Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 28, 2019

ကိုယ့္မိဘဆိုတဲ့ အသိေလးမွမရွိတဲ့ ေရႊျမန္မာတို့၏ အယူသီးပံု။ အသုဘရုပ္အေလာင္းကို ေဆးရံုၾကီးေရခဲတိုက္ထဲမွ ထုတ္ယူျပီး ေသဆံုးသူရဲ႕အိမ္သို႕ ပိုေဆာင္လိုက္ေသာအခါ “

အသုဘ ႐ုပ္အေလာင္းကို ေဆး႐ုံႀကီး အေအးတိုက္မွထုတ္ယူလာၿပီး နာေရးကားေပၚတင္၍ ေသဆုံးသူရဲ႕အိမ္သို႔ပို႔ေဆာင္ဖို႔ ေမာင္းထြက္လာခဲ့တယ္။

အိမ္ေ့ရွကိုနာေရးကားေရာက္လာေတာ့….မိဘေက်းဇူးေတြနဲ႔ အယူသီးမႈေတြကို ခြဲျခားသိျမင္နိင္ၿပီး သိပ္ခ်စ္ပါတယ္ဆိုတဲ့ အမွန္တရား။

အသုဘ႐ုပ္အေလာင္းကို ေဆး႐ုံႀကီးအေအးတိုက္မွထုတ္ယူလာၿပီး နာေရးကားေပၚတင္၍ ေသဆုံးသူရဲ႕အိမ္သို႔ပို႔ေဆာင္ဖို႔ေမာင္းထြက္လာခဲ့တယ္…

အိမ္ေ့ရွကိုနာေရးကားေရာက္လာေတာ့ အေလာင္းကိုအိမ္ထဲသြင္းမယ္ လုပ္စရာရွိတာလုပ္မယ္ေပါ့ ကားေပၚကေနအေလာင္းခ်မယ္လုပ္ေတာ့

အိမ္ရွင္ေတြကအေျပးေရာက္လာၿပီး မ်က္ရည္ေလးစမ္းတမ္းတမ္းနဲ႔ ဆရာတို႔ အိမ္ထဲအေလာင္းမျပင္ဘူးေနာ္ အိမ္ေ့ရွမွာပဲအေလာင္းျပင္ေပးပါေနာ္တဲ့

” အမဘာျဖစ္လို႔လဲ ” လို႔ကြၽန္ေတာ္ကေမးလိုက္ေတာ့… ဟိုေလ ” ဆရာ အျပင္မွာေသတဲ့အေလာင္းကို အိမ္ထဲမသြင္းေကာင္းဘူးတဲ့

အိမ္သားေတြခိုက္တက္တယ္ တဲ့ ” ၿပီးေတာ့ ရပ္ကြက္ကလဲမႀကိဳက္ဘူး ရပ္ကြက္နာတယ္တဲ့… ေဟာဗ်ာ…”ဒါနဲ႔အမ အခုေသတဲ့သူက

အမနဲ႔ဘာေတာ္လဲ လို႔ေမးလိုက္ေတာ့ “… ဆရာ အခုဆုံးသြားတဲ့သူက ကြၽန္မအေဖ ပါတဲ့.

ေအာ္…ဟုတ္ကဲ့ အမအေဖလား ဒါဆိုအိမ္ထဲအေလာင္းမျပင္ဘူး အျပင္မွာပဲ အေလာင္းျပင္မယ္ေပါ့ ဟုတ္လားအမ… ဟုတ္ကဲ့ ဆရာ

အျပင္မွာပဲျပင္ေပးပါတဲ့…ေကာင္းပါၿပီအမ ကြၽန္ေတာ္ တို႔ အမတို႔စိတ္တိုင္းက် အျပင္မွာပဲအေလာင္းျပင္ေပးပါမယ္ ငိုတဲ့သူကငိုၾကတယ္ ကြၽန္ေတာ္တို႔လဲ

