CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 12, 2019
ေမ့ေဆးေပးၿပီး လိပ္ေခါင္းခြဲစိတ္ခံထားရတဲ့ လူနာအမ်ိဴးသမီး မုဒိမ္းက်င့္ခံရ
ပါကစၥတန္ႏိုင္ငံ Lahore ၿမိဳ႕က ေဆး႐ုံတစ္႐ုံမွာ လိပ္ေခါင္းစြဲစိတ္မႈကို (၈)နာရီၾကာေအာင္ ခြဲစိတ္ကုသခံရသူ အသက္(၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ ခြဲစိတ္ၿပီးေနာက္ ေမ့ေဆးျပယ္လို႔ သတိျပန္ရလာတဲ့အခ်ိန္မွာ သူမသားအိမ္မွာ နာက်င္ၿပီး ေသြးေတြဆင္းေနတာကို သတိျပဳမိခဲ့ၿပီး သိပ္မၾကာခင္မွာ မခံမရပ္ႏိုင္ေလာက္ေအာင္ နာက်င္လာလို႔ လူနာအမ်ိဳးသမီးရဲ႕ ညီမက တျခားေဆး႐ုံ Sheikh Zayed ကို ေျပာင္းေ႐ႊ႕ၿပီး သားအိမ္ကို စစ္ေဆးမႈေတြျပဳလုပ္ခဲ့ပါတယ္။
Sheikh Zayed ေဆး႐ုံရဲ႕ ေဆးစစ္ခ်က္ မွတ္တမ္းထြက္လာတဲ့အခါမွာ သူမဟာ ေမ့ေဆးေပးခံထားရစဥ္ မုဒိမ္းခံရတဲ့ လကၡဏာေတြ႕ရေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ အဲ့အခ်ိန္မွာ သူမဟာ ေဒါသေတြအရမ္းထြက္ခဲ့ၿပီး ခြဲစိတ္မႈလုပ္ခဲ့တဲ့ ေဆး႐ုံကို တရားစြဲခဲ့ပါတယ္။အဆိုပါ သတင္းဆိုးေၾကာင့္ ပါကစၥတန္ႏိုင္ငံက ျပည္သူေတြ ထိပ္လန္႔တုန္လႈပ္သြားခဲ့ၾကပါတယ္။ ပန္ဂ်ပ္ျပည္နယ္ က်န္းမာေရးဝန္ႀကီး Dr Yasmin Rashid ကိုယ္တိုင္ ဆရာဝန္(၃)ဦးပါ စစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းခဲ့ၿပီး အမႈမွန္ေပၚေပါက္ေရးအတြက္ စစ္ေဆးျခင္းေတြ ျပဳလုပ္ေနၾကပါၿပီ။
မုဒိမ္းက်င့္တယ္လို႔ စြပ္စြဲခံရတဲ့ ေဆး႐ုံရဲ႕ တာဝန္ရွိသူေတြက သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာမွာ နားလည္မႈလြဲျခင္းျဖစ္ၿပီး သူမကို ခြဲစိတ္ခဲ့တာ ဆရာဝန္အမ်ိဳးသမီး(၄)ဦးပါလို႔ သတင္းစာရွင္းလင္းသြားခဲ့ပါတယ္။
မုဒိမ္းက်င့္ခံရတယ္လို႔ ထုတ္ျပန္ခဲ့တဲ့ေဆး႐ုံရဲ႕ DNA ေဆးစစ္ခ်က္အရ အမ်ိဳးသမီးအဂၤါမွာ ေတြ႕တဲ့ သုတ္ပိုးနဲ႔ လိတ္ေခါင္းခြဲစိတ္တဲ့ ပုံစံမွာ လူနာရဲ႕ သားအိမ္လမ္းေၾကာင္း ထိခိုက္စရာအေၾကာင္း မရွိေၾကာင္း အခိုင္အမာေတြ႕ရွိခ်က္နဲ႔ လူနာရဲ႕ အမ်ိဳးသမီးအဂၤါ ထိုးဆြခံထားရတဲ့ ေတြ႕ရွိခ်က္ေတြအရ ကိုးကာၿပီး နယ္ေျမရဲတပ္ဖြဲ႕က တာဝန္က် ေဆးဝန္ထမ္းေတြနဲ႔ လူနာေဆာင္ CCTV မွတ္တမ္းေတြကို ဆက္လက္စစ္ေဆးေနတယ္လို႔ သိရပါတယ္။
SAW
Unicode Version
