Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 15, 2019

(၁၅) မိနစ္ တရားထိုင္နည္း

တစ္ေန႔လၽွင္ (၁၅)မိနစ္ခန္႔ တရားထိုင္ၾကည့္ပါ။

ထူးျခားေသာ အက်ိဳးေက်းဇူးမ်ား၊ထူးျခားေသာ ကံေကာင္းမႈမ်ား၊သင့္ထံသို႔ ဧကန္အျမန္ ေရာက္ရွိလာေပလိမ့္မည္။

(၁၅) မိနစ္တရားထိုင္နည္း

အမ်ိဳးသားေယာဂီမ်ားမွာ တင္ပလႅင္ေခြထိုင္လွ်က္လည္းေကာင္း၊အမ်ိဳးသမီးေယာဂီမ်ားမွာ မိန္းမထိုင္ က်ံဳ႕ကံ်ဳ႕ထိုင္လွ်က္လည္းေကာင္း ခါးကို မေတာင့္လြန္း၊ မေလ်ာ့မကုန္းလြန္းဘဲ အလိုက္သင့္သလို တာရွည္ထိုင္ႏုိင္ေအာင္ ထားပါ။
ဘယ္လက္၀ါးကို ေအာက္က ထား၍ ညာလက္၀ါးကို အေပၚက ထားရမည္။ ေယာဂီ၏ မ်က္စိကိုလည္း တစ္ခ်ိဳ႕မွိတ္လွ်က္၊ တစ္ခ်ိဳ႕ဖြင့္လွ်က္၊ တစ္ခ်ိဳ႕က ေမွးေမွးထားလွ်က္ မိမိၾကိဳက္သလို ထုိင္ႏုိင္သည္။
ႏွာသီး၀အဖ်ားတြင္ ထြက္ေလ၀င္ေလတို႔၏ ထိခတ္တိုးေ၀ွ႕ရာ (ဖုသန႒ာန၊ နာသိက ကသိဏ)အရပ္ကေလးကို အသာအယာ သတိကပ္၍ ရွာေဖြရမည္။
ေတြ႕ရွိပါက ယခု လႈပ္သြားသည္မွာ ထြက္ေလေၾကာင့္ဟု သိလွ်င္ လႈပ္သည္သိသည္ႏွင့္ တစ္ၿပိဳင္နက္ ထြက္ေလဟု သိမွတ္ထားပါ။
တစ္ဖန္ ၀င္ေလေၾကာင့္ လႈပ္သြားေသာအခါတြင္လည္း ၀င္ေလဟု မွတ္လိုက္ျခင္းသည္ အာနာပါနကမၼ႒ာန္း တရား အားထုတ္သည္ မည္ပါေတာ့သည္။
ဤပံုအတိုင္း အာနာပါနကမၼ႒ာန္းကို အားထုတ္တုိင္း အားထုတ္တုိင္း တစ္ၾကိမ္ထိုင္လွ်င္ အနည္းဆံုး (၁၅)မိနစ္ခန္႔ တရားထိုင္ပါ။
“အာနာပါနကမၼ႒ာန္းကို အားထုတ္ေသာ ေယာဂီပုဂၢိဳလ္သည္ သတိကပ္၍သာလွ်င္ ထြက္သက္ကို ျဖစ္ေစ၏။ ထြက္သက္ကို ထုတ္၏။ သတိကပ္၍သာလွ်င္ ၀င္သက္ကို ျဖစ္ေစ၏။ ၀င္သက္ကို ႐ႈိက္႐ွဴ၏”(ဤကား သတိၿမဲရာ ပထမာ အစီအစဥ္ျဖစ္ပါသည္)
“ထြက္သက္ေလကို ရွည္ရွည္ထုတ္ေသာေယာဂီပုဂၢိဳလ္သည္ ရွည္ရွည္ထုတ္သည္ဟု ေကာင္းစြာ သိ၏။ ၀င္သက္ေလကို ရွည္ရွည္႐ူေသာေယာဂီပုဂၢိဳလ္သည္ ရွည္ရွည္႐ႈ႐ႈိက္သည္ဟု ေကာင္းစြာ သိ၏”

