Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 9, 2019

႐ုပ္အဆင္း လွပေစေသာ ကုသိုလ္ (၄) မ်ိဳး


လူ၊ နတ္၊ ျဗဟၼာ ျဖစ္ေလရာ ဘဝတို႔တြင္
သူတစ္ပါးထက္ ႐ုပ္အဆင္း လွပ လိုသူတို႔သည္
ေကာင္းမႈ ( ၄ ) ပါး ကိုျပဳၾကရမည္ ဟု က်မ္းဂန္တို႔ ၌
ဆိုၾက၏ ။ ထိုေကာင္းမႈ ( ၄ ) ခုသည္ကား……

၁။ အဝတ္အစား , သကၤန္း လွဴဒါန္းျခင္း
၂။ အစာအဟာရ လွဴဒါန္းျခင္း
၃။ ေဒါသကို ခ်ဳပ္တည္း၍ ေမတၱာပြားျခင္း
၄။ တံျမတ္လွည္းျခင္း

ဤ( ၄)ပါးသည္ ႐ုပ္အဆင္းလွပျခင္း၏အေၾကာင္းရင္း ျဖစ္ေလ၏ ။
ထိုကုသိုလ္( ၄ )ပါးကိုျပဳပါက
႐ုပ္အဆင္းလွပျခင္းအျပင္
သက္ဆိုင္ရာေကာင္းက်ိဳးမ်ားကိုလဲ ထပ္မံရေသး၏။
ထိုေၾကာင့္ ဤ ( ၄ ) ပါးေသာ ကုသိုလ္တို႔ကို ျဖစ္ေလရာ ဘဝတိုင္း
သူတစ္ပါးထက္ ႐ုပ္အဆင္းလွလိုသူတို႔သည္
မလြဲ မေသြ ျပဳၾကရေပမည္။

••••••••••••••••••••••••••

တစ္ခ်ိဳ႕လူေတြက
႐ုပ္လွတယ္ စိတ္မလွဘူး ။

*ဒီစိတ္ေၾကာင့္ပဲ ႐ုပ္ဘယ္ေလာက္ပဲလွလွ
သူမ်ားေတြရဲ႕ ေမတၱာေတြကို
ရသင့္သေလာက္ မရၾကေတာ့ဘူး ။

တစ္ခ်ိဳ႕လူေတြက
႐ုပ္ဆိုးတယ္ စိတ္ထားျဖဴတယ္ ။

*ဒီစိတ္ေတြေၾကာင့္ပဲ
ဘယ္ေလာက္ ႐ုပ္ဆိုး႐ုပ္ဆိုး
သူတစ္ခုခု လိုအပ္လာရင္ ကူညီမယ့္သူေတြ
အဆင္သင့္နဲ႔ သူ႔အနားမွာ ဝန္းရံသူေတြ
ေပါမ်ားတတ္တယ္ ။

တစ္ခ်ိဳ႕လူေတြက
႐ုပ္လည္းမလွဘူး စိတ္လည္းမလွဘူး ။

*ဒါေၾကာင့္ပဲ ဘယ္သူနဲ႔မွ အဆင္မေျပပဲ
တေလာကလံုးကို အျပစ္ျမင္ၿပီး
ပူေလာင္ေနရတယ္ ။

*႐ုပ္လွၿပီး စိတ္လွဖို႔ ဆိုတာကလည္း
ဘဝေပးကုသိုလ္ကံ ေကာင္းေလး
ေကာင္းခဲ႔တာလည္း ျဖစ္ခ်င္ျဖစ္မယ္ ။

*ဒါေပမယ့္ အရင္ဘဝက
ဘာေကာင္းခဲဲ႔ ေကာင္းခဲ႔
မေကာင္းခဲ႔ မေကာင္းခဲ႔….

*ဒီဘဝမွာ ရသင့္ရထိုက္တဲ႕ ႐ုပ္ရည္ကေတာ့
ျပဳျပင္လို့မရရင္ စိတ္ကေလးကိုေတာ့
ေကာင္းတာ မလုပ္ႏိုင္ေသးရင္ သူမ်ားက
ို ဒုကၡမေပးမိေအာင္ေန။

*လူ႔တန္ဖိုးဆိုတာ
႐ုပ္ရည္ ေငြေၾကးအေပၚကေန
အေပၚယံရွပ္ၾကည့္လို႔ မသိရဘူး ။

*တန္ဖိုးတက္ေအာင္
မေနႏိုင္ေသးရင္ေတာင္
ကိုယ္က်င့္တရား အပိုင္းမွာ
တန္ဖိုးက်ေအာင္ မေနနဲ႔။

*စိတ္ေပါ့ပါးရင္ ႐ုပ္ၾကည္တယ္ ။
စိတ္ေကာင္းရွိရင္ ကံေကာင္းတယ္ ။
စိတ္မေကာင္းႏိုင္ေသးရင္ေတာင္
စိတ္မယုတ္ညံ႔နဲ႔ ။

*ကိုယ္ေဒါသထြက္ခ်ိန္
အၿငိဳးေတးႀကီးခ်ိန္ တုန္းကလည္း
တအားကို ပူေလာင္ၿပီး ႐ုပ္က်ခဲ႔ရတဲ႔
အခ်ိန္အခိုက္တန့္ ရွိခဲ႔ဖူးတယ္ ။

*အဓိကကေတာ့ စိတ္ထား ေပါ့ပါးသြားရင္
အရာအားလံုးက ေပါ့ေပါ့ပါးပါး ျဖစ္သြားမွာပါ…။
ဗဟုသုတ

#Unicode Version#
 လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင်
သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့သည်
ကောင်းမှု ( ၄ ) ပါး ကိုပြုကြရမည် ဟု ကျမ်းဂန်တို့ ၌
ဆိုကြ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား……

၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း
၂။ အစာအဟာရ လှူဒါန်းခြင်း
၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း
၄။ တံမြတ်လှည်းခြင်း

ဤ( ၄)ပါးသည် ရုပ်အဆင်းလှပခြင်း၏အကြောင်းရင်း ဖြစ်လေ၏ ။
ထိုကုသိုလ်( ၄ )ပါးကိုပြုပါက
ရုပ်အဆင်းလှပခြင်းအပြင်
သက်ဆိုင်ရာကောင်းကျိုးများကိုလဲ ထပ်မံရသေး၏။
ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ကို ဖြစ်လေရာ ဘဝတိုင်း
သူတစ်ပါးထက် ရုပ်အဆင်းလှလိုသူတို့သည်
မလွဲ မသွေ ပြုကြရပေမည်။

••••••••••••••••••••••••••

တစ်ချို့လူတွေက
ရုပ်လှတယ် စိတ်မလှဘူး ။

*ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲလှလှ
သူများတွေရဲ့ မေတ္တာတွေကို
ရသင့်သလောက် မရကြတော့ဘူး ။

တစ်ချို့လူတွေက
ရုပ်ဆိုးတယ် စိတ်ထားဖြူတယ် ။

*ဒီစိတ်တွေကြောင့်ပဲ
ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုး
သူတစ်ခုခု လိုအပ်လာရင် ကူညီမယ့်သူတွေ
အဆင်သင့်နဲ့ သူ့အနားမှာ ဝန်းရံသူတွေ
ပေါများတတ်တယ် ။

တစ်ချို့လူတွေက
ရုပ်လည်းမလှဘူး စိတ်လည်းမလှဘူး ။

*ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲ
တလောကလုံးကို အပြစ်မြင်ပြီး
ပူလောင်နေရတယ် ။

*ရုပ်လှပြီး စိတ်လှဖို့ ဆိုတာကလည်း
ဘဝပေးကုသိုလ်ကံ ကောင်းလေး
ကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။

*ဒါပေမယ့် အရင်ဘဝက
ဘာကောင်းခဲ့ ကောင်းခဲ့
မကောင်းခဲ့ မကောင်းခဲ့….

*ဒီဘဝမှာ ရသင့်ရထိုက်တဲ့ ရုပ်ရည်ကတော့
ပြုပြင်လို့မရရင် စိတ်ကလေးကိုတော့
ကောင်းတာ မလုပ်နိုင်သေးရင် သူများက
ို ဒုက္ခမပေးမိအောင်နေ။

*လူ့တန်ဖိုးဆိုတာ
ရုပ်ရည် ငွေကြေးအပေါ်ကနေ
အပေါ်ယံရှပ်ကြည့်လို့ မသိရဘူး ။

*တန်ဖိုးတက်အောင်
မနေနိုင်သေးရင်တောင်
ကိုယ်ကျင့်တရား အပိုင်းမှာ
တန်ဖိုးကျအောင် မနေနဲ့။

*စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။
စိတ်ကောင်းရှိရင် ကံကောင်းတယ် ။
စိတ်မကောင်းနိုင်သေးရင်တောင်
စိတ်မယုတ်ညံ့နဲ့ ။

*ကိုယ်ဒေါသထွက်ချိန်
အငြိုးတေးကြီးချိန် တုန်းကလည်း
တအားကို ပူလောင်ပြီး ရုပ်ကျခဲ့ရတဲ့
အချိန်အခိုက်တန့် ရှိခဲ့ဖူးတယ် ။

*အဓိကကတော့ စိတ်ထား ပေါ့ပါးသွားရင်
အရာအားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာပါ…။
ဗဟုသုတ

No comments:

Post a Comment