ပါကစ္စတန်နိုင်ငံ Lahore မြို့က ဆေးရုံတစ်ရုံမှာ လိပ်ခေါင်းစွဲစိတ်မှုကို (၈)နာရီကြာအောင် ခွဲစိတ်ကုသခံရသူ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးဟာ ခွဲစိတ်ပြီးနောက် မေ့ဆေးပြယ်လို့ သတိပြန်ရလာတဲ့အချိန်မှာ သူမသားအိမ်မှာ နာကျင်ပြီး သွေးတွေဆင်းနေတာကို သတိပြုမိခဲ့ပြီး သိပ်မကြာခင်မှာ မခံမရပ်နိုင်လောက်အောင် နာကျင်လာလို့ လူနာအမျိုးသမီးရဲ့ ညီမက တခြားဆေးရုံ Sheikh Zayed ကို ပြောင်းရွှေ့ပြီး သားအိမ်ကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။
Sheikh Zayed ဆေးရုံရဲ့ ဆေးစစ်ချက် မှတ်တမ်းထွက်လာတဲ့အခါမှာ သူမဟာ မေ့ဆေးပေးခံထားရစဉ် မုဒိမ်းခံရတဲ့ လက္ခဏာတွေ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲ့အချိန်မှာ သူမဟာ ဒေါသတွေအရမ်းထွက်ခဲ့ပြီး ခွဲစိတ်မှုလုပ်ခဲ့တဲ့ ဆေးရုံကို တရားစွဲခဲ့ပါတယ်။အဆိုပါ သတင်းဆိုးကြောင့် ပါကစ္စတန်နိုင်ငံက ပြည်သူတွေ ထိပ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ ပန်ဂျပ်ပြည်နယ် ကျန်းမာရေးဝန်ကြီး Dr Yasmin Rashid ကိုယ်တိုင် ဆရာဝန်(၃)ဦးပါ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးခြင်းတွေ ပြုလုပ်နေကြပါပြီ။
မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံရတဲ့ ဆေးရုံရဲ့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ နားလည်မှုလွဲခြင်းဖြစ်ပြီး သူမကို ခွဲစိတ်ခဲ့တာ ဆရာဝန်အမျိုးသမီး(၄)ဦးပါလို့ သတင်းစာရှင်းလင်းသွားခဲ့ပါတယ်။
မုဒိမ်းကျင့်ခံရတယ်လို့ ထုတ်ပြန်ခဲ့တဲ့ဆေးရုံရဲ့ DNA ဆေးစစ်ချက်အရ အမျိုးသမီးအင်္ဂါမှာ တွေ့တဲ့ သုတ်ပိုးနဲ့ လိတ်ခေါင်းခွဲစိတ်တဲ့ ပုံစံမှာ လူနာရဲ့ သားအိမ်လမ်းကြောင်း ထိခိုက်စရာအကြောင်း မရှိကြောင်း အခိုင်အမာတွေ့ရှိချက်နဲ့ လူနာရဲ့ အမျိုးသမီးအင်္ဂါ ထိုးဆွခံထားရတဲ့ တွေ့ရှိချက်တွေအရ ကိုးကာပြီး နယ်မြေရဲတပ်ဖွဲ့က တာဝန်ကျ ဆေးဝန်ထမ်းတွေနဲ့ လူနာဆောင် CCTV မှတ်တမ်းတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
SAW
ေမ့ေဆးေပးၿပီး လိပ္ေခါင္းခြဲစိတ္ခံထားရတဲ့ လူနာအမ်ိဴးသမီး မုဒိမ္းက်င့္ခံရ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 12, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 12, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment