Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 25, 2019

ကျနော် စစ်တက္ကသိုလ် အပတ်စဉ်၄၉က ကြည်း ၄၇၅၆၉ ဗိုလ်ကြီးပြည့်ဖြိုးဟန်စိုးပါ


ကျနော် စစ်တက္ကသိုလ် အပတ်စဉ်၄၉က ကြည်း ၄၇၅၆၉ ဗိုလ်ကြီးပြည့်ဖြိုးဟန်စိုးပါ

စစ်သက် ၁၅နှစ်နဲ့ ကပ္ပတိန်သက် ၈နှစ်ကျော်ခဲ့ပါပြီ စစ်တက္ကသိုလ် မေမြို့ကနေ ၂၀၀၃ မှာစတတ်ခဲ့ပီး ၂၀၀၆ခုနှစ်အကုန်မှာကျောင်းဆင်း တပ်မ (၁၁)လက်အောက်ခံ ခမရ (၂၁၂) အင်းတိုင်ကိုရောက်ပါတယ် တစ်ပတ်လောက်တပ်မှာနေပီး ရွှေကျင် ကျောက်ကြီး စစ်ဆင်ရေးဂွင်ကို စထွက်ရတာပါ

တစ်နှစ်ထွက် တစ်နှစ်နားနဲ့ ၂၀၀၇ကနေ၂၀၁၁ ထိစစ်ဆင်ရေးထွက်ခဲ့ပါတယ် ဖာပွန်ဘက်မှာတိုက်ပွဲဖြစ် ဆွဲမိုင်းဆွဲခံရပီး ဘယ်ဘက်နောက်ကျောမှာ ခုထိဒဏ်ရာရော စပန်နာစရော နောက်ကျောထဲမှာရှိပါသေးတယ် အဲ့ဖြစ်စဉ်မှာ အာရုံကြောအနည်းငယ်ထိပီး အာရုံကြောအားနည်းရောဂါရှိလာပါတယ် တာဝန်ထမ်းဆောင်စဉ်ကာလမှာလဲ ငွေရေးကြေးရေး လူမှုရေးအရှုပ်အထွေး မိန်းမကိစ္စ တပ်အပေါ်တာဝန်မကျေပွန်မှု နာမည်ပျက်လုံးဝမရှိခဲ့ဖူးပါဘူး ကိုယ်ကပေး ကိုယ်ကကျွေးပီး အတတ်နိုင်ဆုံး အရာရှိကောင်းတစ်ယောက်အဖြစ်နေခဲ့ပါတယ် အထက်အောက် အဆင်ပြေအောင် မျှမျှတတနဲ့ပေါင်းစပ်ညှိနှိုင်းနေနိုင်ခဲ့ပါတယ်

၂၀၁၂နှစ်ကုန်ပိုင်းမှာ မြဝတီရုပ်သံ (၂) တောင်ညို ကိုတွဲဖက်နဲ့ရောက်ပါတယ် ၆လကျော် ၇လ ပြည်တွင်းသတင်းဌာနစုမှူးအနေနဲ့တာဝန်ထမ်းဆောင်ပီး ကစထ ၄ က PSO အဖြစ်ခေါ်တဲ့အချိန် အခန့်မသင့်တာတွေဖြစ်ပီး စကခ (၁၀) ခမရ ၃၆၅ မော်လိုက်တပ်ကို ရောက်သွားပါတယ် အဲ့တပ်မှာလဲ ၅လလောက်ကြာပီး ကျနော် ကကကြည်း စဆရဌာနခွဲကို ၂၀၁၃ နှစ်ထဲမှာပဲရောက်ပါတယ် ၂၀၁၅ ၁၁လပိုင်း မှာ မိန်းမရပီး ၁၁လပိုင်းထဲမှာပဲ ကျနော့်အမေဆုံးပါးသွားပါတယ်