လုပ္စရာရွိတဲ့ကိစၥအဝဝကိုေဆာင္႐ြက္ေပးၿပီး ကူညီေပးခဲ့ပါၿပီ…အသုဘအေလာင္းျပင္ၿပီး အျပန္ကားေပၚမွာ ကြၽန္ေတာ္ အသိအမွန္တရားတစ္ခု

ခ်က္ခ်င္း ရလိုက္ပါတယ္ အဲ့ဒါက ဘာလဲဆိုေတာ့….. ေအာ္…. ငယ္စဥ္ေတာင္ေက်းကေလးဘဝကေန လူလားေျမႇာက္ေအာင္

ပညာတက္ႀကီးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ကိုယ့္ေဖေဖ …

ေနပူထဲမွာလႈပ္ရွား႐ုန္းကန္ၿပီး သားသမီးေတြမ်က္နာမငယ္ရေအာင္ ေကြၽးေမြးျပဳစု ရွာေဖြ ေစာင့္ေရွာက္ခဲ့ရတဲ့ ေဖေဖ… သားသမီးေတြအတြက္ဆို

မားမားမတ္မတ္ရပ္တည္ေပးခဲ့တဲ့ ေဖေဖ… အိမ္ေထာင္ဦးစီး သူေတာ္ေကာင္းႀကီး ေဖေဖ… ေဖေဖ ရယ္ … အခု ေဖေဖ ေသဆုံးသြားေတာ့ အိမ္ထဲေတာင္အဝင္မခံေတာ့ဘူး ေဖေဖရယ္…

အိမ္ေထာင္ဦးစီး ေဖေဖ ႐ုန္းကန္ရွာေဖြၿပီး စုေဆာင္းကာ ေဖေဖေဆာက္ခဲ့တဲ့အိမ္ေလး အခု ေဖေဖ ေဂါင္းခ်ဖို႔ေတာင္ ေနရာမရွိေတာ့ဘူး

ေဖေဖရယ္… ေဖေဖ ေကြၽးေမြးျပဳစု ေစာင့္ေရွာက္ ခဲ့တာ နစ္ေပါင္းမ်ားစြာပါ ေဖေဖ အခုေတာ့… ေနာက္ထပ္

၅ရက္ေနရင္ ေဖေဖကို အိမ္ကေန သားသမီးေတြက ရာသက္ပန္နင္ထုတ္ေတာ့မွာ ေဖေဖရယ္…

ေဖေဖ ေခြၽးနည္းစာေလးနဲ႔ပိုက္စံစုၿပီး လိုအပ္ရင္ အရန္သင့္ျဖစ္ေအာင္ သားသမီးေတြအတြက္ ရည္႐ြယ္ကာ ဝယ္ထားတဲ့ ေဖေဖ

ေ႐ႊလက္စြပ္ေလး အခုျဖဳတ္ယူသြားၾကၿပီ ေဖေဖရယ္… ေဖေဖတမလြန္ကိုသြားေတာ့ ပုဆိုးအေဟာင္းေလးနဲ႔ အက်ီအႏြမ္းေလး ေဖေဖအတြက္ဆိုၿပီး ထည့္ေပးလိုက္ၿပီေနာ္ ေဖေဖ…

ရပ္ကြက္ကအဝင္မခံဘူးေျပာရေအာင္ ရပ္႐ြာေကာင္းက်ိဳးသာေရး နာေရးေတြ ဆြမ္းေလာင္း အသင္းေတြ ပါဝင္ၿပီး ဦးေဆာင္ဦး႐ြက္တက္အားသေရာကုသိုလ္ယူျပဳလုပ္ခဲ့တဲ့

ေဖေဖ… အခု ေဖေဖ ကိုေတာင္အဝင္မခံေတာ့ဘူး ရပ္ကြက္နာတယ္တဲ့ တရားရဲ႕လားေဖေဖရယ္… ေဖေဖ ေပးခဲ့တဲ့

