Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 9, 2019

႐ုပ္ရွင္႐ုံမွာ ႏိုင္ငံေတာ္အလံအား အေလးမျပဳရင္ ေထာင္ (၃) ႏွစ္ ခ်ႏိုင္ဟုဆို


ၿပီးခဲ့တဲ့လပိုင္းအတြင္းမွာ ျမန္မာႏိုင္ငံ ႐ုပ္ရွင္ၾကည့္ ပရိသတ္ေတြအေနနဲ႔ အျငင္းပြားခဲ့ရတဲ့ ကိစၥတစ္ခု ကေတာ့ ႐ုပ္ရွင္မျပခင္ ႏိုင္ငံေတာ္အလံ အေလးျပဳခ်ိန္မွာ မတ္တပ္ရပ္သင့္ ၊ မရပ္သင့္ဆိုတာပါပဲ…

ယေန႔မွာေတာ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ (Yangon Hluttaw) Facebook Page မွာ ျမန္မာႏိုင္ငံ အလံ အေလးျပဳျခင္းအစီအစဥ္မွာ မတ္တပ္ရပ္ၿပီး အေလးမျပဳသူေတြကို စည္းကမ္းလိုက္နာေအာင္ ေဆာင္႐ြက္ေပးႏိုင္ျခင္း ရွိမရွိ ဆိုၿပီး ေတာင္ဥကၠလာပၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္က ေမးျမန္းခဲ့တာကို Yangon Hluttaw Facebook စာမ်က္ႏွာမွာ အခုလို ထုတ္ျပန္ ေဖာ္ျပထားခဲ့ပါတယ္…

ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ သတၱမပုံမွန္အစည္းအေဝး (၁၄) ရက္ေျမာက္ေန႔တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္က “႐ုပ္ရွင္႐ုံမ်ား အတြင္းတြင္ ျမန္မာႏိုင္ငံအလံ အေလးျပဳျခင္း အစီအစဥ္တြင္ မတ္တပ္ရပ္၍ အေလးျပဳၾကရန္ ႐ုပ္ရွင္႐ုံမွ စာျဖင့္ ျပသထားပါေသာ္လည္း ဂ႐ုမစိုက္ ၊ အေလးမထားဘဲ ထိုင္ေနသူအခ်ိဳ႕အား ႏိုင္ငံေတာ္ အလံဥပေဒအရ စည္းကမ္းခ်က္ လိုက္နာေဆာင္႐ြက္ေစရန္ အတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ ေဆာင္႐ြက္ေပးႏိုင္ျခင္းရွိ/ မရွိ ” ေမးျမန္းရာ..

ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေဒၚေနာ္ပန္းသၪၨာမ်ိဳးက “ ယခင္ ႐ုပ္ရွင္ေကာ္ပိုေရးရွင္း အမည္ျဖင့္ ေဆာင္႐ြက္စဥ္က ျမန္မာႏိုင္ငံတစ္ဝန္းရွိ ႐ုပ္ရွင္႐ုံ အားလုံးတို႔တြင္ ႐ုပ္ရွင္မျပသမီ ႏိုင္ငံေတာ္အလံအား အေလးျပဳရန္၊ ႏိုင္ငံေတာ္အလံႏွင့္ ႏိုင္ငံေတာ္သီခ်င္းအား ျပသရန္ ၫႊန္ၾကားထားၿပီး ျဖစ္ပါေၾကာင္း…

သို႔ရာတြင္ ႐ုပ္ရွင္မျပသမီ ႏိုင္ငံေတာ္အလံ ျပသည့္အခါ မတ္တပ္ရပ္ အေလးမျပဳၾကသူမ်ား ရွိေၾကာင္း ေတြ႕ရွိရသျဖင့္ ျပန္ၾကားေရး ဝန္ႀကီးဌာန၊ ဝန္ႀကီးမွ နယ္မ်ားတြင္ ႏိုင္ငံေတာ္အလံႏွင့္ အမ်ိဳးသားသီခ်င္း လႊင့္ခ်ိန္တြင္ မတ္တပ္မရပ္သူ အမ်ားအျပား ရွိေနသည္၊ ဌာနအေနနဲ႔ ႐ုပ္ရွင္႐ုံ ငွားထားသူမ်ားထံ ၫႊန္ၾကားေဆာင္႐ြက္ပါ ဟု လမ္းၫႊန္ခ်က္အရ ျပန္ၾကားေရး ဝန္ႀကီးဌာန၊ ယခင္ ျမန္မာ့ ႐ုပ္ရွင္လုပ္ငန္း၏ ၫႊန္ၾကားခ်က္ အတိုင္း လိုက္နာ ေဆာင္႐ြက္ရန္ ႐ုံးခြဲမ်ားႏွင့္ လုပ္ငန္းစု ႐ုံးမ်ားသို႔ အေၾကာင္းၾကားခဲ့ပါေၾကာင္း၊ ႐ုံးခြဲမ်ားမွလည္း ႐ုပ္ရွင္႐ုံမ်ားသို႔ ထပ္မံ အေၾကာင္း ၾကားခဲ့ပါေၾကာင္း…

