ဝင်ငွေအကောင်းဆုံးမှာ သူတောင်းစားများ ဖြစ်ပြီး
ဝင်ငွေအနည်းဆုံးမှာ ဘွဲ့ရများ ဖြစ်သည်။
အလုပ်အများဆုံးမှာ ဆရာမများ ဖြစ်၍
အပင်ပန်းဆုံးမှာ ဆရာဝန်များ ဖြစ်သည်။
အပွားဆုံးမှာ ကုလားနှင့် ကြွက် ဖြစ်ပြီး
အရှားဆုံးမှာ ဗမာ မမုန်းသည့် တိုင်းရင်းသား ဖြစ်သည်။
စီးပွားအတက်ဆုံးမှာ အစိုးရအဖွဲ့ဝင်များဖြစ်၍
စီးပွားရေးအခက်ဆုံးမှာ လုပ်ငန်းရှင်များ ဖြစ်သည်။
ဘယ်လောက်လုပ်လုပ် အဆဲခံရသည်မှာ စစ်သားများဖြစ်ပြီး ဘယ်လောက်ညံ့ညံ့ အချီးကျူးခံရသည်မှာလည်း အစိုးရအဖွဲ့ဝင်များပင် ဖြစ်သည်။
ယုံကြည်အားထားမှု အခံရဆုံးမှာ သူပုန်များဖြစ်ပြီး
ပြည်သူများ ယုံကြည်မှုအနည်းဆုံးမှာ ရဲတပ်ဖွဲ့ဖြစ်သည်။
သည်းသည်းအလှုပ်ဆုံးမှာ စာရေးဆရာများဖြစ်၍
အထိမခံဆုံးမှာ ဝန်ကြီးချုပ် ဖြစ်သည်။
မြန်မာပြည်တွင် လူမုန်းအများဆုံး တိုင်းရင်းသားမှာ ဗမာဖြစ်ပြီး မြန်မာပြည်၏ လူချစ်လူခင်အများဆုံး လူမျိုးမှာ အမေရိကန် ဖြစ်၏ ။
ခွေးကိုက်လျင် မည်သူမျှ အသံမထွက်ကြသော်လည်း
ကိုက်သည့်ခွေးကို ရိုက်လျင်မူ ဝိုင်းအော်တတ်ကြသည့် နိုင်ငံ ဖြစ်သည်။
ငါးပိစား၍ လေထွားသလောက်
ကျောက်မျက်ထွက်ပြီး ဆင်းရဲသောနိုင်ငံလည်း ဖြစ်သည်။
Sim card များကို လူတိုင်းလိုသလောက် ရနိုင်ပြီး
ခိုးဝင်များကိုလည်း ထောက်ပံ့ နေရာပေးထားနိုင်သည်။
ရဲစခန်းသွားတိုင်လျင် ရဲအရေးမပိုင်၍ အမှုဖွင့်မရတတ်သော်လည်း အမှုလိုလျင် လိုသလောက် ရအောင် ထွက်ဖမ်းနိုင်ကြသည်။
အမှုသေးလျင် တရားခံ ချက်ချင်းမိတတ်သလောက်
အမှုကြီးလျင် အလိုလို ပိုင်ရှင်မဲ့ ဖြစ်သွားသည်။
မော်တော်ပီကယ်များသည် ဝမ်းရေးအတွက် ဖမ်းကြရပြီး စည်းကမ်းမလိုက်နာသူများသည် မည်သည့်အခါမှ ချလံအဖြတ်ခံရလေ့ မရှိပေ။
မီးလောင်မှုတိုင်းသည် ဝါယာရှော့ကြောင့် ဖြစ်ပြီး
မအောင်မြင်မှုတိုင်းသည် အရင်အစိုးရကြောင့် ဖြစ်သည်။
လာဘ်မစားသော တရားသူကြီးသည် ထူးဆန်းသတ္တဝါဖြစ်၍ လက်ဆောင်မယူသည့် အရာရှိသည် ပျောက်ဆုံးလုနီးပါး ရှားပါးမျိုးစိတ်ဖြစ်သည်။
ပညာမတတ်သော်လည်း အမတ်ဝန်ကြီးဖြစ်နိုင်ပြီး
ကျောင်းသားများမှာ သူတို့ အစမ်းသပ်ခံများ ဖြစ်သည်။
နိုင်ငံတော်ဘာသာမှာ ဘာသာပေါင်းစုံ ဖြစ်လာပြီး
ကိုးကွယ်သော ဝါဒမှာ သူရဲကောင်းဝါဒ ဖြစ်သည်။
နိုင်ငံ၏ ဆောင်ပုဒ်မှာ ဒီမိုကရေစီ ဖြစ်၍
ကျင့်သုံးသောစနစ်မှာ တစ်ပါတီအာဏာရှင်စနစ် ဖြစ်သည်။
အပေါများဆုံးမှာ နိုင်ငံရေးသမား၊ ကဗျာဆရာနှင့်
သူတောင်းစား ဖြစ်ပြီး အားလုံးကို ခြုံကြည့်လျင်
တစ်နိုင်ငံလုံးတွင် အုပ်စုနှစ်ခုကို တွေ့နိုင်သည်။
မျိုးချစ်အဆဲသမားများနှင့် ဒီမိုဖာသည်များ ဖြစ်သည်။
သင်္ခရာဇာ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 8, 2019
မြန်မာပြည်တွင်...
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment