Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 5, 2019

ကေလးနို႔ကို ညစ္ခိုင္းသူမ်ား ကတုံးတုံးခိုင္းသူမ်ား ခ်က္ထဲဟိုေဆးထည့္ ဒီေဆးထည့္ခိုင္းသူမ်ား သနပ္ခါး ေပါင္ဒါ သုံးခိုင္းသူမ်ား ဖတ္ထားၾကပါေနာ္


ကိုယ္ေတြနိုင္ငံ က က်န္းမာေရး ပညာေပး ဘယ္လိုလုပ္လုပ္ အရိုးစြဲေနတဲ့ မဟုတ္မဟုတ္ အေတြးအေခၚ အယူအဆကေတာ့ ျပင္ကိုမျပင္နိုင္ၾကဘူး ..
တလြဲဆံပင္ေကာင္းေတြ P.s သနပ္ခါးက သဘာဝလို့ ေတာ့ လာမေျပာနဲ႔ ဘယ္ သနပ္ခါးတုံးမွ ပိုးသတ္ၿပီးေရာင္တာ မရွိေသးဘူး
ကေလး မိဘေတြ သတိထားက်ပါ !” မရွိတာထက္ ….. မသိတာကခက္မသိတာထက္ …… သိသိနဲ႔မလိုက္နာတာက ပိုခက္”
ကေလးအႏွီးဖြင့္လိုက္ေတာ့ ခ်က္ပုပ္တဲ့အနံ့ကေထာင္းခဲရလိုက္တယ္ ။
ေခါင္းေလးေျပာင္ ၊ အဖ်ားေတြတတ္ နို့အုံေလးေယာင္ၿပီး ငိုေနတဲ့ ကေလးကိုၾကည့္ၿပီး သနားစိတ္နဲ႔အတူ မိဘေတြကို နဲနဲေတာ့ဆူမိတယ္ ။
ဘယ္မွာေမြးတာလဲ ဆိုေတာ့ ေဆး႐ုံမွာ ဆရာမေတြကလဲေဆာင္ရန္ေရွာင္ရန္ေတြေျပာျပတယ္ အိမ္က အဖြားကလုပ္ဆိုလို့ တဲ့
( ကေလးငယ္ နို့အုံေယာင္ေနတာ အဖြားလက္နဲ႔ညႇစ္တာ ႀကီးတဲ့အခါနို့မစူေအာင္တဲ့ ၊ ေခါင္းရိတ္ခိုင္းတယ္ ၊ သနပ္ခါးနဲ႔ေပါင္ဒါေတြက သမီးလုပ္ထားတာ )
ကေလးေမေမေရ ကေလးေတြမွာ သဘာဝအတိုင္းျဖစ္ေလ့ရွိၿပီး ကုသစရာမလိုတဲ့အရာေတြကို သိထားရမယ္ေနာ္-
နို့တအားစို့ၿပီး ဗိုက္တင္းတဲ့အခါ နဲနဲအန္တတ္ပါတယ္- သြားဖုံးေလးေတြကို လၽွာနဲ႔ထိုးၿပီး အယားေျဖတတ္ပါတယ္ (သူငယ္နာမဟုတ္ပါ)-
လန္႔တတ္ပါတယ္ (အတြင္းတတ္မဟုတ္ပါ)- ခါးေကာ့တာ ၊ညႇစ္တာပုံမွန္ပါ (တတ္တာ မဟုတ္ပါ)-
ကေလးငယ္ရဲ့နို့အုံေလးစူေနတတ္ပါတယ္ (အေမဆီကလာတဲ့ ေဟာ္မုန္းေၾကာင့္ပါ၊ တစ္လေလာက္ဆိုပုံမွန္ျပန္ျဖစ္ပါတယ္ ၊မညႇစ္ရပါ ၊ပုံထဲက ကေလးေလးက အဖြားလက္နဲ႔ညႇစ္ရာက ေရာဂါပိုးဝင္ၿပီး ေဆး႐ုံေရာက္လာတာပါ)-
ငိုပါတယ္ ( မငိုတဲ့ကေလး မရွိသေလာက္ပါ )- က်ိဳ့ထိုးပါတယ္ (ပုံမွန္ပါ ၊တျဖည္းျဖည္းအႀကိမ္ေရ နဲလာၿပီး တလေက်ာ္ရင္က်ိဳ့မထိုးေတာ့ပါဘူး)

အေရးႀကီးတာက
၁။ ေမြးကင္းစကေလးကို ေခါင္းမရိတ္ပါနဲ႔ ( ေခါင္းရိတ္တာမွားရင္ေတာ့ ပိုးဝင္ၿပီးကေလးငယ္ေသဆုံးတတ္ပါတယ္)(ပုံမွာပါတဲ့ကေလးေတြ)
၂။ လွေစခ်င္ေဇာနဲ႔ သနပ္ခါးေပါင္ဒါ မသုံးပါနဲ႔ (ပုံထဲက ကေလးငယ္က သနပ္ခါးခ်က္ကိုပုံရင္း ခ်က္ႀကိဳးပိုးဝင္တာပါ )
၃။ ေဆးၿမီးတိုရမ္းမတိုက္ပါနဲ႔ (တိုင္းရင္းေဆးသုံးခ်င္ရင္ တိုင္းရင္းေဆးဆရာ အစစ္နဲ႔ျပပါ )ေျပာျပခဲတာေတြကေတာ့ အမ်ားႀကီးပါ ။
ဒီေခတ္က စာရွည္ရင္မဖတ္ခ်င္ၾကေတာ့ ဒီေလာက္ပါပဲ ။က်န္းမာခ်မ္းသာၾကပါေစ ခင္ဗ်ာ ။

Credit-မူရင္းတင္ျပသူ

Unicode >>>

ကိုယ်တွေနိုင်ငံ က ကျန်းမာရေး ပညာပေး ဘယ်လိုလုပ်လုပ် အရိုးစွဲနေတဲ့ မဟုတ်မဟုတ် အတွေးအခေါ် အယူအဆကတော့ ပြင်ကိုမပြင်နိုင်ကြဘူး ..

