Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 3, 2019

သူရဦးရွှေမန်း ခေါင်းဆောင်သည့် နိုင်ငံရေးပါတီ ထူထောင်မည်

သူရဦးရွှေမန်း

သူရဦးရွှေမန်း ခေါင်းဆောင်သည့် နိုင်ငံရေးပါတီ ထူထောင်မည်
3 January 2019
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းအနေနဲ့ ပြည်သူတွေထောက်ခံမှုရှိတယ်ဆိုရင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ပါတီထူထောင် သွားဖို့ရှိတယ်လို့ သူရဦးရွှေမန်းနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိမှာ သူရဦးရွှေမန်းအနေနဲ့ နိုင်ငံရေးပါတီထူထောင်ဖို့ လေ့လာမှုတွေ လုပ်ဆောင်နေ တယ်လို့ ဆိုပါတယ်။

ပါတီထူထောင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီတည်ထောင်ခွင့် လျှောက်ထားမှာဖြစ်ပြီး စည်းရုံးလှုပ်ရှားချိန် တနှစ်ကျော်လောက်တော့ အချိန်ရမှာဖြစ်လို့ အင်အား ကောင်းကောင်းနဲ့ ဖြန့်ကျက်လှုပ်ရှားနိုင်မယ်ဆိုရင် လုံလောက်တဲ့အချိန်တခု ဖြစ်တယ်လို့ သူရဦးရွှေမန်းနဲ့ နီးစပ်သူက ပြောပါတယ်။
ပါတီထောင်ဖို့ အတွက်ဆုံးဖြတ်ထားတဲ့ အဆင့်ထိ ထုတ်မပြောသေးတာကြောင့် ပါတီနာမည် ရွေးချယ်ထားတာ ရှိမရှိမသိနိုင်ပေမယ့် ရွေးချယ်ထားတဲ့အမည် ရှိကောင်းရှိနိုင်တယ်လို့ လည်း ဆိုပါတယ်။
ဒါပေမယ့် ပါတီရဲ့အမည်ဟာ ပြည်ထောင်စုပါတီဖြစ်နိုင်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
သူရဦးရွှေမန်းဟာ တပ်မတော်အစိုးရလက်ထက်က နံပါတ် ၃ အဆင့်ရှိ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ နေပြည်တော် ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်ကနေ ရွေးကောက်ခံခဲ့ ရပါတယ်။ ဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ သူရဦးရွှေမန်းဟာ အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိ အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
By အောင်သူ
Source:DVB TV News
http://burmese.dvb.no/archives/306879

No comments:

Post a Comment