Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 12, 2019

ဓိဌဓမ္မကျကျတွေးခေါ်တတ်ကြပါစေရန်အလို့ငှါ

ရွှေတိဂုံစေတီတော်ရှိ အရန်စေတီ အမှတ် ၂၆ မှ အနီရောင်အရည်များ စီးကျမှု့ ဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်သွားရောက်ကြည့်ရူ သည့် ဗီဒီယိုဖိုင်တခု တက်လာရာတွင်. ရွှေတိဂုံစေတီတော်ကြီး၏ မြောက်ဖက်ဓါတ်လှေကားထိပ်ရှိ အရံစေတီတော်အမှတ်(၂၆)စေတီ၏ ငှက်ပျောဖူး အောက်နားမှ…အနီရောင်အရည်များ စီးကျနေမှု့ ကို ရိုက်ကူးထားသည့် စက္ကန့်  ၄၀ ကြာဗီဒီယိုဖိုင်တစ်ခုမှာ ယနေ့  လူမှု့ကွန်ရက်တွင် ပျံ့ နှံ့ လာပြီးနောက် ယနေ့ ဇန်နဝါရီ ၁၁ ညနေ ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အဖွဲ့ က သွားရောက်ကြည့်ရူ့ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ Facebook တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ အရံစေတီတော်များတွင် ရွှေမျက်ပါးကပ်လှူထားသည်များမှာ သက်တမ်းကုန်ဆုံးကြာမြင့်နေ၍ ရွှေသင်္ကန်းဖောင်းကြွပေါက်ထွက်လာကာ အတွင်းမှ သစ်စေး များ စီးကျမှုဖြစ်ပွားနေမှု့များနှင့် စေတီတော်များ၏ ကြံ့ခိုင်မှုအခြေအနေများကို ဝန်ကြီးချုပ်မှ သွားရောက်၍ ကြည့်ရှုစစ်ဆေးခြင်း ဟု ရေးသားထားပါသည်။

သာမာန်သဘာဝတရားအတိုင်း ဖြစ်တတ်သည့်သဘောသဘာဝကိုပင် အချို့.အယူစွဲသူများက ယင်းအဖြစ်အပျက်ကို ကိတ်လွှတ်သည်ဟုဆိုကာ မကောင်းသောအတိတ်နိမိတ်ကိုဆောင်ကြောင်း ထောင်းလမောင်းထအောင် ပြောကြားနေမှု့များကြောင့် ယွန်းထည် သစ်စေးပညာရှင်တဦး၏ သုံးသပ်ချက်အား ထပ်ဆင့်လေ့လာနိုင်ရန် တင်ပြအပ်ပါသည် ။

" ယခုကာလ ရာသီအခါမှာ.သရက်ဖူးချိန် သစ်ရည်ပျံချိန်မို့ သစ်စေးဟောင်းများ သစ်ရည်ပျံပြီး မျက်ပါးရွှေကို ဖောက်ထွက်လာတာပါ....မျက်ပါးရွှေမကပ်ခင် ရွှေခံသစ်စေး အညိုရည်ကို သုတ်ရပါတယ် ...

ငှက်ပျောဖူးကို သစ်စေးသုတ်ပြီး ကြာနုကြာလှန်ကို သစ်စေးသုတ်ချိန် သစ်စေးများ.စုပုံပြီး ဥနေခြင်းဖြစ်၍ စေတီတစ်ဆူမှာ သစ်စေး အခဲဆုံး စုပုံမှု့ အများဆုံးနေရာက ကြာနုနဲ့ ချယားသီး (ရွဲသီး)နေရာတွေဖြစ်ပါတယ် ....

ယခုလို နတ်တော် ပြာသို တပို့တွဲ သရက်ဖူးချိန် သစ်ရည်ပျံချိန်မှာ သစ်စေးဟောင်းများ နိုးထပျော်ကျလာတတ်သလို သစ်စေးသုတ်ပါကလည်း အလွယ်တကူ သွေ့ခြောက်ခြင်းမရှိပါ....