တလွဲဆံပင်ကောင်းတွေ P.s သနပ်ခါးက သဘာဝလို့ တော့ လာမပြောနဲ့ ဘယ် သနပ်ခါးတုံးမှ ပိုးသတ်ပြီးရောင်တာ မရှိသေးဘူး

ကလေး မိဘတွေ သတိထားကျပါ !” မရှိတာထက် ….. မသိတာကခက်မသိတာထက် …… သိသိနဲ့မလိုက်နာတာက ပိုခက်”

ကလေးအနှီးဖွင့်လိုက်တော့ ချက်ပုပ်တဲ့အနံ့ကထောင်းခဲရလိုက်တယ် ။

ခေါင်းလေးပြောင် ၊ အဖျားတွေတတ် နို့အုံလေးယောင်ပြီး ငိုနေတဲ့ ကလေးကိုကြည့်ပြီး သနားစိတ်နဲ့အတူ မိဘတွေကို နဲနဲတော့ဆူမိတယ် ။

ဘယ်မှာမွေးတာလဲ ဆိုတော့ ဆေးရုံမှာ ဆရာမတွေကလဲဆောင်ရန်ရှောင်ရန်တွေပြောပြတယ် အိမ်က အဖွားကလုပ်ဆိုလို့ တဲ့

( ကလေးငယ် နို့အုံယောင်နေတာ အဖွားလက်နဲ့ညှစ်တာ ကြီးတဲ့အခါနို့မစူအောင်တဲ့ ၊ ခေါင်းရိတ်ခိုင်းတယ် ၊ သနပ်ခါးနဲ့ပေါင်ဒါတွေက သမီးလုပ်ထားတာ )

ကလေးမေမေရေ ကလေးတွေမှာ သဘာဝအတိုင်းဖြစ်လေ့ရှိပြီး ကုသစရာမလိုတဲ့အရာတွေကို သိထားရမယ်နော်-

နို့တအားစို့ပြီး ဗိုက်တင်းတဲ့အခါ နဲနဲအန်တတ်ပါတယ်- သွားဖုံးလေးတွေကို လျှာနဲ့ထိုးပြီး အယားဖြေတတ်ပါတယ် (သူငယ်နာမဟုတ်ပါ)-

လန့်တတ်ပါတယ် (အတွင်းတတ်မဟုတ်ပါ)- ခါးကော့တာ ၊ညှစ်တာပုံမှန်ပါ (တတ်တာ မဟုတ်ပါ)-

ကလေးငယ်ရဲ့နို့အုံလေးစူနေတတ်ပါတယ် (အမေဆီကလာတဲ့ ဟော်မုန်းကြောင့်ပါ၊ တစ်လလောက်ဆိုပုံမှန်ပြန်ဖြစ်ပါတယ် ၊မညှစ်ရပါ ၊ပုံထဲက ကလေးလေးက အဖွားလက်နဲ့ညှစ်ရာက ရောဂါပိုးဝင်ပြီး ဆေးရုံရောက်လာတာပါ)-

ငိုပါတယ် ( မငိုတဲ့ကလေး မရှိသလောက်ပါ )- ကျို့ထိုးပါတယ် (ပုံမှန်ပါ ၊တဖြည်းဖြည်းအကြိမ်ရေ နဲလာပြီး တလကျော်ရင်ကျို့မထိုးတော့ပါဘူး)

အရေးကြီးတာက

၁။ မွေးကင်းစကလေးကို ခေါင်းမရိတ်ပါနဲ့ ( ခေါင်းရိတ်တာမှားရင်တော့ ပိုးဝင်ပြီးကလေးငယ်သေဆုံးတတ်ပါတယ်)(ပုံမှာပါတဲ့ကလေးတွေ)

၂။ လှစေချင်ဇောနဲ့ သနပ်ခါးပေါင်ဒါ မသုံးပါနဲ့ (ပုံထဲက ကလေးငယ်က သနပ်ခါးချက်ကိုပုံရင်း ချက်ကြိုးပိုးဝင်တာပါ )

၃။ ဆေးမြီးတိုရမ်းမတိုက်ပါနဲ့ (တိုင်းရင်းဆေးသုံးချင်ရင် တိုင်းရင်းဆေးဆရာ အစစ်နဲ့ပြပါ )ပြောပြခဲတာတွေကတော့ အများကြီးပါ ။

ဒီခေတ်က စာရှည်ရင်မဖတ်ချင်ကြတော့ ဒီလောက်ပါပဲ ။ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ ။

Credit-မူရင်းတင်ပြသူ

No comments:

Post a Comment