Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ေက်းရြာေပါင္း ၁၄ ရြာရွိ လူဦးေရ ၃၀၀ ေက်ာ္ လိမ္လည္ခံရ


ေတာင္ငူ ဇန္နဝါရီ ၁၈

ပဲခူးတိုင္းေဒသျကီး ေတာင္ငူျမိဳ႕နယ္ ဆင္ဆိပ္ေက်းရြာအပါအဝင္ ေက်းရြာေပါင္း ၁၄ ရြာအတြင္းရွိ ေဒသခံ ျပည္သူမ်ားအား ဆန္တစ္အိတ္ကို ေငြ ၄ ေထာင္ က်ပ္ အျမတ္အစြန္းေပးမည္ဟုဆိုကာ ဝယ္ယူခ့ဲျပီး ဝယ္ယူစဥ္ေငြေပးမေခ်ပဲ ၁ ပတ္ ၁၀ ရက္ ဆိုင္းင့ံျပီးမွသာ ေငြေပးေခ် ေလ့ရွိၿပီး….

လူအမ်ားစိတ္ဝင္စားလာကာ အလုးံအရင္း ဆန္အိတ္ႏွင့္ေငြသားမ်ား ထည့္ဝင္ ေရာင္းခ်လာသည့္အခါ ပုံမွန္ ေငြေပးေခ်မည့္ ရက္တြင္ လာေရာက္ မေပးေခ်ေတာ့ပဲ လိမ္လည္သြားခ့ဲေျကာင္း ေက်းရြာ သူ ေက်းရြာသားမ်ားထံမွ ဇန္နဝါရီလ ၁၈ သိရသည္။

ဆန္အိတ္တစ္အိတ္ အျမတ္ေငြ ၄ ေထာင္က်ပ္ ေပးတယ္ ေငြသားေပးလ်ွင္ ၂သိန္း ၂ေသာင္းထည့္လ်ွင္ ၁၀ ရက္ကို ၄ ေသာင္းအျမတ္ေငြ ရတယ္ ဒါေျကာင့္ ျခံေပါင္ / အိမ္ေပါင္ / ရွိတာေလးေရာင္းခ် / တစ္ခ်ိဳ႕ ေငြတိုးေတြႏွင့္ ေခ်းျပီး ထည့္ျကတာ ခုလိုထြက္ေျပးသြားေတာ့ ဒီအတိုင္းပဲ ေနရတယ္ ။

အလိမ္ခံရတာ လူဦးေရ ၃၀၀ ေက်ာ္ရွိတယ္ တစ္ခ်ိဳ႕ဆို တစ္ဦးထဲ သိန္း ၁၅၀ ေလာက္ပါသြားတယ္ ေငြသားစုစုေပါင္း ခန္႕မွန္းေခ် သိန္း ၇ ေထာင္ ေက်ာ္ဖိုး ေလာက္ရွိမယ္။

ခုလိုဖြင့္ေျပာရတာလည္း ျမန္မာနိုင္ငံအတြင္းရွိ ေဒသအသီးသီးက လူေတြ က်ြန္ေတာ္တို႕လို အလိမ္မခံရေစရန္အတြက္ အမ်ားသိေအာင္ ေျပာျကားျခင္းျဖစ္သည္ ဟု က်ပ္ေငြ ၁၅ သိန္း ဖိုးအလိမ္ခံရသည့္ ကိုေက်ာ္မိုး ကေျပာသည္။

ဆန္ဝယ္ေနတာ ၂၀၁၈ ခုႏွစ္ ၉ လပိုင္းေလာက္ထဲက ပထမ အစပိုင္းမွာ ရြာထဲက လူတစ္ခ်ိဳ႕ ဆန္းေရာင္းျကတယ္ တစ္ခ်ိဳ႕ေငြသြင္းျကတယ္ အရင္းႏွင့္အျမတ္ ေပးတယ္ ။



အ့ဲဒီလိုေပးေတာ့ လူေတြက စိတ္ဝင္စားလာတယ္ ဒီလိုနဲ႕ ဒီတစ္ပတ္ ၁၀ သိန္းဖိုးထည့္ရင္ ေနာက္တစ္ပတ္ သိန္း၂၀ ဖိုးထည့္ျကတယ္ ဒီဇင္ဘာ ေနာက္ဆုးံအပတ္ေလာက္မွာ အရင္အျမတ္ေပးတာ ေနာက္က်ေနတယ္ ။

