကြပါဘူး။ ကံကောင်းတာက မိခင်ရော၊ ကလေးရော ကျန်းမာတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

လူမှုကွန်ရက်မှာတော့ ဆေးရုံကားလေးတောင် ခေါ်ပေးဖော်မရတဲ့၊ ကိုယ်စီကိုယ်စီ ဖုန်းတွေထုတ်ပြီး ဓာတ်ပုံတွေ ဗွီဒီယိုတွေ ရိုက်ကူးခဲ့သူတွေကို လူသားချင်း မစာနာသူတွေ၊ ကြင်နာသနားစိတ် ကင်းမဲ့သူတွေ၊ လူမပီသသူတွေလို့ အမျိုးမျိုးကင်ပွန်းတပ်ပြီး ဝေဖန်နေကြတယ်လို့ သိရပါတယ်။
(www.nalonetardiary.com)
source : worldofbuzz လင်းဇော်ကို (MyanmarNote)

No comments:

Post a Comment