Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 15, 2019

မိဘဂုဏ္ (၁၃) ပါး


မိဘေမတၱာ ေက်းဇူးတရားေတြကို ခိုင္းနိူင္းတင္စား
စာဖြဲ႔ ၾကတာ ေလာကဥပမာ အမ်ိဳးမ်ိဳး အဖံုဖံု ပါဘဲ ။
တကယ္လဲ ၾကီးမားလွတဲ့ခိုင္မာတဲ့ ေမတၱာရွင္ ျဖစ္ပါသည္ ။

မိဘနွစ္ပါး၏ ဂုဏ္ေတာ္ (၁၃)ပါး ရိွေလသည္။ ၄င္းတို႔မွာ

(၁) သုဟဒယဂုဏ္ …ဆိုတဲ့…အရိုး ၊ အေၾကာ ၊ အေသြး သားထဲက စိမ့္ျပီးသားသၼီးကိုခ်စ္ျခင္း ။
(၂) ျဗဟၼာဂုဏ္…ဆိုတဲ့ ေမတၱာ ၊ ဂရုဏာ ၊မုဒိတာ ၊ ဥေပကၡာ ေလးပါးနွင့္ ေစာင့္ေရွာက္ ျခင္း ။
( ၃) ဇေနတၱိဂုဏ္…ဆိုတဲ့ အသက္စြန္ ့ျပီး ေမြးေသာ အေမ ၊ အသက္စြန္႔ျပီး ရွာေကၽြးေသာအေဖျဖစ္ျခင္း
(၄) ေပါသကဂုဏ္…ဆိုတဲ့ ေအးျမျပီး သန္႔ရွင္း ၾကည္လင္ေသာ မိဘနွစ္ပါး၏အရိပ္ ရျခင္း ။
(၅) ေပါသနႏၱိဂုဏ္…ဆိုတဲ့ ေလပူေနပူ အေအးဒဏ္မ်ိဳးစံု ကို ကာကြယ္ျပီး ျပဳစုေစာင့္ေရွာက္ေပးျခင္း ။
(၆)ဒေႆတာရာဂုဏ္…ဆိုတဲ့ စကားေျပာသင္ျခင္းမွ အစ ဘုရားရွိခိုးနည္း ၊ဆြမ္းကပ္နည္း ၊ ၾကီးသူကို ရိုေသ ငယ္သူကိုညွာတာတတ္ေအာင္ သင္ၾကားေပးျခင္း ။
(၇) အာပါဒကာဂုဏ္…ဆိုတဲ့ ေဘးရန္ကင္းေစ ရန္ အသက္စြန္႔ျပီး ကာကြယ္ေစာင့္ေရွာင့္ျခင္း ။
(၈) ေတသယႏၱိဂုဏ္…ဆိုတဲ့ ေတးသီခ်င္းတို႔ျဖင့္ သံျငိမ့္ညဴးရင္း နွစ္သိမ့္တတ္ျခင္း ။
(၉) ပုဗၺာေဒ၀တာဂုဏ္…ဆိုတဲ့ အိမ္ဦးနတ္ ဖခင္ ၊မိခင္ ျဖစ္ျခင္း ။
(၁၀)ပုဗၺာစရိယဂုဏ္…ဆိုတဲ့ လက္ဦးဆရာမည္ထိုက္စြာ စာရိတၱမပ်က္စီးေစရန္ ဘာသာေရးနွင့္ သိမ္းသြင္းျခင္း။
(၁၁)ေဂါပါယႏၱိဂုဏ္…ဆို တဲ့ စား၀တ္ေနေရး၊ ပညာေရး မပူပင္ရေအာင္ လုပ္ေဆာင္ေပးေသာ ေအးေသာ အရိပ္ေပးျခင္း ။
(၁၂) အာယုေနယ်ဂုဏ္…ဆိုတဲ့ ပစၥည္း ေလးပါးျဖင့္ ကန္ေတာ့ခံရသည္ ပုဂၢိဳလ္ျဖစ္ျခင္း ။
(၁၃)အနာမ႒ဂုဏ္…ဆိုတဲ့ ရဟန္း ဆြမ္းမဘုဥ္းမေပးမိွီ မိဘနွစ္ပါးအား အရင္ဆံုး စားေစျခင္း အခြင့္ ရရွိေသာ မိဘနွစ္ပါးျဖစ္ျခင္း တို႔ျဖစ္၏။
dhammaschool