“ထြက္သက္ေလကို တိုတိုထုတ္ေသာေယာဂီပုဂၢိဳလ္သည္ တိုတိုထုတ္သည္ ဟု ေကာင္းစြာ သိ၏။ ၀င္သက္ေလကို တိုတို႐ႈ႐ႈိက္ေသာေယာဂီပုဂၢိဳလ္သည္ တိုတို႐ႈ႐ႈိက္သည္ဟု ေကာင္းစြာ သိ၏”(ဤကား ဒုမွာ တုိ ႐ွည္သိ အစီအစဥ္ျဖစ္ပါသည္)

“အလံုးစံုေသာ ထြက္သက္၀င္သက္တုိ႔၏ အစ၊ အလယ္၊ အဆံုး သံုးပါးလံုးကို ထင္ရွားေစလွ်က္ (ခႏၶာကိုယ္တစ္ခုလံုးကို ထိန္လင္းေစလွ်က္) ထြက္သက္ေလ ကို ထုတ္၏။ ၀င္သက္ေလကို ႐ႈိက္႐ႈ၏” (ဤကား သံုးခ်က္သိမွာ တတိယာ သို႔မဟုတ္ လံုးစံုလင္းရာ တ-၌သာ အစီအစဥ္ျဖစ္ပါသည္)

“အ႐ႈိက္အ႐ႈျပင္းေသာေၾကာင့္ ႐ုန္႔ရင္းၾကမ္းတမ္းေသာ ထြက္သက္၊ ၀င္သက္ေလတို႔ကို ၿငိမ္းေအးေစလွ်က္၊ ခ်ဳပ္ေပ်ာက္ေစလွ်က္ ထြက္ေလကို ထုတ္မည္၊ ၀င္ေလကို ႐ႈ႐ႈိက္မည္ဟု က်င့္၏”(ဤကား စ-မွာ ၿငိမ္းေစဘိ အစီအစဥ္ျဖစ္ပါသည္)

“ရံခါအတြင္း၌ ထြက္ေလ၀င္ေလဟူေသာ ကာယ သို႔မဟုတ္ ပဋိဘာဂျဖစ္ေသာ အႆာသပႆာသကာယကို အဖန္တလဲလဲ ႐ႈမွတ္ပြားမ်ားအားထုတ္ရမည္။ ရံခါအျပင္၌ (အျပင္ကို ထုတ္၍) ထြက္ေလ၀င္ေလဟူေသာ ကာယ သို႔မဟုတ္ ပဋိဘာဂျဖစ္ေသာ အႆာသပႆာသကာယကို အဖန္တလဲလဲ ႐ႈမွတ္ပြားမ်ား အားထုတ္ရမည္။ ရံခါအတြင္းအျပင္ ႏွစ္ဌာနလံုး၌ ထြက္ေလ၀င္ေလဟူေသာ ကာယ သို႔မဟုတ္ ပဋိဘာဂျဖစ္ေသာ အႆာသပႆာသကာယကို အဖန္တလဲလဲ ႐ႈမွတ္ပြားမ်ားအားထုတ္ရမည္။” (ဤသည္မွာ အာနာပါနသမထ ေလးဆင့္ လံုးကို ေပါင္း၍ေဟာထားျခင္းျဖစ္ပါသည္)

