Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 31, 2019

ယခင္ စိတ္ဓာတ္ အတိုင္း မေျပာင္းလဲဘဲ ရွိေၾကာင္း ဦးခင္ၫႊန္႔ ေျပာ


ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ၫႊန႔္က ၎သည္ က်န္းမာေရး ေကာင္းမြန္ေနသကဲ့သို႔ စိတ္ဓာတ္ပိုင္း ဆိုင္ရာသည္လည္း ယခင္အတိုင္း ေျပာင္းလဲမသြားဘဲ ရွိေနေၾကာင္း “ဝ” တိုင္းရင္းသားမ်ားႏွင့္ ဇန္နဝါရီ ၂၈ ရက္ေန႔က ေတြ႕ဆုံရာတြင္ ေျပာသည္။

ရန္ကုန္ၿမိဳ႕ က်ိဳကၠဆံ ေဘာလုံးကြင္းတြင္ က်င္းပလ်က္ရွိေသာ “ေသြးခ်င္းတို႔ရဲ႕ ပြဲေတာ္ဆီ” အခမ္းအနားသို႔ ေရာက္ရွိ လာၾကသည့္ “ဝ” စာေပႏွင့္ ယာဥ္ေက်းမႈ အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံရာတြင္ ဦးခင္ၫႊန႔္က ယင္းသို႔ ေျပာဆိုျခင္း ျဖစ္သည္။

ထိုေတြ႕ဆုံမႈကို “ဝ” စာေပႏွင့္ ယာဥ္ေက်းမႈ အဖြဲ႕ဝင္တခ်ိဳ႕က ႐ုပ္သံ မွတ္တမ္း တင္ထားျခင္းျဖစ္ၿပီး ထို႐ုပ္သံထဲတြင္ ဦးခင္ၫႊန႔္က လာေရာက္ ေတြ႕ဆုံသူမ်ားမွတဆင့္ “ဝ” လူႀကီးမ်ားထံသို႔ အမွာစကား ပါးျခင္းျဖစ္သည္။

ဦးခင္ၫႊန႔္က“အဘက ယခင္တုန္းကစိတ္ဓာတ္အတိုင္းပဲ ဘာမွေျပာင္းလဲမသြားဘူး။ ဟိုၾကရင္လူႀကီးေတြကို ေျပာျပ ေနာ္ အဘစိတ္ဓာတ္သည္ ယခင္တုန္းက အတိုင္းပဲလို႔ ဘာမွ ေလ်ာ့နည္းသြားတာ၊ ေျပာင္းလဲသြားတာ မရွိဘူးလို႔ က်န္းမာေရးကလည္း ေဒါင္ေဒါင္ျမည္ပဲလို႔ ေျပာလိုက္”ဟု ဆိုသည္။

“ဝ” စာေပႏွင့္ ယာဥ္ေက်းမႈ အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံမႈတြင္ ေတြ႕ရသည့္ ဦးခင္ၫႊန႔္ (ဓာတ္ပုံ – San Pwint/FB)
တ႐ုတ္-ျမန္မာ နယ္စပ္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ “ဝ” ျပည္ ေသြးစည္း ညီၫြတ္ေရး တပ္မေတာ္ (UWSA)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္တပ္မေတာ္ – မိုင္းလား အဖြဲ႕ (NDAA) ႏွင့္ ျမန္မာအမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္ တပ္မေတာ္- ကိုးကန႔္အဖြဲ႕ (MNDAA) တို႔သည္ ဦးခင္ၫႊန႔္ တာဝန္ယူစဥ္က ဆက္ဆံေရးေကာင္းမ်ား ရွိထားသည့္ အဖြဲ႕မ်ား ျဖစ္သည္။
ထို အဖြဲ႕မ်ားထဲမွ UWSA ႏွင့္ NDAA တို႔သည္ ၁၉၈၉ ခုႏွစ္က စစ္အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္မ်ားရရွိထားသည့္ အဖြဲ႕မ်ားျဖစ္သည္။ ၎တို႔သည္ ဦးခင္ၫႊန႔္ အေပၚ ယခုအခ်ိန္အထိ အသိအမွတ္ျပဳမႈမ်ား ရွိေနဆဲျဖစ္သည္။
ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ၫႊန႔္သည္ ၁၉၈၈ ခုႏွစ္ ဒီမိုကေရစီေတာင္းဆိုမႈ လူထု ဆႏၵျပမႈကို စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းခဲ့၍ လူေထာင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ရျခင္းမွ စခဲ့ေသာ စစ္အုပ္ခ်ဳပ္ေရး စနစ္အတြင္း နာမည္ဆိုးျဖင့္ ေက်ာ္ ၾကား ခဲ့ေသာ စစ္ေထာက္လွမ္းေရး ဌာန ေခါင္းေဆာင္ ျဖစ္သည္။
သူ၏ စစ္ေထာက္လွမ္းေရး တပ္ဖြဲ႕မ်ားသည္ ျမန္မာႏိုင္ငံတလႊားမွ ဒီမိုကေရစီ အေရး လႈပ္ရွားသူမ်ားကို ဖမ္းဆီး ႏွိပ္စက္ ျခင္းႏွင့္ ေထာင္ခ်ျခင္းတို႔ အတြက္ အဓိက တာဝန္ရွိခဲ့သည္။
“ဝ” စာေပႏွင့္ ယာဥ္ေက်းမႈ အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံမႈတြင္ ေတြ႕ရသည့္ ဦးခင္ၫႊန႔္ (ဓာတ္ပုံ – San Pwint/FB)
ထိုသို႔ ရက္စက္ ၾကမ္းတမ္းမႈမ်ားေၾကာင့္ ဦးခင္ၫြန႔္ကို Prince of Evil မိစာၦမင္းသားဟု ေဒသတြင္း လြတ္လပ္ေသာ သတင္း ဌာနမ်ားက အမည္ေပးခဲ့ၾကသည္။

ဦးခင္ၫြန႔္သည္ ၁၉၈၈ ခုႏွစ္မွ ၂၀၀၄ ခုႏွစ္အထိ ႏိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရး အဖြဲ႕ (နဝတ)၊ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရး ေကာင္စီ (နအဖ) အစိုးရ အဆက္ဆက္တြင္ အတြင္းေရးမႉး (၁)၊ ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္ႀကီး၊ တပ္မေတာ္ ေထာက္လွမ္းေရး အႀကီးအကဲ စသည့္ ထိပ္တန္း ရာထူးမ်ားျဖင့္ တာဝန္ ထမ္းေဆာင္ ခဲ့သူ ျဖစ္သည္။

၎ကို ၂၀၀၄ ခုႏွစ္တြင္ တပ္မေတာ္အစိုးရက အဂတိလိုက္စားမႈ၊ တာဝန္ အလြဲသုံးစားလုပ္မႈ စသည့္ စြဲခ်က္မ်ားျဖင့္ ေထာင္ဒဏ္ ၄၄ ႏွစ္ခ်မွတ္ခဲ့ၿပီး သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၂ ခုႏွစ္ ဇန္နဝါရီလ ၁၃ ရက္ေန႔တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္ လာခဲ့သူျဖစ္သည္။
ဧရာ၀တီ

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ၎င်းသည် ကျန်းမာရေး ကောင်းမွန်နေသကဲ့သို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာသည်လည်း ယခင်အတိုင်း ပြောင်းလဲမသွားဘဲ ရှိနေကြောင်း “ဝ” တိုင်းရင်းသားများနှင့် ဇန်နဝါရီ ၂၈ ရက်နေ့က တွေ့ဆုံရာတွင် ပြောသည်။

ရန်ကုန်မြို့ ကျိုက္ကဆံ ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိသော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အခမ်းအနားသို့ ရောက်ရှိ လာကြသည့် “ဝ” စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံရာတွင် ဦးခင်ညွှန့်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ထိုတွေ့ဆုံမှုကို “ဝ” စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့ဝင်တချို့က ရုပ်သံ မှတ်တမ်း တင်ထားခြင်းဖြစ်ပြီး ထိုရုပ်သံထဲတွင် ဦးခင်ညွှန့်က လာရောက် တွေ့ဆုံသူများမှတဆင့် “ဝ” လူကြီးများထံသို့ အမှာစကား ပါးခြင်းဖြစ်သည်။

ဦးခင်ညွှန့်က“အဘက ယခင်တုန်းကစိတ်ဓာတ်အတိုင်းပဲ ဘာမှပြောင်းလဲမသွားဘူး။ ဟိုကြရင်လူကြီးတွေကို ပြောပြ နော် အဘစိတ်ဓာတ်သည် ယခင်တုန်းက အတိုင်းပဲလို့ ဘာမှ လျော့နည်းသွားတာ၊ ပြောင်းလဲသွားတာ မရှိဘူးလို့ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ပဲလို့ ပြောလိုက်”ဟု ဆိုသည်။

“ဝ” စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံမှုတွင် တွေ့ရသည့် ဦးခင်ညွှန့် (ဓာတ်ပုံ – San Pwint/FB)
တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA) တို့သည် ဦးခင်ညွှန့် တာဝန်ယူစဉ်က ဆက်ဆံရေးကောင်းများ ရှိထားသည့် အဖွဲ့များ ဖြစ်သည်။

ထို အဖွဲ့များထဲမှ UWSA နှင့် NDAA တို့သည် ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များရရှိထားသည့် အဖွဲ့များဖြစ်သည်။ ၎င်းတို့သည် ဦးခင်ညွှန့် အပေါ် ယခုအချိန်အထိ အသိအမှတ်ပြုမှုများ ရှိနေဆဲဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု လူထု ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းမှ စခဲ့သော စစ်အုပ်ချုပ်ရေး စနစ်အတွင်း နာမည်ဆိုးဖြင့် ကျော် ကြား ခဲ့သော စစ်ထောက်လှမ်းရေး ဌာန ခေါင်းဆောင် ဖြစ်သည်။

သူ၏ စစ်ထောက်လှမ်းရေး တပ်ဖွဲ့များသည် မြန်မာနိုင်ငံတလွှားမှ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဖမ်းဆီး နှိပ်စက် ခြင်းနှင့် ထောင်ချခြင်းတို့ အတွက် အဓိက တာဝန်ရှိခဲ့သည်။

“ဝ” စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့များနှင့် တွေ့ဆုံမှုတွင် တွေ့ရသည့် ဦးခင်ညွှန့် (ဓာတ်ပုံ – San Pwint/FB)
ထိုသို့ ရက်စက် ကြမ်းတမ်းမှုများကြောင့် ဦးခင်ညွန့်ကို Prince of Evil မိစ္ဆာမင်းသားဟု ဒေသတွင်း လွတ်လပ်သော သတင်း ဌာနများက အမည်ပေးခဲ့ကြသည်။

ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး (၁)၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ စသည့် ထိပ်တန်း ရာထူးများဖြင့် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

၎င်းကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်အစိုးရက အဂတိလိုက်စားမှု၊ တာဝန် အလွဲသုံးစားလုပ်မှု စသည့် စွဲချက်များဖြင့် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာခဲ့သူဖြစ်သည်။

No comments:

Post a Comment