ဒီလိုနဲ့ ကျနော့်အဖေကိုခေါ်ထားတော့ ကျနော်ရုံးသွားရင် အိမ်မှာ အဖေနဲ့မိန်းမပဲကျန်ပါတယ် ရေရှည်ဆိုအဆင်မပြေနိုင်တာ သိကျမှာပါ ဒီလိုနဲ့မိသားစုအရေးတွေ ဖြစ်လာတော့ စိတ်ညစ်လာတာနဲ့အမျှ ရုံးမှာလဲအဆင်မပြေတာတွေဖြစ်လာပါတယ် ကျနော့်ကိုကြည့်မရတဲ့ G1 ကလဲရှိနေတော့ ၂၀၁၇ ၂လပိုင်းမှာ ပြဿနာဖြစ်ပီး ကျနော် စကခ (၃) ခမရ ၃၈၆ နန်းမားတပ်ကိုရောက်ပါတယ် ရောက်ရောက်ချင်း စစ်ဆင်ရေးပါပီး တပ်မတော်ကပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ဆက်လက် ထမ်းဆောင်ခဲ့ပါတယ် အဲ့အချိန်မှာ ကျနော့်အဖေက စဥ့်ကိုင်က အိမ်မှာတစ်ယောက်တည်းနေနေရပါတော့တယ် ကျနော့်ဇနီးကတော့ သူ့အိမ်သူပြန်နေတော့ သိပ်စိတ်ပူစရာမရှိလို့ တော်ပါသေးတယ် စစ်ဆင်ရေးထွက်နေစဉ်ကာလတွေမှာလဲ အဖေ့အတွက် စိတ်ပူနေခဲ့ရပါတယ် သူလဲအဆင်မပြေပါဘူး စီးပွားကကျ ဇနီးကဆုံး ကားတိုက်မှုတွေဖြစ် ဆိုင်ကယ်တွေပျောက် ကြည့်မယ့်သူကမရှိနဲ့ ကျနော်အဝေးကနေပီး စိတ်ပူနေခဲ့ရတာပါ

တပ်ထဲစရောက်တဲ့အချိန်ကနေ မိသားစုပြဿနာတွေရှိမလာခင်အထိကတော့ မျှော်လင့်ချက်တွေအများကြီးနဲ့ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ပါပဲ နောက်ဆုံး ကျနော် တပ်ကထွက်ပီး မိသားစုအတူတူပြန်နေဖို့ ဆောင်ရွက်မှ အရာအားလုံးအဆင်ပြေတော့မယ်ဆိုပီး ထွက်ခွင့်ရဖို့တရားဝင်ကြိုးစားခဲ့ပါတယ် သတ်မှတ်ထားတဲ့မူဝါဒတွေနဲ့ ကိုက်ညီပါသော်လဲ တရားဝင်ထွက်ခွင့်တင်ပါသော်လည်း ယနေ့အချိန်ထိ ထွက်ခွင့်မရသေးပါဘူး ကျနော်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ငွေကြေးအရှုပ်အရှင်း လူမှုရေးပြဿနာ မိန်းမကိစ္စအရှုပ်အရှင်းတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ဖူးခြင်းမရှိပါဘူး ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်

ခုလက်ရှိအခြေအနေကတော့ မိသားစုကို ကျနော်ကိုယ်တိုင်အနီးကပ်ပြန်လည်ကြည့်ရှု့ပီး တည်ဆောက်မှသာ မိသားစုမပြိုကွဲပဲ အဆင်ပြေမယ့် အခြေအနေမို့ ထွက်ခွင့်တရားဝင်တင်ပြရခြင်းဖြစ်ပါတယ် ဒီအကြောင်းခြင်းရာကိုလဲ တရားဝင်တင်ပြထားပါတယ် ကျနော့်မှာက အဖေ့လဲပစ်ထားလို့မရ ဇနီးလဲပစ်ထားလို့မရတဲ့အခြေအနေမို့ပါ ရတာမရတာကျနော့်ကံပါပဲလေ ကျနော့်အနေနဲ့ကတော့ ကျနော့်မိသားစုအရေးအတွက် ထွက်ဖို့ဆောင်ရွက်ရခြင်းပါပဲ ကျန်တဲ့သူအားလုံးကိုလဲ အနူးအညွတ်တောင်းပန်ပါတယ် မည်သူ့ကိုမှထိခိုက်စေလိုခြင်း အလျင်းမရှိပါ
crd

No comments:

Post a Comment