“ထြက္သက္ေလ၊ ၀င္သက္ေလဟူေသာ ကာယ၌ ျဖစ္ျခင္းသေဘာကို အဖန္တလဲလဲ ရႈမွတ္၍ ေနရာ၏။ ထြက္သက္ေလ၊ ၀င္သက္ေလဟူေသာ ကာယ၌ ပ်က္ျခင္းသေဘာကို အဖန္တလဲလဲ ရႈမွတ္၍လည္း ေနရာ၏။ ထြက္သက္ေလ၊ ၀င္သက္ေလဟူေသာ ကာယ၌ ျဖစ္ျခင္း၊ ပ်က္ျခင္းသေဘာကို အဖန္တလဲလဲ ရႈမွတ္၍လည္း ေနရာ၏။”(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပႆနာရႈမွတ္ပြားမ်ားရပံု ျဖစ္ပါသည္)

“ထိုကဲ့သို႔ အားထုတ္ေနေသာ ေယာဂီပုဂၢိဳလ္အား သတိတရား ထင္ၿမဲလာေတာ့သည္။ ထိုသတိ၏ ေသာတာပတၱိမဂ္ဉာဏ္ကို ရျခင္းငွါ၊ အဆင့္ဆင့္ ရင့္က်က္ျခင္းငွါ ျဖစ္လာလွ်င္ ေယာဂီပုဂၢိဳလ္သည္ တဏွာ၊ ဒိ႒ိႏွစ္ပါးကို အမွီသဟဲျပဳစရာမလိုဘဲ ေနႏိုင္စြမ္းရွိလာေတာ့သည္။ ထိုအခါ တစ္ေလာကလံုးတြင္ သို႔မဟုတ္ ခႏၶာငါးပါးဟူေသာ ေလာကတြင္ `ငါ့ကိုယ္´ဟူ၍လည္းေကာင္း၊ `ငါ၏ဥစၥာ´ဟူ၍လည္းေကာင္း တစ္စံုတစ္ခုကိုမွ် စဲြလမ္းျခင္းမရွိ အတၱဒိ႒ိျပဳတ္ေလေတာ့သည္”(ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပႆနာရႈမွတ္ပြားမ်ား အားထုတ္ေသာ ေယာဂီပုဂၢိဳလ္အား မဂ္ဖိုလ္ရ၍ အရိယာျဖစ္ပံုကို ျပပါသည္။)

အထက္ပါ ေဖာ္ျပခ်က္မွာ သတိပ႒ာနသုတ္ေတာ္ တြင္ ျမတ္စြာဘုရား ရွင္ေဟာၾကားေတာ္မူေသာ အာနာပါနက်င့္စဥ္ အစီအစဥ္ျဖစ္ပါသည္။

၀ိပႆနာပုိင္း ရွဳမွတ္ပုံမ်ား
သမထဆုိတာ တေနရာတည္းကုိ စုိက္ရွဳတာပါ၊ ၀ိပႆနာဆုိတာ ခႏၶာကုိယ္ တခုလုံး ကုိ ျဖန္႔္ရွဴတာလုိ႔ ေျမဇင္းဆရာေတာ္ၾကီးက မိန္႔ေတာ္မူပါတယ။္ သမထယာနိကသမားအတြက္ စတုတၳအဆင့္က်င့္စဥ္မွာ ပဋိဘာဂ အလင္းနိမိတ္ရရွိၿပီး ဥပစာဆိုက္သြားျပီဆုိရင္္ ၀ိပႆနာကို စတင္အား ထုတ္ရႈမွတ္ႏိုင္ပါတယ္။

၀ိပႆနာရႈမွတ္ရာတြင္ ရုပ္ကို ရႈမွတ္ရမွာလား၊ နာမ္ကို ရႈမွတ္ရမွလား လုိ႔ ေမးစရာ ရွိပါတယ္။ စာေပမွာေတာ့ သမထယာနိကလမ္းစဥ္နဲ႔ အားထုတ္သူမ်ားအတြက္ နာမ္ကို ရႈမွတ္ပြားမ်ားရမယ္္လုိ႔ု ဆိုပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သမထ အားထုတ္မႈ အားေကာင္း၍ သမာဓိရင့္သန္ေနတဲ့အတြက္ေၾကာင့္ပါ္။ ၀ိိပႆနာသက္သက္ရႈမွတ္ ပြားမ်ားသူမ်ားသူေတြကုိေတာ့ ရုပ္ကို ရႈမွတ္ဖို႔ တိုက္တြန္းထားပါတယ္္။

