Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 28, 2019

ဘုရင့္ေနာင္ပြဲရံုအတြင္းေဖာက္ထြင္းခိုးယူေသာင္းက်န္းေနတဲ႔ သူခိုးၾကီးကုိ မိပါျပီ


၂၇-၂-၂၀၁၉ ေန႔ညတြင္ ယခုလပိုင္း ဘုရင့္ေနာင္ပြဲရံုအတြင္း ေနာက္ေဖးတံခါး၊ ျပတင္းေပါက္မ်ားမွ လိုက္လံေဖာက္ထြင္းေနေသာ သူခိုးကို ဘုရင့္ေနာင္ သာယာစည္းကမ္း ညလံုျခံဳေရးအဖြဲ႔မွ ဖမ္းမိခဲ႔ပါၿပီ။

တရားခံမွာ ဘုရင့္ေနာင္ကို ထံုးလိုေမႊ၊ ေရလိုေႏွာက္ နယ္ေျမကြ်မ္းက်င္ၿပီး လိႈင္သာယာ၊ ရွမ္းေခ်ာင္းေန ေအာင္ေက်ာ္စိုး ျဖစ္ၿပီး လြန္ခဲ႔ေသာ ၁၅-၆-၂၀၁၇ က ဘုရင့္ေနာင္ ခေရလမ္းဂိတ္မွ သိန္း ၂၀ နီးပါး ခိုး၍ အဖမ္းခံထားရၿပီးျဖစ္ပါသည္။

ယခင္ကလည္း ပြဲရံုပိုင္ရွင္မ်ားအား သတိေပးၿပီးျဖစ္ပါသည္။ဘုရင့္ေနာင္ပြဲရံုမ်ား ေနာက္ေဖးတံခါး၊ ျပတင္းေပါက္မ်ားသည္ ေဆြးေျမ႕၍ လူဝင္ရလြယ္ေနျခင္းသည္ အဓိကအခ်က္ျဖစ္ေနပါသည္။
ယခုလည္း ပြဲရံုပိုင္ရွင္မ်ားသည္ ညလံုျခံဳေရးအဖြဲ႔အား အလုပ္မလုပ္ဟု ေျပာဆိုေနၾကပါသည္။လူႀကီးမင္းတို႔ ေအးခ်မ္းစြာ အိပ္စက္ေနစဥ္ ဘုရင့္ေနာင္ပြဲရံုအတြင္း ညလံုျခံဳေရးအဖြဲ႔သည္ ညစဥ္ မိုးလင္းထိ တစ္ညလံုးအလုပ္လုပ္ရၿပီး ဘုရင့္ေနာင္အားေစာင့္ေရွာက္လ်က္ရွိပါသည္။
ဥပမာ။ ေရကင္း၊ မီးကင္း အေၾကာင္းတစ္စံုတရာဆိုလွ်င္ အင္းအားသံုး၍ ဘုရင့္ေနာင္အတြက္ အက်ိဳးရွိလွပါသည္။
ယခုလတြင္ အဆိုပါ ေဖာက္ထြင္းသူမွာ အတင့္ရဲ၍ ဘုရင့္ေနာင္ထဲပတ္ေဖာက္လ်က္ရွိသျဖင့္ ညလံုျခံဳေရးအဖြဲ႔ ေခါင္းေဆာင္ႏွင့္ ဝန္ထမ္းမ်ားညစဥ္ အရပ္ဝတ္ျဖင့္ ဂါလီနင္းျခင္း၊ ဆိုင္မ်ားထိုင္ျခင္း၊ ကင္းပတ္ျခင္းႏွင့္ ဝန္ထမ္းမ်ားကို အလွည့္က် ညစ္ပတ္နံေစာ္၊ ျခင္ကိုက္ခံကာ ေနာက္ေဖးလမ္းၾကားမ်ားတြင္ ကင္းပုန္းခ်ကာ ေန႔စဥ္၊ ညစဥ္ ေစာင့္ဖမ္းေနရပါသည္။
ထိုအရာကို သူခိုးသိရန္မျဖစ္၍ လူႀကီးမ်ား၊ ပြဲရံုပိုင္ရွင္မ်ား အေျပာအဆိုေခါင္းငံု႔ခံကာ ကိုယ့္အလုပ္ကိုယ္လုပ္ေနျခင္းျဖစ္ပါသည္။ယခု ေဖာက္ထြင္းသူခိုးမိမွ ထုတ္ေဖာ္ေျပာျခင္းျဖစ္ပါသည္။