#Unicode Version#
မိဘမေတ္တာ ကျေးဇူးတရားတွေကို ခိုင်းနိူင်းတင်စား
စာဖွဲ့ ကြတာ လောကဥပမာ အမျိုးမျိုး အဖုံဖုံ ပါဘဲ ။
တကယ်လဲ ကြီးမားလှတဲ့ခိုင်မာတဲ့ မေတ္တာရှင် ဖြစ်ပါသည် ။

မိဘနှစ်ပါး၏ ဂုဏ်တော် (၁၃)ပါး ရှိလေသည်။ ၎င်းတို့မှာ

(၁) သုဟဒယဂုဏ် …ဆိုတဲ့…အရိုး ၊ အကြော ၊ အသွေး သားထဲက စိမ့်ပြီးသားသ္မီးကိုချစ်ခြင်း ။

(၂) ဗြဟ္မာဂုဏ်…ဆိုတဲ့ မေတ္တာ ၊ ဂရုဏာ ၊မုဒိတာ ၊ ဥပေက္ခာ လေးပါးနှင့် စောင့်ရှောက် ခြင်း ။

( ၃) ဇနေတ္တိဂုဏ်…ဆိုတဲ့ အသက်စွန့်ပြီး မွေးသော အမေ ၊ အသက်စွန့်ပြီး ရှာကျွေးသောအဖေဖြစ်ခြင်း

(၄) ပေါသကဂုဏ်…ဆိုတဲ့ အေးမြပြီး သန့်ရှင်း ကြည်လင်သော မိဘနှစ်ပါး၏အရိပ် ရခြင်း ။

(၅) ပေါသနန္တိဂုဏ်…ဆိုတဲ့ လေပူနေပူ အအေးဒဏ်မျိုးစုံ ကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း ။

(၆)ဒေဿတာရာဂုဏ်…ဆိုတဲ့ စကားပြောသင်ခြင်းမှ အစ ဘုရားရှိခိုးနည်း ၊ဆွမ်းကပ်နည်း ၊ ကြီးသူကို ရိုသေ ငယ်သူကိုညှာတာတတ်အောင် သင်ကြားပေးခြင်း ။

(၇) အာပါဒကာဂုဏ်…ဆိုတဲ့ ဘေးရန်ကင်းစေ ရန် အသက်စွန့်ပြီး ကာကွယ်စောင့်ရှောင့်ခြင်း ။

(၈) တေသယန္တိဂုဏ်…ဆိုတဲ့ တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း ။

(၉) ပုဗ္ဗာဒေဝတာဂုဏ်…ဆိုတဲ့ အိမ်ဦးနတ် ဖခင် ၊မိခင် ဖြစ်ခြင်း ။

(၁၀)ပုဗ္ဗာစရိယဂုဏ်…ဆိုတဲ့ လက်ဦးဆရာမည်ထိုက်စွာ စာရိတ္တမပျက်စီးစေရန် ဘာသာရေးနှင့် သိမ်းသွင်းခြင်း။

(၁၁)ဂေါပါယန္တိဂုဏ်…ဆို တဲ့ စားဝတ်နေရေး၊ ပညာရေး မပူပင်ရအောင် လုပ်ဆောင်ပေးသော အေးသော အရိပ်ပေးခြင်း ။

(၁၂) အာယုနေယျဂုဏ်…ဆိုတဲ့ ပစ္စည်း လေးပါးဖြင့် ကန်တော့ခံရသည် ပုဂ္ဂိုလ်ဖြစ်ခြင်း ။

(၁၃)အနာမဋ္ဌဂုဏ်…ဆိုတဲ့ ရဟန်း ဆွမ်းမဘုဉ်းမပေးမှီ မိဘနှစ်ပါးအား အရင်ဆုံး စားစေခြင်း အခွင့် ရရှိသော မိဘနှစ်ပါးဖြစ်ခြင်း တို့ဖြစ်၏။

dhammaschool

No comments:

Post a Comment