ရွဳ႔နည္း ၃ မ်ိဳး
(၁) သမထအားထုတ္စဥ္က ရရွိခဲ့တဲ့ ပဋိဘာဂအလင္းနိမိတ္နဲ႔ ေျခဖ်ားကေန ငယ္ထိပ္အထိ တကုိယ္လုံး သတိမလြတ္ေစဘဲ ရွဳျခင္း။
(၂) ေျခဖ်ား မွ ခ်က္ ၊ ခ်က္မွ လည္မ်ိဳ လည္မ်ိဳမွ ငယ္ထိပ္ ထိ သုံးပုိင္း ပုိင္း၍ အျပန္ျပန္ အလွန္လွန္ ရွဳမွတ္ျခင္း။
(၃) လက္ေလးသစ္ သုိ႔မဟုတ္ တံေတာင္ေလာက္စီ ပုိင္းျပီး ရွဳမွတ္ျခင္း ဆုိျပီး ရွဳမွတ္နည္း (၃) မ်ိဳးရွိပါတယ္။ခႏၶာကိုယ္အစိတ္္အပိုင္းအလိုက္ ရႈနည္းသံုးမ်ိဳး ကဲြျပားသကဲ့သို႔ အရႈမွတ္ခံ အာရံုအလိုက္ ရႈပြားရာ အစြန္းသံုးပါးကိုလည္း သိသင့္ပါတယ္္။

(၁) ျမင္ရင္ ျမင္တယ္ ၾကားရင္ ၾကားတယ္ လုိ႔မွတ္ျခင္း
(၂) မိမိခႏၶာကုိယ္ရဲ့ငယ္ထိပ္ေျခေတာက္လက္စတဲ့ ေန ရာေတြမွာ တဖြားဖြား ျဖစ္ပ်က္ေန တာေတြကုိမွတ္ျခင္း
(၃) ႏွလုံးအိမ္ကုိ ရွဳမွတ္ျခင္း ဆုိျပီး အစြန္းသုံးပါးရွိပါတယ္။

ဗုဒၶါနဳႆတိပြားမ်ားပုံ…
အရဟံ လုိ႔ စိတ္ထဲက ဆုိျပီး ၀င္ေလကုိ ရွဴသြင္းပါ၊ အရဟံလုိ႔ စိတ္ကဆုိျပီး ထြက္ေလကုိ ျပန္ထုတ္ပါ၊ မိမိစိတ္ ျငိမ္လာျပီ ဆုိရင္ ဘုရားရွင္ရဲ့ ဂုဏ္ေတာ္ အေရာက္ အာရုံျပဳျပီး ကိေလသာ ကင္းစင္ေတာ္ မူေသာ ျမတ္စြာ ဘုရား ဆုိျပီး ၀င္ေလ ထြက္ေလ တုိင္းမွာ ရွဴမွတ္ေပးပါ ၊ ဒီလုိနည္းနဲ႔ အခ်ိန္ ရသေလာက္ ပြားမ်ားေပးပါ၊ ဘုရားရွင္ ေပၚမွာ ၾကည္ညိဳတဲ့ စိတ္ေတြ မ်ားလာေလ တရားအလုပ္ လုပ္ရတာ ေခ်ာေမြ႔ လြယ္ကူေလ ပါပဲ။

ေမတၱာဘာ၀နာပြားမ်ားပုံ…
အားလုံးေသာ သတၱ၀ါေတြ ၀င္ေလ တစ္ခ်က္… ခ်မ္းသာၾကပါေစ ထြက္ေလ တစ္ခ်က္. ဒီပုံစံနဲ႔ ေမတၱာ ဘာ၀နာ ပြားမ်ား ႏိုင္ပါတယ္… ကုိယ္ ပြားမ်ား ခ်င္တဲ့ ပုံစံနဲ႔ ပြားမ်ား ႏိုင္ပါတယ္ ၀င္ေလ ထြက္ေလ ကပ္ျပီး ပြားမ်ား တာက သမာဓိ ပုိရ လြယ္ပါတယ္..

