Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 8, 2019

ဆြမ္းအလွဴ

“ဆြမ္းအလွဴ-ေပးလည္းေပး၊ ယူလည္းယူ”
သုခႆ ဒါတာ ေမဓာဝီ၊ သုခံ ေသာ အဓိဂစၧတိ။
ခ်မ္းသာကို လွဴတဲ့ ပညာရွိဟာ ခ်မ္းသာကို ရတယ္။(အံ၊ဒု၊၃၅)

အဲဒီလို ဘုရားရွင္ ေဟာေတာ္မူခဲ့ပါတယ္။
ကိုယ္လွဴတာကို ကိုယ္ျပန္ရတယ္လုိ႔ အဓိပၸာယ္ရပါတယ္။
စားဖြယ္ကို လွဴသူဟာ အလွဴခံ ပုဂၢိဳလ္ေတြအား
ေအာက္ပါအရာ ၅ မ်ဳိးကို တစ္ပါတည္း လွဴလိုက္တယ္
လုိ႔ ဘုရားရွင္က ေဟာေတာ္မူခဲ့ပါတယ္။
အဲဒီအရာ ၅ မ်ဳိးက -
၁။ အသက္ရွည္မႈ၊
၂။ ခႏၶာကိုယ္အဆင္း လွပတင့္တယ္မႈ၊
၃။ ကိုယ္ခ်မ္းသာမႈ၊ စိတ္ခ်မ္းသာမႈ၊
၄။ ခႏၶာကိုယ္အင္အား၊
၅။ အသိဉာဏ္ပညာ။
အဲဒီအရာ ၅ မ်ဳိးကို လွဴလိုက္သူဟာ ေအာက္ပါအက်ဳိး
၅ မ်ဳိးကို ျပန္ရပါတယ္။
လူ႔ဘဝ၊ နတ္ဘဝမွာ
၁။ အသက္ရွည္မႈ၊
၂။ ခႏၶာကိုယ္အဆင္း လွပတင့္တယ္မႈ၊
၃။ ကိုယ္ခ်မ္းသာမႈ၊ စိတ္ခ်မ္းသာမႈ
၄။ ခႏၶာကိုယ္အင္အား
၅။ အသိဉာဏ္ပညာ။
(အံ၊ဒု၊၃၅)

ဆြမ္း(ထမင္း) ဟင္း၊မုန္႔၊ သစ္ရြက္ စတဲ့ စားဖြယ္ေတြကို
သူတစ္ပါးအား မေပးလွဴဖူးသူဟာ ရွားပါးပါလိမ့္မယ္။
ဗုဒၶသာသနာဝင္ေတြဆိုရင္ အလွဴခံပုဂၢိဳလ္ေတြျဖစ္တဲ့
ရွင္၊ ရဟန္း၊ သီလရွင္ေတြေရာ၊ မိတ္ေဆြေတြေရာ၊
မရွိဆင္းရဲသူေတြကိုပါ အနည္းနဲ႔အမ်ား အဲဒီစားဖြယ္ေတြကို
လွဴဖူးၾကပါတယ္။ ဆြမ္းေလးတစ္ဇြန္း လွဴတာလည္း
စားဖြယ္ကို လွဴတာပါပဲ။ ဟင္းေလးတစ္ခြက္၊
အသားဟင္းေလးတစ္တံုး၊ သစ္သီးေလး တစ္လံုး၊
မုန္႔ေလးတစ္ခု၊ ဗယာေၾကာ္ေလး တစ္ကြင္းလွဴတာလည္း
စားဖြယ္ကို လွဴတာပါပဲ။ နည္းနည္း မ်ားမ်ား
စားဖြယ္ေတြကို လွဴတိုင္း အထက္ပါအရာ ၅ မ်ဳိးကို
တစ္ပါတည္း လွဴလိုက္ပါတယ္။ ယူလည္း ယူလိုက္တယ္
လုိ႔ ဆိုရပါမယ္။

