Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 12, 2019

ထမင္းခ်က္ျခင္း အနဳပညာ။ ထမင္းခ်က္ျခင္း၏ လ်ိႈဳ႕၀ွက္ခ်က္မ်ား


အိမ္ရွင္မ / အိမ္ရွင္ထီး မ်ားအတြက္ အသုံးဝင္မဲ႔ လက္ေတြ႔အသုံးခ် ႏိုင္တဲ႔ ဗဟုသုတပါ။
အိမ္ရွင္မ/ထီး မ်ား အတြက္ ထမင္းခ်က္ရာတြင္ အရသာသာ မက က်န္းမာေရး အဟာရဓါတ္ေတြပါ မဆုံးရႈံး ေစမည္႔ နည္းလမ္းလဲ လြယ္ကူေစမည္႔ ထမင္းခ်က္ျခင္း ၏ လ်ွိဳ႕ဝွက္ခ်က္မ်ားကို စုစည္း ေဖာ္ျပ ေပးလိုက္ပါသည္။

၁။ရွာလကာရည္
ထမင္းခ်က္ရာတြင္ ရွာလကာရည္ တစ္စက္ ႏွစ္စက္ ထည္႔ေပးရုံျဖင္႔ ထမင္းရဲ႕ အနံ႔အရသာကို ပိုမိုထင္ေပၚ ေမႊးပ်ံ႕ေစသည္႔ အျပင္ ရာသီဥတုအလြန္ပူျပင္း၍ ထမင္းသိုးျခင္း ကို ကာကြယ္ ေပးႏိုင္ပါတယ္။

၂။ဘီယာ
ဆန္ေဟာင္းမ်ား အထားၾကာသြားျပီး ခ်က္ျပဳတ္ရာမွာ အနံ႔ အရသာက ဆန္သစ္ေလာက္ မေကာင္းတဲ႔ အခ်ိန္မွာ စိတ္ပူစရာ မလိုပါဘူး။

ဆန္ေဟာင္း ခ်က္ခ်ိန္မွာ ဘီယာ အနည္းငယ္သာ ထည္႔ေပးလိုက္ပါ။ ေပၚဆန္းေမႊး ပမာ ေမႊးပ်ံ႕တဲ႔ ထမင္းကို ရရွိမွာ ျဖစ္ပါတယ္။

၃။ေျမပဲဆီ
ထမင္းခ်က္ရာမွာ ဆားအနည္းငယ္နဲ႔ ေျမပဲဆီ အနည္းငယ္ ထည္႔ျပီး ေမႊေပးလိုက္ပါ။ ဆန္ဖြာျခင္း မရွိပဲ ခံတြင္းကို ေတြ႔ေစမဲ႔ ထမင္း ရရွိမွာပါ။

၄။ဆား
လက္က်န္ထမင္းကို ျပန္ေႏြးရာတြင္ ဆားအနည္းငယ္ ထည္႔ေပးျခင္း အားျဖင္႔ အနံ႔ဆိုးမ်ားကို ေပ်ာက္ေစမည္႔ အျပင္ ထမင္းကိုလည္း ႏူးညံ႔ေစမွာ ျဖစ္ပါတယ္။

၅။ဆန္အရက္၊ အရက္ျဖဴ
ထမင္းေၾကာ္ရာတြင္ အရက္ သုံးေလးစက္ အနည္းငယ္ ထည္႔ေၾကာ္ေပးပါက နတ္သုဒၶါပမာ ထမင္းအရသာကို ရရွိေစမွာ ျဖစ္ပါတယ္။

အကယ္၍ ထမင္းက်က္တဝက္ မက်က္တဝက္ အေျခေနမ်ိဳးနဲ႔ ေတြ႔ႀကံဳေနပါက ဆန္အရက္ ဇြန္း ၂ ဇြန္းစာ ထည္႔ျပီး ေႏြးေပးျခင္းျဖင္႔ ထမင္းကို လုံးဝ က်က္ေစမွာ ျဖစ္ပါတယ္။

၆။ေရက်က္ေအး
ထမင္းခ်က္ရာတြင္ ေရက်က္ေအးျဖင္႔ ခ်က္ေပးပါက ဆန္မွာပါဝင္တဲ႔ ဗီတာမင္ B1 ဓါတ္ကို အျပည္႔အဝ ရရွိေစမွာ ျဖစ္ပါတယ္။

၇။ၾကက္သြန္ျမိတ္
ထမင္းတူးသြားပါက ထမင္းၾကားထဲကို ၾကက္သြန္ျမိတ္ တစ္ပင္ကို ထည္႔ျပီး ခဏဖုံးအုပ္ ထားေပးလိုက္ပါ။ တူးနံ႔မ်ား ယူပစ္သလို ေပ်ာက္သြား ေစမွာျဖစ္ပါတယ္။

၈။လက္ဖက္ရည္ၾကမ္း
ေရေႏြးၾကမ္းကို ထမင္းခ်က္ရာမွာ ထည္႔ျပီး သာမာန္အတိုင္း ထမင္းခ်က္ပါ။ ရရွိလာတဲ႔ ထမင္းက အနံ႔အရသာကို ျပည္႔စုံေစယုံသာမက အဟာရလည္း အလြန္ ျဖစ္ေစပါတယ္။

၉။သံလြင္ဆီ
ထမင္းခ်က္ရာတြင္ သံလြင္ဆီ အနည္းငယ္ ထည္႔ေပးပါက ဆန္ထဲရွိ သၾကားဓါတ္ တိုးျမင္႔မႈ႕ကို ထိန္းခ်ဳပ္ ႏိုင္ေစသည္႔အျပင္ အစာအိမ္ကိုလည္း ဥပါဒ္မျဖစ္ေစပါဘူး။ ဆီးခ်ိဳ သမားမ်ား အတြက္ အထူးသင္႔ေတာ္ပါတယ္။

က်မ၏ Fri မ်ား အရသာျပည္႔ဝတဲ႔ မိသားစု ထမင္းဝိုင္းေလး ျဖစ္ၾကပါေစ။ Han Ko FB မွကူးယူတင္ေပးပါသည္။
...........................................
Unicode version
ထမင်းချက်ခြင်း၏လျိှုု့ဝှက်ချက်များ
အိမ်ရှင်မ / အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချ နိုင်တဲ့ ဗဟုသုတပါ။
အိမ်ရှင်မ/ထီး များ အတွက် ထမင်းချက်ရာတွင် အရသာသာ မက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံး စေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း ၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြ ပေးလိုက်ပါသည်။

၁။ရှာလကာရည်
ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့် အပြင် ရာသီဥတုအလွန်ပူပြင်း၍ ထမင်းသိုးခြင်း ကို ကာကွယ် ပေးနိုင်ပါတယ်။

၂။ဘီယာ
ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာက ဆန်သစ်လောက် မကောင်းတဲ့ အချိန်မှာ စိတ်ပူစရာ မလိုပါဘူး။
ဆန်ဟောင်း ချက်ချိန်မှာ ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ။ ပေါ်ဆန်းမွှေး ပမာ မွှေးပျံ့တဲ့ ထမင်းကို ရရှိမှာ ဖြစ်ပါတယ်။

၃။မြေပဲဆီ
ထမင်းချက်ရာမှာ ဆားအနည်းငယ်နဲ့ မြေပဲဆီ အနည်းငယ် ထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်ဖွာခြင်း မရှိပဲ ခံတွင်းကို တွေ့စေမဲ့ ထမင်း ရရှိမှာပါ။

၄။ဆား
လက်ကျန်ထမင်းကို ပြန်နွေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်း အားဖြင့် အနံ့ဆိုးများကို ပျောက်စေမည့် အပြင် ထမင်းကိုလည်း နူးညံ့စေမှာ ဖြစ်ပါတယ်။

၅။ဆန်အရက်၊ အရက်ဖြူ
ထမင်းကြော်ရာတွင် အရက် သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက နတ်သုဒ္ဓါပမာ ထမင်းအရသာကို ရရှိစေမှာ ဖြစ်ပါတယ်။

အကယ်၍ ထမင်းကျက်တဝက် မကျက်တဝက် အခြေနေမျိုးနဲ့ တွေ့ကြုံနေပါက ဆန်အရက် ဇွန်း ၂ ဇွန်းစာ ထည့်ပြီး နွေးပေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေမှာ ဖြစ်ပါတယ်။

၆။ရေကျက်အေး
ထမင်းချက်ရာတွင် ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့ ဗီတာမင် B1 ဓါတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

၇။ကြက်သွန်မြိတ်
ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက်သွန်မြိတ် တစ်ပင်ကို ထည့်ပြီး ခဏဖုံးအုပ် ထားပေးလိုက်ပါ။ တူးနံ့များ ယူပစ်သလို ပျောက်သွား စေမှာဖြစ်ပါတယ်။

၈။လက်ဖက်ရည်ကြမ်း
ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမာန်အတိုင်း ထမင်းချက်ပါ။ ရရှိလာတဲ့ ထမင်းက အနံ့အရသာကို ပြည့်စုံစေယုံသာမက အဟာရလည်း အလွန် ဖြစ်စေပါတယ်။

၉။သံလွင်ဆီ
ထမင်းချက်ရာတွင် သံလွင်ဆီ အနည်းငယ် ထည့်ပေးပါက ဆန်ထဲရှိ သကြားဓါတ် တိုးမြင့်မှု့ကို ထိန်းချုပ် နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဥပါဒ်မဖြစ်စေပါဘူး။ ဆီးချို သမားများ အတွက် အထူးသင့်တော်ပါတယ်။

ကျမ၏ Fri များ အရသာပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ဖြစ်ကြပါစေ။ Han Ko FB မှကူးယူတင်ပေးပါသည်။

No comments:

Post a Comment