ယခုလို နတ်တော်ပြာသို တပို့တွဲလများမှာ သစ်စေးသုတ်လျင် သစ်စေးထည်များကို မြေတိုက်သွင်းပြီး ရေငွေ့ပျံရည်နဲ့ သွေ့ခြောက်အောင် လုပ်ပေးရလေ့ရှိပါတယ်....

ဒီအခြေအနေကို ယွန်းပညာရှင်များ မှန်စီရွှေချ ပညာရှင်များ မျက်ပါးရွှေဆိုင်း သစ်စေသရိုးကိုင်နေကျ ပညာရှင်များအားလုံး သိရှိသဘောပောက်ကြပါတယ်.....

ထို့ကြောင့် မသိနားမလည်သူတွေ ထင်ရာမြင်ရာ ပြောဆို ငြင်းခုန်နေကြခြင်းဟာ... မြန်မာမှု့ မြန်မာ့ရိုးရာအမွေ ယွန်းအတတ် မှန်စီရွှေချ သစ်စေးသရိုးအတတ်ပညာကို တန်ဘိုးထားပြီး မလေ့လာခဲ့ကြပဲ ဗဟုသုတနည်းပါးကြခြင်းရဲ့ အကျိုးဆက်ကြောင့်ပါ.....

ဒာဟာ.ကိုယ့်တိုင်းပြည်မှ ကိုယ့်လူမျိုးအချို့၏ အသိပညာခေါင်းပါးသော အပြောအဆိုအယူအဆဟောင်းများဖြစ်တာမို့ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့အနေအထားပဲဖြစ်ပါတယ် ..ကိုယ့် ရိုးရာအမွေအနှစ်ကို အလေးထား မလေ့လာခဲ့ကြတဲ့ အကျိုးဆက်များကြောင့်သာ အခုလို အငြင်းအခုန်တွေ မြင်တွေ့ ကြားသိနေရခြင်းပင်....

သစ်စေးသုတ်တဲ့ လုပ်သားတွေဟာလဲ တစ်ဦးတစ်ယောက်တည်းမဟုတ်တဲ့အပြင် ယင်းစေတီမှာ တာဝန်ကျတဲ့ လုပ်သားရဲ့ ပေါ့လျော့မှုကြောင့်ဖြစ်စေ ယင်း၏ သစ်စေးသုတ်သည့် စုတ်ချက်မညီတာကြောင့်လဲ ဖြစ်တတ်သလို သစ်စေးအရည် ရှိသင့်တဲ့ အပူချိန်မှာမရှိဘဲ အနှစ်အခဲ ခပ်ပြစ်ပြစ်ကြီးကို သုတ်မိရင်လည်း သစ်စေး အထူအပါး မညီတဲ့အတွက် ထိုဖြစ်စဉ်မျိုးဖြစ်လေ့ရှိပါတယ်.....

ထို့အပြင် သစ်စေးအညိုရည် မသုတ်ခင် သစ်စေးအဟောင်းကို မခွာဖြစ်တာလဲ ဖြစ်တတ်သလို ကြာနု နဲ့ ငှက်ပျောဖူး ထိစပ်ရာမှာ အပေါက်သော်၎င်း အက်ကြောင်းသော်၎င်း ရှိနေတာကို သရွတ်နဲ့ ဖြည့်တင်း မဖာထေးဘဲ ပြည့်တင်းအောင် သစ်စေးရည် လောင်းထည့်မိရင်လည်း ဖြစ်တတ်ပါတယ်....

ထို့ကြောင့် ဖြစ်နိုင်ချေအများဆုံးကတော့ နောက်ဆုံး ပြောတဲ့ ဖြည့်တင်းလောင်းထည့်မှုဖြစ်စဉ် ကသာလျင် ဖြစ်ဘို့ များပါကြောင်း ''

အများပြည်သူသိအောင် Post တင်၍ Share ပေးလိုက်ရခြင်းဖြစ်ပါသည်။

Kyaw Kyaw Min

No comments:

Post a Comment