မရဏႆတိ (ေသျခင္းတရား ဆင္ျခင္ပုံ)
တစ္ေန႔ ေသရမွာ ပါတကား.. တစ္ေန႔ ေသရမွာပါ တကားလုိ႔ ဉာဏ္ကေန ျမင္လာေအာင္ ဉာဏ္မွာ ထင္လာေအာင္ ဆင္ျခင္ရပါမယ္.

အသုဘ ဘာ၀နာ (စက္စုပ္ရြံရွာဖြယ္ အျဖစ္ ပြားမ်ားပုံ)
ငါ့ရဲ့ ခႏၶာကုိယ္ဟာ စက္စုပ္ စရာၾကီး ပါတကား… လုိ႔ ခႏၶာကုိယ္ကုိ သုံးပုိင္း ပုိင္းျပီး ပြားမ်ားရ ပါမယ္၊ ပထမဆုံး ပုခုံးအထက္ ဦးေခါင္း ပုိင္းကုိ အရင္ ၾကည့္ရပါမယ္. မ်က္စိကုိမွိတ္ စိတ္ကုိ ဦးေခါင္းကုိ ပုိ႔ထား ငါ့ရဲ့ ခႏၶာကုိယ္ စုက္ဆုပ္ စရာၾကီး ပါတကားလုိ႔.. စိတ္ကဆုိျပီး ဦးေခါင္းထဲက ဦးေဏွာက္ေတြ အေျမွးေတြ ျမင္လာတဲ့ အထိ ပြားမ်ားေပးပါ၊

ဒုတိယ.. ခါးကေန ပုခုံးအထိ ခႏၶာကုိယ္ အလယ္ပုိင္းကုိ စိတ္နဲ႔ၾကည့္ျပီး ငါ့ရဲ့ ခႏၶာကုိယ္ဟာ စက္ဆုပ္ စရာၾကီး ပါတကားလုိ႔ စိ္တ္က ဆင္ျခင္ ပြားမ်ားျပီး အတြင္းပုိင္း အူေတြ အသည္းေတြ ေက်ာက္ကပ္ေတြ တစ္ပုံစီ တစ္ပုံစီ ျမင္ေအာင္ ၾကိဳစားပြားမ်ားပါ။

တတိယ.. ခါးေအာက္ပုိင္းအကုန္ ေျခေထာက္ အထိ စိုက္ၾကည့္ ပြားမ်ားပါ၊ ခႏၶာကုိယ္ကုိ တြယ္တာလြန္း အားၾကီးရင္ တရား အလုပ္မွာ ေႏွာင့္ေႏွး တတ္ပါတယ္။ နာမည္ၾကီး ေခမာ ေထရီကုိ ၾကည့္ျပီး သိနုိင္ပါတယ္၊ ဒါေၾကာင့္ ခႏၶာကုိယ္ေပၚမွာ တပ္မက္မွဳ ကင္းေအာင္ အသုဘ ဘာ၀နာကုိ ပြားမ်ား ၾကရပါတယ္။

