Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 31, 2019

ဟန္သီ နဲ့ ေအးေန၀င္းတုိ့ရဲလူေျပာမ်ားေနတဲ့ ဓာတ္ပံုတစ္ပံု


ေမာ္ဒယ္ဟန္သီက ဦးေအးေန၀င္းရဲ့ပံုတူကို လက္ေဆာင္ေပးတဲ့ဓာတ္ပံုဟာ ဒီကေန့ လူမွဳကြန္ယက္မွာ လူေျပာမ်ားဆံုးပံုတစ္ပံုျဖစ္ခဲ့ပါတယ္။
အမ်ားကအမ်ိဳးမ်ိဳးေ၀ဖန္ေနၾကတဲ့ အေပၚ ဟန္သီကခုလိုေရးထားပါတယ္။
‘’လူတိုင္းကို ရိုးသားပြင့္လင္းစြာ ခင္မင္တတ္ေသာ ဟန္တီႏွင့္ေမေမတို႔ေၾကာင့္ ယခုအခါတြင္ ပရိသတ္မ်ားၾကား အထင္အျမင္လြဲမွားေနေသာ အေၾကာင္းတခုကို ေျဖရွင္းပါရေစ။ ဟန္တီ ပန္းခ်ီဆြဲတတ္သည္ကို သိရွိသည့္ ပို႔စ္တင္သည့္ ကာယကံပိုင္ရွင္ ဟန္တီ့ပရိသတ္တဦးမွ ေမြးေန႔လက္ေဆာင္အျဖစ္ ပုံတူပန္းခ်ီဆြဲေပးရန္ ေတာင္းဆိုခဲ့သျဖင့္ လြန္ခဲ့ေသာႏွစ္ႏွစ္က အခ်ိန္အားလပ္သျဖင့္ ဆြဲေပးထားေသာပုံေလးကို အခါအခြင့္ၾကဳံ၍ ယခု ခရီးသြားခါနီးမွ ေပးျဖစ္ခဲ့ျခင္းျဖစ္ပါသည္’’
လို့ေရးသားထားပါတယ္။
ေမာ္ဒယ္ဟန္တီ(ဟန္သီ)ဆိုတာ ဒု-ဗိုလ္ခ်ဳပ္မႈးျကီးေမာင္ေအးရဲ႕ မိန္းမေဒၚျမျမစန္းရဲ႕တူအရင္းကေမြး
တဲ့သမီးပါ။ ေနျပည္ေတာ္ကLion House Restaurantပိုင္ရွင္ရဲ႕သမီးပါ။
ဟန္တီဟာ Miss Supranational 2014 ၿပိဳင္ပြဲမွာ ျမန္မာနိုင္ငံကိုယ္စားျပဳ အလွမယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး Top 10 Finalist အထိ တက္လွမ္းနိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Miss Supranational Asia & Oceania ေရြးခ်ယ္ခံရသူ တစ္ဦးျဖစ္သလို MissSupranational Internet ဆုကိုလည္း ရရွိထားပါတယ္။ တ႐ုတ္နိုင္ငံ Sanya ျပည္နယ္မွာ ျပဳလုပ္တဲ့ Miss World 2018 ၿပိဳင္ပြဲကိုလည္း ျမန္မာနိုင္ငံကိုယ္စားျပဳ အလွမယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါေသးတယ္။
............
မော်ဒယ်ဟန်သီက ဦးအေးနေဝင်းရဲ့ပုံတူကို လက်ဆောင်ပေးတဲ့ဓာတ်ပုံဟာ ဒီကနေ့ လူမှုကွန်ယက်မှာ လူပြောများဆုံးပုံတစ်ပုံဖြစ်ခဲ့ပါတယ်။
အများကအမျိုးမျိုးဝေဖန်နေကြတဲ့ အပေါ် ဟန်သီကခုလိုရေးထားပါတယ်။

‘’လူတိုင်းကို ရိုးသားပွင့်လင်းစွာ ခင်မင်တတ်သော ဟန်တီနှင့်မေမေတို့ကြောင့် ယခုအခါတွင် ပရိသတ်များကြား အထင်အမြင်လွဲမှားနေသော အကြောင်းတခုကို ဖြေရှင်းပါရစေ။ ဟန်တီ ပန်းချီဆွဲတတ်သည်ကို သိရှိသည့် ပို့စ်တင်သည့် ကာယကံပိုင်ရှင် ဟန်တီ့ပရိသတ်တဦးမှ မွေးနေ့လက်ဆောင်အဖြစ် ပုံတူပန်းချီဆွဲပေးရန် တောင်းဆိုခဲ့သဖြင့် လွန်ခဲ့သောနှစ်နှစ်က အချိန်အားလပ်သဖြင့် ဆွဲပေးထားသောပုံလေးကို အခါအခွင့်ကြုံ၍ ယခု ခရီးသွားခါနီးမှ ပေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်’’
လို့ရေးသားထားပါတယ်။

မော်ဒယ်ဟန်တီ(ဟန်သီ)ဆိုတာ ဒု-ဗိုလ်ချုပ်မှုးကြီးမောင်အေးရဲ့ မိန်းမဒေါ်မြမြစန်းရဲ့တူအရင်းကမွေး
တဲ့သမီးပါ။ နေပြည်တော်ကLion House Restaurantပိုင်ရှင်ရဲ့သမီးျဖစ္တယ္လို့သိရပါတယ္။

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို MissSupranational Internet ဆုကိုလည်း ရရှိထားပါတယ်။ တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

No comments:

Post a Comment