႐ုပ္ရွင္႐ုံမ်ား အေနျဖင့္လည္း ႏိုင္ငံေတာ္အလံ မျပသမီ ႏိုင္ငံေတာ္အလံကို အေလးျပဳၾကရန္ ေမတၱာရပ္ခံပါသည္ဟု အသိေပး စာတန္းထိုး ျပသလ်က္ ရွိပါေၾကာင္း၊ ဌာနအေနျဖင့္လည္း ႏိုင္ငံေတာ္အလံကို တစ္ေျပးညီ ျဖစ္ေစရန္ စီစဥ္ ႐ိုက္ကူး၍ Digital ႐ုပ္ရွင္႐ုံမ်ားတြင္ ျပသရန္ အခမဲ့ ျဖန႔္ေဝေပးလ်က္ရွိပါေၾကာင္း ၊ ႏိုင္ငံေတာ္ အလံႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ၏ (၂၁.၁၀.၂၀၁၀) ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည့္ ႏိုင္ငံေတာ္အလံ ဥပေဒ အခန္း (၄) ပုဒ္မ (၁၃) ၊ ပုဒ္မခြဲ (ခ) ၊ ပုဒ္မခြဲငယ္ (၃)တြင္

ႏိုင္ငံေတာ္ အလံကို မေလးမစား ျပဳလုပ္ေၾကာင္း ျပစ္မႈ ထင္ရွားစီရင္ျခင္း ခံရလွ်င္ ထိုသူကို သုံးႏွစ္အထက္ ပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္သုံးသိန္းထက္ မပိုေသာ ေငြဒဏ္ျဖစ္ေစ ၊ ဒဏ္ ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ေဖာ္ျပထားပါေၾကာင္း ၊ အဆိုပါ ျပ႒ာန္းထားမႈကို ျပည္သူမ်ား ေလးစား လိုက္နာေစရန္ အသိပညာေပး နည္းလမ္းမ်ားျဖင့္ ပိုမိုေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း ” ျပန္လည္ ေျဖၾကားခဲ့ပါတယ္…

႐ုပ္ရွင္႐ုံထဲမွာ ႏိုင္ငံေတာ္ သီခ်င္းကို ထုတ္လႊင့္ၿပီး မတ္တပ္ရပ္ေစတဲ့ အေလ့ဟာ အဂၤလန္ႏိုင္ငံမွာ (၁၉၅၀) ဝန္းက်င္က စတင္ခဲ့တာ ျဖစ္ၿပီး (၁၉၆၀) နဲ႔ (၇၀) ျပည့္ႏွစ္ေတြမွာ အဆိုပါဓေလ့ကို မလိုအပ္ဘူးလို႔ ဆုံးျဖတ္ကာ ရပ္တန႔္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း ႏိုင္ငံျဖစ္တဲ့ အိႏၵိယႏိုင္ငံမွာလည္း ဒီဓေလ့ရွိေပမယ့္ (၂၀၁၈) ခုႏွစ္ ႏွစ္လယ္ပိုင္းမွာ ႏိုင္ငံေတာ္သီခ်င္း ဖြင့္ျခင္း ၊ မဖြင့္ျခင္းဟာ ႐ုပ္ရွင္႐ုံရဲ႕ ဆုံးျဖတ္ခ်က္နဲ႔သာ သက္ဆိုင္တယ္လို႔ ေျပာင္းလဲ သတ္မွတ္ခဲ့ပါတယ္။

ဒါေပမယ့္ ႐ုပ္ရွင္႐ုံက ဖြင့္ခဲ့ရင္ေတာ့ မတ္တပ္ရပ္ရမွာ ျဖစ္ၿပီး ကိုယ္လက္အဂၤါ မသန္စြမ္းသူ အစရွိတဲ့ လူအခ်ိဳ႕ကေတာ့ ကင္းလြတ္ခြင့္ရပါတယ္. . . .
thadinyatkwat

# Unicode Version # ျဖင့္ ဖတ္ပါ #

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်ကြည့် ပရိသတ်တွေအနေနဲ့ အငြင်းပွားခဲ့ရတဲ့ ကိစ္စတစ်ခု ကတော့ ရုပ်ရှင်မပြခင် နိုင်ငံတော်အလံ အလေးပြုချိန်မှာ မတ်တပ်ရပ်သင့် ၊ မရပ်သင့်ဆိုတာပါပဲ…

ယနေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (Yangon Hluttaw) Facebook Page မှာ မြန်မာနိုင်ငံ အလံ အလေးပြုခြင်းအစီအစဉ်မှာ မတ်တပ်ရပ်ပြီး အလေးမပြုသူတွေကို စည်းကမ်းလိုက်နာအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ ဆိုပြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က မေးမြန်းခဲ့တာကို Yangon Hluttaw Facebook စာမျက်နှာမှာ အခုလို ထုတ်ပြန် ဖော်ပြထားခဲ့ပါတယ်…

