Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 20, 2019
မျက်စေ့ ရေတိမ်ကို ကွမ်းရွက် ကုထုံးဖြင့် ကုသကြမယ်
ဤကုထုံးကိုရွှေဘုံလမ်းနေ သမားတော်ကြီး ဦးဥာဏ်လွင်မှ ပြန်လည်အသက်သွင်းပေးခြင်းဖြစ်ပါသည်။
၃၀ ၇ ၂၀၀၂ ပေါ်ပြူလာဂျာနယ်တွင် ဦးစိုးသင်းကရေတိမ်ကိုကွမ်းရွက်ကုထုံးဖြင့်ပျောက်ကင်းခဲ့ကြောင်းရေးသားခဲ့သည်။
ရေတိမ်ဖြစ်လျှ င် မျက်အောင့်ခြင်း။တခုခုစူးစိုက်ကြည့်ခြင်း။စာဖတ်ခြင်းပြုလုပ်လျှ င် တခဏတွင်းမူးဝေလာသည်။
ယခုခေတ်တွင် အချိန်တိုအတွင်းအခမဲ့ခွဲစိတ်ပေးနေပီဖြစ်သော်လည်းတယူသန်စိတ်ဖြင့်မခွဲလိုသူများနှင့်တိမ်မြုတ်ပျောက်ကွယ်သွားခြင်းမရှိစေရန်ရည်ရွယ်ပါသည်။
ယခင်က မျက်စေ့ပူ။ကိုက် လျှင်ကွမ်းရွက်ကပ်ပေးရန် တင်ပြခဲ့ပါသည်ယခုအစွမ်းထက်ပုံ ထပ်မံတင်ပြခြင်းပါ
ဤကုထုံးကိုရွှေဘုံလမ်းနေ သမားတော်ကြီး ဦးဉာဏ်လွင်မှ ပြန်လည်အသက်သွင်းပေးခြင်းဖြစ်ပါသည်။
၃၀ ရ ၂၀၀၂ ပေါ်ပြူလာဂျာနယ်တွင် ဦးစိုးသင်းကရေတိမ်ကိုကွမ်းရွက်ကုထုံးဖြင့်ပျောက်ကင်းခဲ့ကြောင်းရေးသားခဲ့သည်။
၂၀၀၀ ခုနှစ်ခန့် ကနက္ခတ္တရောင်ခြည်မှာ လူတဦးဟာ ဆရာဝန်က ရင့်နေပြီဖြစ်၍ ခွဲစိတ်မှ ရတော့မည်ဖြစ်ကြောင်းပြောခဲ့ရာ။
မခွဲလို၍ကွမ်းရွက်ကုထုံးဖြင့်ကုသရာ(၈)လအကြာလုံးဝပျောက်ကင်းသွားကြောင်းဖေါ်ပြခဲ့ပါသည်။
တောင်ကြီးမှ သွားဆရာဝန်ဒေါက်တာအောင်ကျော်က ကျောင်းသားတဦးမှာမျက်မှန်ထူလွန်းရာအင်တာဗျူး မအောင်မှာစိုး၍ ထိုနည်းဖြင့်ကုသပေးရာအောင်မြင်ကြောင်းပြောကြားခဲ့ပါသည်။
တပ်ကြပ်မောင်ထူး ( ဗိုလ်မှူးဟောင်း)က မဂ္ဂဇင်းတခုမှာ ဤနည်းသည်မဖြစ်နိုင်ကြောင်းဝေဘန်ရေးသားခဲ့သူဖြစ်ပြီး သူကိုယ်တိုင်ရောဂါဖြစ်လာသောအခါ ကွမ်းရွက်ကုထုံးဖြင့်ကုသရာပျောက်ကင်းခဲ့ပါသည်။
ကွမ်းရွက်ယူပါ။မတ်စေ့ခန့် ညီညီညာညာ အဝိုင်းလေးလုပ်။ နှစ်ခေါင်းနှင့်မျက်စေ့ကြားဒေါင့်မှာကပ်ထားပါရုပ်မပျက်ပါ။
စာကြည့်လို့ပင်ရသည်။ရောဂါရင့်လျှင် နေ့/ည ကပ်ပါ။ အနည်းဆုံး ည ဘက် မပျက်မကွက်ကပ်ပါ။
စိတ်တော့ရှည်ရပါမည် ။တဖြည်းဖြည်းသက်သာလာပါမည်။(ဆရာကြီးသာဂဒိုး စာအုပ်မှ ကိုးကား)
(မျက်စေ့ အတွင်းဒေါင့်တွင်မျက်ရည်ထွက်ပေါက်ရှိ၍ ၄င်းအပေါက်လုံလျှင် ရပါပြီ )
All credit goes to the original writer and thank you.
No comments:
Post a Comment