Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 9, 2019

အမွေမရလို့ အဖေကို မီးရှို့နှိပ်စက်တဲ့ သားအရင်းနှင့်ချွေးမကို ဖမ်းလိုက်ပြီ






===============

အမွေမရ၍ ဖခင်ဖြစ်သူကို စောင်ဖြင့်ပတ်၍ မီးရှို ့ခဲ့သည့် သားအရင်းနှင့်ချွေးမကို လူသတ်ရန် အားထုတ်မှု/ပြင်းထန်နာကျင်စေမှုများဖြင့် အမှု ့ဖွင့် အရေးယူ

ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို ့နယ်တွင် အမွေမရ၍ ဖခင်ကို မီးရှို ့ခဲ့သည့် သားအရင်းနှင့်ချွေးမကို လူသတ်ရန်အားထုတ်မှု/ပြင်းထန်နာကျင်စေမှုဖြင့် အမှု ့ဖွင့်စစ်ဆေးနေသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၇၅၀ အချိန်က အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်နေ ဦးရှိန်ဝင်း(၇၄)နှစ်၊ (ဘ)ဦးရင်စန်းအား ၎င်း၏နေအိမ်၌ အတူနေ သားဖြစ်သူ မောင်မောင်ဇေလင်း(၄၀)နှစ်နှင့် ချွေးမဖြစ်သူ ဒေါ်ခိုင်စုသော်(၃၅)နှစ်တို့က အမွေတောင်းရာ မပေးနိုင်ဟု ပြောသဖြင့် သားနှင့်ချွေးမတို့က ကုတင်ပေါ်တွင်စောင်ဖြင့်ပတ်၍မီးရှို့ခဲ့ရာ ဦးရှိန်ဝင်းတွင် ယာပေါင်၊ ဝဲ/ယာ ခြေသလုံး၊ ဝမ်းဗိုက် မီးလောင်ဒဏ်ရာများ၊ ဝဲ/ယာ လက်ပွန်းဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့၍ အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

၂၂၅၀ အချိန်တွင် ဦးရှိန်ဝင်း၏မိတ်ဆွေ ဦးအောင်ထွန်းလင်းက တိုင်တန်း၍ မောင်မောင်ဇေလင်းနှင့်ဒေါ်ခိုင်စုသော် တို့အား အင်းစိန်မြို့မရဲစခန်း (ပ) ၁၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆(လူသတ်ရန်အားထုတ်မှု/ ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။Credit – ပြည်ထဲရေး / The Ladies News

No comments:

Post a Comment