ဒါေျကာင့္ စုံစမ္းျကည့္ေတာ့ မူရင္းဝယ္လက္က ထြက္ေျပးသြားလို႕ ဆန္အိတ္ဖိုးေငြေတြ မရေတာ့ဘူးဟု ဆန္အိတ္ေရာင္းခ်ထားေသာ ဆင္ဆိပ္ေက်းရြာမွ ဦးဝင္းနိုင္ကေျပာသည္။

အဆိုပါ ဆန္ဝယ္ယူမႈသည္ ေက်းရြာအလိုက္ နယ္ခံ တစ္ခ်ိဳ႕အား တစ္ဆင့္ ဝယ္ယူေစခ့ဲျပီး ဝယ္ယူေပးေသာ နယ္ခံမ်ားအား ဆန္တစ္အိတ္လ်ွင္ ေကာ္မရွင္ခအျဖစ္ ေငြက်ပ္ ၁ ေထာင္ ေပးခ့ဲေျကာင္း ႏွင့္ ဆန္ဝယ္ယူေပးေသာ နယ္ခံမ်ားကလည္း ….

မိမိတို႕ယခုလို အျမတ္ေငြ ၄ ေထာင္က်ပ္ ေပး၍ ဝယ္ယူေပးေနျခင္းသည္ အာမခံ မေပးနိုင္ေျကာင္း မိမိတို႕ သေဘာဆႏၵရွိမွသာလ်ွင္ ေရာင္းခ်နိုင္ေျကာင္းေျပာျကားျပီး ၄င္းတို႕ ကိုယ္တိုင္လည္း ဆန္ဖိုးေငြသားမ်ား အလိမ္ခံရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပက္သက္၍ ဆန္အိတ္မ်ားဝယ္ယူ ေစခ့ဲေသာ ဆင္ဆိပ္ ေက်းရြာေန ေဒၚရီျမင့္အား ေတာင္ငူျမိဳ႕ အမွတ္ (၂) နယ္ေျမ ရဲစခန္းတြင္ မခင္မို႕မို႕ပါ (၁၇) ဦးမွ တိုင္တန္းလာသျဖင့္ (ပ) ၁၅/၁၉ ရာဇသတ္ျကီး ပုဒ္မ ၄၂၀ ျဖင့္ စခန္းမွဴး ရဲအုပ္ ေအာင္ကိုကို မွ အမႈဖြင့္လစ္ စစ္ေဆးေဆာင္ရြက္လ်ွက္ရွိေျကာင္းသိရသည္။

ေနလင္​း​ေအာင္​ (​ေတာင္​ငူ)

==============

ကျေးရွာပေါင်း ၁၄ ရွာရှိ လူဦးရေ ၃၀၀ ကျော် လိမ်လည်ခံရ

တောင်ငူ ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၄ ရွာအတွင်းရှိ ဒေသခံ ပြည်သူများအား ဆန်တစ်အိတ်ကို ငွေ ၄ ထောင် ကျပ် အမြတ်အစွန်းပေးမည်ဟုဆိုကာ ဝယ်ယူခဲ့ပြီး ဝယ်ယူစဉ်ငွေပေးမချေပဲ ၁ ပတ် ၁၀ ရက် ဆိုင်းင့ံပြီးမှသာ ငွေပေးချေ လေ့ရှိပြီး….

လူအများစိတ်ဝင်စားလာကာ အလုးံအရင်း ဆန်အိတ်နှင့်ငွေသားများ ထည့်ဝင် ရောင်းချလာသည့်အခါ ပုံမှန် ငွေပေးချေမည့် ရက်တွင် လာရောက် မပေးချေတော့ပဲ လိမ်လည်သွားခဲ့ကြောင်း ကျေးရွာ သူ ကျေးရွာသားများထံမှ ဇန်နဝါရီလ ၁၈ သိရသည်။

