Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 8, 2019

ေမာ္လၿမိဳင္တြင္ အမ်ိဳးသားခ်င္း အလိုမတူ လိင္တူ အဓမၼျပဳက်င့္ဟု ဆိုကာ အမွုဖြင့္



တိုင္ၾကားသူႏွင့္ အတိုင္ခံရသူကို ေဆးစစ္ရန္ ေမာ္လၿမိဳင္ေဆး႐ုံႀကီးသို႔ သက္ဆိုင္ရာက ေခၚေဆာင္လာသည့္ ျမင္ကြင္း။ (ဓာတ္ပုံ - ေခတ္မင္း)

ေမာ္လၿမိဳင္ ဇန္နဝါရီ
ေမာ္လၿမိဳင္ၿမိဳ႕ ကြင္းရပ္ ေက်ာက္မီးေသြး႐ုံလမ္းရွိ အမ်ိဳးသား ဆံသဆိုင္တစ္ခုတြင္ ဆိုင္ရွင္က ဆိုင္လုပ္သားကို လိင္တူခ်င္း အလိုမတူဘဲ အဓမၼျပဳက်င့္သည္ဟု ဆိုကာ ဆိုင္လုပ္သားက မုပြန္နယ္ေျမရဲစခန္းသို႔ ဇန္နဝါရီ ၇ ရက္တြင္ အမွုဖြင့္တိုင္ၾကားခဲ့ေၾကာင္း သိရသည္။

“အြန္လိုင္းေပၚကေန သိၿပီးေတာ့ အလုပ္လုပ္ဖို႔ေရာက္လာတယ္။ ဆိုင္ပိုင္ရွင္ ပိုင္ပိုင္က အလိုမတူ ဓမၼတာမဟုတ္ဘဲ တစ္ႀကိမ္၊ အဓမၼျပဳက်င့္ခဲ့ၿပီး ၆ ရက္အၾကာမွာ ေနာက္ထပ္ တစ္ႀကိမ္ ထပ္မံ အဓမၼျပဳက်င့္ခံခဲ့ရတယ္” ဟု တိုင္ၾကားသူ အမ်ိဳးသားက ေျပာသည္။

ျဖစ္စဥ္မွာ ကိုသက္ေအာင္ ( အမည္လႊဲ၊ ၃၀ ႏွစ္၊ ဧရာဝတီတိုင္းေဒသႀကီး ဇလြန္ၿမိဳ႕နယ္ေန ) ဆိုသူမွာ ၎ဆိုင္ရွင္ ေအာင္ၿဖိဳးပိုင္ (ခ) ပိုင္ပိုင္ (ခ) ဥကၠာၿငိမ္းခ်မ္း (၃၂ ႏွစ္)ဆိုသူႏွင့္ အြန္လိုင္းမွတဆင့္ အဆက္အသြယ္ရရွိခဲ့သျဖင့္ အလုပ္လုပ္ကိုင္ရန္ ၂၀၁၈ ဒီဇင္ဘာလအတြင္းက ေရာက္ရွိလာခဲ့ေၾကာင္း၊ လာေရာက္ အလုပ္လုပ္ကိုင္ခဲ့ေၾကာင္း၊ ယင္းေနာက္ အဆိုပါျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

“ေအာက္ထပ္မွာ ဆံပင္ညႇပ္ခုံ ၃ ခုံနဲ႔ ေခါင္းေလၽွာ္စင္ ၃ ခု၊ အလယ္ထပ္မွာက အမ်ိဳးသား မာဆပ္ အႏွိပ္ခန္းနဲ႔ အေပၚထပ္မွ ဆီလူးအေၾကာေျဖတဲ့ မာဆပ္ရွိတယ္”ဟု တိုင္ၾကားသူက ေျပာသည္။

ျဖစ္စဥ္ကို ဇန္နဝါရီ ၇ ရက္ေန႔တြင္ မုပြန္နယ္ေျမရဲတပ္ဖြဲ႕စခန္းသို႔ လာေရာက္အမွုဖြင့္ တိုင္ၾကားခဲ့သျဖင့္ ျပစ္မွုက်ဴးလြန္ခဲ့သည္ဟု ဆိုသူ ဆိုင္ရွင္ကို ဖမ္းဆီးခဲ့ေၾကာင္း၊ ၎ကို တိုင္ၾကားသူႏွင့္အတူ ေမာ္လၿမိဳင္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ေဆးစစ္ခဲ့ေၾကာင္း နယ္ေျမရဲစခန္းမွူး ဒုရဲမွူး သန႔္ဇင္က မီဒီယာမ်ားကို ေျပာသည္။