* ဘုရင့္ေနာင္ လုပ္ငန္းရွင္မ်ားခင္ဗ်ား…သတိထားႏိုင္ပါရန္ ျဖစ္စဥ္ အသိေပးအပ္ပါသည္။
1. ေဖာက္ထြင္းမႈ က်ဴးလြန္သူမွာ ကုန္တင္ကားႀကီးမ်ား အမဲဆီ လိုက္ထိုးသူျဖစ္၍ လူရင္းႏွီး၊ နယ္ေျမကြ်မ္းက်င္ျခင္း။
2. တျခားေနရာျပန္အိပ္ျခင္း၊ အေပၚထပ္လူအိပ္ျခင္း။
3. အိမ္ေနာက္ဘက္သံပန္းမ်ား ေဆြးေျမ႕ကာ အလြယ္တကူျဖဳတ္ရျခင္း။
4. ေနာက္ေဖးလမ္းၾကား ဝင္/ထြက္ ေပါက္မ်ား မလံုျခံဳ၊ ကြယ္ေနျခင္း။ ( ညဘက္ လံုျခံဳေရးအဖြဲ႔မွ ဓါတ္မီးမ်ားႏွင့္ ညစဥ္ ကင္းလွည့္ ထိုးၾကည့္ပါသည္။ )
5. ယခု ေဖာက္ထြင္းသူမွာ ယခင္ ဘုရင့္ေနာင္အတြင္း ေဖာက္ခိုး၍ ေထာင္က်ၿပီး ျပန္လြတ္လာသူျဖစ္၍ ဘုရင့္ေနာင္တြင္း ယခု အိမ္မ်ားစြာ ေဖာက္ထားသူျဖစ္ပါသည္။

6. ဘုရင့္ေနာင္အတြင္း ျပစ္မႈက်ဴးလြန္သူမ်ားသည္ သူ႔အက်င့္သူ ယခင္က်ဴးလြန္သကဲ႔သို႔ ထိုအတိုင္း ျပန္က်ဴးလြန္တတ္ပါသည္။ ( ဥပမာ..ဆီတိုင္ကီ အဖံုး ခိုးသူသည္ ဖမ္းလိုက္၊ လြတ္လိုက္၊ ဆီတိုင္ကီ အဖံုးပဲ ျပန္ခိုးလိုက္။ ဖုန္းလိုက္ခိုးသူသည္ ေကာက္တိုေကာက္သကဲ႔သို႔ႏွင့္ ကားမ်ား၊ ပြဲရံုေရွ႕မ်ားမွ ဖုန္းမ်ားသာ လိုက္ခိုးတတ္ပါသည္။ )

* လုပ္ငန္းရွင္မ်ား သတိျပဳေစရန္ အျပဳသေဘာ အသိေပးျခင္းျဖစ္ပါသည္။
အျမဲတမ္းခုိးေန၍ မ်က္နွာမဖ်က္ေတာ့ပါ။ အားလုံးသတိထားနုိင္ရန္
(သတင္း၊ ဓါတ္ပံု-ဘုရင့္ေနာင္ သာယာစည္းကမ္း ညလံုျခံဳေရး အဖြဲ႕…။)

Unicode version
၂၇-၂-၂၀၁၉ နေ့ညတွင် ယခုလပိုင်း ဘုရင့်နောင်ပွဲရုံအတွင်း နောက်ဖေးတံခါး၊ ပြတင်းပေါက်များမှ လိုက်လံဖောက်ထွင်းနေသော သူခိုးကို ဘုရင့်နောင် သာယာစည်းကမ်း ညလုံခြုံရေးအဖွဲ့မှ ဖမ်းမိခဲ့ပါပြီ။

တရားခံမှာ ဘုရင့်နောင်ကို ထုံးလိုမွှေ၊ ရေလိုနှောက် နယ်မြေကျွမ်းကျင်ပြီး လှိုင်သာယာ၊ ရှမ်းချောင်းနေ အောင်ကျော်စိုး ဖြစ်ပြီး လွန်ခဲ့သော ၁၅-၆-၂၀၁၇ က ဘုရင့်နောင် ခရေလမ်းဂိတ်မှ သိန်း ၂၀ နီးပါး ခိုး၍ အဖမ်းခံထားရပြီးဖြစ်ပါသည်။

ယခင်ကလည်း ပွဲရုံပိုင်ရှင်များအား သတိပေးပြီးဖြစ်ပါသည်။ဘုရင့်နောင်ပွဲရုံများ နောက်ဖေးတံခါး၊ ပြတင်းပေါက်များသည် ဆွေးမြေ့၍ လူဝင်ရလွယ်နေခြင်းသည် အဓိကအချက်ဖြစ်နေပါသည်။





ယခုလည်း ပွဲရုံပိုင်ရှင်များသည် ညလုံခြုံရေးအဖွဲ့အား အလုပ်မလုပ်ဟု ပြောဆိုနေကြပါသည်။လူကြီးမင်းတို့ အေးချမ်းစွာ အိပ်စက်နေစဉ် ဘုရင့်နောင်ပွဲရုံအတွင်း ညလုံခြုံရေးအဖွဲ့သည် ညစဉ် မိုးလင်းထိ တစ်ညလုံးအလုပ်လုပ်ရပြီး ဘုရင့်နောင်အားစောင့်ရှောက်လျက်ရှိပါသည်။