ေက်းဇူးရွင္ ပ႑ိတာရာမ ေရႊေတာင္ကုန္း သာသနာ့
ရိပ္သာ ဆရာေတာ္ႀကီးရဲ႕ ေအာက္ပါလကၤာေလးကို
သတိရလာမိပါတယ္။
သက္ရွည္ ဆင္းလွ၊ ခ်မ္းသာရ ဗလဉာဏ္ပညာ၊
စားဖြယ္ လွဴသူ၊ က်ဳိးငါးဆူ ေပး-ယူႏုိင္ေလပါ-တဲ့။

“အရွင္ပိလိႏၵဝစၧမေထရ္ ရခဲ့တဲ့ ဆြမ္းအက်ဳိးမ်ား”

အရွင္ပိလိႏၵဝစၧမေထရ္က “ပဒုမုတၱရာဘုရားရွင္ကိုေရာ၊
တပည့္ သံဃာအေပါင္းအားပါ ဆြမ္းနဲ႔ ေဖ်ာ္ရည္ကို
လွဴခဲ့ပါတယ္။ သူရဲ႕ အဲဒီ အလွဴကုသိုလ္ကံနဲ႔
ေလ်ာက္ပတ္တဲ့ အက်ဳိး (၁၀) မ်ဳိးကို ခံစားရတယ္”
လုိ႔ အမိန္႔ရွိပါတယ္။ သူရရွိတဲ့အက်ဳိး (၁၀) မ်ဳိးကို
ဒီလို ေျပာျပခဲ့ပါတယ္။
(၁)။ အသက္ရွည္သူ၊
(၂)။ ခြန္အားႀကီးသူ၊
(၃)။ တည္ၾကည္သူ၊
(၄)။ အဆင္းလွသူ၊
(၅)။ အေႁခြအရံမ်ားသူ၊
(၆)။ ကိုယ္စိတ္ခ်မ္းသာသူ၊
(၇)။ ထမင္းကို ရရွိသူ၊
(၈)။ ေဖ်ာ္ရည္ကို ရရွိသူ၊
(၉)။ ရဲရင့္သူ၊
(၁၀)။ အခါခပ္သိမ္းပညာရွိသူ။

အဲဒီအက်ဳိးေတြကို သံသရာမွာ က်င္လည္ရတဲ့အခါ
ငါဟာ ရရွိခဲ့ပါတယ္။
(ေထရာပဒါန၊၃၆၉)

ကိုယ္လုပ္တဲ့အလုပ္ရဲ့ အက်ဳိးေတြကို စံုစံုလင္လင္
ျပည့္ျပည့္ဝဝ သိရရင္ အဲဒီအလုပ္ကိုလုပ္ရတာ
ႏွစ္ၿခိဳက္မႈ၊ စိတ္ပါဝင္စားမႈ၊ထက္သန္မႈ ျဖစ္ရပါတယ္။
လုပ္လိုတဲ့ဆႏၵလည္း ျပင္းျပလာရပါတယ္။
ဆြမ္း အလွဴ ၊ ထမင္းအလွဴ၊ ေဖ်ာ္ရည္အလွဴ ေတြကို
ကိုယ္ကိုယ္သူသူ လွဴဖူးေနၾကတာပါပဲ။
အနည္းအမ်ားသာ ကြာခ်င္ ကြာျခားပါမယ္။
အလွဴဒါန ရက္ေရာၾကတဲ့ လူေတြဟာဆြမ္းအလွဴ
ထမင္းအလွဴ၊ ေဖာ္ရည္အလွဴေတြကို ေနရာေပါင္းမ်ားစြာမွာ
အလွဴခံပုဂၢိဳလ္ေပါင္းမ်ားစြာအား အႀကိမ္ေပါင္းမ်ားစြာ
လွဴဖူးၾကပါတယ္။ အလွဴေရစက္ လက္နဲ႔မကြာရွိၾကတဲ့
ဗုဒၶသာသနာဝင္ေတြအဖုိ႔ေတာ့ ဒီအလွဴေတြဟာ
အထူးေျပာစရာမလိုေတာ့ပါ။

ကိုယ့္မွာ ရရွိတဲ့ ဒီအက်ဳိး ၁၀ မ်ဳိးကို သိရွိတဲ့
ဆြမ္းအလွဴရွင္၊ ထမင္းအလွဴရွင္၊ ေဖ်ာ္ရည္အလွဴရွင္
ကေတာ့ အနည္းငယ္ပဲ ရွိမယ္ထင္ပါတယ္။
ဘုရားရွင္ေဟာေတာ္မူခဲ့တဲ့ စားဖြယ္လွဴရက်ဳိး
၅ မ်ဳိးကိုပဲ ရဟန္း၊ ရွင္၊ လူေတြ အသိမ်ားၾကပါတယ္။

အရွင္ပိလိႏၵဝစၧမေထရ္ မိန္႔ၾကားခဲ့တဲ့ ဒီအက်ဳိး
(၁၀) မ်ဳိးကိုေတာ့ သိသူနည္းၾကပါတယ္။ ဆြမ္းလွဴရင္၊
ထမင္းလွဴရင္၊ ေဖ်ာ္ရည္လွဴရင္ ေကာင္းက်ဳိးေတြကို
ရႏုိင္တယ္လုိ႔ ဗုဒၶသာသနာဝင္တိုင္း ယံုၾကည္ၾကပါတယ္။
ဒါေပမဲ့ ကိုယ္ရႏုိင္တယ္လုိ႔ ယံုၾကည္ထားတဲ့အက်ဳိးေတြကို
တိတိက်က် စံုစံုလင္လင္ မသိၾကပါ။
သိေအာင္ ႀကိဳးစားလုိ႔ သိၿပီး လွဴရရင္ ဝမ္းလည္း
ပိုသာရသလို၊ အက်ဳိးလည္း ပုိႀကီးမားလာပါမယ္။


“ဘုရား သိသလိုသာ သိခဲ့ရင္”

ဒါနရဲ႕အက်ဳိး ကိုယ္ေတြ႕သိရင္ သိသေလာက္
လွဴရဲၾကပါတယ္။ လွဴၾကပါတယ္။ နည္းနည္းသိရင္
နည္းနည္းလွဴရဲပါတယ္။ လွဴပါတယ္။

မ်ားမ်ားသိရင္ မ်ားမ်ားလွဴရဲပါတယ္။ လွဴပါတယ္။
ဒါနရဲ႕အက်ဳိးကို အသိဆံုးပုဂၢိဳလ္ကေတာ့
ဘုရားရွင္ပါပဲ။ဘုရားရွင္က ဒီလို မိန္႔ေတာ္မူခဲ့ပါတယ္။

“ရဟန္းတုိ႔ လွဴဒါန္းေဝဖန္ေပးကမ္းမႈရဲ႕ အက်ဳိးကို
ငါဘုရားသိသလိုသာ သတၱဝါေတြ သိၾကမယ္ဆိုရင္
သတၱဝါေတြဟာ ကိုယ္စားရမယ့္ အစားအစာထဲက
သူတစ္ပါးေတြအား မေပးဘဲမစားကုန္ရာ။
(ေပးၿပီးမွသာ စားကုန္ရာ၏။) အဲဒီသတၱဝါေတြရဲ႕စိတ္ကို
ႏွေျမာမႈ အညစ္အေၾကးက အႏုိင္ယူၿပီး မတည္ရွိရာ။
ကိုယ့္အတြက္ ေလာက္ငရံုထမင္းထဲက
တစ္လုတ္စာကိုသာ ကိုယ့္အတြက္ ခ်န္ထားၿပီး
က်န္ထမင္းလုတ္ အားလံုးကို လာလာသမွ်
အလိုရွိသူေတြအား ေပးလွဴတယ္။
အလွဴခံေတြရွိခဲ့ရင္ ကိုယ့္အတြက္ ေနာက္ဆံုးျဖစ္တဲ့
အဲဒီထမင္းလုတ္တစ္လုတ္ထဲကေတာင္
တစ္စိတ္တစ္ေဒသကို လွဴၿပီးမွသာ စားကုန္ရာ၏။
မေပးလွဴဘဲ မစားကုန္ရာ။”