ထိုသို႔ တိုင္ၾကားလာမွုႏွင့္ပတ္သက္၍ ဆိုင္ပိုင္ရွင္ ေအာင္ၿဖိဳးပိုင္ကို မုပြန္နယ္ေျမရဲတပ္ဖြဲ႕စခန္းမွ (ပ) ၁၇/ ၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၇/ ၃၂၃ အရ ဖမ္းဆီး၍ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ဒုရဲမွူး သန႔္ဇင္ထံမွ သိရသည္။

ေခတ္မင္း

တိုင်ကြားသူနှင့် အတိုင်ခံရသူကို ဆေးစစ်ရန် မော်လမြိုင်ဆေးရုံကြီးသို့ သက်ဆိုင်ရာက ခေါ်ဆောင်လာသည့် မြင်ကွင်း။ (ဓာတ်ပုံ - ခေတ်မင်း)

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင်မြို့ ကွင်းရပ် ကျောက်မီးသွေးရုံလမ်းရှိ အမျိုးသား ဆံသဆိုင်တစ်ခုတွင် ဆိုင်ရှင်က ဆိုင်လုပ်သားကို လိင်တူချင်း အလိုမတူဘဲ အဓမ္မပြုကျင့်သည်ဟု ဆိုကာ ဆိုင်လုပ်သားက မုပွန်နယ်မြေရဲစခန်းသို့ ဇန်နဝါရီ ၇ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

“အွန်လိုင်းပေါ်ကနေ သိပြီးတော့ အလုပ်လုပ်ဖို့ရောက်လာတယ်။ ဆိုင်ပိုင်ရှင် ပိုင်ပိုင်က အလိုမတူ ဓမ္မတာမဟုတ်ဘဲ တစ်ကြိမ်၊ အဓမ္မပြုကျင့်ခဲ့ပြီး ၆ ရက်အကြာမှာ နောက်ထပ် တစ်ကြိမ် ထပ်မံ အဓမ္မပြုကျင့်ခံခဲ့ရတယ်” ဟု တိုင်ကြားသူ အမျိုးသားက ပြောသည်။

ဖြစ်စဉ်မှာ ကိုသက်အောင် ( အမည်လွှဲ၊ ၃၀ နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်နေ ) ဆိုသူမှာ ၎င်းဆိုင်ရှင် အောင်ဖြိုးပိုင် (ခ) ပိုင်ပိုင် (ခ) ဥက္ကာငြိမ်းချမ်း (၃၂ နှစ်)ဆိုသူနှင့် အွန်လိုင်းမှတဆင့် အဆက်အသွယ်ရရှိခဲ့သဖြင့် အလုပ်လုပ်ကိုင်ရန် ၂၀၁၈ ဒီဇင်ဘာလအတွင်းက ရောက်ရှိလာခဲ့ကြောင်း၊ လာရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“အောက်ထပ်မှာ ဆံပင်ညှပ်ခုံ ၃ ခုံနဲ့ ခေါင်းလျှော်စင် ၃ ခု၊ အလယ်ထပ်မှာက အမျိုးသား မာဆပ် အနှိပ်ခန်းနဲ့ အပေါ်ထပ်မှ ဆီလူးအကြောဖြေတဲ့ မာဆပ်ရှိတယ်”ဟု တိုင်ကြားသူက ပြောသည်။

ဖြစ်စဉ်ကို ဇန်နဝါရီ ၇ ရက်နေ့တွင် မုပွန်နယ်မြေရဲတပ်ဖွဲ့စခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဆိုသူ ဆိုင်ရှင်ကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကို တိုင်ကြားသူနှင့်အတူ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးစစ်ခဲ့ကြောင်း နယ်မြေရဲစခန်းမှူး ဒုရဲမှူး သန့်ဇင်က မီဒီယာများကို ပြောသည်။

ထိုသို့ တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင် အောင်ဖြိုးပိုင်ကို မုပွန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ (ပ) ၁၇/ ၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇/ ၃၂၃ အရ ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုရဲမှူး သန့်ဇင်ထံမှ သိရသည်။

ခေတ်မင်း

No comments:

Post a Comment