ဒီေလးမ်ိဳးကုိ အခ်ိန္ရတဲ့သူ ရက္မ်ားမ်ား အားထုတ္မယ့္ သူေတြ ၾကိဳးစား အားထုတ္ ပြားမ်ားသင့္ ပါတယ္၊ ရက္ေတြ အမ်ားၾကီး အခ်ိန္ မေပးႏိုင္ ရင္ေတာင္ တရားမရွဳမွတ္မိ အခ်ိန္ပုိင္းေလာက္ ဗုဒၶါန ဳႆတိနဲ႔ ေမတၱာ ဘာ၀နာကုိ ၁၀-မိနစ္ သုိ႔မဟုတ္ ၁၅-မိနစ္ ပြားမ်ား သင့္ပါတယ္၊ ေမတၱာ စြမ္းအားဟာ တကယ့္ကုိ ၾကီးမားလွ ပါတယ္။
ေန႔စဥ္ (၁၅) မိနစ္ခန္႔ ဝိပႆနာျမတ္တရားအား က်င့္ၾကံပြားမ်ား အားထုတ္ ႏိုင္ၾကပါေစ

အေထြေထြဗဟုသုတ

#Unicode Version#
တစ်နေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။

ထူးခြားသော အကျိုးကျေးဇူးများ၊ထူးခြားသော ကံကောင်းမှုများ၊သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည်။

(၁၅) မိနစ်တရားထိုင်နည်း

အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကံျု့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။

ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။

နှာသီးဝအဖျားတွင် ထွက်လေဝင်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။

တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။

တစ်ဖန် ဝင်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ဝင်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်း တရား အားထုတ်သည် မည်ပါတော့သည်။

ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။

“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ဝင်သက်ကို ဖြစ်စေ၏။ ဝင်သက်ကို ရှိုက်ရှူ၏”(ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)

“ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ဝင်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”

“ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည် ဟု ကောင်းစွာ သိ၏။ ဝင်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”(ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)

“အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေ ကို ထုတ်၏။ ဝင်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)

“အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ဝင်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ဝင်လေကို ရှုရှိုက်မည်ဟု ကျင့်၏”(ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)

“ရံခါအတွင်း၌ ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများ အားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေဝင်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထ လေးဆင့် လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)

“ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ဝင်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။”(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)

“ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်”(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော် တွင် မြတ်စွာဘုရား ရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

ဝိပဿနာပိုင်း ရှုမှတ်ပုံများ

သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ဝိပဿနာဆိုတာ ခန္ဓာကိုယ် တခုလုံး ကို ဖြန့်ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ။် သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂ အလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ဝိပဿနာကို စတင်အား ထုတ်ရှုမှတ်နိုင်ပါတယ်။

ဝိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလား လို့ မေးစရာ ရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ု ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထ အားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့အတွက်ကြောင့်ပါ်။ ဝိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။

ရှု့နည်း ၃ မျိုး

(၁) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂအလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း။

(၂) ခြေဖျား မှ ချက် ၊ ချက်မှ လည်မျို လည်မျိုမှ ငယ်ထိပ် ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း။

(၃) လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း (၃) မျိုးရှိပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။

(၁) မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း

(၂) မိမိခန္ဓာကိုယ်ရဲ့ငယ်ထိပ်ခြေတောက်လက်စတဲ့ နေ ရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေ တာတွေကိုမှတ်ခြင်း

(၃) နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။

ဗုဒ္ဓါနုဿတိပွားများပုံ…

အရဟံ လို့ စိတ်ထဲက ဆိုပြီး ဝင်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ဝင်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။

မေတ္တာဘာဝနာပွားများပုံ…

အားလုံးသော သတ္တဝါတွေ ဝင်လေ တစ်ချက်… ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာဝနာ ပွားများ နိုင်ပါတယ်… ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ဝင်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်..

မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)

တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်.

အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)

ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား… လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊

ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စိတ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။

တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါန ုဿတိနဲ့ မေတ္တာ ဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်။

နေ့စဉ် (၁၅) မိနစ်ခန့် ဝိပဿနာမြတ်တရားအား ကျင့်ကြံပွားများ အားထုတ် နိုင်ကြပါစေ
အထွေထွေဗဟုသုတ

No comments:

Post a Comment