ေမတၱာတရားေတြကတန္ဖိုးမျဖတ္နိင္ေအာင္ ႀကီးမားလွပါတယ္ ေဖေဖရယ္။

ေနာက္ဆုံး ေဖေဖရလိုက္တဲ့အရာေတြက တန္ဖိုးနည္းလိုက္တာ ေဖေဖ ေဖေဖ… ရယ္ ေလာဘ ေဒါသ ေမာဘ ေတြျပည့္ႏွက္ေနတဲ့လူ႔ေလာကႀကီးက ကိေလသာအပူမီးေတြ ေတာက္ေလာင္ေနတာပါ။

ဒါန သီလ ဘာဝနာ ေတြကသာ ေဖေဖ ေနာက္ပါမွာ ေကာင္းရာသုဂတိမွာ ေဖေဖ ေပ်ာ္ေမႊ႕ပါေစေနာ္ ….

ကိုယ္သိပ္ခ်စ္ပါတယ္ ခ်စ္ပါတယ္ ဆိုၿပီး ပါးစပ္ကေလးနဲ႔မိဘေက်းဇူးတရားေတြကို တန္ဖိုးမျဖတ္လိုက္ၾကပါနဲ႔ မိဘေက်းဇူးကိုမဆပ္မိၾကလို႔ ေသခါမွေနာင္တမရမိၾကလိုက္ပါနဲ႔ေနာ္။ဤစာသားေလးကို မိဘေက်းဇူးနင့္ အယူသီးမႈေတြကိုပါပေပ်ာက္ေအာင္

ကြၽန္ေတာ္ရင္ထဲကခံစားခ်က္ေလးနဲ႔အတူေရးသားၿပီး မွ်ေဝေပးလိုက္ပါရေစ….

ေက်ာ္ဇင္ (မႏၲေလးသား)

Unicode version
အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။

အိမ်ေ့ရှကိုနာရေးကားရောက်လာတော့….မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား။

အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်…

အိမ်ေ့ရှကိုနာရေးကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့

အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်းမပြင်ဘူးနော် အိမ်ေ့ရှမှာပဲအလောင်းပြင်ပေးပါနော်တဲ့

” အမဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေးလိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့

အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက

အမနဲ့ဘာတော်လဲ လို့မေးလိုက်တော့ “… ဆရာ အခုဆုံးသွားတဲ့သူက ကျွန်မအဖေ ပါတဲ့.

အော်…ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲအလောင်းမပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ ဟုတ်လားအမ… ဟုတ်ကဲ့ ဆရာ

အပြင်မှာပဲပြင်ပေးပါတဲ့…ကောင်းပါပြီအမ ကျွန်တော် တို့ အမတို့စိတ်တိုင်းကျ အပြင်မှာပဲအလောင်းပြင်ပေးပါမယ် ငိုတဲ့သူကငိုကြတယ် ကျွန်တော်တို့လဲ

လုပ်စရာရှိတဲ့ကိစ္စအဝဝကိုဆောင်ရွက်ပေးပြီး ကူညီပေးခဲ့ပါပြီ…အသုဘအလောင်းပြင်ပြီး အပြန်ကားပေါ်မှာ ကျွန်တော် အသိအမှန်တရားတစ်ခု

ချက်ချင်း ရလိုက်ပါတယ် အဲ့ဒါက ဘာလဲဆိုတော့….. အော်…. ငယ်စဉ်တောင်ကျေးကလေးဘဝကနေ လူလားမြှောက်အောင်

ပညာတက်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ဖေဖေ …

နေပူထဲမှာလှုပ်ရှားရုန်းကန်ပြီး သားသမီးတွေမျက်နာမငယ်ရအောင် ကျွေးမွေးပြုစု ရှာဖွေ စောင့်ရှောက်ခဲ့ရတဲ့ ဖေဖေ… သားသမီးတွေအတွက်ဆို

မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ ဖေဖေ… အိမ်ထောင်ဦးစီး သူတော်ကောင်းကြီး ဖေဖေ… ဖေဖေ ရယ် … အခု ဖေဖေ သေဆုံးသွားတော့ အိမ်ထဲတောင်အဝင်မခံတော့ဘူး ဖေဖေရယ်…

အိမ်ထောင်ဦးစီး ဖေဖေ ရုန်းကန်ရှာဖွေပြီး စုဆောင်းကာ ဖေဖေဆောက်ခဲ့တဲ့အိမ်လေး အခု ဖေဖေ ဂေါင်းချဖို့တောင် နေရာမရှိတော့ဘူး

ဖေဖေရယ်… ဖေဖေ ကျွေးမွေးပြုစု စောင့်ရှောက် ခဲ့တာ နစ်ပေါင်းများစွာပါ ဖေဖေ အခုတော့… နောက်ထပ်

၅ရက်နေရင် ဖေဖေကို အိမ်ကနေ သားသမီးတွေက ရာသက်ပန်နင်ထုတ်တော့မှာ ဖေဖေရယ်…

ဖေဖေ ချွေးနည်းစာလေးနဲ့ပိုက်စံစုပြီး လိုအပ်ရင် အရန်သင့်ဖြစ်အောင် သားသမီးတွေအတွက် ရည်ရွယ်ကာ ဝယ်ထားတဲ့ ဖေဖေ

ရွှေလက်စွပ်လေး အခုဖြုတ်ယူသွားကြပြီ ဖေဖေရယ်… ဖေဖေတမလွန်ကိုသွားတော့ ပုဆိုးအဟောင်းလေးနဲ့ အကျီအနွမ်းလေး ဖေဖေအတွက်ဆိုပြီး ထည့်ပေးလိုက်ပြီနော် ဖေဖေ…

ရပ်ကွက်ကအဝင်မခံဘူးပြောရအောင် ရပ်ရွာကောင်းကျိုးသာရေး နာရေးတွေ ဆွမ်းလောင်း အသင်းတွေ ပါဝင်ပြီး ဦးဆောင်ဦးရွက်တက်အားသရောကုသိုလ်ယူပြုလုပ်ခဲ့တဲ့

ဖေဖေ… အခု ဖေဖေ ကိုတောင်အဝင်မခံတော့ဘူး ရပ်ကွက်နာတယ်တဲ့ တရားရဲ့လားဖေဖေရယ်… ဖေဖေ ပေးခဲ့တဲ့

မေတ္တာတရားတွေကတန်ဖိုးမဖြတ်နိင်အောင် ကြီးမားလှပါတယ် ဖေဖေရယ်။

နောက်ဆုံး ဖေဖေရလိုက်တဲ့အရာတွေက တန်ဖိုးနည်းလိုက်တာ ဖေဖေ ဖေဖေ… ရယ် လောဘ ဒေါသ မောဘ တွေပြည့်နှက်နေတဲ့လူ့လောကကြီးက ကိလေသာအပူမီးတွေ တောက်လောင်နေတာပါ။

ဒါန သီလ ဘာဝနာ တွေကသာ ဖေဖေ နောက်ပါမှာ ကောင်းရာသုဂတိမှာ ဖေဖေ ပျော်မွှေ့ပါစေနော် ….

ကိုယ်သိပ်ချစ်ပါတယ် ချစ်ပါတယ် ဆိုပြီး ပါးစပ်ကလေးနဲ့မိဘကျေးဇူးတရားတွေကို တန်ဖိုးမဖြတ်လိုက်ကြပါနဲ့ မိဘကျေးဇူးကိုမဆပ်မိကြလို့ သေခါမှနောင်တမရမိကြလိုက်ပါနဲ့နော်။ဤစာသားလေးကို မိဘကျေးဇူးနင့် အယူသီးမှုတွေကိုပါပပျောက်အောင်

ကျွန်တော်ရင်ထဲကခံစားချက်လေးနဲ့အတူရေးသားပြီး မျှဝေပေးလိုက်ပါရစေ….

ကျော်ဇင် (မန္တလေးသား)

No comments:

Post a Comment