“ရဟန္းတုိ႔ လွဴဒါန္းေဝဖန္ေပးကမ္းမႈရဲ႕ အက်ဳိးကို
ငါဘုရားသိသလို သတၱဝါေတြမသိၾကတဲ့အတြက္
သတၱဝါေတြဟာ မေပးလွဴဘဲ၊ စားေနၾကတယ္။
အဲဒီသတၱဝါေတြရဲ့ စိတ္ကို ႏွေျမာမႈအညစ္အေၾကးက
အႏုိင္ယူၿပီး တည္ရွိေနတယ္”
 bomgsaw
#Unicode Version#

“ဆွမ်းအလှူ-ပေးလည်းပေး၊ ယူလည်းယူ”
သုခဿ ဒါတာ မေဓာဝီ၊ သုခံ သော အဓိဂစ္ဆတိ။
ချမ်းသာကို လှူတဲ့ ပညာရှိဟာ ချမ်းသာကို ရတယ်။
(အံ၊ဒု၊၃၅)

အဲဒီလို ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
ကိုယ်လှူတာကို ကိုယ်ပြန်ရတယ်လို့ အဓိပ္ပာယ်ရပါတယ်။
စားဖွယ်ကို လှူသူဟာ အလှူခံ ပုဂ္ဂိုလ်တွေအား
အောက်ပါအရာ ၅ မျိုးကို တစ်ပါတည်း လှူလိုက်တယ်
လို့ ဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။
အဲဒီအရာ ၅ မျိုးက -
၁။ အသက်ရှည်မှု၊
၂။ ခန္ဓာကိုယ်အဆင်း လှပတင့်တယ်မှု၊
၃။ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု၊
၄။ ခန္ဓာကိုယ်အင်အား၊
၅။ အသိဉာဏ်ပညာ။
အဲဒီအရာ ၅ မျိုးကို လှူလိုက်သူဟာ အောက်ပါအကျိုး
၅ မျိုးကို ပြန်ရပါတယ်။
လူ့ဘဝ၊ နတ်ဘဝမှာ
၁။ အသက်ရှည်မှု၊
၂။ ခန္ဓာကိုယ်အဆင်း လှပတင့်တယ်မှု၊
၃။ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု
၄။ ခန္ဓာကိုယ်အင်အား
၅။ အသိဉာဏ်ပညာ။
(အံ၊ဒု၊၃၅)

ဆွမ်း(ထမင်း) ဟင်း၊မုန့်၊ သစ်ရွက် စတဲ့ စားဖွယ်တွေကို
သူတစ်ပါးအား မပေးလှူဖူးသူဟာ ရှားပါးပါလိမ့်မယ်။
ဗုဒ္ဓသာသနာဝင်တွေဆိုရင် အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့
ရှင်၊ ရဟန်း၊ သီလရှင်တွေရော၊ မိတ်ဆွေတွေရော၊
မရှိဆင်းရဲသူတွေကိုပါ အနည်းနဲ့အများ အဲဒီစားဖွယ်တွေကို
လှူဖူးကြပါတယ်။ ဆွမ်းလေးတစ်ဇွန်း လှူတာလည်း
စားဖွယ်ကို လှူတာပါပဲ။ ဟင်းလေးတစ်ခွက်၊
အသားဟင်းလေးတစ်တုံး၊ သစ်သီးလေး တစ်လုံး၊
မုန့်လေးတစ်ခု၊ ဗယာကြော်လေး တစ်ကွင်းလှူတာလည်း
စားဖွယ်ကို လှူတာပါပဲ။ နည်းနည်း များများ
စားဖွယ်တွေကို လှူတိုင်း အထက်ပါအရာ ၅ မျိုးကို
တစ်ပါတည်း လှူလိုက်ပါတယ်။ ယူလည်း ယူလိုက်တယ်
လို့ ဆိုရပါမယ်။

ကျေးဇူးရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့
ရိပ်သာ ဆရာတော်ကြီးရဲ့ အောက်ပါလင်္ကာလေးကို
သတိရလာမိပါတယ်။
သက်ရှည် ဆင်းလှ၊ ချမ်းသာရ ဗလဉာဏ်ပညာ၊
စားဖွယ် လှူသူ၊ ကျိုးငါးဆူ ပေး-ယူနိုင်လေပါ-တဲ့။

“အရှင်ပိလိန္ဒဝစ္ဆမထေရ် ရခဲ့တဲ့ ဆွမ်းအကျိုးများ”

အရှင်ပိလိန္ဒဝစ္ဆမထေရ်က “ပဒုမုတ္တရာဘုရားရှင်ကိုရော၊
တပည့် သံဃာအပေါင်းအားပါ ဆွမ်းနဲ့ ဖျော်ရည်ကို
လှူခဲ့ပါတယ်။ သူရဲ့ အဲဒီ အလှူကုသိုလ်ကံနဲ့
လျောက်ပတ်တဲ့ အကျိုး (၁၀) မျိုးကို ခံစားရတယ်”
လို့ အမိန့်ရှိပါတယ်။ သူရရှိတဲ့အကျိုး (၁၀) မျိုးကို
ဒီလို ပြောပြခဲ့ပါတယ်။
(၁)။ အသက်ရှည်သူ၊
(၂)။ ခွန်အားကြီးသူ၊
(၃)။ တည်ကြည်သူ၊
(၄)။ အဆင်းလှသူ၊
(၅)။ အခြွေအရံများသူ၊
(၆)။ ကိုယ်စိတ်ချမ်းသာသူ၊
(၇)။ ထမင်းကို ရရှိသူ၊
(၈)။ ဖျော်ရည်ကို ရရှိသူ၊
(၉)။ ရဲရင့်သူ၊
(၁၀)။ အခါခပ်သိမ်းပညာရှိသူ။

အဲဒီအကျိုးတွေကို သံသရာမှာ ကျင်လည်ရတဲ့အခါ
ငါဟာ ရရှိခဲ့ပါတယ်။
(ထေရာပဒါန၊၃၆၉)

ကိုယ်လုပ်တဲ့အလုပ်ရဲ့ အကျိုးတွေကို စုံစုံလင်လင်
ပြည့်ပြည့်ဝဝ သိရရင် အဲဒီအလုပ်ကိုလုပ်ရတာ
နှစ်ခြိုက်မှု၊ စိတ်ပါဝင်စားမှု၊ထက်သန်မှု ဖြစ်ရပါတယ်။
လုပ်လိုတဲ့ဆန္ဒလည်း ပြင်းပြလာရပါတယ်။
ဆွမ်း အလှူ ၊ ထမင်းအလှူ၊ ဖျော်ရည်အလှူ တွေကို
ကိုယ်ကိုယ်သူသူ လှူဖူးနေကြတာပါပဲ။
အနည်းအများသာ ကွာချင် ကွာခြားပါမယ်။
အလှူဒါန ရက်ရောကြတဲ့ လူတွေဟာဆွမ်းအလှူ
ထမင်းအလှူ၊ ဖော်ရည်အလှူတွေကို နေရာပေါင်းများစွာမှာ
အလှူခံပုဂ္ဂိုလ်ပေါင်းများစွာအား အကြိမ်ပေါင်းများစွာ
လှူဖူးကြပါတယ်။ အလှူရေစက် လက်နဲ့မကွာရှိကြတဲ့
ဗုဒ္ဓသာသနာဝင်တွေအဖို့တော့ ဒီအလှူတွေဟာ
အထူးပြောစရာမလိုတော့ပါ။

ကိုယ့်မှာ ရရှိတဲ့ ဒီအကျိုး ၁၀ မျိုးကို သိရှိတဲ့
ဆွမ်းအလှူရှင်၊ ထမင်းအလှူရှင်၊ ဖျော်ရည်အလှူရှင်
ကတော့ အနည်းငယ်ပဲ ရှိမယ်ထင်ပါတယ်။
ဘုရားရှင်ဟောတော်မူခဲ့တဲ့ စားဖွယ်လှူရကျိုး
၅ မျိုးကိုပဲ ရဟန်း၊ ရှင်၊ လူတွေ အသိများကြပါတယ်။

အရှင်ပိလိန္ဒဝစ္ဆမထေရ် မိန့်ကြားခဲ့တဲ့ ဒီအကျိုး
(၁၀) မျိုးကိုတော့ သိသူနည်းကြပါတယ်။ ဆွမ်းလှူရင်၊
ထမင်းလှူရင်၊ ဖျော်ရည်လှူရင် ကောင်းကျိုးတွေကို
ရနိုင်တယ်လို့ ဗုဒ္ဓသာသနာဝင်တိုင်း ယုံကြည်ကြပါတယ်။
ဒါပေမဲ့ ကိုယ်ရနိုင်တယ်လို့ ယုံကြည်ထားတဲ့အကျိုးတွေကို
တိတိကျကျ စုံစုံလင်လင် မသိကြပါ။
သိအောင် ကြိုးစားလို့ သိပြီး လှူရရင် ဝမ်းလည်း
ပိုသာရသလို၊ အကျိုးလည်း ပိုကြီးမားလာပါမယ်။


“ဘုရား သိသလိုသာ သိခဲ့ရင်”

ဒါနရဲ့အကျိုး ကိုယ်တွေ့သိရင် သိသလောက်
လှူရဲကြပါတယ်။ လှူကြပါတယ်။ နည်းနည်းသိရင်
နည်းနည်းလှူရဲပါတယ်။ လှူပါတယ်။

များများသိရင် များများလှူရဲပါတယ်။ လှူပါတယ်။
ဒါနရဲ့အကျိုးကို အသိဆုံးပုဂ္ဂိုလ်ကတော့
ဘုရားရှင်ပါပဲ။ဘုရားရှင်က ဒီလို မိန့်တော်မူခဲ့ပါတယ်။

“ရဟန်းတို့ လှူဒါန်းဝေဖန်ပေးကမ်းမှုရဲ့ အကျိုးကို
ငါဘုရားသိသလိုသာ သတ္တဝါတွေ သိကြမယ်ဆိုရင်
သတ္တဝါတွေဟာ ကိုယ်စားရမယ့် အစားအစာထဲက
သူတစ်ပါးတွေအား မပေးဘဲမစားကုန်ရာ။
(ပေးပြီးမှသာ စားကုန်ရာ၏။) အဲဒီသတ္တဝါတွေရဲ့စိတ်ကို
နှမြောမှု အညစ်အကြေးက အနိုင်ယူပြီး မတည်ရှိရာ။
ကိုယ့်အတွက် လောက်ငရုံထမင်းထဲက
တစ်လုတ်စာကိုသာ ကိုယ့်အတွက် ချန်ထားပြီး
ကျန်ထမင်းလုတ် အားလုံးကို လာလာသမျှ
အလိုရှိသူတွေအား ပေးလှူတယ်။
အလှူခံတွေရှိခဲ့ရင် ကိုယ့်အတွက် နောက်ဆုံးဖြစ်တဲ့
အဲဒီထမင်းလုတ်တစ်လုတ်ထဲကတောင်
တစ်စိတ်တစ်ဒေသကို လှူပြီးမှသာ စားကုန်ရာ၏။
မပေးလှူဘဲ မစားကုန်ရာ။”

“ရဟန်းတို့ လှူဒါန်းဝေဖန်ပေးကမ်းမှုရဲ့ အကျိုးကို
ငါဘုရားသိသလို သတ္တဝါတွေမသိကြတဲ့အတွက်
သတ္တဝါတွေဟာ မပေးလှူဘဲ၊ စားနေကြတယ်။
အဲဒီသတ္တဝါတွေရဲ့ စိတ်ကို နှမြောမှုအညစ်အကြေးက
အနိုင်ယူပြီး တည်ရှိနေတယ်”
bomgsaw

No comments:

Post a Comment