ဥပမာ။ ရေကင်း၊ မီးကင်း အကြောင်းတစ်စုံတရာဆိုလျှင် အင်းအားသုံး၍ ဘုရင့်နောင်အတွက် အကျိုးရှိလှပါသည်။

ယခုလတွင် အဆိုပါ ဖောက်ထွင်းသူမှာ အတင့်ရဲ၍ ဘုရင့်နောင်ထဲပတ်ဖောက်လျက်ရှိသဖြင့် ညလုံခြုံရေးအဖွဲ့ ခေါင်းဆောင်နှင့် ဝန်ထမ်းများညစဉ် အရပ်ဝတ်ဖြင့် ဂါလီနင်းခြင်း၊ ဆိုင်များထိုင်ခြင်း၊ ကင်းပတ်ခြင်းနှင့် ဝန်ထမ်းများကို အလှည့်ကျ ညစ်ပတ်နံစော်၊ ခြင်ကိုက်ခံကာ နောက်ဖေးလမ်းကြားများတွင် ကင်းပုန်းချကာ နေ့စဉ်၊ ညစဉ် စောင့်ဖမ်းနေရပါသည်။





ထိုအရာကို သူခိုးသိရန်မဖြစ်၍ လူကြီးများ၊ ပွဲရုံပိုင်ရှင်များ အပြောအဆိုခေါင်းငုံ့ခံကာ ကိုယ့်အလုပ်ကိုယ်လုပ်နေခြင်းဖြစ်ပါသည်။ယခု ဖောက်ထွင်းသူခိုးမိမှ ထုတ်ဖော်ပြောခြင်းဖြစ်ပါသည်။

* ဘုရင့်နောင် လုပ်ငန်းရှင်များခင်ဗျား…သတိထားနိုင်ပါရန် ဖြစ်စဉ် အသိပေးအပ်ပါသည်။

1. ဖောက်ထွင်းမှု ကျူးလွန်သူမှာ ကုန်တင်ကားကြီးများ အမဲဆီ လိုက်ထိုးသူဖြစ်၍ လူရင်းနှီး၊ နယ်မြေကျွမ်းကျင်ခြင်း။
2. တခြားနေရာပြန်အိပ်ခြင်း၊ အပေါ်ထပ်လူအိပ်ခြင်း။
3. အိမ်နောက်ဘက်သံပန်းများ ဆွေးမြေ့ကာ အလွယ်တကူဖြုတ်ရခြင်း။

4. နောက်ဖေးလမ်းကြား ဝင်/ထွက် ပေါက်များ မလုံခြုံ၊ ကွယ်နေခြင်း။ ( ညဘက် လုံခြုံရေးအဖွဲ့မှ ဓါတ်မီးများနှင့် ညစဉ် ကင်းလှည့် ထိုးကြည့်ပါသည်။ )
5. ယခု ဖောက်ထွင်းသူမှာ ယခင် ဘုရင့်နောင်အတွင်း ဖောက်ခိုး၍ ထောင်ကျပြီး ပြန်လွတ်လာသူဖြစ်၍ ဘုရင့်နောင်တွင်း ယခု အိမ်များစွာ ဖောက်ထားသူဖြစ်ပါသည်။
6. ဘုရင့်နောင်အတွင်း ပြစ်မှုကျူးလွန်သူများသည် သူ့အကျင့်သူ ယခင်ကျူးလွန်သကဲ့သို့ ထိုအတိုင်း ပြန်ကျူးလွန်တတ်ပါသည်။ ( ဥပမာ..ဆီတိုင်ကီ အဖုံး ခိုးသူသည် ဖမ်းလိုက်၊ လွတ်လိုက်၊ ဆီတိုင်ကီ အဖုံးပဲ ပြန်ခိုးလိုက်။ ဖုန်းလိုက်ခိုးသူသည် ကောက်တိုကောက်သကဲ့သို့နှင့် ကားများ၊ ပွဲရုံရှေ့များမှ ဖုန်းများသာ လိုက်ခိုးတတ်ပါသည်။ )
* လုပ်ငန်းရှင်များ သတိပြုစေရန် အပြုသဘော အသိပေးခြင်းဖြစ်ပါသည်။
အမြဲတမ်းခိုးနေ၍ မျက်နှာမဖျက်တော့ပါ။ အားလုံးသတိထားနိုင်ရန်
(သတင်း၊ ဓါတ်ပုံ-ဘုရင့်နောင် သာယာစည်းကမ်း ညလုံခြုံရေး အဖွဲ့…။)

No comments:

Post a Comment