ဆန်အိတ်တစ်အိတ် အမြတ်ငွေ ၄ ထောင်ကျပ် ပေးတယ် ငွေသားပေးလျှင် ၂သိန်း ၂သောင်းထည့်လျှင် ၁၀ ရက်ကို ၄ သောင်းအမြတ်ငွေ ရတယ် ဒါကြောင့် ခြံပေါင် / အိမ်ပေါင် / ရှိတာလေးရောင်းချ / တစ်ချို့ ငွေတိုးတွေနှင့် ချေးပြီး ထည့်ကြတာ ခုလိုထွက်ပြေးသွားတော့ ဒီအတိုင်းပဲ နေရတယ် ။

အလိမ်ခံရတာ လူဦးရေ ၃၀၀ ကျော်ရှိတယ် တစ်ချို့ဆို တစ်ဦးထဲ သိန်း ၁၅၀ လောက်ပါသွားတယ် ငွေသားစုစုပေါင်း ခန့်မှန်းချေ သိန်း ၇ ထောင် ကျော်ဖိုး လောက်ရှိမယ်။

ခုလိုဖွင့်ပြောရတာလည်း မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးက လူတွေ ကျွန်တော်တို့လို အလိမ်မခံရစေရန်အတွက် အများသိအောင် ပြောကြားခြင်းဖြစ်သည် ဟု ကျပ်ငွေ ၁၅ သိန်း ဖိုးအလိမ်ခံရသည့် ကိုကျော်မိုး ကပြောသည်။

ဆန်ဝယ်နေတာ ၂၀၁၈ ခုနှစ် ၉ လပိုင်းလောက်ထဲက ပထမ အစပိုင်းမှာ ရွာထဲက လူတစ်ချို့ ဆန်းရောင်းကြတယ် တစ်ချို့ငွေသွင်းကြတယ် အရင်းနှင့်အမြတ် ပေးတယ် ။

အဲ့ဒီလိုပေးတော့ လူတွေက စိတ်ဝင်စားလာတယ် ဒီလိုနဲ့ ဒီတစ်ပတ် ၁၀ သိန်းဖိုးထည့်ရင် နောက်တစ်ပတ် သိန်း၂၀ ဖိုးထည့်ကြတယ် ဒီဇင်ဘာ နောက်ဆုးံအပတ်လောက်မှာ အရင်အမြတ်ပေးတာ နောက်ကျနေတယ် ။

ဒါကြောင့် စုံစမ်းကြည့်တော့ မူရင်းဝယ်လက်က ထွက်ပြေးသွားလို့ ဆန်အိတ်ဖိုးငွေတွေ မရတော့ဘူးဟု ဆန်အိတ်ရောင်းချထားသော ဆင်ဆိပ်ကျေးရွာမှ ဦးဝင်းနိုင်ကပြောသည်။

အဆိုပါ ဆန်ဝယ်ယူမှုသည် ကျေးရွာအလိုက် နယ်ခံ တစ်ချို့အား တစ်ဆင့် ဝယ်ယူစေခဲ့ပြီး ဝယ်ယူပေးသော နယ်ခံများအား ဆန်တစ်အိတ်လျှင် ကော်မရှင်ခအဖြစ် ငွေကျပ် ၁ ထောင် ပေးခဲ့ကြောင်း နှင့် ဆန်ဝယ်ယူပေးသော နယ်ခံများကလည်း ….

မိမိတို့ယခုလို အမြတ်ငွေ ၄ ထောင်ကျပ် ပေး၍ ဝယ်ယူပေးနေခြင်းသည် အာမခံ မပေးနိုင်ကြောင်း မိမိတို့ သဘောဆန္ဒရှိမှသာလျှင် ရောင်းချနိုင်ကြောင်းပြောကြားပြီး ၄င်းတို့ ကိုယ်တိုင်လည်း ဆန်ဖိုးငွေသားများ အလိမ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဆန်အိတ်များဝယ်ယူ စေခဲ့သော ဆင်ဆိပ် ကျေးရွာနေ ဒေါ်ရီမြင့်အား တောင်ငူမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းတွင် မခင်မို့မို့ပါ (၁၇) ဦးမှ တိုင်တန်းလာသဖြင့် (ပ) ၁၅/၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် စခန်းမှူး ရဲအုပ် အောင်ကိုကို မှ အမှုဖွင့်လစ် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

နေလင်​း​အောင်​ (​တောင်​ငူ)

No comments:

Post a Comment