Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 25, 2019

ကျိုက်မရော လင်းယုန်ကတော့ ပြည်သူတစ်ဦးအား ပါးရိုက်လိုက်ပီ


(၂၃.၁.၂၀၁၉)ရက်နေ့ က ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှ စည်းကမ်းပျက်ယာဉ်များအား အသိပညာပေးခြင်း၊ ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေး "လင်းယုန်"စီမံချက်ဖြင့် ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာအုပ်စု၊ ကော့တာလမ်းဆုံ၊ ကျိုက်မရော-မော်လမြိုင်သွားကားလမ်းမပေါ်၌
ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသက်စိုး ဦးစီး (၈)ဦး၊ BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မင်းရဲထွဋ်(ခ)ပေသီးပါ(၃)ဦး၊ မော်တော်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ ဂိတ်မှူးကိုကိုဦး ၊ ဘိန်းဗျောကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ဦးပါ(၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အဖွဲ့စုံပူးပေါင်းစစ်ဆေးဆောင်ရွက်နေစဉ်
ဆိုင်ကယ်တစ်စီးအား စစ်ဆေးရာမှBGF နယ်ခြားစောင့်တပ်မှ ဗိုလ်မင်းရဲထွဋ်
(ခ)ပေသီးစကားများကြသဖြင့် ဗိုလ်မင်းရဲထွဋ်မှပါးရိုက်လိုက်သဖြင့် ပါးရိုက်ခံထိသူများ မကျေ
မနပ်ဖြစ်၍ သတ္တိရှိရင် ယူနီဖေါင်းချွတ်ဆိုပြီးစိန်ခေါ်မှုများရှိလာသဖြင့် တာဝန်ရှိသူများမှ
ဝိုင်းဝန်းဆွဲလိုက်သဖြင့် ပြသနာအေးချမ်းသွားသော်လည်း ရိုက်ခံထိသူများမှမကြေမနပ်ဖြစ်
နေကြပါကြောင်း။

ထွန်းမြင့်အောင်
Kyaikmayaw Breaking News
မူရင်း။ ကျိုက်မရော/မုဒုံ သတင်းစုံ

No comments:

Post a Comment