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က “ရုပ်ရှင်ရုံများ အတွင်းတွင် မြန်မာနိုင်ငံအလံ အလေးပြုခြင်း အစီအစဉ်တွင် မတ်တပ်ရပ်၍ အလေးပြုကြရန် ရုပ်ရှင်ရုံမှ စာဖြင့် ပြသထားပါသော်လည်း ဂရုမစိုက် ၊ အလေးမထားဘဲ ထိုင်နေသူအချို့အား နိုင်ငံတော် အလံဥပဒေအရ စည်းကမ်းချက် လိုက်နာဆောင်ရွက်စေရန် အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိ ” မေးမြန်းရာ..

ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “ ယခင် ရုပ်ရှင်ကော်ပိုရေးရှင်း အမည်ဖြင့် ဆောင်ရွက်စဉ်က မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ အားလုံးတို့တွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံအား အလေးပြုရန်၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းအား ပြသရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း…

သို့ရာတွင် ရုပ်ရှင်မပြသမီ နိုင်ငံတော်အလံ ပြသည့်အခါ မတ်တပ်ရပ် အလေးမပြုကြသူများ ရှိကြောင်း တွေ့ရှိရသဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ဝန်ကြီးမှ နယ်များတွင် နိုင်ငံတော်အလံနှင့် အမျိုးသားသီချင်း လွှင့်ချိန်တွင် မတ်တပ်မရပ်သူ အများအပြား ရှိနေသည်၊ ဌာနအနေနဲ့ ရုပ်ရှင်ရုံ ငှားထားသူများထံ ညွှန်ကြားဆောင်ရွက်ပါ ဟု လမ်းညွှန်ချက်အရ ပြန်ကြားရေး ဝန်ကြီးဌာန၊ ယခင် မြန်မာ့ ရုပ်ရှင်လုပ်ငန်း၏ ညွှန်ကြားချက် အတိုင်း လိုက်နာ ဆောင်ရွက်ရန် ရုံးခွဲများနှင့် လုပ်ငန်းစု ရုံးများသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ရုံးခွဲများမှလည်း ရုပ်ရှင်ရုံများသို့ ထပ်မံ အကြောင်း ကြားခဲ့ပါကြောင်း…

ရုပ်ရှင်ရုံများ အနေဖြင့်လည်း နိုင်ငံတော်အလံ မပြသမီ နိုင်ငံတော်အလံကို အလေးပြုကြရန် မေတ္တာရပ်ခံပါသည်ဟု အသိပေး စာတန်းထိုး ပြသလျက် ရှိပါကြောင်း၊ ဌာနအနေဖြင့်လည်း နိုင်ငံတော်အလံကို တစ်ပြေးညီ ဖြစ်စေရန် စီစဉ် ရိုက်ကူး၍ Digital ရုပ်ရှင်ရုံများတွင် ပြသရန် အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါကြောင်း ၊ နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၂၁.၁၀.၂၀၁၀) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်အလံ ဥပဒေ အခန်း (၄) ပုဒ်မ (၁၃) ၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ် (၃)တွင်

နိုင်ငံတော် အလံကို မလေးမစား ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်အထက် ပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပါကြောင်း ၊ အဆိုပါ ပြဋ္ဌာန်းထားမှုကို ပြည်သူများ လေးစား လိုက်နာစေရန် အသိပညာပေး နည်းလမ်းများဖြင့် ပိုမိုဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ” ပြန်လည် ဖြေကြားခဲ့ပါတယ်…

ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော် သီချင်းကို ထုတ်လွှင့်ပြီး မတ်တပ်ရပ်စေတဲ့ အလေ့ဟာ အင်္ဂလန်နိုင်ငံမှာ (၁၉၅၀) ဝန်းကျင်က စတင်ခဲ့တာ ဖြစ်ပြီး (၁၉၆၀) နဲ့ (၇၀) ပြည့်နှစ်တွေမှာ အဆိုပါဓလေ့ကို မလိုအပ်ဘူးလို့ ဆုံးဖြတ်ကာ ရပ်တန့်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း ဒီဓလေ့ရှိပေမယ့် (၂၀၁၈) ခုနှစ် နှစ်လယ်ပိုင်းမှာ နိုင်ငံတော်သီချင်း ဖွင့်ခြင်း ၊ မဖွင့်ခြင်းဟာ ရုပ်ရှင်ရုံရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ရုပ်ရှင်ရုံက ဖွင့်ခဲ့ရင်တော့ မတ်တပ်ရပ်ရမှာ ဖြစ်ပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ အစရှိတဲ့ လူအချို့ကတော့ ကင်းလွတ်ခွင့်ရပါတယ်. . . .
thadinyatkwat

No comments:

Post a Comment